Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ဝတ်ပြုကိုးကွယ်ခြင်းတွင် သင်၏ခံစားချက်ဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း ပါဝင်ပါသည်။
COVID-19 ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး Pastor Rick Warren ဆီမှ သတင်းစကား
ယနေ့
devotional ကို မဖတ်ခင်မှာ ကျွန်ုပ် ကိုရိုနာနှင့်ပတ်သက်တဲ့ မသေချာတဲ့ ဆက်စပ်မှုတွေကို
ပြောကြား ချင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း
မသိပါဘူး။ သို့ပေမဲ့ သင်၏ ကယ်တင်ခြင်းနှင့် ပတ်သက်ပြီး မသေချာခြင်းတွေ သင်မဖြစ်ချင်ပါ။
ယနေ့မှာ သခင်ခရစ်တော်ကို ကတိဝတ်ပြုရန် လျောက်လှမ်းရမည့် နေ့ဖြစ်ပါတယ်။
အဲဒီလိုပြုဖို့
သင်အဆင်သင့်ဖြစ်နေပြီဆိုလျှင် ဤကဲ့သို့ဆုတောင်းပါ။ “သခင်ခရစ်တော်ဘုရား…. ကျွန်ုပ်၏
အသက်တာထဲသို့ ဝင်ရောက်ပြီး ကယ်တင်ဖို့ရန် တောင်းဆိုပါ၏။ ကျွန်ုပ်တွင် အပြစ်ရှိပြီး
မိမိကိုယ်ကို မကယ်တင် နိုင်ဘူးဆိုတာကို သိပါ၏။ ကိုယ်တော်ရှင်အား ကျွန်ုပ်၏ ကယ်တင်ပိုင်ရှင်ဖြစ်ဖို့ရန်
အလိုရှိပါ၏။ ကိုယ်တော်ရှင် အား ပိုမိုသိချင်ပြီး ယုံကြည်ဖို့ရန် လေ့လာချင်ပါသည်။ ကိုယ်တော်ရှင်၏နာမတော်အားဖြင့်
တောင်းလျှောက် ပါ၏... အာမင်”
သခင်ခရစ်တော်ကို
လက်ခံဖို့ရန် သင်ဆုတောင်းပြီးလျှင် ကျွန်ုပ်ထံ Rick@PastorRick.com စာပို့ပြီး အဲဒီအကြောင်းနှင့် ပတ်သက်ပြီး
ပြောပြပေးပါ။
ကူးစက်ရောဂါ ကပ်ဆိုက်ကာလတွင် ကြောက်စိတ်ကို အောင်နိုင်ခြင်း
COVID-19 ကူးစက်ရောဂါသစ်ကို
ထိန်းချုပ်ရန် ၊ လျော့ချရန် နှင့် ကာကွယ်ရန်အတွက် အခြေခံသဘော တရားများကို ကျန်းမာရေး အရာရှိတွေ ဆက်လက်ကမ်းလှမ်းကြပါတယ်။ သို့ပေမဲ့ ဤကမ္ဘာအနှံ့ ဖြစ် ပွားနေသော အရာအပေါ် ကျွန်ုပ်တို့၏
ဝိညာဉ်ရေးရာ တုံ့ပြန်မှုက ဘာတွေဖြစ်သင့်သနည်း။ ဤမှောင်မိုက်နေတဲ့ ချိုင့်ဝှမ်းကို ကျွန်ုပ်တို့ ဖြတ်သန်းသွားရစဉ်မှာ ကျွန်ုပ်တို့၏
သခင်ခရစ်တော်ပေါ်ထားသော မျှော်လင့်ခြင်းကို မည်ကဲ့သို့ တည်မြဲနိုင်မည်နည်း။
သင့်အတွက်
ကျွန်ုပ်မှာ ထူးခြားတဲ့ သတင်းစကားရှိပါတယ်။ ဘုရားသခင်သည် သင်နှင့် အမြဲအတူရှိနေပြီး မပြောင်းလဲသောအရာတို့ကို အာရုံစိုက်ရန် နှင့် ဤအကျပ်အတည်းကာလတွင် တခြားသူတွေကိုတောင် အမှုဆောင်ရွက်ပေးနိုင်ဖို့ရန်
ဘုရားသခင်သင့်ကို အသုံးပြုနိုင်ကြောင်းကို သတိပေးခြင်းများလည်း ပါဝင်ပါတယ်။ ကျွန်ုပ်၏ ဒုတိယပိုင်း သတင်းစကားကို နားဆင်ဖို့ရန် ကျေးဇူးပြု၍ ရည်ရွယ်ပါ။“Defeating Fear During the Virus Crisis” March 17th and 18th on Daily
Hope at PastorRick.com.
