When God doesn’t immediately Answer, Remember this.

Unicode Version

ဆာလံ ၁၀၃:၅ “သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။

သင်ဆုတောင်း၏ အဖြေကို ဖြေကြားဖို့ရန် စိတ်ရှည်စွာ စောင့်ဆိုင်းဖို့ ဘုရားသခင် အလိုတော်ရှိပါတယ်။ မျှော်လင့်ခြင်းများဖြင့် စောင့်ဆိုင်းဖို့ရန် လည်း အလိုတော်ရှိပါတယ်။ ယုံကြည်ခြင်းရှိပါ။ ဘုရားထံမှ ကြားဖို့ နှင့် အဖြေဖပးဖို့ရန် ယုံကြည်ပါ။ မျှော်လင့်ခြင်းဖြင့် သင်စောင့်နေခြင်းသည် ဘုရားသခင်၏ ကတိတော်တွေကို သင်ယုံကြည်ကြောင်း ဖော်ပြခြင်း ဖြစ်ပါတယ်။ သူ၏စကားတို့ကို တည်မည်ဆိုတာကို သင်ယုံကြည်ပါ။

နယ်မြေသစ်မှာ အခြေချပြီး ကျော်ဇောတဲ့ Daniel Boone ဆိုသူကို မေးခွန်းမေးခဲ့တာက “တောကြီးမျက်မည်းတွင် သင်ပျောက်ဆုံးခဲ့ဖူးပါသလား”။ သူက “ငါ ဘယ်တုန်းကမှ မပျောက်ဆုံးခဲ့ဘူး။ ရက်သတ္တပတ် အနည်းငယ်တော့ နေခဲ့ဖူးပေမဲ့ ဘယ်တော့မှ မပျောက်ဆုံးခဲ့ပါဘူး” လို့ဆိုခဲ့ပါတယ်။

သင်တို့ထဲက တချို့ကတော့ တောထဲမှာ ရောက်နေတယ်လို့ ခံစားကောင်း ခံစားရပါမည်။ သင်၏ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ တော  - “အိမ်ထောင်ရေး ပိုမိုကောင်းမွန်လာဖို့ ကျွန်ုပ်ဆုတောင်းနေပါတယ်။ ဒါပေမဲ့ ဖြစ်မလာပါဘူး” ။ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့တော - “ငါအပေါ်တက်ရမလား ၊ အောက်ဆင်း ရမလား (သို့) အလုပ်ပြောင်းရမလား”။ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့တော -သင်၌ စွမ်းအင်နည်းလာပြီး မျှော်လင့်ချက် မဲ့လာသလိုမျိုး ခံစားကောင်း ခံစားရမည်။ သင့် အခြေအနေကို သင့်ဖာသာ ပြောင်းလဲဖို့ ဘာမှ မလုပ်ဆောင်နိုင်သလိုမျိုးပေါ့။

စိတ်ဓာတ်မကျပါနဲ့။ အရှုံးမပေးပါနဲ့။ မျှော်ကြည့်ပါ။ ဆုတောင်းခြင်းဆီသို့ ပြန်လှည့်ပါ။ ကျွန်ုပ်အသက်တာမှာ မြောက်များစွာသော တောင်းလျှောက်မှုတွေ ရှိခဲ့ပါတယ်။ ဘုရားထံ တောင်းလျှောက်ခဲ့ပေမဲ့ အဖြေမရခဲ့တာတွေ ရှိပါတယ်။ ၂၄ နှစ်တိုင် နေ့ရက်တိုင်းမှာ ဆုတောင်းခဲ့တဲ့ ဆုတောင်းချက်တစ်ခု အကြောင်းကို ကျွန်ုပ် ပြန်တွေးနိုင်ပါတယ်။ အဖြေမရတဲ့ ဆုတောင်းပါ။ အဲဒီဆုတောင်းကို ဘုရားဘာကြောင့် အဖြေမပေးသလဲ ဆိုတာကို ကျွန်ုပ်မသိပါ။ နားလည်းမလည်ပါ။ သို့ပေမဲ့ ဘုရား အဲဒီဆုတောင်းကို အဖြေပေးသည်ဖြစ်စေ ၊ မပေးသည်ဖြစ်စေ သူ၏ကတိတော်တွေကိုတော့ သေတဲ့အထိ ယုံကြည်သွားမည်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်သည် ကောင်းမြတ်သော ဘုရားဖြစ်တယ်။ ကျွန်ုပ်နားမလည်သည့်တိုင် ဘယ်အရာက အကောင်းဆုံးဖြစ်သည်ကို ဘုရားသိတယ်။

