Four Reasons to Keep Praying for an Answer

Unicode Version

ဘုရားထံမှ အဖြေအတွက် အကြောင်းရင်း () မျိုးဖြင့် ဆုတောင်းခြင်းကို လုပ်ဆောင်ဖို့ရန်
ဧဖက် ၆:၁၈ “ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့။

ဧဖက် ၆:၈ တွင်ဖော်ပြထားသည့်အတိုင်း အဖြေမရသည့် ဆုတောင်း ဖြစ်နေသည့်တိုင် သင်၏ဆုတောင်းကို ဘာကြောင့်များ ဆက်လက်မြဲမြံသင့်ပါသနည်း။ အကြောင်းရင်း (၄) ခုရှိပါတယ်။

(၁) ဇွဲရှိစွာ ဆုတောင်းခြင်းသည် သင်၏ ဂရုပြုလုပ်ဆောင်ခြင်းကို အာရုံစိုက်ပါတယ်။
တစ်စုံတစ်ခုအတွက် ထပ်တလဲလဲ ဆုတောင်းနေခြင်းသည် ဘုရားသခင်ကို သတိပေးခြင်းမဖြစ်စေပါ။ ဘုရားသ ခင်သည်လည်း သတိပေးဖို့လုပ်ဆောင်ခြင်းမျိုး မလိုအပ်ပါ။ သင့်ဆုတောင်း၏ အဖြေနှင့် သင်၏လိုအပ်ချက် အားလုံးကို ပေးနိုင်သူသည် မည်သူမည်ဝါဖြစ်ကြောင်း သင့်ကိုယ်သင် သတိပေးရန် ဖြစ်သည်။ သင်ဆုတောင်းခဲ့တဲ့ ဆုတောင်းချက်တိုင်းကို ချက်ခြင်းဖြေကြားခြင်းခံရပါက (၂) ခုသောအရာက မှန်ကန်ပါလိမ့်မည်။ ပထမက ဆုတောင်းခြင်းသည် သင့်အသက်တာအတွက် ပျက်စီးရာပျက်စီးကြောင်း လက်နက်ဖြစ်လာမည်။ ဒုတိယက ဘုရားသခင်သည် သင့်အတွက် ငွေ၊စားသောက်ဖွယ်ရာ နှင့်လိုအပ်သောအရာတွေကို ထုတ်ပေးသည့်စက် ဖြစ်လို့ ဘုရားသခင်ကို သင်ဘယ်တော့မှ ထည့်သွင်းမစဉ်းစားပါ။ သင်ဆုတောင်းတိုင်း ချက်ချင်း ရလဒ်များရလျှင်  သင်စဉ်းစားသမျှသည် ကောင်းချီးဖြစ်သည်။ ကောင်းချီးမင်္ဂလာအကြောင်းကိုသာ စဉ်းစားဖို့ ဘုရားသခင် အလို တော်ရှိပါတယ်။

(၂) မြဲမြံသော ဆုတောင်းခြင်းက သင်၏ဆုတောင်းကို ရှင်းလင်းစေသည်။
ကြန့်ကြာနေသည့်အဖြေက သင်ဘာကိုလိုချင်သည်ကို အတိအကျရှင်းလင်းရန် နှင့် သင်၏ဆုတောင်းချက်များကို ပြန်လည်ပြုပြင်ရန် အချိန်ပေးပါသည်။ သင်၏ ကောင်းကင်ဘုံအဖဘုရားထံသို့ ဇွဲရှိရှိ မလျော့တမ်း ဆုတောင်း တဲ့အခါမှာ ၄င်းသည် နက်ရှိုင်းသော စိတ်တွန်းအားကိုသာ ကွဲပြားစေသည်။ ဆိုလိုသည်မှာ “အဖဘုရား ကျွန်ုပ်ဤ အရာကို တကယ်ပင် ဂရုပြုပါတယ်”။ သင့်ဆုတောင်းကို အဖြေပေးဖို့ အလိုတော်မရှိခြင်း မဟုတ်ပါ။ အလိုတော် ရှိပါတယ်။ သင်အမှန်တကယ်လိုချင်သောအရာကို သေချာဖို့ရန် အလိုတော်ရှိပါတယ်။

(၃) မခြားမလပ်ဆုတောင်းခြင်းသည် သင်၏ယုံကြည်ခြင်းကို စစ်ဆေးသည်။
ရှင်ယာကုပ်ဩဝါဒစာ ၁:၃-၄ “ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။  သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။” သင်၏ ဝိညာဉ်ရေးရာ ရင့်ကျက်မှုကို ကြီးထွားစေနိုင်ဖို့ရန် တစ်ခုတည်းသော နည်းလမ်းသည် သင်၏ ယုံကြည်ခြင်းကို စမ်းသပ်ဖို့ဖြစ်ပါတယ်။ ဘုရားသခင်သည် သင်၏ ယုံကြည်ခြင်းကို တစ်ခုသော နည်းလမ်းဖြစ်တဲ့ သင်၏ ဆုတောင်းကို ကြန့်ကြာစေခြင်းဖြင့် စမ်းသပ်ပါလိမ့်မည်။

