Why praying harder doesn't always solve your problems

Unicode Version

ပြင်းပြင်းထန်ထန် ဆုတောင်းခြင်းသည် ဘာကြောင့် သင်၏ပြသနာကို အမြဲတမ်း မဖြေရှင်းပေးသနည်း။
By Patrick Mabilog
အရာရာတိုင်းအပေါ် “ပြင်းပြင်းထန်ထန် ဆုတောင်းပါ” ဆိုပြီး အလိုအလျောက်တုံ့ပြန်တတ်တဲ့သဘောကို ယုံကြည်သူခရစ်ယာန်တွေ ဆီမှာ သင်ကြားဖူးမှာ သေချာသလောက်ရှိပါတယ်။ ဆုတောင်းခြင်းအပေါ်မှာ ကျွန်ုပ်ယုံကြည်တယ် ၊ လူတိုင်းလည်း ယုံကြည်သင့်ပါတယ်။ သို့ပေမဲ့ ပြင်းထန်သော ဆုတောင်းခြင်းသည် မည်သို့သော ပုံစံနဲ့တူသလဲ ၊ တကယ်ကော အထောက်အကူဖြစ်ပါရဲ့လား။ ပြင်းထန်သော ဆုတောင်းခြင်းသည် ရှည်လျားသောဆုတောင်းခြင်းမျိုး ၊ မှန်ကန်သော စကားလုံးကို သုံးနှုန်းဆုတောင်းခြင်မျိုး (သို့) အစာရှောင် ဆုတောင်းခြင်းမျိုးလို့ အဓိပ္ပါယ်သက်ရောက်သွားစေပါတယ်။ ဆုတောင်းခြင်း၌ သံသယဝင်ခြင်းမျိုး မရှိပါ။ ခရစ်ယာန်တိုင်း ပိုမိုကြီးထွားလာသင့်ပြီး ပိုပြီးဆုတောင်းမှုပြုသင့်ပါသည်။ သို့ပေမဲ့ ပြသနာတစ်ခုက တွေးခေါ် ယူဆခြင်းတွင် ရှိနေပါသည်။

လူငယ်တစ်ဉီး နှင့်ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ်အကြောင်းကို ကျွန်ုပ်ပြန်သတိရမိပါသည်။ “ငါသည် မော်မီးအိမ်ဖြစ်တယ်” လို့ရေးသားထားတဲ့ မီးအိမ်တစ်ခုကို လူငယ်ကလေးသည် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စိတ်လှုပ်ရှားစွာဖြင့် အဲဒီမီးအိမ်ကလေးကို ပွတ်နေခဲ့ပေမဲ့ ဘာမှဖြစ်မလာပါဘူး။ လက်ဖဝါး နာကျင်တဲ့ထိ ဆက်တိုက်ပွတ်နေခဲ့ပါတယ်။ နောက်ဆုံးမှာ အရှုံးပေးပြီး ဘေးသို့ လွင့်ပစ်လိုက်တဲ့အခါမှာ မီအိမ်တစ်ဖက်ခြမ်းက “ချွတ်ယွင်းနေသည်” ဆိုတဲ့စာသားကို တွေ့ခဲ့ပါတယ်။

တခြားသော နည်းလမ်းပေါင်းများစွာဖြင့် ခရစ်ယာန်တွေသည် ဤလူငယ်ကဲ့သို့ပင်ဖြစ်နေကြပါတယ်။ ကျွန်ုပ်တို့ လိုချင်တဲ့အရာပေါ်မှာ ဘုရားမပေးတဲ့အခါမှာ ကျွန်ုပ်တို့ ပိုပြီး ၊ ရှည်လျားစွာ (သို့) ကျယ်လောင်စွာ ဆုတောင်း ကြပါတယ်။ ဘုရားသခင်သည် တာဝန်လစ်ဟင်းမှု ဘယ်တော့မှ မရှိပါ။ သို့ပေမဲ့ သခင်ခရစ်တော်က မဿဲ ၆:၇ တွင် ဖော်ပြထားမှုရှိပါတယ်။ “သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသော စကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။” ပြင်းပြင်းထန်ထန် ဆုတောင်းခြင်းတွေ ၊ ရှည်လျားစွာ ဆုတောင်းခြင်းတွေသည် စစ်မှန်တဲ့ ဆုတောင်းခြင်းမဟုတ်ပါ။ သင်၌ ယုံကြည်ခြင်း မည်မျှရှိခြင်းပေါ်တွင်လည် မသက်ဆိုင်ပါ။ ဒါဆို ဘာနှင့်ဆိုင် မည်နည်း။

