Two Steps Toward Knowing God’s Will
Unicode Version
ဘုရားသခင်၏ အလိုတော်ကိုသိဖို့ရန် အဆင့် (၂) မျိုး
ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၁:၅ “ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသော တရားစကား ဟူမူကား၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
ဘုရားသခင်၏ အလိုတော်ကို သိချင်ပါလျှင် အောက်ပါ အဆင့် () မျိုးဖြင့် သင်စတင်နိုင်ပါတယ်။
(၁) ဘုရားသခင်၏ လမ်းညွှန်ချက်ကို သင်လိုအပ်ကြောင်း ဝန်ခံပါ။
ဆာလံ ၂၅:၉ “နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။
အကယ်၍ သင်သည် ဘုရားသခင်၏ လမ်းညွှန်မှုကို တစ်ခါမှ မခံစားရပါလျှင် ဘုရားသခင်၏ လမ်းညွှန်ချက်ကို လိုအပ်တယ်လို့ သင်ဘယ်တော့မှ ဝန်မခံလို့ ဖြစ်ပါတယ်။ သင်သည် ဆုတောင်းခြင်းမပါဘဲ ဘာလုပ်ရမည်ကို သိရှိလို့ အလုပ်ကိုသွားပါတယ်။ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ၊ ခရီးသွားမည့် အစီအစဉ်တွေ ၊ အသက်မွေး ဝမ်းကျောင်းမရပ်တန့်ခင် ဆုံးဖြတ်မှုတွေကို အရင်တည်းက ဆုတောင်းဖို့ ရပ်တန့်ထားတယ်။ သင်က တစ်ကိုယ်ရေသမားဆိုလျှင် ဘုရားသခင်၏ လမ်းညွှန်မှုမပါဘဲ တစ်စုံတစ်ယောက်နှင့် ချိန်းတွေ့ကောင်း ချိန်း တွေ့ပါမည်။
သင်ကိုယ်သင် သိနားလည်တယ်လို့ သင်ထင်နေပါမည်။ သို့ပေမဲ့ သင်ရပ်တန့်ဖို့လိုနေပြီး ဘုရားသခင်၏ လမ်းညွှန်မှုကို သင်လိုအပ် တယ်လို့ သင်ဝန်ခံဖို့ရှိကောင်းရှိနေမည်။
(၂) ဘုရားသခင်၏ ဉီးတည်ရာကို သစ္စာတရား၌ တောင်လျှောက်ပါ။
ရှင်ယာကုပ်ဩဝါဒစာ ၁:၅-၆ “သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။ သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်း ရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ”
ဘုရားသခင်၏ ဉာဏ်ပညာကို သိရှိဖို့ရန် သော့ချက် () ခုရှိပါတယ်။ ပထမအနေဖြင့် မှန်ကန်သော သူဆီမှာ မေးဖို့လိုပါတယ်။ သူကတော့ ဘုရားသခင်ဖြစ်ပါတယ်။ သင်၏ ဆံသပြင်ပေးသူ စက်ပြင်သူ (သို့) ရေဒီယို ကြေငြာသူ တို့ကို မေးစရာမလိုပါ။ မှန်ကန်သောသူကိုသာ မေးပါ။
ဘုရားသခင်သည် သစ္စာတရားကိုဂုဏ်ပြုပါတယ်။ သင့်အသက်တာ နောက်တစ်ဆင့်အတွက် ဉာဏ်ပညာကိုလည်း ဘုရားသခင် ကတိပေးထားပါတယ်။
ဆင်ခြင်ရန်
- မကြာသော အချိန်ကာလတုန်းက သင်၏အသက်တာအတွက် မည်သို့သော ကြီးမားတဲ့ ဆုံဖြတ်ချက်ကို ပြုပါသနည်း။ အဲဒီအရာသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်ကို သင်မည်ကဲ့သို သိပါသနည်း။
-အလိုတော်ကို ပိုင်းခြားသိမြင်ဖို့ရန် အကူအညီလိုတဲ့အခါမှာ မည်သူ့ထံသို့ သင်သွားပါသနည်း။ အဲဒီပုဂိ္ဂုလ်က သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်နှင့် ဆုတောင်းချက်ပြုဖို့ ရန် မည်ကဲ့သို့ လမ်းညွှန်ပါသနည်း။
-သင့်အား မျှော်လင့်စွာဖြင့် ဆုတောင်းဖို့ရန် ဘုရားသခင် ဘာကြောင့်အလိုတော်ရှိပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင်၏ အလိုတော်ကို သိချင်ပါလျှင် အောက်ပါ အဆင့် (၂) မျိုးဖြင့် သင်စတင်နိုင်ပါတယ်။
ဆင်ခြင်ရန်