သင်၏ဆုတောင်းချက်ကို ဘုရားအဖြေမပေးတဲ့အခါမှာ အရေးကြီးသော အမှန်တရား တချို့ကို သင်သတိရဖို့ လိုအပ်ပါတယ်။ ပထမဉီးစွာ ဘုရားသခင်သည် ထိန်းချုပ်နေသည်။ သင်ထိန်းချုပ်နေခြင်းမဟုတ်ပါ။ သင်လုပ်ဆောင်နေတာထက်ကို ပိုကောင်းတယ်ဆိုတာ သူသိပါတယ်။ ရှည်လွန်းလို့ ဘုရားမရွေ့နိုင်တဲ့ တောင် မရှိပါဘူး။ ကြီးမားလွန်းလို့ ဘုရား မဖြေရှင်းနိုင်တဲ့ ပြသနာမရှိပါဘူး။ နက်ရှိုင်းလွန်းတဲ့ ဝမ်းနည်းမှုကို မဖြေသိမ့်ပေးနိုင်တာ မရှိပါဘူး။ ဘုရားထိန်းချုပ်ပြီး အစီအစဉ်တွေ ရှိပါတယ်။

ဒုတိယ အနေဖြင့် သတိရဖို့ရန် ဆုတောင်းချက်၏ အဖြေ ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ သင်၏ သည်းခံခြင်းကို ဘုရားသခင် ဂုဏ်ပြုပါလိမ့်မည်။ ဤကမ္ဘာပေါ်မှာ မဟုတ်ပါ။ နစ္စထာဝရတွင် ဖြစ်ပါတယ်။
ဆာလံ ၁၀၃:၅ “သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။

ဆင်ခြင်ရန်
-သင့်ဆုတောင်းချက်ကို အဖြေပေးဖို့ရန် သင်စောင့်ဆိုင်းနေစဉ်တွင် မည်သို့သော ဘုရား၏ကတိတော်တွေကို သင်တောင်းဆိုနိုင်မည်နည်း။
-အတိတ်ကာလတုန်းက ဘုရားသခင်သည် သူ၏ သစ္စာကတိတော်တွေကို သင့်အား မည်ကဲ့သို့ ဖော်ပြခဲ့ပါသနည်း။
-သင့်အသက်တာတွင် မည်သို့သော အရာကို ဘုရားလုပ်ဆောင်ဖို့ရန် သင်မျှော်လင့်ပါသနည်း။ သင်၏ မျှော်လင့်စောင့်ဆိုင်းခြင်းက ဘုရား၏ ဂုဏ်တော်ကို မည်ကဲ့သို့ ထင်ဟပ်စေပါသနည်း။

--------------------------------------------------------------------------------


Zawgyi Version

ဆာလံ ၁၀၃:၅ “သင့္ကို အသက္ႀကီးစဥ္၊ ေကာင္းေသာအရာႏွင့္ ေရာင့္ရဲေစေတာ္မူသျဖင့္၊ သင္၏အ႐ြယ္သည္ ေ႐ႊလင္းတ ၏အ႐ြယ္ကဲ့သို႔ ျပဳျပင္ျခင္းရွိ၏။”

