When You Need Wisdom and Power, Turn to God
Unicode Version
သင်၌ ဉာဏ်အမျှော်အမြင် နှင့် အစွမ်းသတ္တိလိုအပ်ပါလျှင် ဘုရားသခင်ထံလှှည့်လိုက်ပါ။
ယောဘဝတ္တု ၁၂:၁၃ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
ဘုရားသခင်ကို ချစ်ပြီး အသုံးတော်ခံတဲ့ သူတစ်ဉီးဖြစ်တဲ့ ယောဘအကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ သို့ပေမဲ့ တစ်ရက်တာဖြတ်သန်းရချိန်တွင်းမှာပင် သူ၏ ချမ်းသာကြွယ်ဝမှု ၊ ကျန်းမာရေး နှင့် သားသမီးတို့ပြင် အရာအားလုံးလိုလို သူဆုံးရှုံးခဲ့ရပါတယ်။
ကျွန်ုပ်တို့ စိတ်ထိခိုက်ဒဏ်ရာရနေသည့်အချိန်တွေမှာတောင် မည်ကဲ့သို့ ဝတ်ပြုကိုးကွယ်ရမည်ကို ယောဘဝတ္တု အားဖြင့် သမ္မာကျမ်းစာက ဖော်ပြပါတယ်။ အဆိုးဝါးဆုံးအချိန်တွေမှာတောင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် ခွန်အားတို့ကို အသုံးပြုပြီး ဘုရားသခင်ကို ကိုးကွယ်နိုင်ပါတယ်။
ယောဘသည် အရာအားလုံးဆုံးရှုံးပြီးနောက် မကြာမီတွင် စိတ်သောကရောက်နေရသဖြင့် သူ၏ဆုံးရှုံးမှုများ အတွက် ဝမ်းနည်းပူဆွေးနေပြီး နာမကျန်းမှုများကြောင့် ခန္ဓာမှာ နာကျင်မှုဝေဒနာခံစားနေရပါတယ်။
ယောဘ၏ မိတ်ဆွေ သုံးဉီးပေါ်လာပြီး နောက်ဆုံးမှာ အကြံဉာဏ်စတင်ပေးပါတယ်။ တော်တော်များများသော အကြံဉာဏ်တွေက အကူအညီအများကြီး မဖြစ်ခဲ့ပေမဲ့လည်း  “ဧလိဖတ်” ဆိုတဲ့ မိတ်ဆွေက သူ့ကို ဆိုထားသည် မှာ - ယောဘဝတ္တု ၅:၈ “ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။” 
ဘုရားသခင်၏ အကူအညီကို တောင်းခံဖို့၊ တိုင်တည်ဖို့ ယောဘကို “ဧလိဖတ်”ပြောနေပါတယ်။ ဆိုလိုသည်မှာ အထူးလုပ်ဆောင်မှု ၊ အစွမ်းသတ္တိ (သို့) အာဏာအတွက် ကိုယ့်ထက် ကြီးမြတ်တဲ့ တစ်စုံတစ်ယောက်ကို ချဉ်းကပ်ဖို့ရန် ဖြစ်ပါတယ်။
ဒါသည် ကောင်းသော အကြံဉာဏ်ဖြစ်ပါတယ်။ သင်၌ စိတ်ရှုပ်ထွေးမှုတွေ ၊ ဒေါသတွေ ၊ သံသယတွေ နှင့် စိတ်ဒုက္ခတွေ့ကြုံရတဲ့အခါတွင် ဘုရားထံကနေ လှည့်မပြန်ဖို့ရန်ဖြစ်သည်။ အဲဒီအစား ဘုရားထံသို့သာ ဉီးတည် သွားပါ။ ဘာကြောင့်လဲဆိုတော့ သင့်ကို အမှန်တကယ် နှစ်သိမ့်မှုပေးဖို့ရန် တစ်ဉီးတည်းသော တန်ခိုးရှိ သောသူမှာ ဘုရားသခင်သာ  ဖြစ်ပါတယ်။
သခင်ခရစ်တော်နောက်လိုက်ရန် အသက်တာတွင် မည်သို့သော ပြောင်းလဲမှုကို ပြုလုပ်ရမည့်အကြောင်းကို တစ်ချိန်က သခင်ခရစ်တော် လူအုပ်နှင့် စကားပြောခဲ့ချိန်က ဆိုခဲ့ပါတယ်။ သို့ပေမဲ့ လူတို့သည် သူတို့၏ အသက်တာ အတွက် မည်သည့်တောင်းဆိုချက်ကိုမှ ၊ မည်သည့်အပြောင်းအလဲမှ မလိုချင်ခဲ့ကြဘဲ စတင်ထွက် ခွါသွားကြပါတယ်။
ရှင်ယောဟန် ၆:၆၇-၆၈ “ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွား ခြင်းငှါ အလိုရှိ ကြသလောဟုမေးတော်မူလျှင်၊ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံ သို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။”
နာကျင်မှုဝေဒနာတွေဖြင့် ဘုရားသခင်ထံမှ သင်ထွက်ခွါပြီး ဘယ်ကိုသွားမည်နည်း။ ဘုရားသခင်လို သင့်ကို မည်သူမျှ မကယ်တင်နိုင်ပါ။ ဒါကြောင့် ထွက်ခွွါသွားမည့်အစား ဘုရား၏ ဉာဏ်ပညာနှင့် အစွမ်းသတ္တိကို မှီးငြမ်းပါ။ တောင်းခံပါ။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ယောဘဝတ္တု ၁၂:၁၃ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
‌သခင်ခရစ်တော်နောက်သို့ လိုက်ခြင်းသည် အသက်တာရှိ ပြသနာများမှ လွှတ်ငြိမ်းသွားဖို့ မရှိပါ။ သို့ပေမဲ့ ဆိုလိုခြင်းသည် သင့်အတွက် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစွမ်းသတ္တိသည် သင့်အတွက် ရှိနေပါတယ်။ သူ့ဆီသို့ လှည့်ပါ။ ဘုရားသခင်သည် သင့်အား အစွမ်းသတ္တိကို ပေးပြီး မည်သို့သောအရာကို လုပ်ဆောင်ရမည်ကို ဖော်ပြပေးပါလိမ့်မည်။
ဆင်ခြင်ရန်
- ခက်ခဲသော ကာလတွေမှာ တစ်စုံတစ်ဉီး သင့်အား စစ်မှန်သော မိတ်ဆွေဖြစ်ကြောင်းကို ဖော်ပြခဲ့သော အချိန်သည်ကာလကား မည်သို့နည်း။ ယနေ့တွင် သင်မည်သို့သော သူနှင့် မိတ်ဆွေဖြစ်ချင်ပါသနည်း။
-ကပ်ဆိုက်သောကာလတွင် သင်၏ပထမဉီးဆုံး တုံ့ပြန်မှုက မည်သို့နည်း။ ဘုရားသခင်ထံတော် ဉီးတည်နေသ လား (သို့) ထွက်ခွါနေပါသလား။
-စိတ်သက်သာမှု ၊ နှစ်သိမ့်ပေးမှုအတွက် ဘုရားသခင်သည် ဘာကြောင့်များ အကောင်းဆုံးသောသူ ဖြစ်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
သင်၌ ဉာဏ်အမျှော်အမြင် နှင့် အစွမ်းသတ္တိလိုအပ်ပါလျှင် ဘုရားသခင်ထံလှည့်လိုက်ပါ။
ဆင်ခြင်ရန်