You’re Free to Be Yourself

Unicode Version

ဧဖက် ၂:၁၀ “ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော် မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

သင်၏ တစ်ပတ်အတွင်း ဖြစ်နေကျပုံစံကို စဉ်းစာကြည့်ပါ။ သူတစ်ပါးကြောင့် ၊ သူတစ်ပါး၏ နေပုံထိုင် ၊ လိုအပ်မှု ၊ လုပ်ဆောင်တဲ့အရာတွေ (သို့) သူတို့၏ သင့်အပေါ် မျှော်လင့်နေမှုတွေသည် သင်၌ စိတ်ဖိစီးမှု ဖြစ်ပေါ်ရတာ ဘယ်နှကြိမ်ရှိပါသလဲ။

စိတ်ဖိစီးမှုကို သင်ခံစားနေရတဲ့အခါမှာ သင့်အတွက် အလွန်ကောင်းတဲ့ သတင်းရှိပါတယ်။ သူတစ်ပါး၏ သင့်အပေါ် မျှော်လင့်မှုတွေက သင့်ကိုလွှတ်မြောက်သွားအောင် ဘုရားသခင် တတ်နိုင်ပါသည်။

သူတစ်ပါး၏ လိုအင်ဆန္ဒတွေ ၊ မျှော်လင့်ခြင်းများ၌ သင် အသက်ရှင်ရခြင်းတွင် စိတ်ဖိစီးမှု ဖြစ်စေတာက ပုံမှန်ဖြစ်ပါတယ်။ “ဤလမ်းကို ကျွန်ုပ်ရွေးလျှင် တခြားသူတွေ ဘယ်လိုထင်မလဲ”လို့ သင့်ကိုယ်သင် မေးဖူးပါသလား။ မေးဖူးပါတယ်။ ကျွန်ုပ်တို့အားလုံး အဲဒီလိုရှိကြပါတယ်။ သို့ပေမဲ့ အဲဒီလို နည်းလမ်းဖြင့် အသက်ရှင်ဖို့ မရှိပါ။

သူတစ်ပါး၏လိုအင်ဆန္ဒတွေ ၊ မျှော်မှန်းချက်တွေအတိုင်း အသက်ရှင်ခြင်းသည် သင့်ကိုယ်သင် ကြိုးထုံးဖြစ်အောင် ချည်နှောင်လိုက်ခြင်းဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကိုမျှ သင်မရောင့်ရဲစေနိုင်ပါ။ မကျေနပ်စေနိုင်ပါ။ ထင်ပေါ်ကျော်ကြားတဲ့ မဲဆန္ဒပေးမှုတွေတိုင်းမှာ သင်မအောင်မြင်နိုင်ပါ။

သူတစ်ပါး၏ လိုအင်တွေပေါ် သင်အသက်ရှင်နေရခြင်းကနေ လွှတ်မြောက်ဖို့ရန် သခင်ခရစ်တော် လောကသို့ လာခဲ့ပါတယ်။ ဧဖက် ၂:၁၀ “ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

အထက်ပါကျမ်းပိုဒ်ကို သေချာလေ့လာကြည့်ပါ။ ပထမဉီးစွာ သင်သည် ဘုရားသခင်၏ လက်ရာတော်ဖြစ်တယ်။ အလွန်ထူးခြားစွာ ဖန်ဆင်းထားတယ်လို့ဆိုပါတယ်။ ဘယ်သူနဲ့မှာ မတူပါ။ တစ်စုံတစ်ယောက်နှင့်လိုက်ပြီး တူအောင် အသက်ရှင်ကြိုးစားဖို့ ဘုရားအလိုတော်မရှိပါ။ ဒုတိယပိုင်းမှာတော့ ကျမ်းစာက ဆိုထားသည်မှာ သခင်ခရစ်တော်၌ အသစ်သော ပြုပြင်သောသူ အဖြစ် ဘုရားသခင် ပြုထားတယ်။ ဒါကြောင့် သင့်အတွက် ရည်ရွယ်ထားသောအရာတွေကို သင်ပြုနိုင်မည်ဖြစ်သည်။ သခင်ခရစ်တော်၌ အသက်ရှင်ခြင်းသည် သင့်အသက်တာကို လွယ်ကူရှင်းလင်းစေပါတယ်။

