You’re forgiven, Jesus died for you. You can live with hope.
ဧဖက် ၁:၇ " ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။"
သခင်ခရစ်တော်ကို မည်သူ ကားတိုင်ပေါ် တင်သလဲလို့ သင်စဉ်းစားဖူးပါသလား။ ယုဒ (သ်ု့) ပိလတ် မဟုတ်။ ခရစ်တော်ကို မုန်းသော ဘာသာရေး ခေါင်းဆောင်တွေတောင် မဟုတ်ခဲ့ပါ။
၎င်းသည် သင့်ကို ထိတ်လန့်စေပါတယ်။ သို့ပေမဲ့ အဖြေ (၂) မျိုးရှိပါတယ်။
ပထမဦးစွာ ဘုရားသခင်ဖြစ်ပါတယ်။ အစအဦးကတည်းက ဘုရားသခင်၏ အကြံအစည်တော် ဖြစ်ခဲ့တယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ ဤအကြောင်းရင်းကြောင့် လောကသို့ ရောက်လာခြင်းဖြစ်တယ်။ ရှေးနှစ်ပေါင်းရာချီကတည်းက ကြိုတင်ဟောကိန်းထုတ်ထားတယ်ဆိုတာ သမ္မာကျမ်းစာမှာ ရှိပါတယ်။
တခြားသော အဖြေက ကျွန်ုပ်တို့ ဖြစ်ပါတယ်။ သင်သည်လည်းကောင်း၊ ကျွန်ုပ်သည်လည်းကောင်း သခင်ခရစ်တော်ကို ကားဆိုင်ပေါ် တင်ခဲ့ပါတယ်။ ကျွန်ုပ်တို့၌ အပြစ်ဘယ်တော့မှ မရှိလျှင် သခင်ခရစ်တော်သည်လည်း သေဖို့ မလိုအပ်ပေ။ ရောမ ၄:၂၅ " ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။"
သခင်ခရစ်တော် ကားတိုင်ထက် အသေခံခြင်းကြောင့် ကျွန်ုပ်တို့၏ အပြစ်တွေ လွတ်ခြင်းအခွင့်ရခဲ့ပါတယ်။ ကျွန်ုပ်တို့အားလုံး မပြည့်စုံကြပါဘူး။ ကျွန်ုပ်တို့၌ ရှိတဲ့အပြစ်တွေက အတိတ်က အရာတွေနှင့် ပတ်သက်ပြီး အပြစ်ရှိသူလို ခံစားစေရပါတယ်။ ကျွန်ုပ်တို့ ဝမ်းနည်းထိခိုက်ကြတယ်။ သို့ပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို အပြစ်ရှိသောသူ အဖြသ် အသက်ရှင်နေထိုင်ရေးကို အလိုတော်မရှိပါ။ ဒါကြောင့် သခင်ခရစ်တော် အသေခံခဲ့ပါတယ်။
ဧဖက် ၁:၇ " ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။""
အပြစ်ရှိခြင်းသည် စွမ်းအင်မြောက်များစွာကို ဖြုန်းတီးစေပါတယ်။ ကျွန်ုပ်တို့ကို ယိုယွင်းပျက်စီးစေပြီး စိတ်၏ ငြိမ်သက်ခြင်းကိုလည်း ဆုံးရှုံးစေပါတယ်။
အများစုသော ယုံကြည်သူတွေသည် ကယ်တင်ခြင်းခံရပါတယ်။ သို့ပေမဲ့ ကယ်တင်ခံရတဲ့ သူတွေလိုမျိုး မရှိကြပါဘူး။ သူတို့မှာ ရှက်ကြောက်ခြင်းတွေ နှင့် အပြစ်ရှိခြင်းတွေဖြင့် ပြည့်ဝနေပါတယ်။ ၎င်းသည် လုပ်ဆောင်သမျှသော အရာတိုင်းကို ကြီးစိုးနေပါတယ်။ သခင်ခရစ်တောိကို ယုံကြည်ကြပေမဲ့ အပြစ်ဆိုင်ရာ ပြစ်တင်ရှုတ်ချခြင်းတွေကနေ မလွှတ်မြောက်သေးပါဘူး။
ရောမ ၈:၁ " ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။"
"ပြစ်တင်ရှုတ်ချမှု မရှိခြင်း" ဆိုသည်မှာ သခင်ခရစ်တော်ကို လက်ခံ ယုံကြည်ပါလျှင် သင်ပြုသောညအရာအားလုံးပေါ် ဘုရားသခင် မစီရင်တော့ပါ။သင်၏ ပြစ်ဒဏ်ကို သခင်ခရစ်တော် ကားတိုင်တွင် ခံယူခဲ့ပြီးပြီ။ သင်၏ အပြစ်တွေကို သခင်ခရစ်တော် ယူဆောင်သွားခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့် သင့်ကို ဘုရားသခငိ မစီရင်တော့ပါ။
ဤအရာသည် Easter နှင့် ဆိုင်သော အရာဖြစ်ပါတယ်။ သင် ခွင့်လွှတ်ခြင်း ခံရအြီ။ သင့်အတွက် သခင်ခရစ်တော် အသက်စွန့်ခဲ့အြီးအြီ။ အပြစ်တင် ဝေဖန်ရှုတ်ချခြင်းတွေ မရှိဘဲ မျှော်လင့်ခြင်းဖြင့်အသက်ရှင်နိုင်ပါပြီ။
သင်လွှတ်မြောက်နိုင်ပြီ။
ဆင်ခြင်ရန်
- သင်အပြစ်မရှိပါလျှင် သခင်ခရစ်တော် ကားတိုင်ထက် သေစရာမလို၊ Easter လည်း မလိုအပ်တော့ဘူးဆိုတာကို သဘောပေါက်စေခြင်းက သငိ့အား မည်သို့သော ခံစားမှု ပေးပါသနည်း။
- မိမိကိုယ်ကို အပြစ်ရှိခြင်းကနေ စစ်မှန်စွာ ကင်းလွှတ်ခြင်းနှင့် ဘုရား၏ ခွင့်လွတ်ခြင်းကို လက်ခံရရှိဖို့ရန် မည်သည့်အရာက သင့်အတွက် ခက်ခဲနေပါသနည်း။
--------------------------------------------------------------------------------------------------------------
Zawgyi Version
You’re forgiven, Jesus died for you. You can live with hope.
ဆင်ခြင်ရန်