Understanding God’s Definition of Love
Unicode Version
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအနက်အဓိပ္ပါယ်ကို နားလည်ခြင်း။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် ၁:၆ “ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း၊ ရှေ့ဦးစွာကပင်သင်တို့ ကြားရသည်အတိုင်း၊ ပညတ် တော်သည်ထိုသို့သော သဘောရှိ၏။
အကယ်၍ ကျွန်ုပ်တို့တွေ ဘာသာရေး အကြောင်းအရာတွေကို ချစ်ခြင်းမေတ္တာဖြင့် အစဉ်မပြတ် လုပ်ဆောင်မယ် ၊ အကယ်၍ သမ္မာကျမ်းစာကလည်း အဲဒီအရာတွေက ကျွန်ုပ်တို့၏အသက်တာမှာ ဗဟိုချက်ထားဖို့ လိုအပ်တယ်လို့ ပြောတဲ့အခါမှာ - စစ်မှန်သော ချစ်ခြင်းမေတ္တာသည် မည်သို့သောအရာဖြစ်သည်ကို အချိန်ခဏလေးယူလျက် စဉ်းစားကြရအောင်။
(၁) ချစ်ခြင်းမေတ္တာသည် ပညတ်တော်ဖြစ်သည် ဟုသမ္မာကျမ်းစာက ဆိုထားပါသည်။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် ၁:၆ “ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။”
စိတ်လှုပ်ရှားမှုတွေကို သင်အမြဲတမ်း မထိန်းချုပ်နိုင်ပါ။ ပြီးတော့ ဘုရားသခင်သည်လည်း တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ စွမ်းရည် နှင့် တတ်ကျွမ်းမှုတွေမပေးပါ။ ဘယ်တော့မှလည်း အမိန့်မပေးပါဘူး။ ချစ်ခြင်းမေတ္တာသည် စိတ်ခံစားချက်မဟုတ်ကြောင်း အဓိပ္ပါယ်ရပါသည်။ စိတ်ပျက်ပြီး ငိုနေတဲ့ ကလေးတစ်ယောက်ကို မြင်ယောင်ကြည့်လိုက်ပါ “ပျော်ရွှင်စေ ၊ အငိုရပ်စေ” ဆိုပြီး ကလေးတစ်ယောက် / တစ်စုံတစ်ယောက်၏ ခံစားချက်ကို သင်စေလိုသည်အတိုင်း အမိန့်ပေးလို့မရနိုင်ပါ။
(၂) ချစ်ခြင်းမေတ္တာသည် ရွေးချယ်မှုဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ကောရိန္သုပဌမစောင် ၁၄:၁ ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်ကြလော့။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင်၊ ပရော ဖက်ပြုရသော အခွင့်ကိုသာ၍ လိုချင်သောစိတ်ရှိ ကြလော့။တစ်စုံတစ်ခု နောက်သို့ လိုက်လျှောက်ခြင်းအဓိပ္ပါယ်သည် သင်ရွေးချယ်မှု ပြုခြင်းကို ဆိုလိုသည်။ ချစ်ခြင်းမေတ္တာသည် ရွေးချယ်မှုဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာထားဖို့ (သို့) မထားဖို့ ကို ကျွန်ုပ်တို့ ရွေးချယ်ကြ ပါတယ်။
ထိန်းချုပ်မှုထဲကနေ လွှတ်ထွက်ပြီးငါ၏ ခင်ပွန်း/ဇနီးကို နောက်ထပ်မချစ်တော့ဘူးဆိုပြီး ခွဲခွာခြင်း (သို့) ကွာခြင်းပြတ်စဲခြင်းတွေကို ညှိနှိုင်းဖို့ ကြိုးပမ်းနေတဲ့ စုံတွဲပေါင်း ဘယ်လောက်တောင် ကျွန်ုပ်၌ရှိတယ်ဆိုတာကို မပြောနိုင်ပါ။ သို့ပေမဲ့ တကယ့်ချစ်ခြင်းမေတ္တာကို မခံစားရဘဲနဲ့ မေတ္တာဖြင့် ပြုသောလုပ်ဆောင်မှုသည် သင်တကယ်ခံစားရသော ချစ်ခြင်းမေတ္တာအခြေအနေမှာထက်ပင် သာလွန်ပြီးမြင့်မြတ်ပါတယ်။