ဘုရားသခင်၏ ထူးမြတ်တဲ့ လက်ရာတော်အတိုင်း သင်အသက်ရှင်တဲ့အခါမှာ ဘုရားအလိုတော်ရှိတဲ့အရာကိုသာ သင်လုပ်ဆောင်ချင်ပါတော့မည်။ သူတစ်ပါး၏ လိုအင်၊ မျှော်လင့်ချက်တွေဖြင့် အသက်ရှင်ခြင်းအရာကို သင်လက်လွှတ်နိုင်မည်ဖြစ်သည်။

ဘုရားသခင်ကျေနပ်စေဖို့ရန် အသက်ရှင်ဖို့ တကယ်ပင် ခက်ခဲတယ်လို့ ထင်ရပေမဲ့ သင်ထင်သလို မခက်ခဲ့ပါဘူး။ သခင်ခရစ်တော်၌ သင့်ကို အသစ်သော အသက်တာဖြင့် ဘုရားသခင် ပြုပြင်တဲ့အခါမှာ သင်၏ လိုအင်ဆန္ဒတွေကိုပါ ဘုရားပြောင်းလဲပေးလိုက်ပြီဖြစ်သည်။ သင့်အား စုံစမ်းနှောင့်ယှက် နေကျအရာတွေ သည်လည်း သူတို့၏ဆွဲဆောင်နိုင်စွမ်းကို ကျရှုံးသွားစေပါသည်။ သင့်ကိုယ်သင် စစ်မှန်သောသူအဖြစ်သို့ ရောက်ရှိအောင် သခင်ခရစ်တော် လွှတ်မြောက်စေခဲ့ပါတယ်။

ငါ၏ တစ်ခုတည်းသော ပန်းတိုင်သည် ဘုရားသခင် အမှုကို ဆောင်ဖို့ဖြစ်တယ်” လို့သင်ယခုပြောနိုင်ပါပြီး။ အဲဒီလို လုပ်ဆောင်မယ်ဆိုလျှင် ကောင်းသော မိဘ ၊ ကောင်းသော ခင်ပွန်း /ဇနီး ၊ကောင်းသော မိတ်ဆွေ သူငယ်ချင်း ၊ ကောင်းသော လုပ်ဖော်ကိုင်ဖက် ဖြစ်လာပါလိမ့်မည်။

ဘုရားသခင်ကို သင်ကျေနပ်စေတဲ့အခါမှာ သင်အမြဲတမ်း မှန်ကန်သောအရာကိုသာ လုပ်ဆောင်နေပါမည်။ ဤအရာသည် အသက်တာကို အလွန်ရှင်းလင်းစွာ ဖြစ်စေရန် ပြုခြင်းဖြစ်ပါသည်။

ဆင်ခြင်ရန်
-မည်သို့သော မျှော်လင့်ခြင်းများဖြင့် ယနေ့တွင် သင်အသက်ရှင်နေထိုင်ပါသနည်း။ မည်သို့သော သင့်အသက်တာ အစိတ်အပိုင်းတွင် စိတ်ဖိစီးမှု ခံစားနေရပါသနည်း။ ဘုရားသခင်၏အလိုတော်နှင့် မညီသော အရာတွေမှ လွှတ်မြောက်ဖို့ရန် အဲဒီအရာတွေကို စာရင်းပြုပြီး ဘုရားသခင်ထံ အကူအညီတောင်းလျှောက်ပါ။
-သင်၏ အသက်တာတွင် ကြီးမားသော ပန်းတိုင်က မည်သို့နည်း။ ဘုရားသခင်အား အမှုဆောင်ခြင်း ရည်ရွယ်ချက်နှင့် မည်သို့ ချိန်ညှိနိုင်မည်နည်း။
-သင့်ကိုယ်သင် ဘုရား၏ လက်ရာတော်ဖြစ်တယ်ဆိုတာ စဉ်းစားမိပါသလား။ မည်သို့သော အစွမ်းအစ တွေကို ထူးခြားစွာ သင်၌ ဘုရားထည့်ထားပါသနည်း။


---------------------------------------------------------------------------------



Zawgyi Version

ဧဖက္ ၂:၁၀ “ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္ မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။”