ဘုရားသခင်၏ သစ္စာရှိမှုအကြောင်းဖြစ်ပါတယ်။
တရားဟောရာကျမ်း ၇:၉ “သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ်တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုးအစဉ် အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကို ပြသောဘုရား ၊ ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရား ဖြစ်တော် မူကြောင်းကို သိမှတ်လော့။” တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ စိတ်မရှည်မှုတွေ နှင့် တစ်ကိုယ်ကောင်းဆန်မှုတွေ၌ ဘုရားသခင်သည် သူ၏ ထောက်ပံ့ပေး ၊ စီမံပေးခြင်းများကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ရင်း ကျွန်ုပ်တို့၏ တောင်းဆိုမှုများကို ကိုးစားလုပ်ဆောင်ကြပါတယ်။

ကျွန်ုပ်တို့၏ သစ္စာကင်းမဲ့မှုတွေဖြင့် ဘုရားသခင်၏ သစ္စာတရားနှင့် ကျွန်ုပ်တို့ကောင်းဖို့အတွက် လုပ်ဆောင်မှု တွေကို ကြိမ်ဖန်များစွာ မေ့နေခဲ့ပါတယ်။
ရောမ ၈:၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။  ကျွန်ုပ်တို့၏ တောင်းလျှောက်ချက်တွေကို ဘုရားအဖြေပေးဖို့ရန် ကူညီပေးဖို့ မလိုပါ။ ဤအရာကို ပေးမယ်လို့ကတိတော် ရှိပါလျှင် သင်လိုအပ်သောတောင်းဆိုသမျှတွေကို ပေးပါလိမ့်မည်။ ရှင်လုကာခရစ်ဝင် ၁၁:၁၂ “သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။” ဒါကောင့် မုန့်နှင့် ဉကိုပေးသော အဖဘုရားကို ယုံကြည်ပါ။

ဒါသည် ဘုရားသခင်အလိုတော်ပါ။
ရှင်ယောဟန်ဩဝါဒစာ ပဌစောင် ၅:၁၄ “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ကျွန်ုပ်တို့၏ ငိုကြွေးသံတွေကို ဘုရားသခင် ကြားပြီး အဖြေပေးပေမဲ့ သူ၏အလိုတော်အတိုင်းသာဖြစ်ပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သူ၏ အလိုတော်သည် ကောင်းသော ၊ ကျေနပ်စေသော ပြည့်စုံစေသော အလိုတော် ဖြစ်ခြင်းကြောင့်ဖြစ်သည်။

ဘုရားသခင်သည် အကောင်းဆုံးသောအရာကို ကျွန်ုပ်တို့ထက်ပို၍ သိပါတယ်။ တောင်းဆိုချက်တွေ ကြန့်ကြာခြင်း (သို့) ရပ်တန့်ခြင်းတွေ ပြုတဲ့အခါမှာ ဒါသည် ကောင်းသော အကြောင်းပြချက်အတွက်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အတွက် အကောင်းဆုံးကိုသာ ဘုရားသခင်လိုလားသည်ကို ကျွန်ုပ်တို့ ယုံကြည်ရပါမည်။ ကတိတော်ရှိထားပါလျှင် ဘုရား၏အမှုသည် စောလွန်းခြင်း (သို့) နောက်ကျလွန်းခြင်းတွေ မရှိပါဘူး။ အမြဲအချိန် တိကျပါတယ်။

ဆုတောင်းခြင်းက အရေးကြီးပါတယ်။ သို့သော် ၄င်းသည် ကျွန်ုပ်တို့ဖြည့်စွက်ပြီး ဘုရားသခင်ထံလွှဲ ပြောင်းပေး သော ပုံစံတစ်ခုမျှသာ မဟုတ်ပါ။ ပို၍ အရေးကြီးသည်မှာ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းအဖြေသည် “စောင့်ဆိုင်းပါ” (သို့) သင့်အတွက် ပိုကောင်းတဲ့အရာတစ်ခုရှိတယ်” ဆိုတဲ့အဖြေဖြစ်သည့်တိုင် ကျွန်ုပ်တို့၏ နက်နဲသော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ဆက်သွယ်ပြီး ကျေးဇူးတင်ခြင်း အသက်တာဖြင့် ရင်းရင်းနှီးနှီး ပြုဖို့ရန် အချိန်လို ပါတယ်။


