When You’re Hurt, Choose Forgiveness over Bitterness

Unicode Version


သင်နာကျင်ခံစားရတဲ့အခါ နာကြည်းမှုတွေထက် ခွင့်လွှတ်ခြင်းကို ရွေးချယ်မှုပြုပါ။
ဧဖက်ဩဝါဒစာ ၄:၃၁-၃၂ “ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက် ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြ လော့။ အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။”

အသက်ရှင်နေသော လူတွေတိုင်း အကြိမ်ပေါင်းများစွာမက နာကျင်ခံစားရပါလိမ့်မည်။ တစ်ခါတစ်ရံပင်လျှင် တမင်တကာ ထိခိုက်ခံရပါသည်။ တချို့အချိန်တွေမှာ တစ်စုံတစ်ယောက်က သင့်ကို မတော်တဆ နာကျင်မှုဖြစ် စေပါတယ်။ နာကျင်မှုကို တုံ့ပြန်သောသင်၏နည်းလမ်းက သင့်ကို ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်စေသလဲ ဆိုတာကို ဖော်ပြပါလိမ့်မည်။

သင်ခွင့်လွှတ်ပါလျှင် သင်ပျော်ရွှင်မှုကို ရှာတွေ့မည်။ သင် နာကြည်းမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ စိတ်ထိခိုက် ပြိုလဲမှု တစ်ခုကို သင်အသက်တာတစ်ခုလုံးအတွက် ခွင့်ပြုနိုင်ပါတယ်။ အဲဒီ နာကြည်းမှုဖြင့် ကိုယ့်အတတ်နှင့် ကိုယ်ပြန် စူးတတ်သည်ကို သင်တွေ့ရှိရပါလိမ့်မည်။ ဤအရာက တခြားသောသူတွေ သင့်ကို နာကျင်စေတာ ထက်ကို သင့်ကိုအမြဲတမ်း ပိုမိုနာကျင်စေဖို့ ပြန်လှည့်လာစေပါတယ်။

အစောပိုင်းကာလ ခရစ်ယာန်ခေါင်းဆောင်တစ်ဉီးဖြစ်တဲ့ ရှင်ပေါလုသည်လည်း နာကျင်ခြင်းက မည်ကဲ့သို့ ဖျက်လိုဖျက်ဆီး လုပ်တတ်ခြင်းအကြောင်းကို ပြောထားပါတယ်။ ဧဖက်မြို့သို့ အသင်းတော်ဆီ ရေးသားထား စာတွင် ဆိုထားသည်မှာ- ဧဖက်ဩဝါဒစာ ၄:၃၁-၃၂ “ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက် ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။ အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။

နာကျင်ခံစားရမှု၏ အဆိပ်အတောက်တွေအတွက် ဖြေဆေးက ဘာလဲ။ ခွင့်လွှတ်ခြင်းဖြစ်တယ်။ သခင်ခရစ်တော် အားဖြင့် သင့်ကို ခွင့်လွှတ်ပေးခဲ့တဲ့ ဘုရားသခင်၏ သာဓကကို လိုက်လျှောက်အသက်ရှင်နေထိုင်ဖို့ ရှင်ပေါလု ဆိုထားပါတယ်။

သင်အား ဆန့်ကျင်ပြီး နာကြည်းစေသောသူတစ်ဉီးတစ်ယောက်ရှိပါသလား။ ချစ်သူဟောင်း။ လုပ်ဖော်ကိုင် ဖက် ၊ မိဘ ၊ ဆရာ ၊ အိမ်နီးချင်း (သို့) မိတ်ဆွေ သူငယ်ချင်းလား။ အဲဒီနာကြည်းမှုတွေကို သင်၏ အစီအစဉ်ကနေ ဖယ်ရှားဖို့ သခင်ခရစ်တော်ကို ခွင့်ပြုလိုက်ပါ။ ဘုရားသခင်သင့်ကို ခွင့်လွှတ်သည့်နည်းတူ အဲဒီပုဂိ္ဂုလ်ကို ခွင့်လွှတ်ဖို့ရန် ရွေးချယ်ပါ။
သင်၏နှလုံးသားကို အဲဒီနာကြည်းမှုကနေ လွှတ်မြောက်စေပြီး သနားကြင်နာခြင်းနှင့် မေတ္တာဂရုဏာပွားခြင်းတွေ ကို ပြုပေးဖို့ရန် ဘုရားသခင်အား ခွင့်ပြုပါ။

