What Is God’s Will?

Unicode Version


ဘုရားသခင်၏ အလိုတော်က ဘာလဲ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁:၉ “ငါတို့သခင်တည်းဟူသော သားတော်မြတ်သခင် ယေရှုခရစ်နှင့် ဆက်ဆံခြင်း ကျေးဇူးတော်ကို သင်တို့ အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။

ဘုရားသခင် သင့်နှင့် ဆော့ကစားနေခြင်းသည် မဟုတ်ပါ။ သင့်အသက်တာအတွက် သူ၏ အလိုတော် ၊ ရည်ရွယ်ချက် နှင့် အကြံအစည်တော်ကို သင်နားလည်ဖို့ရန် ဘုရားအလိုရှိပါသည်။
ဘုရား ကျွန်ုပ်ကို လမ်းညွှန်ဖို့ ကျွန်ုပ်အလိုရှိပေမဲ့ ကျွန်ုပ်မှာ ရှုပ်ထွေးမှုတွေရှိနေတုန်းဘဲ” လို့ သင်ပြောကောင်း ပြောမည်။ ပြသနာဆိုတာ ကျွန်ုပ်တို့ မှားယွင်းသောအရာတွေအတွက် ရှာဖွေနေခြင်းဖြစ်နေသည်။ မရှာဖွေနိုင်ခင် မှာ ဘာကိုရှာဖွေသလဲဆိုတာကို သင်သိဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ဘုရားသခင်၏ အလိုတော်က ဘာဖြစ်မလဲ။

(၁) ဘုရားသခင်၏ အလိုတော်သည် ခံစားချက်တွေ မဟုတ်ပါ။
ခံစားချက်တွေ (သို့) သဘာဝလွန် လက္ခဏာတွေအတွက် သင်ရှာဖွေကောင်း ရှာဖွေပါမည်။ ဘုရားသခင်အား သင်၏ ချစ်ခြင်းမေတ္တာ (သို့) စာနာရိုင်းပင်းကူညီမှုဆိုင်ရာ နက်နဲသောစိတ်ခံစားချက်တွေကို ဆွဲယူစေချင်  နေတယ်။ သို့မှသာ ဘာကို လုပ်ဆောင်ရမည်ကို အတိအကျ သင်သိနိုင်လိမ့်မည်။
ပြသနာက စိတ်ခံစားချက်ဆိုတာ အားကိုးမရ ၊ စိတ်မချရပါဘူး။ အမြဲလိုလို မှားယွင်းသော လမ်းကိုဘဲ လမ်းညွှန်ပါလိမ့်မည်။ ယေရမိအနာဂတ္တိကျမ်း ၁၇:၉ “စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။” မာရ်နတ်သည် စိတ်ခံစား ချက်ကိုပင် ဖန်တီးနိုင်ပါသည်။

သင့်အသက်တာအတွက် ဘုရား၏အကြံအစည်ကို ကြိုးစားရှာဖွေတဲ့အခါမှာ သင်၏စိတ်ခံစားချက်ကို မစောင့်ပါ နဲ့။

(၂) ဘုရားသခင်၏ အလိုတော်သည် ပုံသေကားချပ်မဟုတ် ၊ ပုံသေနည်း မဟုတ်ပါ။
ကျွန်ုပ်တို့၏ ယဉ်ကျေးမှုဓလေ့တွေမှာ အရာရာကို အလွယ်တကူ ဖြစ်စေချင်ကြပါတယ်။ ကျွန်ုပ်တို့သည် အရာရာကို ရိုးစင်းသော ပုံသေနည်းအတိုင်း လိုက်နာစေလိုကြသည်။ သို့မှသာ ကျွန်ုပ်တို့၏ အသက်တာကို ပြောင်းလဲစေလိမ့်မည်။ တစ်ဆင့်ချင်း ခြေလှမ်းအတိုင်း လမ်းညွှန်မှုကို အလိုရှိကြပါတယ်။
သို့ပေမဲ့ ပြသနာက ဤသို့ပြုခြင်းသည် မှားယွင်းမှုအတွက် အခန်းကဏ္ဍမရှိပါ။

