Don’t Worry About It—Here’s How
Unicode Version
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၅:၇ “သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
စိုးရိမ်ခြင်းကို ရပ်တန့်ဖို့ရန် များစွာသော စိတ်ဓါတ်ကြံ့ခိုင်မှု ၊ ပြင်းပသော စိတ်ဓါတ်တွေ လိုအပ်ပါတယ်။ သင်သိပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ကြိုးစားခဲ့ပြီးသားပါ။ “ဤအရာနှင့် ပတ်သက်ပြီး ငါမစိုးရိမ်သင့်ဘူး” လို့ သင်တွေးထင်ခဲ့တယ်။ ပြီးတော့ အဲဒီအရာနဲ့ ပတ်သက်ပြီး ယခုတိုင် သင်စိုးရိမ်နေဆဲဖြစ်တယ်။
စိုးရိမ်ခြင်းကို ရပ်တန့်စေဖို့ သင်၌ ရှိသော စိတ်ဓါတ်ကြံ့ခိုင်မှုထက် များစွာသောလိုအင်တွေလိုပါတယ်။ အောက်ပါ အချက် (၄) ချက်ကို လိုပါတယ်။
(၁)ဘုရားသခင်ကို သိကျွမ်းပါ။
ရှင်မဿဲခရစ်ဝင် ၆:၃၂ တွင်ဖော်ပြထားသည်မှာ “ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်နှင့် သင်ရင်းနှီးကျွမ်းဝင်မှု မရှိပါလျှင် သင့်မှာ စိုးရိမ်စရာတွေ ရှိနေမှာ ဖြစ်တယ်။ သင် ဘုရားသခင်ကို အကျွမ်းဝင်ဖို့ လိုပါတယ်။ ယုံကြည်သူ အနေဖြင့် ကောင်းကင်ဘုံ အဖရှိနေပြီး သင့်ကို ဂရုပြုစောင့်ရှေောက် သွားမည်လို့ ကတိတော်ရှိပါတယ်။ သင်သည် ဘုရားသခင်၏ သားသမီးဖြစ်ပြီး အခွင့်ထူးခံတွေ ရရှိပါတယ်။ သင်စိုးရိမ်နေတဲ့ အခါမှာ ဘုရားသခင်က “ သင်သည် ငါ၏ သားသမီးဖြစ်တယ်၊ ကိုယ့်ကိုယ်ကို မိဘမဲ့လိုမျိုး ဘာကြောင့် ပြုမူနေရသနည်း ၊ သင့်ကို ကျွေးမွေး စောင့်ရှောက်သွားမည့်” လို့ဆိုပါတယ်။
(၂) သင့်အသက်တာ၏ ကဏ္ဍတိုင်းမှာ ဘုရားသခင်ကို ထားရှိပါ။
ရှင်မဿဲခရစ်ဝင် ၆:၃၁-၃၃ “ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ ၏။ ဘုရားသခင် ၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော် မူလတံ့။”
ဘုရားသခင်ကို သင့်အသက်တာတွင် ဖယ်ထုတ်ပြီးတခြားသော အရာတွေ ၊ မည်သို့ပင်ကောင်းသော အရာတွေကို ရှိစေတဲ့အခါမှာ သင်စိုးရိမ်ရဖို့ရှိပါတယ်။
(၃) တစ်နေ့တာ အချိန်လေးအတွက် အသက်ရှင်နေထိုင်ပါ။
ရှင်မဿဲခရစ်ဝင် ၆:၃၄ “ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။ သင်မနက်ဖြန်အတွက် မစိုးရိမ်ပါ လျှင် ယနေ့အတွက် သင်မပျော်ရွှင်နိုင်ပါ။ ယနေ့အတွက် ကောင်းချီးကို သင်လက်လွှတ်သွားပါပြီ။ မနက်ဖြန်အ တွက် ကြံစည်ထားဖို့ အဆင်ပြေပေမဲ့လည်း ယနေ့အတွက် သင်အသက်ရှင်ရပါမည်။
မနက်ဖြန်တိုင်းကို စိုးရိမ်နေပါလျှင် အနာဂတ်မှာ စိတ်ထိခိုက်ခြင်းတွေသာ ရရှိပါမည်။ သို့ပေမဲ့ ဘုရားသခင်သည် သင့်ကို အဲဒီအရာတွေ ရင်ဆိုင်တဲ့အခါ လိုအပ်တဲ့ ခွန်းအားနှင့် ကျေးဇူးတော်တို့ကို ပေးပါလိမ့်မည်။ ယခုအချိန်မှာ ယနေ့အတွက် လုံလောက်တဲ့ စွမ်းအင်ကိုသာ သင်လိုအပ်ပါသည်။
(၄) ဘုရား ဂရုပြုစောင့်ရှောက်ဖို့ရန် ယုံကြည်ပါ။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၅:၇ “သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
သင်ဘယ်လို လုပ်ဆောင်ပါသနည်း။ တစ်နည်းကတော့ ဘုရားသခင်၏ ကတိတော်တို့ကို သိုမှီးထားဖို့ဖြစ်တယ်။ ၎င်းတို့သည် ယုံကြည်သူတွေအတွက် အာမခံပေးသော မူဝါဒနှင့်တူပါတယ်။ တစ်စုံတစ်ခုမှာ ကာကွယ်မှုတွေရှိ နေရင် သင်ဘယ်တော့မှ မစိုးရိမ်တော့ပါ။ သင်စိုးရိမ်နေသလောက် သင်ဆုတောင်းပါလျှင် သင်၌ စိုးရိမ်စရာတွေ များစွာလျော့နည်းသွားမှာ ဖြစ်ပါတယ်။
အထက်ပါ (၄) ချက်ကို ကိုင်ဆောင်ခြင်းသည် မည်သို့သော အကျိုးရလဒ်ရှိမည်နည်း။ အံ့ဩဖွယ်ရာ စိတ်ငြိမ်သက် ခြင်းကို ရရှိပါမည်။
ဖိလိပ္ပိဩဝါဒစာ ၄:၇ “ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
ဆင်ခြင်ရန်
-သင့်အသက်တာတွင် ဘုရားသခင်ကို အစားထိုးသောအရာတစ်ခုခုရှိပါသလား။ ၎င်းသည် သင်၏စိုးရိမ်ပူပန်မှုကို မည်ကဲ့သို့ တိုးမြှင့်ခဲ့ပါသနည်း။
- မနက်ဖြန် (သို့) နောက်တစ်နေ့တွင် မည်သို့သောအရာက သင့်ကို စိုးရိမ်မှုဖြစ်စေပါသနည်း။ ထိုစိုးရိမ်မှုများကို ယနေ့တွင် ဘုရားသခင်အား အပ်နှင်းမည်လား။
-သင်၏ ပထမဆုံးအရာက စိုးရိမ်ဖို့လား (သို့) ဆုတောင်းဖို့လား။ ဘာကြောင့်များ ဤကဲ့သို့ ထင်မြင်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်