Unicode Version
ဆာလံ ၁:၁-၂ "မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊ ၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။"
ကောင်းသော စုံထောက်တစ်ဦးနှင့် ကျမ်းစာ လေ့လာသူတစ်ဦးတို့တွင် သာမန်အားဖြင့် မည်သို့သော အရာတွေ တွေ့ရသနည်း။ အကျိုးရှိပြီး ကောင်းသောမေးခွန်းတွေကို မေးဖို့ရန် လေ့လာကြပြီး ခိုင်မာတဲ့ ကောက်နုတ်ချက် ၊ သုံးသပ်ချက်တွေကို ရေးဆွဲကြပါတယ်။
အမှုအခင်း ဖြစ်ပွားရာနေရာသို့ စုံထောက် ရောက်လာတဲ့အချိန်မှာ သူတို့တွေ စတင်လေ့လာ အကဲခတ်ပါတော့တယ်။ ဘေးပတ်လည်တွင် ရှာဖွေကြပီး ကျွန်ုပ်တို့ သတိမမူတဲ့အသေးစိပ်အသော အရာတို့ကို တွေ့မြင်ပါတယ်။ ပြီးတော့ သူတို့ မေးခွန်းတွေ မေးကြပါတယ်။ နောက်ဆုံးမှာ သူတို့ အချက်အလက်အားလုံးတို့ကို စုစည်းပြီး သုံးသပ်ချက်တွေ လုပ်ဆောင်ကြပါတယ်။
သင်သည်လည်း သမ္မာကျမ်းစာ လေ့လာသူတစ်ဦးဖြစ်ပါလျှင် သမ္မာတရားတို့ကို စုံထောက်တစ်ဦးကဲ့သို့ သင်ချဉ်းကပ်ပါသည်။ စာသားတွေကို အနီးကပ် လေ့လာပါသည်။ အလျင်အမြန်ဖတ်လျှင် သတိမမူသကဲ့သို့ ဖြစ်မည့်အတွက် သင် အသေးစိပ်ရှာဖွေနေပါမည်။ ၎င်းနှင့်ပတ်သက်ပြီး သင်မေးခွန်းတွေ မေးပါသည်။ ၎င်းကို တခြားသမ္မာကျမ်းပိုဒ်တွေနှင့် နှိုင်းယှဉ်ပါသည်။ ပြီးတော့ အဲဒီအရာအားလုံးတို့ကို တစ်စုတစ်စည်းထားပြီး အဖြေရှာဖို့ လုပ်ဆောင်ပါတယ်။ "၎င်းသည် ယနေ့တွင် ကျွန်ုပ်အတွက် မည်သို့သော အဓိပ္ပာယ်ဖြစ်သနည်း။"
ဖတ်ရှုရုံနှင့် လေ့လာရုံကြား ကွဲပြားခြားနားချက်က ရိုးရှင်းပါတယ်။ သင်ဖတ်နေတဲ့အချိန်မှာ သင်၏မျက်လုံးကို စာသားတွေပေါ် ရှိနေစေရုံမျှသာ ပြုမည်။ သင်လေ့လာပါလျှင် အဲဒီစာသားတွေနှင့်သင် ချိတ်ဆက်မိစေမည်။ ခဲတံ (သို့) ဖောင်တိန်ဖြင့် သင် မှတ်စု လုပ်ကောင်းလုပ်မည်။ ကျမ်းပိုဒ်တွေကို နှိုင်းယှဉ်ဖို့ရန် ကောင်းသော Bible Application ကို သင် သုံးကောင်းသုံးမည်။ စာသားနှင့်ပတ်သက်တဲ့မေးခွန်းတွေကို မေးရန်သင်၌ စပ်စုတတ်သောစိတ်ရှိပါမည်။
ကျွန်ုပ်တို့ ကျောင်းမှာ သင်ယူခဲ့တဲ့ စုံစမ်းစစ်ဆေးတဲ့ မေးခွန်းလေးတွေ ဖြစ်တဲ့ Who, What, When, Where, Why နှင့် How တို့ကို စဉ်းစားကြည့်ရအောင်။ ၎င်းတို့သည် သမ္မာကျမ်းစာနှင့် ဆိုင်တဲ့မေးခွန်းတွေကို စတင်ရာအကြောင်း ဖြစ်စေပါတယ်။
သမ္မာကျမ်းစာ လေ့လာသူဖြစ်စေ (သို့) ခုမှစတင်လေ့လာဖို့ရန် အစပျိုးသောသူဖြစ်စေ တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းက အဖွဲ့ငယ်ကလေးဖြင့် စတင်လုပ်ဆောင်ဖိုါ ဖြစ်ပါတယ်။ ဤသို့ပြုခြင်းသည် ဆွေးနွေးခြင်းတွေ ၊ မေးခွန်းမေးခြင်း နှင့် ဝေဌခြင်းတို့ကို တခြားသူတွေနှင့် ပြုနိုင်မည်။ သင့်အတွေးအခေါ်၌ လွတ်သွားသောအရာကိုပင် ထိုးထွင်းသိမြင်လာနိုင်စေပါသည်။
သင်၌ အသင်းတော်နှင့် ဆက်သွယ်မှု မရှိပါလျှင် သမ္မာကျမ်းစာ လေ့လာသောအဖွဲ့တစ်ဖွဲ့ကို ရှာဖွေပါ။ (သို့) မိတ်ဆွေသူငယ်ချင်းတွေစုပြီး Sunday တွင်ဒေသနာတို့ ၊ ကျမ်းစာ လေ့လာခြင်းတို့ ဆွေးနွေးဖို့ရန် လုပ်ဆောင်ပါ။
သမ္မာကျမ်းစာ လေ့လာသူတစ်ဦးဖြစ်လာတဲ့အခါမှာ သမ္မာကျမ်းစာက ပြောသော အရာ ၊ ဆိုလိုရင်းအဓိပ္ပါယ်တို့ကို သင်သိလာပါလိမ့်မည်။ ပြီးတော့ သင့်အသက်တာ၌ ၎င်းတို့ကို ကျင့်သုံးဖို့ရန် တတ်စွမ်းလာပါလိမ့်မည်။
ဆင်ခြင်ရန်
-သမ္မာကျမ်းစာကို သင်ဖတ်ရုံလေးဘဲလား၊ (သို့) အမှန်တကယ် သင်လေ့လာ နေပါသလား။ ဤတစ်ပတ်တွင် သင့်ကို သမ္မာကျမ်းစာ လေ့လာသူတစ်ဦးဖြစ်ဖို့ရန် ပြောင်းလဲပေးမည့်အရာတစ်ခုကို သင်ပြုနိုင်ပါမည်နည်း။
-သမ္မာကျမ်းစာရှိ ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြီး အဖြေရှာရန်အတွက် မေးခွန်းတွေမေးပါ။ ဘယ်ကျမ်းပိုဒ်ကို ရွေးရမလဲ မသေချာပါလျှင် ဆာလံ အခန်းကြီး (၁) ကိုရွေးချယ်ဖတ်ရှုလိုက်ပါ။
-------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်