ဘုရားသခင်၏ အလိုတော်သည် တံခါးပိတ် စနစ်မဟုတ်ပါ။ အကျိုးရှိသော ၊ အရာရောက်သော ပုံစံဖြစ်ပါတယ်။ A (သို့) B ကို ရွေးချယ်ခြင်း၌ အမြဲတမ်းအကြောင်းမဟုတ်။ A ကနေ Z အထိ ကြိမ်ဖန်များစွာ သင်ရွေးချယ် နိုင်ပါတယ်။ အဲဒီထဲက တစ်ခုခုကတော့ အဆင်ပြေပါလိမ့်မည်။ သင်၏ ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ဘုရားသခင် သင့်အား ဉီးနှောက်ပေးပြီး အသုံးပြုဖို့ မမျှော်လင့်ခြင်းက ဘာကြောင့်ဖြစ်မည်နည်း။ ရွေးချယ်မှု ပြုဖို့ သင့်ကို ခွင့်ပြုထားပါတယ်။ ပြီးတော့ ဒုတိယအကြိမ်အဖြစ် အခွင့်အရေးလည်း ပေးပါတယ်။
ဒါဆိုရင် ဘုရားသခင်၏ အလိုတော်က ခံစားချက်လည်းမဟုတ် ၊ ပုံသေနည်းလည်း မဟုတ်ဘူးဆိုရင် ဘာဖြစ်မလဲ။

(၃) ဘုရားသခင်၏ အလိုတော်က ဆက်ဆံရေးဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ - ကောရိန္သုဩဝါဒစာ ပဌမစောင် ၁:၉ “ငါတို့သခင်တည်းဟူသော သားတော်မြတ်သခင် ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့ အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။

ဘုရားသခင်၏ အလိုတော်ကို သိရှိခြင်းနှင့် ပတ်သက်တဲ့ နည်းလမ်းအကြောင်းကို သမ္မာကျမ်းစာမှာ အနည်းငယ်သာဖော်ပြထားပါတယ်။ သို့ပေမဲ့ သခင်ခရစ်တော်နှင့်အတူ ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံရေးကို တည်ဆောက်ခြင်း အကြောင်းတွေကိုတော့ ကျမ်းပိုဒ်ထောင်ပေါင်းများစွာ ဖော်ပြထားပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်၏ အလိုတော်သည် ပေါင်းသင်းဆက်ဆံရေးဖြစ်ပါတယ်။

ဘုရားသခင်အား ပိုမိုသိလေလေ သူ၏အလိုတော်နှင့် ပတ်သက်ပြီး သင်၌ ရှုပ်ထွေးမှုတွေ နည်းလေလေဖြစ်ပါ သည်။ သင် ဘုရားကို သိသောအခါတွင် တခြားသောအရာအားလုံးတို့သည် ဒုတိယနေရာတွင် ရှိလာပါမည်။

ဆင်ခြင်ရန်
-ခံစားမှုတစ်ခု စိတ်မချရ၊ အားကိုမရ ဖြစ်ခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။
-ဘုရားသခင် အလိုတော်ကို ကျွန်ုပ်တို့ ရှာဖွေတဲ့အခါမှာ အမှားတွေဖြစ်သည်တောင် ရွေးချယ်မှုများ ပြုဖို့ရန် ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားတယ်လို့ သင်မည်သို့ ထင်မြင်ပါသနည်း။
-မည်သို့သော နည်းလမ်းတွေဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ကြီးထွားစေနိုင်မည်နည်း။

-----------------------------------------------------------------------------------


Zawgyi Version


ဘုရားသခင္၏ အလိုေတာ္က ဘာလဲ။
ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁:၉ “ငါတို႔သခင္တည္းဟူေသာ သားေတာ္ျမတ္သခင္ ေယရႈခရစ္ႏွင့္ ဆက္ဆံျခင္း ေက်းဇူးေတာ္ကို သင္တို႔ အား ေပးေတာ္မူေသာ ဘုရားသခင္သည္ သစၥာႏွင့္ျပည့္စုံေတာ္မူ၏။”

