You Don’t Have to Live with Guilt Anymore
Unicode Version
“အပြစ်ရှိခြင်း” ဆိုတဲ့အသက်တာဖြင့် အသက်ရှင်စရာ မလိုပါ။
ရှင်ယောဟန်ခရစ်ဝင် ၈:၃၂ “သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆ တွင် ခရစ်တော်ဆိုထားသည်မှာ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏”။  ရှင်ယောဟန် ခရစ်ဝင် ၈:၃ တွင်လည်း “သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရား သည် သင်တို့ကို လွှတ်လိမ့်မည်”။ လာမည့်ရက်တွေမှာ အပြစ်ရှိခြင်းနှင့်ဆိုင်တဲ့ ဝန်ထုပ်ဝန်ပိုးမှ အစပြုပြီး သခင်ခရစ်တေ်၏ ကတိတော်များအားဖြင့် ကျွန်ုပ်တို့ကို လွှတ်မြောက်ခြင်း အခွင့်ပေးပုံတို့ကို လေ့လာကြဖို့ ရှိပါတယ်။
“အပြစ်ရှိခြင်း”ဆိုတာ မည်ကဲ့သို့ဖြစ်သည်ကို သင်သိပါတယ်။ အဲဒီအပြစ်ရှိခြင်းက ပျော်ရွှင်ခြင်းကို လုယက်ခြင်း ဖြစ်တယ်။ စိတ်ဓါတ်ကျခြင်းကိုလည်း ဖြစ်ပေါ်စေတယ်။ ခန္ဓာကိုယ် မကျန်းမာခြင်းကိုလည်း ဖြစ်စေပါတယ်။ က္ကုသရေလရှင်ဘုရင် ဒါဝိလ်မင်းကြီး အပြစ်ပြုစဉ်အခါက အပြစ်ရှိခြင်း၏ ဝန်ထုပ်ကို သူခံစားခဲ့ရပါတယ်။ ဆာလံ ၅၁:၁၂ တွင် ဒါဝိလ်မင်းကြီး ဘုရားထံ တောင်းလျှောက်ထားသည်မှာ “ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါ စေသော။”
“အပြစ်ရှိခြင်း” ကို ကျိုးပဲ့ကြွေမွသောစိတ်ဖြင့် ဖွင့်ဟဝန်ခံစွန့်ပစ်ခြင်းအတွက် ဘုရားသခင်ဆီမှာ အဖြေရှိပါတယ်။ ရှင်ယောဟန်ပဌမစောင် ၁:၉ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိ သမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော် မူ၏။
ရိုးရှင်းလွယ်ကူစွာ ဖြေရှင်းလို့ အမှန်တကယ်ရတဲ့ ပြသနာတွေကို သင် နှစ်ပေါင်းများစွာ ကြိုးစားဖြေရှင်းကောင်း ဖြေရှင်းခဲ့မည်။ သင်၌ ကောင်းဆိုးကျိုးပြစ်ကို ခွဲခြားသိမြင်တတ်သော ရှင်းလင်းသောအသိတရား ရှိဖို့သာလို အပ်ပါတယ်။ အဲဒီအရာကို သခင်ခရစ်တော်က သင့်ကို ပေးပါတယ်။ ခွင့်လွှတ်ခြင်းကိုလည်း အချိန်မဆိုင်းဘဲ ခရစ်တော် ပေးနေပါတယ်။