သင္ဆုေတာင္း၏ အေျဖကို ေျဖၾကားဖို႔ရန္ စိတ္ရွည္စြာ ေစာင့္ဆိုင္းဖို႔ ဘုရားသခင္ အလိုေတာ္ရွိပါတယ္။ ေမွ်ာ္လင့္ျခင္းမ်ားျဖင့္ ေစာင့္ဆိုင္းဖို႔ရန္ လည္း အလိုေတာ္ရွိပါတယ္။ ယုံၾကည္ျခင္းရွိပါ။ ဘုရားထံမွ ၾကားဖို႔ ႏွင့္ အေျဖဖပးဖို႔ရန္ ယုံၾကည္ပါ။ ေမွ်ာ္လင့္ျခင္းျဖင့္ သင္ေစာင့္ေနျခင္းသည္ ဘုရားသခင္၏ ကတိေတာ္ေတြကို သင္ယုံၾကည္ေၾကာင္း ေဖာ္ျပျခင္း ျဖစ္ပါတယ္။ သူ၏စကားတို႔ကို တည္မည္ဆိုတာကို သင္ယုံၾကည္ပါ။

နယ္ေျမသစ္မွာ အေျခခ်ၿပီး ေက်ာ္ေဇာတဲ့ Daniel Boone ဆိုသူကို ေမးခြန္းေမးခဲ့တာက “ေတာႀကီးမ်က္မည္းတြင္ သင္ေပ်ာက္ဆုံးခဲ့ဖူးပါသလား”။ သူက “ငါ ဘယ္တုန္းကမွ မေပ်ာက္ဆုံးခဲ့ဘူး။ ရက္သတၱပတ္ အနည္းငယ္ေတာ့ ေနခဲ့ဖူးေပမဲ့ ဘယ္ေတာ့မွ မေပ်ာက္ဆုံးခဲ့ပါဘူး” လို႔ဆိုခဲ့ပါတယ္။

သင္တို႔ထဲက တခ်ိဳ႕ကေတာ့ ေတာထဲမွာ ေရာက္ေနတယ္လို႔ ခံစားေကာင္း ခံစားရပါမည္။ သင္၏ အိမ္ေထာင္ေရးနဲ႔ပတ္သက္တဲ့ ေတာ  - “အိမ္ေထာင္ေရး ပိုမိုေကာင္းမြန္လာဖို႔ ကြၽႏ္ုပ္ဆုေတာင္းေနပါတယ္။ ဒါေပမဲ့ ျဖစ္မလာပါဘူး” အသက္ေမြးဝမ္းေက်ာင္းနဲ႔ ပတ္သက္တဲ့ေတာ - “ငါအေပၚတက္ရမလား ၊ ေအာက္ဆင္း ရမလား (သို႔) အလုပ္ေျပာင္းရမလား”။ ဆက္ဆံေရးနဲ႔ ပတ္သက္တဲ့ေတာ -သင္၌ စြမ္းအင္နည္းလာၿပီး ေမွ်ာ္လင့္ခ်က္ မဲ့လာသလိုမ်ိဳး ခံစားေကာင္း ခံစားရမည္။ သင့္ အေျခအေနကို သင့္ဖာသာ ေျပာင္းလဲဖို႔ ဘာမွ မလုပ္ေဆာင္ႏိုင္သလိုမ်ိဳးေပါ့။

စိတ္ဓာတ္မက်ပါနဲ႔။ အရႈံးမေပးပါနဲ႔။ ေမွ်ာ္ၾကည့္ပါ။ ဆုေတာင္းျခင္းဆီသို႔ ျပန္လွည့္ပါ။ ကြၽႏ္ုပ္အသက္တာမွာ ေျမာက္မ်ားစြာေသာ ေတာင္းေလွ်ာက္မႈေတြ ရွိခဲ့ပါတယ္။ ဘုရားထံ ေတာင္းေလွ်ာက္ခဲ့ေပမဲ့ အေျဖမရခဲ့တာေတြ ရွိပါတယ္။ ၂၄ ႏွစ္တိုင္ ေန႔ရက္တိုင္းမွာ ဆုေတာင္းခဲ့တဲ့ ဆုေတာင္းခ်က္တစ္ခု အေၾကာင္းကို ကြၽႏ္ုပ္ ျပန္ေတြးႏိုင္ပါတယ္။ အေျဖမရတဲ့ ဆုေတာင္းပါ။ အဲဒီဆုေတာင္းကို ဘုရားဘာေၾကာင့္ အေျဖမေပးသလဲ ဆိုတာကို ကြၽႏ္ုပ္မသိပါ။ နားလည္းမလည္ပါ။ သို႔ေပမဲ့ ဘုရား အဲဒီဆုေတာင္းကို အေျဖေပးသည္ျဖစ္ေစ ၊ မေပးသည္ျဖစ္ေစ သူ၏ကတိေတာ္ေတြကိုေတာ့ ေသတဲ့အထိ ယုံၾကည္သြားမည္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္သည္ ေကာင္းျမတ္ေသာ ဘုရားျဖစ္တယ္။ ကြၽႏ္ုပ္နားမလည္သည့္တိုင္ ဘယ္အရာက အေကာင္းဆုံးျဖစ္သည္ကို ဘုရားသိတယ္။