ဘုရားသခင္ သင့္ႏွင့္ ေဆာ့ကစားေနျခင္းသည္ မဟုတ္ပါ။ သင့္အသက္တာအတြက္ သူ၏ အလိုေတာ္ ၊ ရည္႐ြယ္ခ်က္ ႏွင့္ အႀကံအစည္ေတာ္ကို သင္နားလည္ဖို႔ရန္ ဘုရားအလိုရွိပါသည္။
ဘုရား ကြၽႏ္ုပ္ကို လမ္းၫႊန္ဖို႔ ကြၽႏ္ုပ္အလိုရွိေပမဲ့ ကြၽႏ္ုပ္မွာ ရႈပ္ေထြးမႈေတြရွိေနတုန္းဘဲ” လို႔ သင္ေျပာေကာင္း ေျပာမည္။ ျပသနာဆိုတာ ကြၽႏ္ုပ္တို႔ မွားယြင္းေသာအရာေတြအတြက္ ရွာေဖြေနျခင္းျဖစ္ေနသည္။ မရွာေဖြႏိုင္ခင္ မွာ ဘာကိုရွာေဖြသလဲဆိုတာကို သင္သိဖို႔ လိုအပ္ပါတယ္။

ဒါဆိုရင္ ဘုရားသခင္၏ အလိုေတာ္က ဘာျဖစ္မလဲ။

(၁) ဘုရားသခင္၏ အလိုေတာ္သည္ ခံစားခ်က္ေတြ မဟုတ္ပါ။
ခံစားခ်က္ေတြ (သို႔) သဘာဝလြန္ လကၡဏာေတြအတြက္ သင္ရွာေဖြေကာင္း ရွာေဖြပါမည္။ ဘုရားသခင္အား သင္၏ ခ်စ္ျခင္းေမတၱာ (သို႔) စာနာ႐ိုင္းပင္းကူညီမႈဆိုင္ရာ နက္နဲေသာစိတ္ခံစားခ်က္ေတြကို ဆြဲယူေစခ်င္  ေနတယ္။ သို႔မွသာ ဘာကို လုပ္ေဆာင္ရမည္ကို အတိအက် သင္သိႏိုင္လိမ့္မည္။
ျပသနာက စိတ္ခံစားခ်က္ဆိုတာ အားကိုးမရ ၊ စိတ္မခ်ရပါဘူး။ အၿမဲလိုလို မွားယြင္းေသာ လမ္းကိုဘဲ လမ္းၫႊန္ပါလိမ့္မည္။ ေယရမိအနာဂတၱိက်မ္း ၁၇:၉ “စိတ္ႏွလုံးသည္ ခပ္သိမ္းေသာ အရာထက္ စဥ္းလဲတတ္၏။ အလြန္ယိုယြင္းေသာ သေဘာရွိ၏။ စိတ္ႏွလုံးသေဘာကို အဘယ္သူသိႏိုင္သနည္း။” မာရ္နတ္သည္ စိတ္ခံစား ခ်က္ကိုပင္ ဖန္တီးႏိုင္ပါသည္။

သင့္အသက္တာအတြက္ ဘုရား၏အႀကံအစည္ကို ႀကိဳးစားရွာေဖြတဲ့အခါမွာ သင္၏စိတ္ခံစားခ်က္ကို မေစာင့္ပါ နဲ႔။

(၂) ဘုရားသခင္၏ အလိုေတာ္သည္ ပုံေသကားခ်ပ္မဟုတ္ ၊ ပုံေသနည္း မဟုတ္ပါ။
ကြၽႏ္ုပ္တို႔၏ ယဥ္ေက်းမႈဓေလ့ေတြမွာ အရာရာကို အလြယ္တကူ ျဖစ္ေစခ်င္ၾကပါတယ္။ ကြၽႏ္ုပ္တို႔သည္ အရာရာကို ႐ိုးစင္းေသာ ပုံေသနည္းအတိုင္း လိုက္နာေစလိုၾကသည္။ သို႔မွသာ ကြၽႏ္ုပ္တို႔၏ အသက္တာကို ေျပာင္းလဲေစလိမ့္မည္။ တစ္ဆင့္ခ်င္း ေျခလွမ္းအတိုင္း လမ္းၫႊန္မႈကို အလိုရွိၾကပါတယ္။
သို႔ေပမဲ့ ျပသနာက ဤသို႔ျပဳျခင္းသည္ မွားယြင္းမႈအတြက္ အခန္းက႑မရွိပါ။