မဿဲ ၆:၁၂ “သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။
အချုပ်အားဖြင့် “ကျွန်ုပ် တခြားသူတွေကို ခွင့်လွှတ်သကဲ့သို့ ဘုရားသခင် ကျွန်ုပ်ကို ခွင့်လွှတ်တယ်” လို့ပြောနေ ခြင်းဖြစ်တယ်။ ဒါသည် ခက်ခဲတဲ့စံ တစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ သင်အဲဒီလို လိုက်လျှောက်အသက်ရှင်ပြီး သူတစ်ပါးသင့်ကို ခွင့်လွှတ်စေချင်သည့်အတိုင်း သင်ခွင့်လွှတ်ခြင်းသည် နာကြည်းမှုတွေကို အဝေးဆုံးသို့ တွန်းပို့ပစ်ဖို့ ကူညီပါလိမ့်မည်။

ရင်ထဲမှာ နက်ရှိုင်းစွာ နာကျင်ခံစားခဲ့ရဖူးပါမည်။ ခွင့်လွှတ်ဖို့ရန် မဖြစ်နိုင်ဘူးလို့ သင်ထင်ကောင်းထင်နေမည် ၊ ပြီးတော့ သင့်အစီအစဉ်ဖြင့် ခွင့်လွှတ်ဖို့အတွက် မဖြစ်နိုင်စရာ ဖြစ်ကောင်းဖြစ်မည်။ ဒါကြောင့် သခင်ခရစ်တော်ကို သင်လိုအပ်ပါတယ်။

ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်သာလျှင် အမုန်းကို မေတ္တာဖြင့် အစားထိုးနိုင်ပါသည်။ နက်ရှိုင်းသော နာကျင်မှုမှ ကြီးထွားစေနိုင်သည့် နာကြည်းမှုတွေကနေ သင့်အား လွှတ်မြောက်ခြင်း ဖြစ်စေသည်။

ဆင်ခြင်ရန်
-နာကြည်းမှုများဖြင့် အသက်ရှင်နေထိုင်သူ တစ်ဉီးဉီးကို သင်သိပါသလား။ ခွင့်လွှတ်ခြင်းဆိုတဲ့ လွှတ်မြောက်မှုမှာ အသက်ရှင်နေထိုင်တဲ့သူကို သင်သိပါသလား။ သူတို့၏အသက်တာတွင် မည်သို့သော ကွဲပြားမှုကို သင်မြင်ပါသနည်း။
-တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ လွှတ်လပ်ခြင်းကို သင် ဘယ်အချိန်တုန်းက တွေ့ကြုံခဲ့ပါသနည်း။
-မည်သို့သော နာကြည်းမှု မျိုးစေ့က သင်၏နှလုံးသားတွင် ကိန်းအောင်းနေပါသနည်း။ သင်ခွင့်လွှတ်ဖို့ လိုအပ်နေတဲ့ သူတွေ၏ အမည်ကို ရေးချလိုက်ပါ။ ပြီးတော့ သူတို့တွေကို သင်ခွင့်လွှတ်သည်အတိုင်း သင်၏နာကြည်းမှုတွေကို လက်လွှတ်သွားစေဖို့ရန် ဘုရားသခင်ထံ အကူအညီတောင်းခံလိုက်ပါ။

---------------------------------------------------------------------------------


Zawgyi Version


သင္နာက်င္ခံစားရတဲ့အခါ နာၾကည္းမႈေတြထက္ ခြင့္လႊတ္ျခင္းကို ေ႐ြးခ်ယ္မႈျပဳပါ။
ဧဖက္ဩဝါဒစာ ၄:၃၁-၃၂ “ခပ္သိမ္းေသာ စိတ္တိုျခင္း၊ စိတ္ဆိုးျခင္း၊ အမ်က္ထြက္ျခင္း၊ ေအာ္ဟစ္ေငါက္ ေငၚျခင္း၊ သူ႔အသေရ ပ်က္ေအာင္ ေျပာဆိုျခင္းတို႔ကို၎၊ ခပ္သိမ္းေသာ မနာလိုျခင္းကို၎၊ သင္တို႔မွ ပယ္ရွားၾက ေလာ့။ အခ်င္းခ်င္းေက်းဇူးျပဳျခင္း၊ သနားစုံမက္ျခင္း၊ ဘုရားသခင္သည္ ခရစ္ေတာ္ေၾကာင့္ သင္တို႔၏အျပစ္ကို လႊတ္ေတာ္မူသကဲ့သို႔ အခ်င္းခ်င္း အျပစ္လႊတ္ျခင္း ရွိၾကေလာ့။