----------------------------------------------------------------------------


Zawgyi Version

ျပင္းျပင္းထန္ထန္ ဆုေတာင္းျခင္းသည္ ဘာေၾကာင့္ သင္၏ျပသနာကို အၿမဲတမ္း မေျဖရွင္းေပးသနည္း။ 
By Patrick Mabilog

အရာရာတိုင္းအေပၚ “ျပင္းျပင္းထန္ထန္ ဆုေတာင္းပါ” ဆိုၿပီး အလိုအေလ်ာက္တုံ႔ျပန္တတ္တဲ့သေဘာကို ယုံၾကည္သူခရစ္ယာန္ေတြ ဆီမွာ သင္ၾကားဖူးမွာ ေသခ်ာသေလာက္ရွိပါတယ္။ ဆုေတာင္းျခင္းအေပၚမွာ ကြၽႏ္ုပ္ယုံၾကည္တယ္ ၊ လူတိုင္းလည္း ယုံၾကည္သင့္ပါတယ္။ သို႔ေပမဲ့ ျပင္းထန္ေသာ ဆုေတာင္းျခင္းသည္ မည္သို႔ေသာ ပုံစံနဲ႔တူသလဲ ၊ တကယ္ေကာ အေထာက္အကူျဖစ္ပါရဲ႕လား။ ျပင္းထန္ေသာ ဆုေတာင္းျခင္းသည္ ရွည္လ်ားေသာဆုေတာင္းျခင္းမ်ိဳး ၊ မွန္ကန္ေသာ စကားလုံးကို သုံးႏႈန္းဆုေတာင္းျခင္မ်ိဳး (သို႔) အစာေရွာင္ ဆုေတာင္းျခင္းမ်ိဳးလို႔ အဓိပၸါယ္သက္ေရာက္သြားေစပါတယ္။ ဆုေတာင္းျခင္း၌ သံသယဝင္ျခင္းမ်ိဳး မရွိပါ။ ခရစ္ယာန္တိုင္း ပိုမိုႀကီးထြားလာသင့္ၿပီး ပိုၿပီးဆုေတာင္းမႈျပဳသင့္ပါသည္။ သို႔ေပမဲ့ ျပသနာတစ္ခုက ေတြးေခၚ ယူဆျခင္းတြင္ ရွိေနပါသည္။

လူငယ္တစ္ဉီး ႏွင့္ပတ္သက္တဲ့ ပုံျပင္တစ္ပုဒ္အေၾကာင္းကို ကြၽႏ္ုပ္ျပန္သတိရမိပါသည္။ “ငါသည္ ေမာ္မီးအိမ္ျဖစ္တယ္” လို႔ေရးသားထားတဲ့ မီးအိမ္တစ္ခုကို လူငယ္ကေလးသည္ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ စိတ္လႈပ္ရွားစြာျဖင့္ အဲဒီမီးအိမ္ကေလးကို ပြတ္ေနခဲ့ေပမဲ့ ဘာမွျဖစ္မလာပါဘူး။ လက္ဖဝါး နာက်င္တဲ့ထိ ဆက္တိုက္ပြတ္ေနခဲ့ပါတယ္။ ေနာက္ဆုံးမွာ အရႈံးေပးၿပီး ေဘးသို႔ လြင့္ပစ္လိုက္တဲ့အခါမွာ မီအိမ္တစ္ဖက္ျခမ္းက “ခြၽတ္ယြင္းေနသည္” ဆိုတဲ့စာသားကို ေတြ႕ခဲ့ပါတယ္။