သင္၏ဆုေတာင္းခ်က္ကို ဘုရားအေျဖမေပးတဲ့အခါမွာ အေရးႀကီးေသာ အမွန္တရား တခ်ိဳ႕ကို သင္သတိရဖို႔ လိုအပ္ပါတယ္။ ပထမဉီးစြာ ဘုရားသခင္သည္ ထိန္းခ်ဳပ္ေနသည္။ သင္ထိန္းခ်ဳပ္ေနျခင္းမဟုတ္ပါ။ သင္လုပ္ေဆာင္ေနတာထက္ကို ပိုေကာင္းတယ္ဆိုတာ သူသိပါတယ္။ ရွည္လြန္းလို႔ ဘုရားမေ႐ြ႕ႏိုင္တဲ့ ေတာင္ မရွိပါဘူး။ ႀကီးမားလြန္းလို႔ ဘုရား မေျဖရွင္းႏိုင္တဲ့ ျပသနာမရွိပါဘူး။ နက္ရႈိင္းလြန္းတဲ့ ဝမ္းနည္းမႈကို မေျဖသိမ့္ေပးႏိုင္တာ မရွိပါဘူး။ ဘုရားထိန္းခ်ဳပ္ၿပီး အစီအစဥ္ေတြ ရွိပါတယ္။

ဒုတိယ အေနျဖင့္ သတိရဖို႔ရန္ ဆုေတာင္းခ်က္၏ အေျဖ ရသည္ျဖစ္ေစ ၊ မရသည္ျဖစ္ေစ သင္၏ သည္းခံျခင္းကို ဘုရားသခင္ ဂုဏ္ျပဳပါလိမ့္မည္။ ဤကမာၻေပၚမွာ မဟုတ္ပါ။ နစၥထာဝရတြင္ ျဖစ္ပါတယ္။ 

ဆာလံ ၁၀၃:၅ “သင့္ကို အသက္ႀကီးစဥ္၊ ေကာင္းေသာအရာႏွင့္ ေရာင့္ရဲေစေတာ္မူသျဖင့္၊ သင္၏အ႐ြယ္သည္ ေ႐ႊလင္းတ ၏အ႐ြယ္ကဲ့သို႔ ျပဳျပင္ျခင္းရွိ၏။”

ဆင္ျခင္ရန္
-သင့္ဆုေတာင္းခ်က္ကို အေျဖေပးဖို႔ရန္ သင္ေစာင့္ဆိုင္းေနစဥ္တြင္ မည္သို႔ေသာ ဘုရား၏ကတိေတာ္ေတြကို သင္ေတာင္းဆိုႏိုင္မည္နည္း။
-အတိတ္ကာလတုန္းက ဘုရားသခင္သည္ သူ၏ သစၥာကတိေတာ္ေတြကို သင့္အား မည္ကဲ့သို႔ ေဖာ္ျပခဲ့ပါသနည္း။
-သင့္အသက္တာတြင္ မည္သို႔ေသာ အရာကို ဘုရားလုပ္ေဆာင္ဖို႔ရန္ သင္ေမွ်ာ္လင့္ပါသနည္း။ သင္၏ ေမွ်ာ္လင့္ေစာင့္ဆိုင္းျခင္းက ဘုရား၏ ဂုဏ္ေတာ္ကို မည္ကဲ့သို႔ ထင္ဟပ္ေစပါသနည္း။