Why Won’t God Tell You the Next Step?
Unicode Version
နောက်ထပ်လှမ်းရမည့်ခြေလှမ်းအတွက် ဘုရားသခင် သင်အား ဘာကြောင့် မပြောသနည်း။
ဒေသနာကျမ်း ၅:၄ “ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သော သူတို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့။”
သင်၏အသက်မွေးဝမ်းကျောင်း (သို့) သင်၏ပေါင်းသင်းဆက်ဆံရေးတို့အတွက် ဘုရားသခင်၏ အလိုတော်ကို သိချင်နေသည်ဟု သင်ပြောနေနိုင်မည်။ သို့ပေမဲ့ အခြေခံသဘောတရားတွေကို သင်သိရှိဖို့ရန် ဘုရားအလိုတော် ရှိပါသည်။ သင်၏ သမ္မာကျမ်းစာအုပ်ကို ဖတ်နေပါသလား။ အသင်းအဖွဲ့တွင် သင်ရှိနေပါသလား။ ဆယ်ဖို့တစ်ဖို့ ပေးပါသလား။ ဘုရားသခင်ကို အချိန်ပေးပါသလား။
သင်မလုပ်ရသေးတာတွေကို ဘုရားသခင်က လုပ်ဆောင်ရန် ပြောထားပြီးသား တစ်စုံတစ်ရာ ရှိပါသလား။ သင်သိထားပြီးသောအရာကို မလုပ်ဆောင်ရသေးတဲ့အခါမှာ ဘုရားသခင်က နောက်ခြေလှမ်းအတွက် ဘာကြောင့် ပြောသင့်သနည်း။
သင် အသင်းတော်တစ်ခုသို့ တစ်နှစ်ကျော်တိုင် တက်ခဲ့ဖူးပြီးနောက် အဖွဲ့ဝင်အဖြစ် ထပ်မံတက်လှမ်းဖို့ရန် လိုအပ်ပါသည်။ နှစ်ခြင်းခံယူရန် ဆုတောင်းပြီးဖြစ်သော်လည်း ပြက္ခဒိန်တွင် သတ်မှတ်ဖို့ရန် လိုအပ်နေတုန်းဖြစ် ကောင်းဖြစ်မည်။ သင်နှင့်အတူ လက်တွဲမည့် အသင်းအဖွဲ့ကို ရှာဖွေနေမည်ဖြစ်ပြီး အိမ်တွင် အဖွဲ့ငယ်စတင်ဖို့ လိုအပ်နေမည်။ ဘုရားသခင် သင့်ကို ဘာကြောင့် ဖန်ဆင်းသလဲဆိုတာကို ဖော်ပြကောင် ဖော်ပြပါမည်။ သင့်အား ပေးသနားတော်မူသော ကောင်းချီးတွေနှင့် စွမ်းရည်တွေကို တခြားသူတွေကို အကျိုးဆောင်ပေးနိုင်ရန် နည်းလမ်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။
ဘုရားသခင် ပြောထားသည်များကို မလုပ်ဆောင်ဘဲ နောက်တစ်ပတ် ၊ နောက်နှစ်တွေမှ သင်လုပ်ဆောင် ရန်ရှိပါသလား။
သင်ဘာကို စောင့်ဆိုင်းနေပါသနည်း။ ‌
ဒေသနာကျမ်း ၅:၄ “ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သော သူတို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့။”
ကြန့်ကြာမနေပါနဲ့။ ဘာကိုလုပ်ဆောင်ရမည်ကို သင်သိထားလျှင် လုပ်ဆောင်ပါ။
ယနေ့တွင် ဤဆုတောင်းကို ပြုပါ။
“အဖဘုရား ကျွန်ုပ်အသက်တာအတွက် လမ်းညွှန်မှုပြုဖို့ရန် လိုအပ်ပါ၏။ ညွှန်ပြပေးဖို့ရန် သစ္စာအားဖြင့် ကျွန်ုပ်တောင်း လျှောက်ပါသည်။ ဘုရား၏ တုံ့ပြန်မှုကို နားဆင်ဖို့ရန် ကူညီတော်မူပါ။ မကြားနိုင်အောင် အလုပ်အရမ်းမများဖို့လည်း ကူညီတော်မူပါ။ အဖဘုရား ကျွန်ုပ်နားမလည်သင်သည့်အခါ ဘုရားအား ယုံကြည်စိတ်ချရန် နှင့်ကျွန်ုပ်၏အကျိုးအတွက် ရည်ရွယ်သော လမ်းကြောင်းရှိကြောင်း နားလည်နိုင်ရန် ကူညီ တော်မူပါ။        ယနေ့ ကျွန်ုပ်ပြုလုပ်ရန် လိုအပ်သော နောက်တစ်ဆင့်ကို ကျွန်ုပ်အားသိစေပါ။ ကျွန်ုပ်လုပ် ဆောင်ရန် သိပြီးသားများကို လုပ်ဆောင်ရန် ကူညီပါ။ စိတ်ပျက်စရာမဖြစ်ဖို့လည်း ကူညီပါ။ ကြောက်လန့် ခြင်းမရှိ ရန်နှင့် ဘုရားသခင်အား ယုံကြည်ခြင်းရှိရန် ကူညီတော်မူပါ။ သခင်ခရစ်တော်၏နာမတော်အားဖြင့် တောင်း လျှောက်ပါ၏… အာမင်။
ဆင်ခြင်ရန်
-သင့်အသက်တာအတွက် ရည်ရွယ်ချက်ကို ဖော်ပြပေးဖို့ရန် မည်သို့သောအရာကို ဘုရားထံမှာ သင်စောင့်ဆိုင်းပါသနည်း။
-သခင်ခရစ်တော်နောက် တစ်ဉီးအနေဖြင့် သင်လုပ်ဆောင်ရန် လိုအပ်သည်များကို မသိဘဲကြောက်ရွံ့ခြင်းကို အဘယ်အရာက တားဆီးနေသနည်း။ 
-------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်