Why Do You Do What You Don’t Want to Do?
 Unicode Version
သင်မလုပ်ချင်တဲ့အရာကို ဘာကြောင့်များ လုပ်ဆောင်ပါသနည်း။
ရှင်ယောဟန်ခရစ်ဝင် ၈:၃၂ “သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ၏။”
သင်မလုပ်ချင်တဲ့အရာကို ဘာကြောင့်လုပ်ဆောင်နေရသလဲလို့ သင်တွေးဖူးပါသလား။ မှန်ကန်တဲ့ လုပ်ဆောင် ချက်တွေကိုတောင် သင်နေသိလျက်နဲ့  ဘာကြောင့် လုပ်ဆောင်ဖို့ ခက်ခဲနေရသနည်း။
ကျန်ုပ်တို့၏ သဘောသဘာဝက ကျွန်ုပ်တို့အား မှားယွင်းသော ရွေးချယ်မှုကို ပြုဖို့ရန် မကြာခဏဖြစ်စေပါတယ်။ တမန်တော်ရှင်ပေါလု ပြောခဲ့တဲ့အရာကို ပြန်ပြီးဆက်စပ်လို့ရပါတယ်။ ရောမ ၇:၁၅ တွင် “အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံ့ရှာသော အကျင့်ကို ကျင့်၏။ 
ရောမ ၇:၁၇-၁၈ “သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ် တရားသည် ကျင့်၏။ ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။”
သခင်ခရစ်တော်၏ နောက်လိုက်အဖြစ် သင်ဖြစ်လာပြီးသည်နောက်တွင်ပင်လျှင် သင်၏အတွင်းတွင် တင်းမာမှု တွေ ရှိနေပေမည်။ သင်၌ ဘုရားသခင်ပေးထားသော ကောင်းမွန်သော သဘောသဘာဝတွေရှိပေမဲ့ သင့်အားဆွဲချ စေသည့် သင်၏အပြစ်ရှိသော သဘာဝကလည်းရှိနေပါသည်။
ရှင်ယောဟန်ခရစ်ဝင် ၈:၃၂ “သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ၏။”
ပုဂိ္ဂုလ်ရေးရာ ပြောင်းလဲမှုအတွက် လျှို့ဝှက်ချက်သည် လုပ်ဆောင်နိုင်စွမ်း (သို့) သင်ပြုသော တစ်စုံတစ်ရာ (သို့) သင်ပြောသော အကြောင်းအရာတွေ မဟုတ်ပါ။ ဆေးပြား လည်းမဟုတ် ၊ သန္နိဠာန် (သို့) သင်ပြုသော ကတိသစ္စာ လည်းမဟုတ်ပါ။
ပုဂိ္ဂုလ်ရေးရာ ပြောင်းလဲမှု၏ လျှို့ဝှက်ချက်ကတော့ သင်သိပြီးသာအရာဖြစ်ပါတယ်။
အမှန်တရားကို သင်သိပါတယ်။ သင်၏တွေးခေါ်မှုနည်းလမ်းကို သင်ပြောင်းလဲလိုက်တဲ့အခါမှာ သင်၏ စိတ်ခံစားချက်တွေကိုပါ ပြောင်းလဲသွားစေပါတယ်။ သင်၏စိတ်ခံစားချက်ကို ပြောင်းလဲပါလျှင် သင်၏ ပြုမူ လုပ်ဆောင်ချက်တွေကိုပါ ပြောင်းလဲစေပါတယ်။
မိမိကိုယ်ကို ရှုံးနိမ့်စေတဲ့ အပြုအမူတိုင်း၏ နောက်ကွယ်တွေ သင်ယုံကြည်နေသော မုသား တစ်ခုရှိပါတယ်။ ၄င်းမုသားသည်  သင့်ကိုယ်သင် ၊ သင်၏ အတိတ် (သို့) အနာဂတ် ၊ ဘုရားသခင် (သို့) တခြားသူတွေ ပေါ်ဖြစ်နေနိုင်သည်။
သင့်အတွက် ဆိုးတယ်လို့ သင်သိထားတဲ့ တစ်စုံတစ်ခုကို ဘာကြောင့် လုပ်ဆောင်နေပါသလဲ။ ဘာကြောင့်လဲ ဆိုတော့ ဤလုပ်ဆောင်မှုတွင် အဖိုးအခမရှိဘူးလို့ သင်ထင်နေလို့ဖြစ်ပါတယ်။ သင်လုပ်ဆောင် နေသော အရာ သည် မုသား ဖြစ်ပါတယ်။ ဘုရားသခင် အမှန်တရားတွေဖြင့် စတင်ပါလျှင် သင့်အသက်တာကို ဘုရားပြုပြင် ပြောင်းလဲပေးနိုင်ပြီး အသက်တာအတွက် ရည်ရွယ်ရာတွေကိုပါ ဖြည့်ဆည်းပေးသွားပါလိမ့်မည်။ သင်၏ အသက်ရှင်နေသော အသက်တာပုံစံကို ပြောင်းလဲချင်ပါလျှင် သင်၏ စိတ်ကူးတွေးခေါ်မှုတွေကို စတင်ပြောင်းလဲဖို့ လိုအပ်ပါသည်။ သိဖို့လည်းလိုအပ်ပြီး ဘုရားသခင်၏ အမှန်တရား ကို ယုံကြည်ဖို့ဖြစ်ပါတယ်။
အမှန်တရားကို  သင်သိတဲ့အခါမှာ အဲဒီအမှန်တရားက သင့်ကို လွှတ်မြောက်စေပါလိမ့်မည်။
ဆင်ခြင်ရန်
-ဘုရားသခင်၏ အမှန်တရားကို သိရှိရန် ဆိုတဲ့ အဓိပ္ပါယ်ကား မည်သို့နည်း။
-နှစ်ပေါင်းများစွာ သင်၌ဖြစ်နေသော မုသားများကို စဉ်းစာကြည့်လိုက်ပါ။ အဲဒီမုသားတွေ နေရာတွင် မည်ကဲ့သို့သော ဘုရားသခင်၏ အမှန်တရားတွေကို ဖြည့်ဆည်းဖို့ သင်လိုအပ်နေပါသနည်း။
-ဘုရားသခင်၏ အမှန်တရားတွေကို ပိုမိုနားလည်သိရှိဖို့ရန်အတွက် ဘယ်အရာက လိုအပ်မည်နည်း။ သင်၏ အသက်တာတွင် မည်သို့သော ပြောင်းလဲမှုကို လုပ်ဆောင်ရန် လိုအပ်နေပါသနည်း။
-----------------------------------------------------------------------------------------------------
Zawgyi Version
ပုဂ္ဂိုလ်ရေးရာ ပြောင်းလဲမှု၏ လျှို့ဝှက်ချက်ကတော့ သင်သိပြီးသာအရာဖြစ်ပါတယ်။
ဆင်ခြင်ရန်