Unicode Version
---------------------------------------------------------------------------------
Zawgyi Version
စစ်ပွဲတစ်ခုဆီသို့ သင်သွားရတဲ့အခါမှာ ဘုရားသခင် သင့်အတွက်
တိုက်ခိုက်ပေးမည်ကို ယုံကြည်ပါ။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၁၅ “ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊
ယေရုရှလင်မြို့ သားအပေါင်း တို့၊ နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီး
ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။”
အသက်ကယ်ရန်
အစောင့်ချခန့်ထားသူတစ်ဉီးက သင့်ကိုပြောပါမည်။ လူတွေ သူတို့ကိုသူတို့ ရေထဲမှာ ကြိုးစားပြီးကယ်တင်နေတဲ့အခါမှာ
သင် တစ်ဉီးတစ်ယောက်ကိုမျှ မကယ်တင်နိုင်ပါ။ သင်ကြိုးစားကယ်တင် မည်ဆိုလျှင် သူတို့တွေ
သင့်ကို ရေထဲသို့သာ နှစ်သွားစေပါလိမ့်မည်။ ဒါကြောင့် သူတို့တွေ ရေထဲမှာ အရှုံးပေးသည့်အချိန်ထိ
စောင့်ပြီး သင်ရေကိုသာနှင်းကန်နေပါ။ ဒါသည် သင့်အတွက် လွယ်ကူစေသည်။ ပြီးနောက် သူတို့၏ပခုံးပေါ်သို့
သင်၏လက်ဖြင့် ကိုင်ပြီး ကမ်းခြေသို့ ပြန်ကူးရပါမည်။
ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ရင်းနှီးဆက်ဆံခြင်းတို့သည် ထိုနည်းအတိုင်းပင်ဖြစ်သည်။
အသက်တာရှိ ပြသနာတွေ ကို မိမိအကြံအစည်ဖြင့် ကြိုးစားပြီးတွန်းလှန်နေတဲ့အခါမှာ ကျွန်ုပ်တို့
နှစ်မြှုပ်ဖို့သာ ဖြစ်တယ်။ အဲဒီအစား ကြိုးစားတွန်းလှန်နေတာတွေကို ရပ်တန့်ပစ်ဖို့ နှင့်
ဘုရားသခင် လုပ်ဆောင်မည်ကို ယုံကြည်ဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။
ဣသရေလ
စစ်တပ်ကိုလည်း အဲဒီလို သင်ခန်းစာကို ဘုရားသခင် သင်ကြားပေးခဲ့ပါတယ်။ ရန်သူ စစ်ကြောင်း
(၃) ကြောင်းမှ ဣသရေလတို့ကို စစ်ပွဲဆင်နွဲဖို့ရန် ပြင်ဆင်နေခဲ့တယ်။ ဣသရေလတို့ က အင်အားအရာ၌
မသာပါဘူး။ သို့ပေမဲ့ စိုးရိမ်နေမည့်အစား ဘုရင်ယောရှဖတ်သည် သူတို့အားကယ်တင်ခြင်းအရာသည်
ဘုရား၌သာ တည်မှီခြင်းဖြစ်သည်ဆိုပြီး သူ၏စစ်တပ်အဖွဲ့ကို ဘုရားသခင်ထံ ဝတ်ပြုကိုးကွယ်ဖို့ရန်
ဉီးဆောင်ခဲ့ပါတယ်။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၁၂ “အိုအကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို
မစီရင် ဘဲနေတော်မူမည်လော။ အကျွန်ုပ် တို့ကိုတိုက်အံ့သောငှါ လာသောဤအလုံးအရင်းကြီးကို၊
အကျွန်ုပ်တို့သည် ဆီးတားခြင်ငှါ မတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိ ၏ပါ။”
ဘုရားသခင်က
သူတို့ကို ပြောခဲ့ပါတယ်။ ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၁၅
ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့ သားအပေါင်းတို့၊ နားထောင်ကြလော့။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီး ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။
စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။”
သင့်ဆီကနေ
ဘုရားသခင်သည် ထိုကဲ့သို့ တူညီသောအရာကို အလိုရှိပါသည်။ သင်၏ တိုက်ပွဲတို့ကို တွန်းလှန်နေခြင်းကနေ
ရပ်တန့်ပြီး သင့်အတွက် ဘုရားသခင် တိုက်ပေးဖို့ရန် ခွင့်ပြုဖို့ ဘုရားသခင် အလိုတော်ရှိပါတယ်။
ရာဇဝင်ချုပ်ဒုတိယစောင်တွင်
ဆက်လက်ပြီး ဖော်ပြထားပါတယ်။ ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၁၇
“သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သား တို့၊ သင်တို့သည် သင်တို့သည်စစ်တိုက်စရာအကြောင်း
မရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တက်နေလျက်၊ ထာဝရဘုရားကယ်တင်တော်မူခြင်း ကျေးဇူးကိုကြည့်
ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွားကြလော့။ ထာဝရဘုရားသည်
သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။”
စစ်ပွဲသို့ သွားစေပြီး တွန်းလှန်ခြင်းမပြုဖို့ ဘုရားသခင် ဣသရေလတို့ကို ပြောနေပါတယ်။
ဒီလို မြွက်ဆိုနေတာတွေသည် ထူးဆန်းမနေဘူးလား။
ယနေ့တွင်
ရင်ဆိုင်တွေ့ကြုံနေရတဲ့ မည်ကဲ့သို့သော အရာဖြစ်ဖြစ် သင်ထံ၌ အဲဒီလိုမျိုးလုပ်ဆောင်ဖို့
ဘုရားသခင် တောင်းဆိုနေပါတယ်။ ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် တည်ငြိမ်ဖို့နှင့် ကြံ့ခိုင်သန်မာစွာ
ရပ်တည်ဖို့ရန် တောင်းဆိုနေပါတယ်။ မကြောက်ဖို့နှင့် စိတ်ဓာတ်မကျဖို့ရန် ဘုရားသခင် တောင်းဆိုနေပါတယ်။
ရန်သူတွေကနေဖြစ်ဖြစ် ၊ ပြသနာတွေကနေဖြစ်ဖြစ် ထွက်ပြေးတိမ်းရှောင်ပါလျှင်
အဲဒီအရာတွေက ဘယ်တော့မှ ကောင်းလာမှာမဟုတ်ပါ။ ဘုရားသခင်မှ သင့်ကိုပို့ဆောင်လမ်းပြမည်ကို
ယုံကြည်ရင်း ရန်သူ (သို့) ပြသနာကို ရင်ဆိုင်ဖို့ရန် ဘုရားရှင်အလိုတော်ရှိပါတယ်။
ယနေ့တွင်
ဘာကိုဘဲ ရင်ဆိုင်နေရပါစေ သင့်အတွက် တိုက်ပွဲကို အောင်မြင်ဖို့ရန် ဘုရားသခင်ကို ယုံကြည်
လိုက်ပါ။
ဆင်ခြင်ရန်
-မည်သို့သော
တိုက်ပွဲကို သင့်အကြံအစည်ဖြင့် တိုက်ဖို့ရန် ကြိုးစားနေပါသနည်း။ တိုက်ခိုက်တွန်းလှန်နေတာကို
ရပ်ပြီး ဘုရားသခင်လုပ်ဆောင်မည်ကို ယုံကြည်တယ်ဆိုလျှင် ဘာတွေဖြစ်လာမလဲလို့ သင်ထင်မြင်ပါသနည်း။
-သင့်အတွက်
ဘုရားသခင်တိုက်ပေးမယ်ဆိုတာကို သင်ဘာကြောင့် ယုံကြည်နိုင်သနည်း။ သင့်အတွက် မည်သို့သောအရာကို ပြီးမြောက်အောင်မြင်စွာ
ပြုခဲ့ပါသနည်း။
-တတ်ဆိတ်စွာ
ယုံကြည်ခြင်း၌တည်ကြောင်းသည် မည်ကဲ့သို့နည်း။ ကြောက်ရွံ့ခြင်း (သို့) စိတ်ဓါတ်ကျခြင်းတွေ