တျခားေသာ နည္းလမ္းေပါင္းမ်ားစြာျဖင့္ ခရစ္ယာန္ေတြသည္ ဤလူငယ္ကဲ့သို႔ပင္ျဖစ္ေနၾကပါတယ္။ ကြၽႏ္ုပ္တို႔ လိုခ်င္တဲ့အရာေပၚမွာ ဘုရားမေပးတဲ့အခါမွာ ကြၽႏ္ုပ္တို႔ ပိုၿပီး ၊ ရွည္လ်ားစြာ (သို႔) က်ယ္ေလာင္စြာ ဆုေတာင္း ၾကပါတယ္။ ဘုရားသခင္သည္ တာဝန္လစ္ဟင္းမႈ ဘယ္ေတာ့မွ မရွိပါ။ သို႔ေပမဲ့ သခင္ခရစ္ေတာ္က မႆဲ ၆:၇ တြင္ ေဖာ္ျပထားမႈရွိပါတယ္။ “သင္တို႔သည္ ဆုေတာင္းေသာအခါ သာသနာပလူနည္းတူ အခ်ည္းႏွီးေသာ စကားျဖင့္ အထပ္ထပ္ မႁမြက္ၾကႏွင့္။ ထိုသူတို႔သည္ မ်ားစြာေသာစကားအားျဖင့္ မိမိတို႔အလို ျပည့္စုံမည္ဟု ထင္မွတ္ၾက၏။” ျပင္းျပင္းထန္ထန္ ဆုေတာင္းျခင္းေတြ ၊ ရွည္လ်ားစြာ ဆုေတာင္းျခင္းေတြသည္ စစ္မွန္တဲ့ ဆုေတာင္းျခင္းမဟုတ္ပါ။ သင္၌ ယုံၾကည္ျခင္း မည္မွ်ရွိျခင္းေပၚတြင္လည္ မသက္ဆိုင္ပါ။ ဒါဆို ဘာႏွင့္ဆိုင္ မည္နည္း။

ဘုရားသခင္၏ သစၥာရွိမႈအေၾကာင္းျဖစ္ပါတယ္။
တရားေဟာရာက်မ္း ၇:၉ “သို႔ျဖစ္၍ သင္၏ဘုရားသခင္ ထာဝရဘုရား သည္ မွန္ေသာဘုရား၊ သစၥာေစာင့္ေသာဘုရား၊ ကိုယ္ေတာ္ကို ခ်စ္၍ ပညတ္ေတာ္တို႔ကို ေစာင့္ေရွာက္ေသာ သူတို႔၏ အမ်ိဳးအစဥ္ အဆက္ အေထာင္အေသာင္း တိုင္ေအာင္ ပဋိညာဥ္စကားတည္၍ က႐ုဏာကို ျပေသာဘုရား ၊ ကိုယ္ေတာ္ကို မုန္းေသာသူတို႔ကို ဖ်က္ဆီးျခင္း ငွာ၊ သူတို႔မ်က္ေမွာက္၌ အျပစ္ေပးေသာ ဘုရား ျဖစ္ေတာ္ မူေၾကာင္းကို သိမွတ္ေလာ့။” တစ္ခါတစ္ရံ ကြၽႏ္ုပ္တို႔၏ စိတ္မရွည္မႈေတြ ႏွင့္ တစ္ကိုယ္ေကာင္းဆန္မႈေတြ၌ ဘုရားသခင္သည္ သူ၏ ေထာက္ပံ့ေပး ၊ စီမံေပးျခင္းမ်ားကို ပိုမိုျမန္ဆန္စြာ လုပ္ေဆာင္ေပးႏိုင္မည္ဟု ေမွ်ာ္လင့္ရင္း ကြၽႏ္ုပ္တို႔၏ ေတာင္းဆိုမႈမ်ားကို ကိုးစားလုပ္ေဆာင္ၾကပါတယ္။