ဤကူးစက်မှုရောဂါသည်
ကြာရှည်မည်မဟုတ်ကြောင်းကို ကျွန်ုပ်တို့ ကြိုပြီး သိနှင့်ပြီးဖြစ်ပါတယ်။ ကျွန်ုပ်တို့ဖြတ်သန်းသွားရမဲ့
ချိုင့်ဝှမ်းတစ်ခု ဖြစ်တယ်။ အတူတကွ ဖြတ်သန်းသွားကြရအောင်။
*************** *************** ***************
ယောဘဝတ္တု ၁:၂၀ “ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း
ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။”
သင်ကလေးအရွယ်တုန်းက
“Sticks and
stones may break my bones, but words will never hurt me” လို့သင်ပြောခဲ့ဖူးပါသလား။ ကလေးအရွယ်ကနေ ကြီးပြင်းလာပြီးတဲ့နောက်မှာတော့ ဤအရာသည်
မမှန်ကန်ဘူး ဆိုတာကို သင်သိရှိပါလိမ့်မည်။ စကားလုံးတွေနှင့် များစွာသောအရာတွေက ကျွန်ုပ်တို့ကို
ထိခိုက်စေခဲ့ပါတယ်။ အသက်တာ ထိခိုက်မှုတွေက လွန်ကဲလာတဲ့အခါမှာ မည်သို့ကုစားရမလဲဆိုတာကို
သိဖို့က ခက်ခဲနိုင်ပါတယ်။ သမ္မာကျမ်းစာတွင် ယောဘသည် နေရာတိုင်းတွင် စိတ်ထိခိုက်ဒဏ်ရာ
ရခဲ့ပါတယ်။ သို့ပေမဲ့ သူ၏ ကုစားပျောက်ကင်းခြင်းကို ဝတ်ပြုကိုးကွယ်ခြင်းကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သင်လည်း ရှာဖွေတွေ့ရှိနိုင် ပါတယ်။
ယောဘသည် ပညာရှိပြီး များစွာ
ချမ်သားကြွယ်ဝသောသူဖြစ်တယ်။ ခင်ပွန်းတစ်ဉီး ၊ ဖခင်တစ်ဉီး လည်းဖြစ်ပါ တယ်။ သိုပေမဲ့
တစ်နေ့မှာ အရာအားလုံးနီးပါး သူဆုံးရှုံးခဲ့ရပါတယ်။ သူ၏ကျန်းမာရေး ၊ သားသမီးများကို
ဆုံးရှုံးခဲ့ရပြီးတော့ အရမ်းကို နာကျင်စေတဲ့ အနာရောဂါကို လည်းခံစားခဲ့ရပါတယ်။
သင်ဖြစ်နိုင်သမျှသော အရာရာတိုင်းနီးပါးကို
ယောဘခံစားခဲ့ရပါတယ်။ ဖြစ်ပေါ်လာတဲ့ ခါးသီးမှုတွေအစား သူသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူ၏ဆုံးရှုံးမှုအားလုံး၏ နှစ်ဆသောအရာ တွေကိုတောင် ဘုရားသခင် ပြန်လည်ဖြည့်ဆည်းပေးခဲ့ပါတယ်။
ယောဘဝတ္တု ၃၆:၁၅-၁၆ “အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊
နားထောင်စေခြင်းငှါ ပြုတော်မူ၏။ ထိုသို့သင့်ကိုလည်း
ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်းလင်းသော အရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ
ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထား တော်မူလိမ့်မည်။ ”
သင်
စိတ်ထိခိုက် ခံစားနေရတဲ့အချိန်တိုင်းမှာ အခြေအနေတွေကို ပြောင်းလဲရန် ဘုရားသခင် စောင့်ဆိုင်းနေ