သင်ခံစားရတဲ့အခါမှာ မည်သို့သောအရာကို သင်အောက်မေ့နိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
စစ္ပြဲတစ္ခုဆီသို႔ သင္သြားရတဲ့အခါမွာ ဘုရားသခင္ သင့္အတြက္ တိုက္ခိုက္ေပးမည္ကို ယုံၾကည္ပါ။
ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၂၀:၁၅ “ထိုသူက၊ အိုေယာရွဖတ္မင္းႀကီးႏွင့္ ယုဒျပည္သူ၊ ေယ႐ုရွလင္ၿမိဳ႕ သားအေပါင္း တို႔၊ နားေထာင္ၾကေလာ့။ ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ ထိုအလုံးအရင္းႀကီး ေၾကာင့္ မေၾကာက္ၾကႏွင့္။ စိတ္မပ်က္ၾကႏွင့္။ စစ္မႈသည္ သင္တို႔တာမဟုတ္၊ ဘုရားသခင့္တာျဖစ္၏။”
အသက္ကယ္ရန္ အေစာင့္ခ်ခန႔္ထားသူတစ္ဉီးက သင့္ကိုေျပာပါမည္။ လူေတြ သူတို႔ကိုသူတို႔ ေရထဲမွာ ႀကိဳးစားၿပီးကယ္တင္ေနတဲ့အခါမွာ သင္ တစ္ဉီးတစ္ေယာက္ကိုမွ် မကယ္တင္ႏိုင္ပါ။ သင္ႀကိဳးစားကယ္တင္ မည္ဆိုလွ်င္ သူတို႔ေတြ သင့္ကို ေရထဲသို႔သာ ႏွစ္သြားေစပါလိမ့္မည္။ ဒါေၾကာင့္ သူတို႔ေတြ ေရထဲမွာ အရႈံးေပးသည့္အခ်ိန္ထိ ေစာင့္ၿပီး သင္ေရကိုသာႏွင္းကန္ေနပါ။ ဒါသည္ သင့္အတြက္ လြယ္ကူေစသည္။ ၿပီးေနာက္ သူတို႔၏ပခုံးေပၚသို႔ သင္၏လက္ျဖင့္ ကိုင္ၿပီး ကမ္းေျခသို႔ ျပန္ကူးရပါမည္။
ဘုရားသခင္ႏွင့္ ကြၽႏ္ုပ္တို႔၏ ရင္းႏွီးဆက္ဆံျခင္းတို႔သည္ ထိုနည္းအတိုင္းပင္ျဖစ္သည္။ အသက္တာရွိ ျပသနာေတြ ကို မိမိအႀကံအစည္ျဖင့္ ႀကိဳးစားၿပီးတြန္းလွန္ေနတဲ့အခါမွာ ကြၽႏ္ုပ္တို႔ ႏွစ္ျမႇဳပ္ဖို႔သာ ျဖစ္တယ္။ အဲဒီအစား ႀကိဳးစားတြန္းလွန္ေနတာေတြကို ရပ္တန႔္ပစ္ဖို႔ ႏွင့္ ဘုရားသခင္ လုပ္ေဆာင္မည္ကို ယုံၾကည္ဖို႔ရန္ ဘုရားသခင္ အလိုေတာ္ရွိပါတယ္။
ဣသေရလ စစ္တပ္ကိုလည္း အဲဒီလို သင္ခန္းစာကို ဘုရားသခင္ သင္ၾကားေပးခဲ့ပါတယ္။ ရန္သူ စစ္ေၾကာင္း (၃) ေၾကာင္းမွ ဣသေရလတို႔ကို စစ္ပြဲဆင္ႏြဲဖို႔ရန္ ျပင္ဆင္ေနခဲ့တယ္။ ဣသေရလတို႔ က အင္အားအရာ၌ မသာပါဘူး။ သို႔ေပမဲ့ စိုးရိမ္ေနမည့္အစား ဘုရင္ေယာရွဖတ္သည္ သူတို႔အားကယ္တင္ျခင္းအရာသည္ ဘုရား၌သာ တည္မွီျခင္းျဖစ္သည္ဆိုၿပီး သူ၏စစ္တပ္အဖြဲ႕ကို ဘုရားသခင္ထံ ဝတ္ျပဳကိုးကြယ္ဖို႔ရန္ ဉီးေဆာင္ခဲ့ပါတယ္။
ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၂၀:၁၂ “အိုအကြၽႏ္ုပ္တို႔ဘုရားသခင္၊ သူတို႔ကို မစီရင္ ဘဲေနေတာ္မူမည္ေလာ။ အကြၽႏ္ုပ္ တို႔ကိုတိုက္အံ့ေသာငွါ လာေသာဤအလုံးအရင္းႀကီးကို၊ အကြၽႏ္ုပ္တို႔သည္ ဆီးတားျခင္ငွါ မတတ္ႏိုင္ပါ။ အဘယ္သို႔ျပဳရမည္ကိုမသိ ၏ပါ။”