ဘုရားသခင် ကျွန်ုပ်တို့ကို ပြောထားသည်မှာ - ယေရမိအနာဂတ္တိကျမ်း ၃၁:၃၄ “ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အပြစ်ရှိခြင်း၏ ဝန်ထုပ်ဝန်ပိုး အောက်တွင် ကျဆင်းစေဖို့ရန် စာတန်က အလိုရှိနေပါတယ်။ ဤကဲ့သို့ အပြစ်နွံနစ်နေပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းအသက်တာ၌ အသက်မရှင်ရဖို့ရန် စာတန် လုပ်ဆောင်ပါတယ်။ စာတန်လုပ်ဆောင်သောအရာသည် ဘုရားသခင် လုပ်ဆောင်သလိုမျိုးတော့ မဟုတ်ပါ။
ဘုရားသခင် လုပ်ဆောင်တာတွေက - ခွင့်လွှတ်ခြင်းကို သင်တောင်းခံပါလျှင် သင့်ကို ခွင့်လွှတ်ခြင်းပေးပါသည်။ သို့ပေမဲ့ ဘုရားသခင် နောက်ထပ်တစ်ဆင့်တက်ကာ သင်ပြုခဲ့သော မှားယွင်းမှုတွေကို သူအမှန်တကယ် မအောက် မေ့ပါ”။
ဤအခြင်းအရာသည် သင်၏အပြစ်တွေကို ဘုရားသခင်ယူဆောင်သွားပြီး သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးသော နေရာတွင် ထည့်ထားလိုက် ခြင်းနှင့် တူပါတယ်။ ပြီးတော့ “ငါးမမျှားရ” ဆိုင်းပုဒ်တတ်ထားပြီး သင်၏အပြစ်တွေကို နောက်ထပ် မဆွဲထုတ်ဖို့ဖြစ်တယ်။ ပြီးတော့ သင့်ကိုလည်း ထပ်မံပြီး အပြစ်ကို မပြုဖို့ အလိုတော်ရှိတယ်။ သင့်ကို လွှတ်မြောက်စေချင်တယ်။
ယနေ့မှာ သင့်ကိုယ်သင် အပြစ်ရှိတယ်လို့ ခံစားနေရပါသလား။ သခင်ခရစ်တော် သင့်ကို လွှတ်ခြင်းအခွင့်ပေးဖို့ရန် လာတယ်ဆိုတာကို သတိရပါ။ သင်၏ အပြစ်တွေကို ဝန်ခံပါလျှင် သင့်ကိုယ်သင်အပြစ်ရှိခြင်းကနေ လွှတ်မြောက် စေပြီး ခွင့်လွှတ်ခြင်းကို ပေးပါလိမ့်မည်။
သင်၏အတိတ်က အကြောင်းအရာတွေက ခွင့်လွှတ်ခြင်းခံရပြီဆိုတဲ့အသိတရား၏ စစ်မှန်တဲ့ လွှတ်မြောက်ခြင်း နှင့် အပြစ်ရှိခြင်း ဆိုတဲ့ဝန်းရံမှုတွေကနေလွှတ်မြောက်ခြင်း စသော အသက်တာဖြင့် သင်အသက်ရှင်နိုင်ပြီ ဖြစ်သည်။
ဆင်ခြင်ရန်
-အပြစ်ရှိခြင်းက ကျွန်ုပ်တို့၏ အသက်တာရှိ ခန္ဓာပိုင်းဆိုင်ရာ ၊ ပတ်သက်မှုဆိုင်ရာ နှင့် ဝိညာဉ်ပိုင်းဆိုင်ရာတို့ကို မည်ကဲ့သို့ သက်ရောက်မှု ဖြစ်စေပါသနည်း။
-ယနေ့တွင် မည်သို့သော အပြစ်၏ ဝန်ထုပ်ကို သင်ခံစားနေရပါသနည်း။ အဲဒီအပြစ်ကို ဘုရားသခင်ထံ ဝန်ချစွန့်ပစ်ဖို့ရန် ယခုပင်အချိန်ယူပါ။ ပြီးတော့ ခွင့်လွှတ်ခြင်းခံရမည်ကို ယုံကြည်ပါ။
-ခွင့်လွှတ်ခြင်းခံရပြီးတဲ့အပြစ်ကို ကျွန်ုပ်တို့ ထပ်ပြီးဆွဲကိုင်ထားတဲ့အခါမှာ ဘုရားသခင်နှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ မည်သို့သောအရာကို မယုံကြည်နိုင်ဖြစ်နေပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်