သင္၏ တစ္ပတ္အတြင္း ျဖစ္ေနက်ပုံစံကို စဥ္းစာၾကည့္ပါ။ သူတစ္ပါးေၾကာင့္ ၊ သူတစ္ပါး၏ ေနပုံထိုင္ ၊ လိုအပ္မႈ ၊ လုပ္ေဆာင္တဲ့အရာေတြ (သို႔) သူတို႔၏ သင့္အေပၚ ေမွ်ာ္လင့္ေနမႈေတြသည္ သင္၌ စိတ္ဖိစီးမႈ ျဖစ္ေပၚရတာ ဘယ္ႏွႀကိမ္ရွိပါသလဲ။

စိတ္ဖိစီးမႈကို သင္ခံစားေနရတဲ့အခါမွာ သင့္အတြက္ အလြန္ေကာင္းတဲ့ သတင္းရွိပါတယ္။ သူတစ္ပါး၏ သင့္အေပၚ ေမွ်ာ္လင့္မႈေတြက သင့္ကိုလႊတ္ေျမာက္သြားေအာင္ ဘုရားသခင္ တတ္ႏိုင္ပါသည္။

သူတစ္ပါး၏ လိုအင္ဆႏၵေတြ ၊ ေမွ်ာ္လင့္ျခင္းမ်ား၌ သင္ အသက္ရွင္ရျခင္းတြင္ စိတ္ဖိစီးမႈ ျဖစ္ေစတာက ပုံမွန္ျဖစ္ပါတယ္။ “ဤလမ္းကို ကြၽႏ္ုပ္ေ႐ြးလွ်င္ တျခားသူေတြ ဘယ္လိုထင္မလဲ”လို႔ သင့္ကိုယ္သင္ ေမးဖူးပါသလား။ ေမးဖူးပါတယ္။ ကြၽႏ္ုပ္တို႔အားလုံး အဲဒီလိုရွိၾကပါတယ္။ သို႔ေပမဲ့ အဲဒီလို နည္းလမ္းျဖင့္ အသက္ရွင္ဖို႔ မရွိပါ။

သူတစ္ပါး၏လိုအင္ဆႏၵေတြ ၊ ေမွ်ာ္မွန္းခ်က္ေတြအတိုင္း အသက္ရွင္ျခင္းသည္ သင့္ကိုယ္သင္ ႀကိဳးထုံးျဖစ္ေအာင္ ခ်ည္ေႏွာင္လိုက္ျခင္းျဖစ္ပါတယ္။ တစ္စုံတစ္ေယာက္ကိုမွ် သင္မေရာင့္ရဲေစႏိုင္ပါ။ မေက်နပ္ေစႏိုင္ပါ။ ထင္ေပၚေက်ာ္ၾကားတဲ့ မဲဆႏၵေပးမႈေတြတိုင္းမွာ သင္မေအာင္ျမင္ႏိုင္ပါ။

သူတစ္ပါး၏ လိုအင္ေတြေပၚ သင္အသက္ရွင္ေနရျခင္းကေန လႊတ္ေျမာက္ဖို႔ရန္ သခင္ခရစ္ေတာ္ ေလာကသို႔ လာခဲ့ပါတယ္။ ဧဖက္ ၂:၁၀ “ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။”

အထက္ပါက်မ္းပိုဒ္ကို ေသခ်ာေလ့လာၾကည့္ပါ။ ပထမဉီးစြာ သင္သည္ ဘုရားသခင္၏ လက္ရာေတာ္ျဖစ္တယ္။ အလြန္ထူးျခားစြာ ဖန္ဆင္းထားတယ္လို႔ဆိုပါတယ္။ ဘယ္သူနဲ႔မွာ မတူပါ။ တစ္စုံတစ္ေယာက္ႏွင့္လိုက္ၿပီး တူေအာင္ အသက္ရွင္ႀကိဳးစားဖို႔ ဘုရားအလိုေတာ္မရွိပါ။ ဒုတိယပိုင္းမွာေတာ့ က်မ္းစာက ဆိုထားသည္မွာ သခင္ခရစ္ေတာ္၌ အသစ္ေသာ ျပဳျပင္ေသာသူ အျဖစ္ ဘုရားသခင္ ျပဳထားတယ္။ ဒါေၾကာင့္ သင့္အတြက္ ရည္႐ြယ္ထားေသာအရာေတြကို သင္ျပဳႏိုင္မည္ျဖစ္သည္။ သခင္ခရစ္ေတာ္၌ အသက္ရွင္ျခင္းသည္ သင့္အသက္တာကို လြယ္ကူရွင္းလင္းေစပါတယ္။