အသက္ရွင္ေနေသာ လူေတြတိုင္း အႀကိမ္ေပါင္းမ်ားစြာမက နာက်င္ခံစားရပါလိမ့္မည္။ တစ္ခါတစ္ရံပင္လွ်င္ တမင္တကာ ထိခိုက္ခံရပါသည္။ တခ်ိဳ႕အခ်ိန္ေတြမွာ တစ္စုံတစ္ေယာက္က သင့္ကို မေတာ္တဆ နာက်င္မႈျဖစ္ ေစပါတယ္။ နာက်င္မႈကို တုံ႔ျပန္ေသာသင္၏နည္းလမ္းက သင့္ကို ဘယ္လိုအက်ိဳးသက္ေရာက္မႈ ျဖစ္ေစသလဲ ဆိုတာကို ေဖာ္ျပပါလိမ့္မည္။

သင္ခြင့္လႊတ္ပါလွ်င္ သင္ေပ်ာ္႐ႊင္မႈကို ရွာေတြ႕မည္။ သင္ နာၾကည္းမႈေတြ ျဖစ္ေပၚလာတဲ့အခါမွာ စိတ္ထိခိုက္ ၿပိဳလဲမႈ တစ္ခုကို သင္အသက္တာတစ္ခုလုံးအတြက္ ခြင့္ျပဳႏိုင္ပါတယ္။ အဲဒီ နာၾကည္းမႈျဖင့္ ကိုယ့္အတတ္ႏွင့္ ကိုယ္ျပန္ စူးတတ္သည္ကို သင္ေတြ႕ရွိရပါလိမ့္မည္။ ဤအရာက တျခားေသာသူေတြ သင့္ကို နာက်င္ေစတာ ထက္ကို သင့္ကိုအၿမဲတမ္း ပိုမိုနာက်င္ေစဖို႔ ျပန္လွည့္လာေစပါတယ္။

အေစာပိုင္းကာလ ခရစ္ယာန္ေခါင္းေဆာင္တစ္ဉီးျဖစ္တဲ့ ရွင္ေပါလုသည္လည္း နာက်င္ျခင္းက မည္ကဲ့သို႔ ဖ်က္လိုဖ်က္ဆီး လုပ္တတ္ျခင္းအေၾကာင္းကို ေျပာထားပါတယ္။ ဧဖက္ၿမိဳ႕သို႔ အသင္းေတာ္ဆီ ေရးသားထား စာတြင္ ဆိုထားသည္မွာ- ဧဖက္ဩဝါဒစာ ၄:၃၁-၃၂ “ခပ္သိမ္းေသာ စိတ္တိုျခင္း၊ စိတ္ဆိုးျခင္း၊ အမ်က္ထြက္ျခင္း၊ ေအာ္ဟစ္ေငါက္ ေငၚျခင္း၊ သူ႔အသေရ ပ်က္ေအာင္ ေျပာဆိုျခင္းတို႔ကို၎၊ ခပ္သိမ္းေသာ မနာလိုျခင္းကို၎၊ သင္တို႔မွ ပယ္ရွားၾကေလာ့။ အခ်င္းခ်င္းေက်းဇူးျပဳျခင္း၊ သနားစုံမက္ျခင္း၊ ဘုရားသခင္သည္ ခရစ္ေတာ္ေၾကာင့္ သင္တို႔၏အျပစ္ကို လႊတ္ေတာ္မူသကဲ့သို႔ အခ်င္းခ်င္း အျပစ္လႊတ္ျခင္း ရွိၾကေလာ့။”

နာက်င္ခံစားရမႈ၏ အဆိပ္အေတာက္ေတြအတြက္ ေျဖေဆးက ဘာလဲ။ ခြင့္လႊတ္ျခင္းျဖစ္တယ္။ သခင္ခရစ္ေတာ္ အားျဖင့္ သင့္ကို ခြင့္လႊတ္ေပးခဲ့တဲ့ ဘုရားသခင္၏ သာဓကကို လိုက္ေလွ်ာက္အသက္ရွင္ေနထိုင္ဖို႔ ရွင္ေပါလု ဆိုထားပါတယ္။

သင္အား ဆန႔္က်င္ၿပီး နာၾကည္းေစေသာသူတစ္ဉီးတစ္ေယာက္ရွိပါသလား။ ခ်စ္သူေဟာင္း။ လုပ္ေဖာ္ကိုင္ ဖက္ ၊ မိဘ ၊ ဆရာ ၊ အိမ္နီးခ်င္း (သို႔) မိတ္ေဆြ သူငယ္ခ်င္းလား။ အဲဒီနာၾကည္းမႈေတြကို သင္၏ အစီအစဥ္ကေန ဖယ္ရွားဖို႔ သခင္ခရစ္ေတာ္ကို ခြင့္ျပဳလိုက္ပါ။ ဘုရားသခင္သင့္ကို ခြင့္လႊတ္သည့္နည္းတူ အဲဒီပုဂိၢဳလ္ကို ခြင့္လႊတ္ဖို႔ရန္ ေ႐ြးခ်ယ္ပါ။ 
သင္၏ႏွလုံးသားကို အဲဒီနာၾကည္းမႈကေန လႊတ္ေျမာက္ေစၿပီး သနားၾကင္နာျခင္းႏွင့္ ေမတၱာဂ႐ုဏာပြားျခင္းေတြ ကို ျပဳေပးဖို႔ရန္ ဘုရားသခင္အား ခြင့္ျပဳပါ။

