Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သင်၏မျက်ဝန်းတွင် မျက်ရည်တွေပြည့်လျှံနေတဲ့အခါ ဘုရားသခင်ထံမျှော်ကြည့်နေပါ။
ယောဘဝတ္တု ၁:၂၁ “အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။
ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။”
သင့်အသက်တာတွင်
အရာတစ်ခုစီတိုင်းက ဆိုးဝါးသွားတယ်၊
မကောင်းတော့ဘူးဆိုလျှင်
ဘာတွေဖြစ်လာမလဲ။ သင်၏အစီအစဉ်တွေ မထမြောက်တော့တဲ့အခါမှာ ဘုရားသခင်ကို ဆက်လက်ယုံကြည်နေမည်လား။ အရာအား လုံး ပြိုလဲသွားလျှင် ဖြစ်စေ၊ အရာအားလုံး ဆုံးရှုံးသွားသည်ဖြစ်စေ သင်၏နာကျင်ခံစားနေရတဲ့ အခြေအေနမှာ
သင်ဘုရားသခင်ကို ချီးမွမ်းဂုဏ်ပြု နိုင်ပါမည်လား။
သမ္မာကျမ်းစာမှာရှိတဲ့ ယောဘအကြောင်းအရာတွေက
အထက်ကမေးခွန်းတစ်ခုကို အဖြေပေးထားခြင်း ဖြစ်ပါတ ယ်။ သင့်အသက်တာတွင် အရာရာ တလွှဲတချော်
ဖြစ်သွားပါလျှင် ဘုရားသခင်ကို သင်ဝတ်ပြုကိုးကွယ် အုံးမှာလား။ ယောဘအတွက်ကတော့ အရာအားလုံးနီးပါး
လွှဲချော်သွားခဲ့ပြီ သို့ပေမဲ့ သူသည် သစ္စာစောင့်သိသော သူဖြစ်တယ်။ ဒုက္ခဆင်းရဲမှုတွေ
ခံစားနေရပေမဲ့လည်း သူဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ပါသည်။
သင့်အသက်တာတွင်
ဘာတွေဖြစ်ပျက်ကြောင်းကို သင်နားမလည်နိုင်ဖြစ်တဲ့အခါမှာ ဘုရားသခင်ကို မည်ကဲ့သို့ ချီးမွမ်းကိုးကွယ်မည်နည်း။
မျက်ရည်တွေပြည့်နေတဲ့ သင်က ဘုရားသခင်အပေါ်မှာ မည်ကဲ့သို့ မျှော်ကြည့်နိုင် ပါမည်နည်း။
ဘုရားသခင်ကို
ချီးမွမ်းကိုးကွယ်ခြင်းသည် သင့်ပြသနာအတွက် ကျေးဇူးတင်နေခြင်းမဟုတ်ဘဲ သင်၏ပြသနာဖြစ်
ပျက်မှုတွေကြားမှာပင် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းဖြစ်ပါတယ်။ ယောဘပြုခဲ့သလိုဖြစ်ပါတယ်။
ယောဘဝတ္တု ၁:၂၁-၂၂ “အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။
ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။”
သင့်အသက်တာတစ်လျှောက်တွင်
ဘုရားသခင်ကို သင်ချီးမွမ်းရန် အကြောင်းရင်းများစွာကို သင်ရှာဖွေနိုင်ပါ တယ်။ အသက်တာမှာ
အရာအားလုံး ဘယ်တော့မှ အကောင်းတွေချည်းမဖြစ်ပါ။ ဘယ်တော့မှလည်း အဆိုးတွေချည်းမဖြစ်ပါ။
အချိန်တွေတိုင်းမှာ အကောင်းအဆိုးက ရှိနေစမြဲဖြစ်တယ်။
ယောဘဝတ္တု တစ်လျှောက်လုံးတွင်
ယောဘသည် ဒုက္ခရောက်နေသည့် ကြားတွင် ဘုရားသခင်ကို ချီးမွမ်းနိုင်မည့် ကောင်းသောအရာတို့ကို
ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဘာဘဲဖြစ်လာပါစေ ဘုရားသခင်ကို ချီးမွမ်းဖို့ရန် အောက်ပါ အချက်တွေကို
သင်အသုံးပြုနိုင်ပါတယ်။
ဘုရားသခင်သည် - ကောင်းမြတ်ပြီး
ချစ်ခြင်းမေတ္တာရှိကြောင်း (ယောဘဝတ္တု ၁၀:၁၂)
- ဘုန်းတန်ခိုးအာနုဘော်ဖြစ်ကြောင်း (ယောဘဝတ္တု ၃၆:၂၂, ၃၇:၅, ၂၃)
- သင်၏အသက်တာအသေးစိတ်တို့ကို သတိပြုတော်မူကြောင်း (ယောဘဝတ္တု ၂၃:၁၀,
၃၁:၄)
- ဘုရားသခင် ထိန်းချုပ်မှုရှိကြောင်း (ယောဘဝတ္တု ၃၄:၁၃)
- သင့်အသက်တာအတွက် ရည်ရွယ်ချက်ရှိကြောင်း (ယောဘဝတ္တု ၂၃:၁၄)
-
သင့်ကို ကာကွယ်ပေးလိမ့်မည်
အကြောင်း (ယောဘဝတ္တု ၅:၁၁)
မည်သို့သော ဖြစ်ပျက်မှုတွေ သင့်အသက်တာမှာ ယနေ့ဖြစ်လာပါစေ သစ္စာတရား၌
ဘုရားသခင်ကို ချီးမွမ်းဖို့ရန် ရွေးချယ်ပါ။
ဆင်ခြင်ရန်
-ကျွန်ုပ်တို့၏ပြသနာတွေအတွက်
ဘုရားသခင်ကို ကျေးဇူးတင်စရာမလိုပေမဲ့ ပြသနာတွေကြားမှာ ဘုရားရှင်ကို ကျေးဇူးတင်နေပါ။
အဲဒီအကြောင်းအရာ (၂) ခု၏ ခြားနားခြင်းက ဘာဖြစ်မလဲ။
-ခက်ခဲတဲ့အချိန်ကာလမှာ
ဘုရားသခင်ကို ကျေးဇူးတင်တဲ့အခါတွင် သင်၌မည်ကဲ့သိုသော ပြောင်းလဲမှု ဖြစ်ပေါ်သနည်း (သို့)
သင့်အသက်တာမည်ကဲ့သို့ ပြောင်းလဲသွားပါသနည်း။
-သင်၌အရာအားလုံးဆုံးရှုံးသွားမယ်ဆိုလျှင်
ဘုရားသခင်ကို သင်ဆက်လက်ချီးမွမ်းမည်ကို သင်ထင်ပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့်မဟုတ်သနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်