ပန်းကလေးတွေ ပွင့်လန်းတဲ့အချိန်သည် ချစ်ခြင်းမေတ္တာတစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ ချစ်ခြင်းမေတ္တာကို စစ်မှန်တဲ့ စမ်းသပ်မှုက ဆောင်းတွင်းကာလမှာဖြစ်ပြီး ၊ သင်အဆင်မပြေသောအချိန်အခါမှာဖြစ်ပါတယ်။ သူမနှင့် ထိုက်တန် တာထက်ကို သူမ၏လိုအပ်မှုတွေကို သင်မည်ကဲ့သို့ ခံစားပြီး ပေးကမ်းစေကာမူ ချစ်ခြင်းမေတ္တာဖြင့်ပြုဖို့ သင်ရွေး ချယ်ပါ။ ဘုရားသခင် ကျွန်ုပ်တို့ကို ချစ်သလို သူတစ်ပါးကို လည်း သင်ချစ်ဖို့ ရွေးချယ်ပါ။
(၃) ချစ်ခြင်းမေတ္တာသည် အပြုအမူ ၊ အနေအထိုင်ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၃:၁၈ “ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။ 
ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို နေ့စဉ်နေ့တိုင်း အခွင့်အရေးတွေ ချထားပေးပါတယ်။ အခက်ခဲဆုံးသောအရာက ကျွန်ုပ်တို့အချိန်တိုင်းမှာ မအားလပ်ကြပါဘူး။ “ငါဖုန်းခေါ်ရအုံးမယ် ၊ အလုပ်မှာ အဲဒီပုဂိ္ဂုလ်ကို အားပေးရအုံးမယ် ၊ အိမ်နီးချင်းကိုလည်း ကူညီရအုံးမယ်” ဆိုပြီး ဘယ်နှကြိမ်လောက် သင်တွေးထင်နေသနည်း။ သို့ပေမဲ့ အဲဒီအခွင့်အရေးတွေကို သင်လက်လွှတ်ရခြင်းသည် တစ်စုံတစ်ခု ပေါ်လာခဲ့ လို့လား။ ချစ်ခြင်းမေတ္တာသည် သူတစ်ပါးအတွက် အကျိုးဆောင်ရန်အခွင့်အရေးကို အသုံးချပါသည်။
(၄) ချစ်ခြင်းမေတ္တာသည် ကတိပေးခြင်းမျိုး ၊ ဝန်ခံခြင်းမျိုးဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။
ရှင်ယောဟန်ဩဝါပဌမစောင် ၄:၁၆ ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကိုငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရား သခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။ ဘုရားသခင်နှင့်အတူ မိသဟာရပြုခြင်းသည် တခြားသူတွေနှင့်ပြုသော ပေါင်းသင်းဆက်ဆံရေးကို ကြီးမားသော အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ချစ်ခြင်း မေတ္တာ၌ တည်ရန် ကျွန်ုပ်တို့ သစ္စာကတိပြပါလျှင် ဘုရားသခင်သည်နှင့်အတူ နှလုံးသားတွင် တစ်လုံးတစ်ဝ တည်းရှိကြလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်၏။
ဆင်ခြင်ရန်
-ဘုရားသခင်၏ချစ်ခြင်းဆိုင်ရာ မည်ကဲသို့သော အကျင့်လက္ခဏာအားဖြင့် သင်၏ပေါင်းသင်းဆက်ဆံရေးကို အကျိုးသက်ရောက်စေမည်နည်း။
-“စိတ်ခံစားချက်တွေကို သင်အမြဲတမ်းမထိန်းချုပ်နိုင်ပါ။ ဘုရားသခင်သည်လည်း သင့်အား အစွမ်း၊ တတ်စွမ်းမှုတွေ မပေးပါ။ ဘယ်တော့မှလည်း လုပ်ဆောင်ဖို့ အမိန့်မပေးပါ”။ ဤအမှန်တရားသည် သင်၏အခက်အခဲဖြစ်ချိန် (သို့) ခက်ခဲတဲ့ တစ်စုံတစ်ယောက်ကို မေတ္တာပြဖို့ သင်ကြိုးစားချိန်တွေမှာ မည်ကဲ့သို့ အားပေးမှုတွေ ပြုနိုင်ပါသနည်း။
-“ဘုရားသခင် နှင့် တစ်လုံးတစ်ဝတည်း” ဆိုသည်မှာ မည်သို့သော အဓိပ္ပါယ်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်