God wants to show you his perspective through the Bible

ဟေရှယာအနာဂတ္တိကျမ်း ၅၅:၈ "ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ "

တောင်တက်လမ်းပေါ် သင်ကားမောင်းနေတယ်လို့ တွေးမြင်လိုက်ပါ။ လမ်းကြောင်းက ကွေးကောက်နေပြီး လည်နေပါမည်။ အလွန်တရာမှ နှေးကွေးတဲ့ ကားနောက်ဘက်တွင်ညသင်အကျပ်ရိုက်နေပါသည်။ " တောင်ကွေ့ တစ်နေရာရာတွေ့နိုင်လျှင် ဤရှေ့ကကားကို ကျွန်ုပ်ကျော်နိုင်မှာဖြစ်တယ်" လို့ သင်တွေးနေပါမည်။ အဲဒီအချိန်မှာ ဖြတ်သန်းငွားတဲ့ ရဟတ်ယာဉ်ပေါ်က လေယာဉ်မှူးက radio ကနေ "ရှေ့ ၂ မိုင်အကွာမှာ သင်ဖြတ်ကျော်နိုင်မည့် တောင်ကွေ့နေရာကို ကျွန်ုပ်မြင်နေရတယ်" လို့ အကြောင်းကြားပါတယ်။
ကားထဲမှာရှိနေတဲ့ သင်နဲ့ရဟတ်ယာဉ်ပေါ်မှာရှိတဲ့ လေယာဉ်မှူးကြားမှာ မည်သို့သော ကွာခြားချက်ရှိပါသနည်း။ ရှုဒေါင့်အမြင် ဖြစ်ပါတယ်။

လေယာဉ်မှူးတွင်သင့်ထက် ပိုကြီးမားသော အမြင်တွေရှိနေပါတယ်။ဒါကြောင့် သင်နောက်ထပ် ဘာကိုလုပ်ဆောင်ဖို့အတွက် သိဖို့ သူကူညီနိုင်တာဖြစ်တယ်။ 
သင်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည်လည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။ သင့်အသက်တာအတွက် သင်၏အမြင်ထက်ကို ကြီးမားတဲ့အမြင် ဘုရားသခင်ဆီမှာ ရှိပါတယ်။
ဘုရားသခင်သည် သူ၏ ရှုဒေါင့်အမြင်ကို သင်နှင့် ဝေဌချင်ပါသည်။ ဤအရာကို သမ္မာကျမ်းစာအားဖြင့် လုပ်ဆောင်နေပါတယ်။
ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသော အရာတွေနှင့် ဘုရားပြုတော်မူသော နောက်ကွယ်က အကြောင်းရင်းတွေကို နားလည်သဘောပေါက်ဖို့ရန် ဘုရားသခင်၏ ရှုဒေါင့်အမြင်က ကူညီပါတယ်။
သင့်အသက်တာတွင် ဘုရားသခင်၏ ရှုဒေါင့်အမြင်မရှိပါလျှင် အသက်တာတွင်အတောမသတ်နိုင်တဲ့ အဆင်မပြေမှုတွေ၊ စိတ်ပျက်စရာတွေ ၊ အားမလိုအားမရဖြစ်ခြင်းတွေဖြင့် ပြည့်ဝနေပါမည်။
ဤအရာ ဘာကြောင့်ငါမှ ဖြစ်ရသနည်း။ တခြားသူ၌ ဘာကြောင့် မဖြစ်သနည်း။ ၎င်းရည်ရွယ်ချက်က ဘာလဲ။ အသက်တာ၏ အဓိပ္ပါယ်က ဘာလဲ ဆိုပြီး သင်မဖြေနိုင်တဲ့ မေးခွန်းတွေ မေးခြင်းအရာ၌ သင်၏ နေ့ရက်တွေကို ကုန်ဆုံးစေပါတယ်။
အထက်ပါမေးခွန်းတို့ကို ဖြေထားတဲ့အဖြေကို ဘုရားသခင်၏ ရှုဒေါင့်အမြင်မှာ တွေ့ရှိရပါတယ်။
တစ်စုံတစ်ခုကို အလုပ်ဖြစ်မည်လို့ သဉ်းစားပြီးလုပ်ဆောင်ဖို့ရန် သင်ကြိုးစားခဲ့ဖူးပါသလား။ သို့ပေမဲ့ အလုပ်မဖြစ်ခဲ့ဖူးလား။ သင်၌ အမြင်ကင်းမဲ့သွားခဲ့ပါသည်။

သုတ္တံ ၁၄:၁၂"လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။ "
ရှုဒေါင့်အမြင်  ရှိခြင်းအားဖြင့် သင်၏အကြံအစည်တွေကို ဘုရားသခင်ပြုသကဲ့သို့၊ စဉ်းစား  သကဲ့သို့ပင် လေ့ခာပြီးတွေးတောနိုင်ပါသည်။ 
ဆာလံ ၁၀၃:၇ " ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။"

သို့ပေမဲ့ ဘုရားသခင်ပြုသော နောက်ကွယ်က အကြောင်းရင်းကို ဘုရားသခင်သည် မောရှေအား သိခွင့်ပေးပါတယ်။ မောရှေအား သူ၏အမြင်ကို ပေးခဲ့ပါတယ်။
ရှုဒေါင့်အမြင်ကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။ သမ္မာကျမ်းစာ လေ့လာခြင်းကနေ ရရှိပါသည်။

ဆင်ခြင်ရန်
-ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လေ့လာဖို့ရန် သင်ဖတ်ရုံလေးမက ပိုပြီးလုပ်ဆောင်ဖို့ရန် လိုအပ်ပါတယ်။ သမ္မာတရယးကညပြောထားသောအရာတို့ကို မှတ်ငားဖို့၊ မေးခွန်းမေးဖို့မးအတွက် ဘောလ်ပင်သုံးဖို့လိုအပ်ပါတယ်။ ယနေ့ကျမ်းပိုဒ်ကို ယူဆောင်ပြီးလေ့လာပါ။ ဘုရားသခင်၏ ရှုဒေါင့်အမြင် နှင့် ပတ်သက်ပြီး သင်ဘာကို လေ့လာရသလဲ ရေးချလိုက်ပါ။
-သင်၏ ကိုယ်ပိုင်အမြင်ဖြင့် မည်သို့သော ပြသနာကို မြင်ရပါသနည်း။ ၎င်းနေရာတွင် ဘုရားသခင်၏ ရှုဒေါင့်အမြင်ကို ရရှိရန် ယနေ့ ဘုရား၏ နှုတ်ကပတ်တော်ကို လေ့လာပါ။
-အခြေအနေတစ်ခုပေါ် ဘုရား၏အမြင်ကို ရရှိဖို့ရန် ဘုရားကူညီခဲ့တဲ့အချိန်ကာလကို ပြန်လည်အောက်မေ့ပါ။ ဘုရား၏ အမြင်ရှုဒေါင့်ကို သင်၌ ဝေဌပေးခြင်းအတွက် သင်၏ဆုတောင်း၌ အချိန်ယူလျက် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းဖြင့် ဝတ်ပြုကိုးကွယ်လိုက်ပါ။