(၄) မြဲမြံသော ဆုတောင်းခြင်းက အဖြေရရန် သင့်နှလုံးကို ပြင်ဆင်ပေးသည်။
ဘုရားသခင်ထံ သင်တောင်းလျှောက်ပါလျှင် သင်ဆုတောင်းတာထက်ကို ပိုကောင်းတဲ့ နည်းလမ်းကို ဘုရားသခင် အမြဲတမ်းအဖြေပေးချင်ပါတယ်။ တစ်ခါတစ်ရံ သင်၏ဆုတောင်းကို ဘုရားသခင် ငြင်းပယ်ခြင်းသည် သင်တွေး ထင်သောအရာနှင့် တောင်းဆိုသောအရာသည် သေးငယ်လွန်းသောကြောင့်ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကြီးမားတဲ့အရာကို သင့်အား ဘုရားသခင် ပေးချင်ပါသည်။ သို့ပေမဲ့ ပထမဉီးစွာ သင့်အတွက် ဘုရားပြင် ဆင်ပေးရပါသည်။ ဒါကြောင့် ဘုရားသခင်သည် သင်၏ဆုတောင်းကို ဖြေကြားဖို့ရန် နှောင့်နှေးမှုကို အသုံးပြုပြီး သင့်အား ကြီးမားပြီး ပိုကောင်းတဲ့ အဖြေအတွက် ကြီးထွားရန် ၊ အဆင်သင့်ဖြစ်ရန် ကူညီပေးဖို့ ဖြစ်ပါတယ်။

ဧဖက် ၃:၂၀ “ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။”

ဆင်ခြင်ရန်
-အချိန်ကြာမြင့်စွာ သင်ဆုတောင်းခဲ့သောတစ်စုံတစ်ရာက မည်သို့သောအရာဖြစ်သနည်း။ သင်၏ဆုတောင်းကို မည်ကဲ့သို့ ပြုပြင်မွမ်းမံဖို့ရန် လိုပါသနည်း။
-သင်၏ဆုတောင်းကို ကြန့်ကြာခြင်းအားဖြင့် ဘုရာသခင် သင့်ကို ယခုပင်စမ်းသပ်တယ်ဆိုလျှင် သင်သည် ဘုရား သခင်၏ သင့်အတွက် အလိုတော်ကို လက်ခံပြီး လိုက်လျှောက်သောသူဖြစ်ကြောင်း မည်ကဲ့သို့ ဖော်ပြနိုင်မည် နည်း။
-နှစ်ပေါင်းများစွာ ဆုတောင်းသည့်တိုင် ဘုရားသခင် ဘယ်တော့မှ မဖြည့်ဆည်းပေးသည့် တစ်စုံတစ်ရာ အကြောင်းကို စဉ်းစားကြည့်ပါ။ ဤငြင်းဆိုချက်သည် သင့်အသက်တာအတွက် အမှန်တကယ် ကောင်းချီးမင်္ဂလာ ဖြစ်တယ်လို့ သင်မည်ကဲ့သို့ ထင်မြင်ပါသနည်း။



---------------------------------------------------------------------------------


Zawgyi Version

ဘုရားထံမွ အေျဖအတြက္ အေၾကာင္းရင္း (၄) မ်ိဳးျဖင့္ ဆုေတာင္းျခင္းကို လုပ္ေဆာင္ဖို႔ရန္
ဧဖက္ ၆:၁၈ “ကာလအစဥ္ စိတ္ႏွလုံးပါလ်က္ ဆုေတာင္း ပဌာနာျပဳျခင္းအမ်ိဳးမ်ိဳးတို႔ျဖင့္ ဆုေတာင္းၾကေလာ့။ ထိုသို႔ ဆုေတာင္းျခင္းငွါ အားမေလ်ာ့ဘဲလ်က္၊ ငါမွစ၍ သန္႔ရွင္းသူအေပါင္းတို႔အဘို႔ ဆုေတာင္းလ်က္ ေစာင့္ ေရွာက္ၾကေလာ့။”

ဧဖက္ ၆:၈ တြင္ေဖာ္ျပထားသည့္အတိုင္း အေျဖမရသည့္ ဆုေတာင္း ျဖစ္ေနသည့္တိုင္ သင္၏ဆုေတာင္းကို ဘာေၾကာင့္မ်ား ဆက္လက္ၿမဲၿမံသင့္ပါသနည္း။ အေၾကာင္းရင္း (၄) ခုရွိပါတယ္။