ဘုရားသခင္၏ ထူးျမတ္တဲ့ လက္ရာေတာ္အတိုင္း သင္အသက္ရွင္တဲ့အခါမွာ ဘုရားအလိုေတာ္ရွိတဲ့အရာကိုသာ သင္လုပ္ေဆာင္ခ်င္ပါေတာ့မည္။ သူတစ္ပါး၏ လိုအင္၊ ေမွ်ာ္လင့္ခ်က္ေတြျဖင့္ အသက္ရွင္ျခင္းအရာကို သင္လက္လႊတ္ႏိုင္မည္ျဖစ္သည္။

ဘုရားသခင္ေက်နပ္ေစဖို႔ရန္ အသက္ရွင္ဖို႔ တကယ္ပင္ ခက္ခဲတယ္လို႔ ထင္ရေပမဲ့ သင္ထင္သလို မခက္ခဲ့ပါဘူး။ သခင္ခရစ္ေတာ္၌ သင့္ကို အသစ္ေသာ အသက္တာျဖင့္ ဘုရားသခင္ ျပဳျပင္တဲ့အခါမွာ သင္၏ လိုအင္ဆႏၵေတြကိုပါ ဘုရားေျပာင္းလဲေပးလိုက္ၿပီျဖစ္သည္။ သင့္အား စုံစမ္းေႏွာင့္ယွက္ ေနက်အရာေတြ သည္လည္း သူတို႔၏ဆြဲေဆာင္ႏိုင္စြမ္းကို က်ရႈံးသြားေစပါသည္။ သင့္ကိုယ္သင္ စစ္မွန္ေသာသူအျဖစ္သို႔ ေရာက္ရွိေအာင္ သခင္ခရစ္ေတာ္ လႊတ္ေျမာက္ေစခဲ့ပါတယ္။

ငါ၏ တစ္ခုတည္းေသာ ပန္းတိုင္သည္ ဘုရားသခင္ အမႈကို ေဆာင္ဖို႔ျဖစ္တယ္” လို႔သင္ယခုေျပာႏိုင္ပါၿပီး။ အဲဒီလို လုပ္ေဆာင္မယ္ဆိုလွ်င္ ေကာင္းေသာ မိဘ ၊ ေကာင္းေသာ ခင္ပြန္း /ဇနီး ၊ေကာင္းေသာ မိတ္ေဆြ သူငယ္ခ်င္း ၊ ေကာင္းေသာ လုပ္ေဖာ္ကိုင္ဖက္ ျဖစ္လာပါလိမ့္မည္။

ဘုရားသခင္ကို သင္ေက်နပ္ေစတဲ့အခါမွာ သင္အၿမဲတမ္း မွန္ကန္ေသာအရာကိုသာ လုပ္ေဆာင္ေနပါမည္။ ဤအရာသည္ အသက္တာကို အလြန္ရွင္းလင္းစြာ ျဖစ္ေစရန္ ျပဳျခင္းျဖစ္ပါသည္။

ဆင္ျခင္ရန္
-မည္သို႔ေသာ ေမွ်ာ္လင့္ျခင္းမ်ားျဖင့္ ယေန႔တြင္ သင္အသက္ရွင္ေနထိုင္ပါသနည္း။ မည္သို႔ေသာ သင့္အသက္တာ အစိတ္အပိုင္းတြင္ စိတ္ဖိစီးမႈ ခံစားေနရပါသနည္း။ ဘုရားသခင္၏အလိုေတာ္ႏွင့္ မညီေသာ အရာေတြမွ လႊတ္ေျမာက္ဖို႔ရန္ အဲဒီအရာေတြကို စာရင္းျပဳၿပီး ဘုရားသခင္ထံ အကူအညီေတာင္းေလွ်ာက္ပါ။
-သင္၏ အသက္တာတြင္ ႀကီးမားေသာ ပန္းတိုင္က မည္သို႔နည္း။ ဘုရားသခင္အား အမႈေဆာင္ျခင္း ရည္႐ြယ္ခ်က္ႏွင့္ မည္သို႔ ခ်ိန္ညႇိႏိုင္မည္နည္း။
-သင့္ကိုယ္သင္ ဘုရား၏ လက္ရာေတာ္ျဖစ္တယ္ဆိုတာ စဥ္းစားမိပါသလား။ မည္သို႔ေသာ အစြမ္းအစ ေတြကို ထူးျခားစြာ သင္၌ ဘုရားထည့္ထားပါသနည္း။