Unicode Version
ဟေရှယအနာဂတ္တိကျမ်း ၄၃:၂ "သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။"
သင့်ဝန်းကျင်ရှိအရာရာတိုင်း မသေချာ၊ စိတ်မချရ ဖြစ်နေတဲ့အခါမှာ တည်ငြိမ်ဖို့အတွက် သော့ချက်က မပြောလဲနိုင်တဲ့ အမှန်တရားအပေါ်မှာ အာရုံပြုဖို့ ဖြစ်ပါတယ်။ ဘယ်တော့မှ ပြောင်းလဲမှု မဖြစ်တဲ့ ဘုရားသခင်၏ လက္ခဏာဝိသေသနှငိ့ နှုတ်ကပတ်တော်တွေကို ဒီနေ့ရက်တွေမှာ အာရုံစိုက်ဖို့ သင်လိုအပ်ပါတယ်။
မသေချာတဲ့ ဒီကာလတွေမှာ မပြောင်းလဲနိုင်တဲ့ အောက်ပါသမ္မာတရားတစ်ချို့ဖြင့် သင့်ကိုယ်သင် ပြောဖို့ လိုအပ်ပါတယ်။
(၁) သင် ရင်ဆိုင် ဖြတ်သန်းရမှုအားလုံးကို ဘုရားမြင်ပါသည်။
ဆာလံ ၃၃:၁၈ "ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည် သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာ ခေါင်းပါးသည် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။"
(၂) သင်ရင်ဆိုင်ဖြတ်သန်းရသော အရာတိုင်းကို ဘုရားဂရုပြုစောင့်ရှောက်ပါသည်။
မိက္ခာအနာဂတ္တိကျမ်း ၇:၇ " ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။"
(၃) သင်ရင်ဆိုင်ဖြတ်သန်းတွေ့ကြုံရသည့်အရာကို ပြောင်းလဲစေရန် ဘုရား၌ တန်ခိုးရှိပါသည်။
ရှင်မဿဲခရစ်ဝင် ၇:၇ "တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။"
(၄) သင်အဖို့ ကောင်းသောအရာတွေ ဖြစ်လာအောင် ဘုရားအမြဲလုပ်ဆောင်ပါသည်။
ရောမသြဝါဒစာ ၈:၂၈ "ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။"
(၅) ဘုရား၏အကြံအစည်သည် သင်၏အကြံအစည်ထက် အမြဲတမ်း ပိုကောင်းပါသည်။
ယေရမိအနာဂတ္တိကျမ်း ၂၉:၁၁ "တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။"
(၆) ဘုရားသခငိ၏ ချစ်ခြင်းမေတ္တာသည် သင့်အပေါ် ဘယ်တော့မှ မရပ်တန့်ပါ။
ဟေရှာယ အနာဂတ္တိကျမ်း ၅၄:၁၀ "တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။"
(၇) သင်၏ ယုံကြည်ခြင်းကို သခင်ခရစ်တော်သို့ တည်လိုက်တာနဲ့ တပြိုင်နက် သင်၏ ကယ်တင်ခြင်းကို သင်လက်လွတ်မဆုံးရှုံးရတော့ပါ။
တိမောသေ သြဝါဒစာ ဒုတိယစောင် ၁:၁၂ " ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ၏။"
ဘာကိုဘဲ ရင်ဆိုင်ရပါစေ သင်နှင့်အတူ ဘုရားရှိသည်။
ဟေရှယအနာဂတ္တိကျမ်း ၄၃:၂ "သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။"
သင်၏ကြောက်စိတ်ကို ဆုတောင်းခြင်းဖြင့်လည်းကောင်း ၊ သင်၏စိုးရိမ်ခြင်းကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့်လည်ကောင်း ၊ သင်၏ သောကတွေကို မြတ်နိုးကြည်ညို ခြင်းဖြင့်လည်းကောင်း အစားထိုးဖို့ရန်နှင့် လူမှုကွန်ယက်က ပြောဆိုနေသော အရာတွေကို လျော့ချစေနိုင်ဖို့ရန် မပြောင်းလဲသော ဘုရားသခင်၏ နှုတ်ကပတ်သမ္မာတရားကို ပိုပြီးအာရုံစိုက်လိုက်ပါ။
ဆင်ခြင်ရန်
-သင်အခက်အခဲ ရင်ဆိုင်ရချိန်တွင် မည်သို့သော ဘုရား၏ ဝိသသလက္ခဏာ ဉာဉ်သည် သင့်ဆီ နှစ်သိမ့်ခြင်း ၊ သက်သသာခြင်းနှင့် မျှော်လင့်ခြင်းတွေကို ယူဆောင်လာနိုင်မည်နည်း။
-သမ္မာကျမ်းတို့ကို သိုမှီးဖို့အတွက် သင်၌ အစီအစဉ် ရှိပါသလား။ ဤကဲ့သို့ လုပ်ဆောင်ဖို့ရန် ဘာကြောင့်များ အရေးကြီးပါသနည်း။
-ဘုရားသခင်၏ ကတိတော်တွေကို ယနေ့တွင် နားထောင်ဖို့ လိုအပ်နေသူကို သင်တွေ့မြင်ပါသလား။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်