ပါတယ်။ အဲဒီအရာကနေ သင့်ကို ကြီးထွားစေဖို့ရန် ကူညီပေးချင်ပြီး ကောင်းချီးပေးချင်ပါသည်။
သင်ဝတ်ပြုကိုးကွယ်ဖို့ရန်
အရေးအကြီးဆုံးအချိန်က သင်၏စိတ်နှလုံးကျိုးပဲ့နေတဲ့အချိန်ဖြစ်ပါတယ်။ သင်၏ ခက်ခဲနေသောကာလမှာ
ဘုရားသခင်ထံတော်သို့ လှည့်ပြီး သင့်ကို ကူညီခွင့်ပြုရန် အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။
သင်စိတ်ထိခိုက်ဒဏ်ရာရတဲ့အခါမှာ
ပထမဉီးဆုံး ဝတ်ပြုကိုးကွယ်ဖို့ နည်းလမ်းကား ဝမ်းနည်းကြေကွဲခြင်း ဖြစ်ပါ တယ်။ သင်ဘယ်လိုခံစားနေရသလဲဆိုတာကို
ဘုရားသခင်ထံ အတိအကျ ဖော်ပြပါ။ သင်၏စိတ်ခံစားမှုဖြင့် သူ့အား ယုံကြည်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း
ဖြစ်ပါတယ်။
ယောဘဝတ္တု ၁:၂၀ “ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း
ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။”
အဆိုးတွေဖြစ်စေတဲ့
ခံစားမှုတွေကို ငုံ့ခံဖို့အတွက် သင်၏ခန္ဓာကို ဘုရားသခင် ဖန်ဆင်းထားခြင်း မဟုတ်ပါ။ အဲဒီလိုပြုနေမယ်ဆိုလျှင်
တစ်နေ့မှာ လှုပ်ရမ်းလိုက်တဲ့ ဆိုဒါပုလင်းလို ပေါက်ကွဲသွားစေပါလိမ့်မည်။
သင်၏
စိတ်ခံစားချက်တွေကို ထိန်းချုပ်နေမည့်အစား ဘုရားသခင်ထံ ဖွင့်ဟလိုက်ပါ။ ဘုရားသခင် သည်
အဲဒီခံစားချက်တွေကို မကြောက်ပါ။ ဘုရား၌လည်း စိတ်ခံစားချက်တွေရှိပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ
၊ ဒေါသ နှင့် မနာလိုဖြစ်မှု နှင့် စိတ်ထိခိုက်မှုတွေကို သမ္မာကျမ်းစာတွင် ပြောဆိုထားပါတယ်။
သင်၏ စိတ်ခံစား ချက်တွေကို ဘုရားသခင် ကိုင်တွယ်နိုင်ပါတယ်။
ယေရမိမြည်တမ်းစကား ၂:၁၉ “ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ
သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော
သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။”
ဆင်ခြင်ရန်
-အတိတ်ကာလတုန်းက
သင်စိတ်ထိခိုက်ခဲ့ရတဲ့အချိန်အခါတွင် မည်ကဲ့သို့ တုံ့ပြန်မှု ပြုခဲ့ပါသနည်း။
-အဲဒီ
တုံ့ပြန်မှုကနေ မည်သို့သော ရလဒ်ကို သင်ရခဲ့ပါသနည်း။
-မည်သို့သော စိတ်ဒဏ်ရာတွေက ယခုထက်တိုင် သင့်အသက်တာတွင်
ပျောက်ကင်းမှုမရှိ ဖြစ်နေပါသနည်း။ သင်မည်သို့ ခံစားရသည်ကို ဘုရားသခင်ထံ အတိအကျ ဖော်ပြလိုက်ပါ။
---------------------------------------------------------------------------------
Zawgyi Version
*************** *************** ***************
ဆင်ခြင်ရန်