ဘုရားသခင္က သူတို႔ကို ေျပာခဲ့ပါတယ္။ ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၂၀:၁၅ ထိုသူက၊ အိုေယာရွဖတ္မင္းႀကီးႏွင့္ ယုဒျပည္သူ၊ ေယ႐ုရွလင္ၿမိဳ႕ သားအေပါင္းတို႔၊ နားေထာင္ၾကေလာ့။ ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ ထိုအလုံးအရင္းႀကီး ေၾကာင့္ မေၾကာက္ၾကႏွင့္။ စိတ္မပ်က္ၾကႏွင့္။ စစ္မႈသည္ သင္တို႔တာမဟုတ္၊ ဘုရားသခင့္တာျဖစ္၏။”
သင့္ဆီကေန ဘုရားသခင္သည္ ထိုကဲ့သို႔ တူညီေသာအရာကို အလိုရွိပါသည္။ သင္၏ တိုက္ပြဲတို႔ကို တြန္းလွန္ေနျခင္းကေန ရပ္တန႔္ၿပီး သင့္အတြက္ ဘုရားသခင္ တိုက္ေပးဖို႔ရန္ ခြင့္ျပဳဖို႔ ဘုရားသခင္ အလိုေတာ္ရွိပါတယ္။
ရာဇဝင္ခ်ဳပ္ဒုတိယေစာင္တြင္ ဆက္လက္ၿပီး ေဖာ္ျပထားပါတယ္။ ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၂၀:၁၇ “သို႔ရာတြင္၊ အိုယုဒျပည္သူ ေယ႐ုရွလင္ၿမိဳ႕သား တို႔၊ သင္တို႔သည္ သင္တို႔သည္စစ္တိုက္စရာအေၾကာင္း မရွိသည္သည္ျဖစ္၍၊ တည္ၾကည္စြာ မတ္တက္ေနလ်က္၊ ထာဝရဘုရားကယ္တင္ေတာ္မူျခင္း ေက်းဇူးကိုၾကည့္ ရႈၾကေလာ့။ မေၾကာက္ၾကႏွင့္။ စိတ္မပ်က္ၾကႏွင့္။ နက္ျဖန္ ေန႔ခ်ီသြားၾကေလာ့။ ထာဝရဘုရားသည္ သင္တို႔ႏွင္အတူ ရွိေတာ္မူလိမ့္မည္ဟု ႁမြက္ဆို၏။”
စစ္ပြဲသို႔ သြားေစၿပီး တြန္းလွန္ျခင္းမျပဳဖို႔ ဘုရားသခင္ ဣသေရလတို႔ကို ေျပာေနပါတယ္။ ဒီလို ႁမြက္ဆိုေနတာေတြသည္ ထူးဆန္းမေနဘူးလား။
ယေန႔တြင္ ရင္ဆိုင္ေတြ႕ႀကဳံေနရတဲ့ မည္ကဲ့သို႔ေသာ အရာျဖစ္ျဖစ္ သင္ထံ၌ အဲဒီလိုမ်ိဳးလုပ္ေဆာင္ဖို႔ ဘုရားသခင္ ေတာင္းဆိုေနပါတယ္။ ဘုရားသခင္၌ ယုံၾကည္ျခင္းျဖင့္ တည္ၿငိမ္ဖို႔ႏွင့္ ႀကံ့ခိုင္သန္မာစြာ ရပ္တည္ဖို႔ရန္ ေတာင္းဆိုေနပါတယ္။ မေၾကာက္ဖို႔ႏွင့္ စိတ္ဓာတ္မက်ဖို႔ရန္ ဘုရားသခင္ ေတာင္းဆိုေနပါတယ္။
ရန္သူေတြကေနျဖစ္ျဖစ္ ၊ ျပသနာေတြကေနျဖစ္ျဖစ္ ထြက္ေျပးတိမ္းေရွာင္ပါလွ်င္ အဲဒီအရာေတြက ဘယ္ေတာ့မွ ေကာင္းလာမွာမဟုတ္ပါ။ ဘုရားသခင္မွ သင့္ကိုပို႔ေဆာင္လမ္းျပမည္ကို ယုံၾကည္ရင္း ရန္သူ (သို႔) ျပသနာကို ရင္ဆိုင္ဖို႔ရန္ ဘုရားရွင္အလိုေတာ္ရွိပါတယ္။
ယေန႔တြင္ ဘာကိုဘဲ ရင္ဆိုင္ေနရပါေစ သင့္အတြက္ တိုက္ပြဲကို ေအာင္ျမင္ဖို႔ရန္ ဘုရားသခင္ကို ယုံၾကည္ လိုက္ပါ။
ဆင္ျခင္ရန္
-မည္သို႔ေသာ တိုက္ပြဲကို သင့္အႀကံအစည္ျဖင့္ တိုက္ဖို႔ရန္ ႀကိဳးစားေနပါသနည္း။ တိုက္ခိုက္တြန္းလွန္ေနတာကို ရပ္ၿပီး ဘုရားသခင္လုပ္ေဆာင္မည္ကို ယုံၾကည္တယ္ဆိုလွ်င္ ဘာေတြျဖစ္လာမလဲလို႔ သင္ထင္ျမင္ပါသနည္း။
-သင့္အတြက္ ဘုရားသခင္တိုက္ေပးမယ္ဆိုတာကို သင္ဘာေၾကာင့္ ယုံၾကည္ႏိုင္သနည္း။ သင့္အတြက္ မည္သို႔ေသာအရာကို ၿပီးေျမာက္ေအာင္ျမင္စြာ ျပဳခဲ့ပါသနည္း။
-တတ္ဆိတ္စြာ ယုံၾကည္ျခင္း၌တည္ေၾကာင္းသည္ မည္ကဲ့သို႔နည္း။ ေၾကာက္႐ြံ႕ျခင္း (သို႔) စိတ္ဓါတ္က်ျခင္းေတြ သင္ခံစားရတဲ့အခါမွာ မည္သို႔ေသာအရာကို သင္ေအာက္ေမ့ႏိုင္မည္နည္း။