Take the Risk of Daring Faith
Unicode Version
ဆာလံ ၁၀၅:၄-၅ “ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။ စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း အောက်မေ့ကြလော့။”
ကျွန်ုပ်တို့နားလည်နိုင်တာထက် ကျော်လွန်နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့ အချိန်အခါတိုင်းမှာ ရွေးချယ်မှုတွေရှိကြပါတယ်။ ပြသနာကို အာရုံစိုက်ဖို့ (သို့) ကျွန်ုပ်တို့နှင့် အတူရှိမည် ၊ အောင်မြင်ခြင်းပေးမည် ဟု ကတိတော်ပေးခဲ့တဲ့ သခင်ခရစ်တော်ပေါ်မှာ အာရုံထားဖို့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ အာရုံပြုတဲ့အရာက ကြီးမားတဲ့ အကျိုးကိုတော့ ပေးပါလိမ့်မည်။
“ကာလက်” ၏အကြောင်းကို ကျွန်ုပ်စဉ်းစားမိပါတယ်။ သူသည် မောရှေအတွက် ကတိထားရာပြည်ကို စူးစမ်းဖို့အတွက် စေလွှတ်သော ကင်းထောက် ၁၂ ဉီးတွင် တစ်ဉီးဖြစ်ပါတယ်။ သူတို့ ပြန်ရောက်လာသည့်အခါ ကင်းထောက် ၁၀ ဉီးသည် မကောင်းသော သတင်းကို ပို့ခဲ့ပါတယ်။ “အဲဒီမှာ ရှိတဲ့သူတွေက အင်အားကြီးမားတယ်၊ မြို့ကြီးကလည်း ခိုင်ခံ့ကြီးမားတယ်။ သူတို့က ဘီလူးတွေလိုဖြစ်ပြီး ကျွန်ုပ်တို့က ကျိုင်းကောင်းကဲ့သို့ ဖြစ်နေပါတယ်။ ကျွန်ုပ်တို့ သူတို့မြို့ကို တိုက်ခိုက်ဖို့ ဝင်ပါလျှင် ပျက်စီးဆုံးရှုံးဖို့ သေချာပါသည်”။
ထွက်မြောက်ရာကျမ်း ၁၃:၃၂-၃၃ “သူတို့သည် ငါတို့ထက် သာ၍ အားကြီးကြသည် ဟူ၍၎င်း၊ ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ်၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ၏။”
သို့ပေမဲ့ “ကာလက်”က မတူညီတဲ့ သတင်းကို ပြောကြားပါတယ် “အဲဒီမှာ ရှိတဲ့သူတွေကို မကြောက်ပါနှင့်” လို့သူဆိုပါတယ်။ သူတို့သည် ကျွန်ုပ်တို့အတွက် အကူအညီမဲ့နေတဲ့ သားကောင်တွေဖြစ်ကြတယ်။ သူတို့မှာ အကာအကွယ်မရှိပါဘူး။ ငါတို့မှာ ဘုရားသခင်ရှိတယ်။ သူတို့တွေကို မကြောက်ကြနှင့်…..။”
ထွက်မြောက်ရာကျမ်း ၁၄:၉ “ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့ စား စရာဘို့ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရား သည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။သို့ပေမဲ့ လူတွေကို ဖြောင်းဖျလို့မရခဲ့ပါ။ ယုံကြည်ခြင်း၌ သတိ္တရှိစွာ အရဲစွန့်ဖို့ကို ငြင်းဆန်ကြတဲ့အခါမှာ တောထဲမှာဘဲ သူတို့ သေဆုံးခဲ့ကြပါတယ်။
သတိပြုပါ ၊ ကာလက် သည် မိမိကိုယ်ကို ယုံကြည်ခြင်းကို “ထာဝရဘုရား သည် ငါတို့ဘက်၌ ရှိတော်မူ၏။” ဆိုတဲ့ ဘုရားသခင်၏စကားတော်ကနေ ရရှိခဲ့တာဖြစ်ပါတယ်။ သူ၏ရဲရင့်မှုသည် ဘုရားသခင်အား နားလည်ခြင်းပေါ် အမှီပြုထားခြင်း ဖြစ်ပါတယ်။ အနှစ် ၄၀ ပတ်လုံး တောထဲ၌ လှည့်လည်သွားလာနေစဉ်ကာလပတ်လုံး သူသည် ဤအရာကို တစ်ခါမှ မျက်ခြည်မပျက်ခဲ့ပါ။ ကတိထားရာပြည်ကို နောက်ဆုံးရောက်သွားတဲ့အခါမှာ ပြသနာကင်းသော ချိုင့်ဝှမ်းဒေသအစား အာနကလူတွေရှိတဲ့ တောင်ပေါ်ဒေသကိုပေးရန် ယောရှုအား တောင်းဆိုပါတယ်။ သူ၏ခိုင်မာတဲ့ ယုံကြည်ခြင်းက “ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ ကို နှင်ထုတ်ခြင်းငှါ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။
ယောရှုမှတ်စာ ၁၄:၁၂ “သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အား ပေးပါ။ ဤတောင် ပေါ်မှာ အာနကလူရှိကြောင်းကို၎င်း၊ ကြီးမားခိုင်ခံ့သော မြို့တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထိုနေ့၌ ကိုယ်တော်သည် ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည် အတိုင်း ထိုသူတို့ ကို နှင်ထုတ်ခြင်းငှါ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။
တစ်ခြားသူတွေက အခက်အခဲ၊ အတားအဆီးတွေကို မြင်တဲ့အခါမှာ “ကာလက်” သည်အခွင့်အရေးကို မြင်ခဲ့ပါတယ်။ လူအများစုက စိတ်ဓါတ်ကျလာတဲ့အခါ “ကာလက်” ၏ယုံကြည်ခြင်းက သူကို ရှေ့ဆက်ဖို့ သတ္တိကို ပေးပါတယ်။
ကျွန်ုပ်တို့သည်လည်း စိတ်ဓါတ်ကျခြင်း ၊ အထီးကျန်ခြင်း နှင့် ကြောက်ရွံ့ခြင်းဖြင့် ရုန်းကန်ကြရပါတယ်။ ကျွန်ုပ်တို့ ဘယ်အရာကို အာရုံစိုက်မည်နည်း။ ခက်ခဲခြင်းအပေါ်တွင်လား (သို့) ဘုရားသခင်နှင့်အတူ ရှိခြင်းပေါ်တွင် လား။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်၏ သစ္စာတော်နှင့် ကောင်းမြတ်တော်မူသော လက္ခဏာတို့သည် ရဲ့ရင့်သော ယုံကြည်ခြင်းရှိဖို့ရန် လုံခြုံစိတ်ချမှုဖြစ်စေပါသည်။
အဖဘုရာအား ကိုစားယုံကြည်ချင်ပြီး အဖဘုရား၏ခွန်အားဖြင့် ရှေ့သို့ဆက်တိုးပြီး လျှောက်လှမ်းချင်ပါသည်။
---------------------------------------------------------------------------------
Zawgyi Version
(By Helen Lescheid)