(၁) ဇြဲရွိစြာ ဆုေတာင္းျခင္းသည္ သင္၏ ဂ႐ုျပဳလုပ္ေဆာင္ျခင္းကို အာ႐ုံစိုက္ပါတယ္။
တစ္စုံတစ္ခုအတြက္ ထပ္တလဲလဲ ဆုေတာင္းေနျခင္းသည္ ဘုရားသခင္ကို သတိေပးျခင္းမျဖစ္ေစပါ။ ဘုရားသ ခင္သည္လည္း သတိေပးဖို႔လုပ္ေဆာင္ျခင္းမ်ိဳး မလိုအပ္ပါ။ သင့္ဆုေတာင္း၏ အေျဖႏွင့္ သင္၏လိုအပ္ခ်က္ အားလုံးကို ေပးႏိုင္သူသည္ မည္သူမည္ဝါျဖစ္ေၾကာင္း သင့္ကိုယ္သင္ သတိေပးရန္ ျဖစ္သည္။ သင္ဆုေတာင္းခဲ့တဲ့ ဆုေတာင္းခ်က္တိုင္းကို ခ်က္ျခင္းေျဖၾကားျခင္းခံရပါက (၂) ခုေသာအရာက မွန္ကန္ပါလိမ့္မည္။ ပထမက ဆုေတာင္းျခင္းသည္ သင့္အသက္တာအတြက္ ပ်က္စီးရာပ်က္စီးေၾကာင္း လက္နက္ျဖစ္လာမည္။ ဒုတိယက ဘုရားသခင္သည္ သင့္အတြက္ ေငြ၊စားေသာက္ဖြယ္ရာ ႏွင့္လိုအပ္ေသာအရာေတြကို ထုတ္ေပးသည့္စက္ ျဖစ္လို႔ ဘုရားသခင္ကို သင္ဘယ္ေတာ့မွ ထည့္သြင္းမစဥ္းစားပါ။ သင္ဆုေတာင္းတိုင္း ခ်က္ခ်င္း ရလဒ္မ်ားရလွ်င္  သင္စဥ္းစားသမွ်သည္ ေကာင္းခ်ီးျဖစ္သည္။ ေကာင္းခ်ီးမဂၤလာအေၾကာင္းကိုသာ စဥ္းစားဖို႔ ဘုရားသခင္ အလို ေတာ္ရွိပါတယ္။

(၂) ၿမဲၿမံေသာ ဆုေတာင္းျခင္းက သင္၏ဆုေတာင္းကို ရွင္းလင္းေစသည္။
ၾကန႔္ၾကာေနသည့္အေျဖက သင္ဘာကိုလိုခ်င္သည္ကို အတိအက်ရွင္းလင္းရန္ ႏွင့္ သင္၏ဆုေတာင္းခ်က္မ်ားကို ျပန္လည္ျပဳျပင္ရန္ အခ်ိန္ေပးပါသည္။ သင္၏ ေကာင္းကင္ဘုံအဖဘုရားထံသို႔ ဇြဲရွိရွိ မေလ်ာ့တမ္း ဆုေတာင္း တဲ့အခါမွာ ၄င္းသည္ နက္ရႈိင္းေသာ စိတ္တြန္းအားကိုသာ ကြဲျပားေစသည္။ ဆိုလိုသည္မွာ “အဖဘုရား ကြၽႏ္ုပ္ဤ အရာကို တကယ္ပင္ ဂ႐ုျပဳပါတယ္”။ သင့္ဆုေတာင္းကို အေျဖေပးဖို႔ အလိုေတာ္မရွိျခင္း မဟုတ္ပါ။ အလိုေတာ္ ရွိပါတယ္။ သင္အမွန္တကယ္လိုခ်င္ေသာအရာကို ေသခ်ာဖို႔ရန္ အလိုေတာ္ရွိပါတယ္။

(၃) မျခားမလပ္ဆုေတာင္းျခင္းသည္ သင္၏ယုံၾကည္ျခင္းကို စစ္ေဆးသည္။
ရွင္ယာကုပ္ဩဝါဒစာ ၁:၃-၄ “ဝမ္းေျမာက္စရာ အေၾကာင္းသက္သက္ျဖစ္သည္ဟု မွတ္ၾကေလာ့။  သင္တို႔သည္ အလွ်င္းမခ်ိဳ႕တဲ့ဘဲ ေစ့စပ္စုံလင္မည္အေၾကာင္း၊ သည္းခံျခင္းစိတ္သည္ အကုန္အစင္ျပဳ ျပင္ပါေစ။” သင္၏ ဝိညာဥ္ေရးရာ ရင့္က်က္မႈကို ႀကီးထြားေစႏိုင္ဖို႔ရန္ တစ္ခုတည္းေသာ နည္းလမ္းသည္ သင္၏ ယုံၾကည္ျခင္းကို စမ္းသပ္ဖို႔ျဖစ္ပါတယ္။ ဘုရားသခင္သည္ သင္၏ ယုံၾကည္ျခင္းကို တစ္ခုေသာ နည္းလမ္းျဖစ္တဲ့ သင္၏ ဆုေတာင္းကို ၾကန႔္ၾကာေစျခင္းျဖင့္ စမ္းသပ္ပါလိမ့္မည္။