မႆဲ ၆:၁၂ “သူတပါးသည္ အကြၽႏ္ုပ္တို႔ကို ျပစ္မွားေသာအျပစ္မ်ားကို အကြၽႏ္ုပ္တို႔သည္ လႊတ္သကဲ့သို႔ အကြၽႏ္ုပ္ တို႔၏အျပစ္မ်ားကို လႊတ္ေတာ္မူပါ။”
အခ်ဳပ္အားျဖင့္ “ကြၽႏ္ုပ္ တျခားသူေတြကို ခြင့္လႊတ္သကဲ့သို႔ ဘုရားသခင္ ကြၽႏ္ုပ္ကို ခြင့္လႊတ္တယ္” လို႔ေျပာေန ျခင္းျဖစ္တယ္။ ဒါသည္ ခက္ခဲတဲ့စံ တစ္ခုျဖစ္ပါတယ္။ သို႔ေပမဲ့ သင္အဲဒီလို လိုက္ေလွ်ာက္အသက္ရွင္ၿပီး သူတစ္ပါးသင့္ကို ခြင့္လႊတ္ေစခ်င္သည့္အတိုင္း သင္ခြင့္လႊတ္ျခင္းသည္ နာၾကည္းမႈေတြကို အေဝးဆုံးသို႔ တြန္းပို႔ပစ္ဖို႔ ကူညီပါလိမ့္မည္။

ရင္ထဲမွာ နက္ရႈိင္းစြာ နာက်င္ခံစားခဲ့ရဖူးပါမည္။ ခြင့္လႊတ္ဖို႔ရန္ မျဖစ္ႏိုင္ဘူးလို႔ သင္ထင္ေကာင္းထင္ေနမည္ ၊ ၿပီးေတာ့ သင့္အစီအစဥ္ျဖင့္ ခြင့္လႊတ္ဖို႔အတြက္ မျဖစ္ႏိုင္စရာ ျဖစ္ေကာင္းျဖစ္မည္။ ဒါေၾကာင့္ သခင္ခရစ္ေတာ္ကို သင္လိုအပ္ပါတယ္။

ဘုရားသခင္၏ တန္ခိုးေတာ္အားျဖင့္သာလွ်င္ အမုန္းကို ေမတၱာျဖင့္ အစားထိုးႏိုင္ပါသည္။ နက္ရႈိင္းေသာ နာက်င္မႈမွ ႀကီးထြားေစႏိုင္သည့္ နာၾကည္းမႈေတြကေန သင့္အား လႊတ္ေျမာက္ျခင္း ျဖစ္ေစသည္။

ဆင္ျခင္ရန္
-နာၾကည္းမႈမ်ားျဖင့္ အသက္ရွင္ေနထိုင္သူ တစ္ဉီးဉီးကို သင္သိပါသလား။ ခြင့္လႊတ္ျခင္းဆိုတဲ့ လႊတ္ေျမာက္မႈမွာ အသက္ရွင္ေနထိုင္တဲ့သူကို သင္သိပါသလား။ သူတို႔၏အသက္တာတြင္ မည္သို႔ေသာ ကြဲျပားမႈကို သင္ျမင္ပါသနည္း။
-တစ္စုံတစ္ေယာက္ကို ခြင့္လႊတ္ျခင္းကေန ျဖစ္ေပၚလာတဲ့ လႊတ္လပ္ျခင္းကို သင္ ဘယ္အခ်ိန္တုန္းက ေတြ႕ႀကဳံခဲ့ပါသနည္း။
-မည္သို႔ေသာ နာၾကည္းမႈ မ်ိဳးေစ့က သင္၏ႏွလုံးသားတြင္ ကိန္းေအာင္းေနပါသနည္း။ သင္ခြင့္လႊတ္ဖို႔ လိုအပ္ေနတဲ့ သူေတြ၏ အမည္ကို ေရးခ်လိုက္ပါ။ ၿပီးေတာ့ သူတို႔ေတြကို သင္ခြင့္လႊတ္သည္အတိုင္း သင္၏နာၾကည္းမႈေတြကို လက္လႊတ္သြားေစဖို႔ရန္ ဘုရားသခင္ထံ အကူအညီေတာင္းခံလိုက္ပါ။