ကြၽႏ္ုပ္တို႔၏ သစၥာကင္းမဲ့မႈေတြျဖင့္ ဘုရားသခင္၏ သစၥာတရားႏွင့္ ကြၽႏ္ုပ္တို႔ေကာင္းဖို႔အတြက္ လုပ္ေဆာင္မႈ ေတြကို ႀကိမ္ဖန္မ်ားစြာ ေမ့ေနခဲ့ပါတယ္။ 
ေရာမ ၈:၂၈ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာသူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။ ” ကြၽႏ္ုပ္တို႔၏ ေတာင္းေလွ်ာက္ခ်က္ေတြကို ဘုရားအေျဖေပးဖို႔ရန္ ကူညီေပးဖို႔ မလိုပါ။ ဤအရာကို ေပးမယ္လို႔ကတိေတာ္ ရွိပါလွ်င္ သင္လိုအပ္ေသာေတာင္းဆိုသမွ်ေတြကို ေပးပါလိမ့္မည္။ ရွင္လုကာခရစ္ဝင္ ၁၁:၁၂ “သင္တို႔တြင္ အဘျဖစ္ေသာသူ၌ သားသည္ မုန္႔ကိုေတာင္းလွ်င္ အဘသည္ေက်ာက္ကိုေပးမည္ေလာ့။ ငါးကိုေတာင္းလွ်င္ ငါးအစား၌ ေႁမြကိုေပးမည္ေလာ့။ ဥကိုေတာင္းလွ်င္ ကင္းၿမီးေကာက္ကို ေပးမည္ေလာ။” ဒါေကာင့္ မုန႔္ႏွင့္ ဉကိုေပးေသာ အဖဘုရားကို ယုံၾကည္ပါ။

ဒါသည္ ဘုရားသခင္အလိုေတာ္ပါ။
ရွင္ေယာဟန္ဩဝါဒစာ ပဌေစာင္ ၅:၁၄ “ငါတို႔သည္ ဘုရားသခင့္အထံေတာ္၌ ရဲရင့္ျခင္း အေၾကာင္းဟူမူကား၊ ငါတို႔သည္အလိုေတာ္ႏွင့္အညီ တစုံတခုေသာဆုကို ေတာင္းလွ်င္၊ ဘုရားသခင္သည္ နားေထာင္ေတာ္မူ၏။” ကြၽႏ္ုပ္တို႔၏ ငိုေႂကြးသံေတြကို ဘုရားသခင္ ၾကားၿပီး အေျဖေပးေပမဲ့ သူ၏အလိုေတာ္အတိုင္းသာျဖစ္ပါတယ္။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူ၏ အလိုေတာ္သည္ ေကာင္းေသာ ၊ ေက်နပ္ေစေသာ ျပည့္စုံေစေသာ အလိုေတာ္ ျဖစ္ျခင္းေၾကာင့္ျဖစ္သည္။

ဘုရားသခင္သည္ အေကာင္းဆုံးေသာအရာကို ကြၽႏ္ုပ္တို႔ထက္ပို၍ သိပါတယ္။ ေတာင္းဆိုခ်က္ေတြ ၾကန႔္ၾကာျခင္း (သို႔) ရပ္တန႔္ျခင္းေတြ ျပဳတဲ့အခါမွာ ဒါသည္ ေကာင္းေသာ အေၾကာင္းျပခ်က္အတြက္ျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔ အတြက္ အေကာင္းဆုံးကိုသာ ဘုရားသခင္လိုလားသည္ကို ကြၽႏ္ုပ္တို႔ ယုံၾကည္ရပါမည္။ ကတိေတာ္ရွိထားပါလွ်င္ ဘုရား၏အမႈသည္ ေစာလြန္းျခင္း (သို႔) ေနာက္က်လြန္းျခင္းေတြ မရွိပါဘူး။ အၿမဲအခ်ိန္ တိက်ပါတယ္။

ဆုေတာင္းျခင္းက အေရးႀကီးပါတယ္။ သို႔ေသာ္ ၄င္းသည္ ကြၽႏ္ုပ္တို႔ျဖည့္စြက္ၿပီး ဘုရားသခင္ထံလႊဲ ေျပာင္းေပး ေသာ ပုံစံတစ္ခုမွ်သာ မဟုတ္ပါ။ ပို၍ အေရးႀကီးသည္မွာ ကြၽႏ္ုပ္တို႔၏ ဆုေတာင္းျခင္းအေျဖသည္ “ေစာင့္ဆိုင္းပါ” (သို႔) သင့္အတြက္ ပိုေကာင္းတဲ့အရာတစ္ခုရွိတယ္” ဆိုတဲ့အေျဖျဖစ္သည့္တိုင္ ကြၽႏ္ုပ္တို႔၏ နက္နဲေသာ ယုံၾကည္ျခင္းျဖင့္ ဘုရားသခင္ကို ဆက္သြယ္ၿပီး ေက်းဇူးတင္ျခင္း အသက္တာျဖင့္ ရင္းရင္းႏွီးႏွီး ျပဳဖို႔ရန္ အခ်ိန္လို ပါတယ္။