(၄) ၿမဲၿမံေသာ ဆုေတာင္းျခင္းက အေျဖရရန္ သင့္ႏွလုံးကို ျပင္ဆင္ေပးသည္။
ဘုရားသခင္ထံ သင္ေတာင္းေလွ်ာက္ပါလွ်င္ သင္ဆုေတာင္းတာထက္ကို ပိုေကာင္းတဲ့ နည္းလမ္းကို ဘုရားသခင္ အၿမဲတမ္းအေျဖေပးခ်င္ပါတယ္။ တစ္ခါတစ္ရံ သင္၏ဆုေတာင္းကို ဘုရားသခင္ ျငင္းပယ္ျခင္းသည္ သင္ေတြး ထင္ေသာအရာႏွင့္ ေတာင္းဆိုေသာအရာသည္ ေသးငယ္လြန္းေသာေၾကာင့္ျဖစ္ပါတယ္။ ပိုမိုေကာင္းမြန္တဲ့ ႀကီးမားတဲ့အရာကို သင့္အား ဘုရားသခင္ ေပးခ်င္ပါသည္။ သို႔ေပမဲ့ ပထမဉီးစြာ သင့္အတြက္ ဘုရားျပင္ ဆင္ေပးရပါသည္။ ဒါေၾကာင့္ ဘုရားသခင္သည္ သင္၏ဆုေတာင္းကို ေျဖၾကားဖို႔ရန္ ေႏွာင့္ေႏွးမႈကို အသုံးျပဳၿပီး သင့္အား ႀကီးမားၿပီး ပိုေကာင္းတဲ့ အေျဖအတြက္ ႀကီးထြားရန္ ၊ အဆင္သင့္ျဖစ္ရန္ ကူညီေပးဖို႔ ျဖစ္ပါတယ္။

ဧဖက္ ၃:၂၀ “ငါတို႔၌ ျပဳျပင္ေသာတန္ခိုးေတာ္အတိုင္း၊ ငါတို႔ ေတာင္းပန္ႀကံစည္သမွ်ထက္ အလြန္ထူးျခားစြာ ျပဳျခင္းငွါ တတ္ႏိုင္ေတာ္မူေသာ ဘုရားသခင္သည္ ေယရႈခရစ္အားျဖင့္ အသင္းေတာ္၌ ကမာၻအဆက္ဆက္ ဘုန္းႀကီးေတာ္မူေစသတည္း။ အာမင္။”

ဆင္ျခင္ရန္
-အခ်ိန္ၾကာျမင့္စြာ သင္ဆုေတာင္းခဲ့ေသာတစ္စုံတစ္ရာက မည္သို႔ေသာအရာျဖစ္သနည္း။ သင္၏ဆုေတာင္းကို မည္ကဲ့သို႔ ျပဳျပင္မြမ္းမံဖို႔ရန္ လိုပါသနည္း။
-သင္၏ဆုေတာင္းကို ၾကန႔္ၾကာျခင္းအားျဖင့္ ဘုရာသခင္ သင့္ကို ယခုပင္စမ္းသပ္တယ္ဆိုလွ်င္ သင္သည္ ဘုရား သခင္၏ သင့္အတြက္ အလိုေတာ္ကို လက္ခံၿပီး လိုက္ေလွ်ာက္ေသာသူျဖစ္ေၾကာင္း မည္ကဲ့သို႔ ေဖာ္ျပႏိုင္မည္ နည္း။
-ႏွစ္ေပါင္းမ်ားစြာ ဆုေတာင္းသည့္တိုင္ ဘုရားသခင္ ဘယ္ေတာ့မွ မျဖည့္ဆည္းေပးသည့္ တစ္စုံတစ္ရာ အေၾကာင္းကို စဥ္းစားၾကည့္ပါ။ ဤျငင္းဆိုခ်က္သည္ သင့္အသက္တာအတြက္ အမွန္တကယ္ ေကာင္းခ်ီးမဂၤလာ ျဖစ္တယ္လို႔ သင္မည္ကဲ့သို႔ ထင္ျမင္ပါသနည္း။