ဘုရားသခင္၏ အလိုေတာ္သည္ တံခါးပိတ္ စနစ္မဟုတ္ပါ။ အက်ိဳးရွိေသာ ၊ အရာေရာက္ေသာ ပုံစံျဖစ္ပါတယ္။ A (သို႔) B ကို ေ႐ြးခ်ယ္ျခင္း၌ အၿမဲတမ္းအေၾကာင္းမဟုတ္။ A ကေန Z အထိ ႀကိမ္ဖန္မ်ားစြာ သင္ေ႐ြးခ်ယ္ ႏိုင္ပါတယ္။ အဲဒီထဲက တစ္ခုခုကေတာ့ အဆင္ေျပပါလိမ့္မည္။ သင္၏ ေ႐ြးခ်ယ္မႈသာ ျဖစ္ပါတယ္။ ဘုရားသခင္ သင့္အား ဉီးေႏွာက္ေပးၿပီး အသုံးျပဳဖို႔ မေမွ်ာ္လင့္ျခင္းက ဘာေၾကာင့္ျဖစ္မည္နည္း။ ေ႐ြးခ်ယ္မႈ ျပဳဖို႔ သင့္ကို ခြင့္ျပဳထားပါတယ္။ ၿပီးေတာ့ ဒုတိယအႀကိမ္အျဖစ္ အခြင့္အေရးလည္း ေပးပါတယ္။
ဒါဆိုရင္ ဘုရားသခင္၏ အလိုေတာ္က ခံစားခ်က္လည္းမဟုတ္ ၊ ပုံေသနည္းလည္း မဟုတ္ဘူးဆိုရင္ ဘာျဖစ္မလဲ။

(၃) ဘုရားသခင္၏ အလိုေတာ္က ဆက္ဆံေရးျဖစ္ပါတယ္။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ - ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁:၉ “ငါတို႔သခင္တည္းဟူေသာ သားေတာ္ျမတ္သခင္ ေယရႈခရစ္ႏွင့္ ဆက္ဆံျခင္းေက်းဇူးေတာ္ကို သင္တို႔ အား ေပးေတာ္မူေသာ ဘုရားသခင္သည္ သစၥာႏွင့္ျပည့္စုံေတာ္မူ၏။”

ဘုရားသခင္၏ အလိုေတာ္ကို သိရွိျခင္းႏွင့္ ပတ္သက္တဲ့ နည္းလမ္းအေၾကာင္းကို သမၼာက်မ္းစာမွာ အနည္းငယ္သာေဖာ္ျပထားပါတယ္။ သို႔ေပမဲ့ သခင္ခရစ္ေတာ္ႏွင့္အတူ ခ်စ္ျခင္းေမတၱာျဖင့္ ဆက္ဆံေရးကို တည္ေဆာက္ျခင္း အေၾကာင္းေတြကိုေတာ့ က်မ္းပိုဒ္ေထာင္ေပါင္းမ်ားစြာ ေဖာ္ျပထားပါတယ္။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္၏ အလိုေတာ္သည္ ေပါင္းသင္းဆက္ဆံေရးျဖစ္ပါတယ္။ 

ဘုရားသခင္အား ပိုမိုသိေလေလ သူ၏အလိုေတာ္ႏွင့္ ပတ္သက္ၿပီး သင္၌ ရႈပ္ေထြးမႈေတြ နည္းေလေလျဖစ္ပါ သည္။ သင္ ဘုရားကို သိေသာအခါတြင္ တျခားေသာအရာအားလုံးတို႔သည္ ဒုတိယေနရာတြင္ ရွိလာပါမည္။

ဆင္ျခင္ရန္
-ခံစားမႈတစ္ခု စိတ္မခ်ရ၊ အားကိုမရ ျဖစ္ျခင္းကို သင္မည္သို႔ သိႏိုင္မည္နည္း။
-ဘုရားသခင္ အလိုေတာ္ကို ကြၽႏ္ုပ္တို႔ ရွာေဖြတဲ့အခါမွာ အမွားေတြျဖစ္သည္ေတာင္ ေ႐ြးခ်ယ္မႈမ်ား ျပဳဖို႔ရန္ ဘုရားသခင္ ဘာေၾကာင့္ ခြင့္ျပဳထားတယ္လို႔ သင္မည္သို႔ ထင္ျမင္ပါသနည္း။
-မည္သို႔ေသာ နည္းလမ္းေတြျဖင့္ ဘုရားသခင္ႏွင့္ သင္၏ဆက္ဆံေရးကို ႀကီးထြားေစႏိုင္မည္နည္း။