Unicode Version
ဆာလံ၃၇:၇" ထာဝရဘုရားရှေ့မှာ
ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို
ပြီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်။"
သင်၏ဆုတောင်းခြင်းအဖြေကို
စောင့်ဆိုင်းစဉ်ကာလ၌ မည်သို့သောအရာကို လုပ်ဆောင်ဖို့ ဘုရားအလိုတော် ရှိပါသနည်း။ ဘုရားသခင်ထံမှ အဖြေကို ရရှိဖို့ရန် စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းဖို့ရန် ဘုရားအလိုတော်ရှိပါသည်။ ဘုရားဆီက အဖြေကို ကျွန်ုပ်တို့စောင့်ဆိုင်းနေစဉ်တွင်၂နှစ်အရွယ်ကလေးလို
တွန့်လိမ်နေမှာပေါ့။ ကျွန်ုပ်တို့စိတ် လှုပ်ရှားပြီး
ဂနာမငြိမ်ဖြစ်လာပါတယ်။ တစ်ခုခုကို ခုန်ပြီး ထလုပ်လိုက်ချင်ပါတယ်။ သို့ပေမဲ့ "စိတ်ရှည်ရှည်စောင့် ဆိုင်းပါ ၊ငြိမ်သက်ခြင်းရှိပါ၊ စိတ်မလှုပ်ရှားပါနဲ့၊ ဂနာမငြိမ်မဖြစ်ပါနဲ့။"
လို့ဘုရားကပြောထားပါတယ်။
ဓမ္မဟောင်းကျမ်းထဲက အာဗြံဟံလို သူ၏ဆုတောင်းကို သူ့ဖာသာသူအဖြေပေးဖို့ ကြိုးစားရှာတဲ့မှားယွင်းမှုမျိုး မလုပ်ပါနဲ့။ ဤအရာတွေသည် ပြသနာမျိုးစုံ ဖြစ်စေပါတယ်။ တစ်နေ့တွင် ကြီးမားသောနယ်မြေတစ်ခု၏ ဖခင်ဖြစ်စေမည်လို့ အာဗြံဟံကို ဘုရားသခင်ပြောခဲ့ပါတယ်။ အာဗြံဟံသည် အသက်၉၉နှစ်ရှိပြီး ကလေးမရှိပါ။ သူ၏ခန္ဓာကိုကြည့်ပြီး "ငါတော့မဖြစ်နိုင်တော့ပါဘုရား" လို့ဆိုခဲ့ပါတယ်။ သူ၏အမျိုးသမီးစာရာကိုလည်းကြည့်ပြီး "ဥတုဆုံးပြီးနှစ်ထပ်ကွမ်းတောင်ဖြစ်လာစရာအကြောင်းမရှိ" လို့ဆိုခဲ့ပါတယ်။
ဒါကြောင့်
အာဗြံဟံသည် ဤအမှုကို သူ၏အကြံအစည်အဖြစ် ကလေးရရှိရန် ဇနီးသည်၏ ကျွန်မဟာဂရနှင့် နေခဲ့ပါတယ်။
အာဗြဟံသည် "ကျွန်ုပ်ဆုတောင်းအတွက်အဖြေသည်
ဤအရာဖြစ်၏။ အသက်၉၉တွင် သားတစ်ဦးရရှိခဲ့ပြီလို့ ဆိုခဲ့ပါတယ်။သူ၏နာမည်ကဣရှေမလဖြစ်တယ်"လို့ဆိုခဲ့ပါတယ်။
ဘုရားသခင်က"မဟုတ်ဘူး။ အရေးကြီးတဲ့အချက်ကို သင်လွှတ်သွားခဲ့ပြီ။
အဲဒီအရာသည် သင့်ဆုတောင်းအတွက် ကျွန်ုပ်၏အဖြေမဟုတ်ပါ။ ဒါသည် သင့်အကြံအစည်၏ အဖြေသာ ဖြစ်ပါတယ်။
အံ့သြစရာကောင်းသော သားယောကျ်ား ပေးဖို့ ငါ့မှာရှိပါတယ်။ သင်၏ဇနီးစာရာသည် မိခင်တစ်ဦး
ဖြစ်လာရဖိုရှိပါတယ်။ ဣဇက်လို့အမည် ပေးရမည်။ "ဣဇက်၏အဓိပ္ပါယ်က "ရယ်မောသူ"လို့အဓိပ္ပါယ်ရပါတယ်။
ကိုယ်ဝန်ဆောင်ဖို့ စာရာအားပြောကြား စဉ်တွင် သူမရယ်မောခဲ့တယ်။ ဘုရားသခင်ကို မယုံကြည်လို့
ရယ်မောခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထား ပါတယ်။
ဒါပေမဲ့ ဘုရားသခင်၌ နောက်ဆုံးသော ရယ်မောခြင်းရှိပါတယ်။ ဣဇက်မွေးဖွားလာခဲ့ပါတယ်။
ဒါသည်ဣဇက် နှင့်ဣရှေမေလတို့ကြားက ယနေ့ကျွန်ပ်တို့ဆုတောင်းဆဲဖြစ်တဲ့ ပြင်းထန်သော ယှဉ်ပြိုင်မှုစတင်ခဲ့ပါတယ်။
ဣဇက်နဲ့ဣရှေမလကြားက အခြေအနေ တင်းမာမှုဖြစ်တဲ့ ဆက်ဆံရေးအားလုံး စတင်ရခြင်းက
အာဗြဟံ၏ မိမိဆုတောင်းကို မိမိပြန်ဖြေဖို့ကြိုးစားခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
သင်၏ဆုတောင်းကို
သင့်ဖာသာသင်ဖြေဖို့ ကြိုးစားတဲ့အခါတိုင်းသည် ပြသနာကိုသင်တောင်းခံနေခြင်း ဖြစ်ပါ တယ်။
အဲဒီအစားစိတ်ရှည်သည်းခံပြီးစောင့်ဆိုင်းပါ။ ဘုရား၏လုပ်ဆောင်မှုကိုစောင့်ကြည့်ပါ။
ဆင်ခြင်ရန်
-ဘုရားသခင်ဆောင်ရွက်ဖို့အတွက်
သင်စိတ်ရှည်စွာစောင့်ဆိုင်းစဉ် ဘုရားသခင်ထံအာရုံပြုနိုင်ဖို့ မည်သို့သောအကူအညီ ဖြစ်စေမည့်
အရာကို သင်လုပ်ဆောင်နိုင်ပါမည်နည်း။
-ဘုရားသခင်လုပ်ဆောင်ပေးဖို့အတွက်
သင်စောင့်ဆိုင်းရတဲ့အခါ သင်၌ မည်သို့ဖြစ်လေ့ဖြစ်ထ ရှိပါသနည်း။
-ဘုရားသခင်ကို
စောင့်ဆိုင်းရတဲ့ အခြေအနေမျိုးမှာ ဝိညာဉ်ရေးရာအတွက် သင်မည်ကဲ့သို့ ကြီးထွားစေခဲ့ပါ
သနည်း။
--------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်