Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ဟေရှာယအနာဂတ္တိကျမ်း ၄၀:၂၈-၃၁ “ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူ သော ဘုရားသခင်ဖြစ် ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင် အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင် သော ဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊
သင်သည် မသိမကြားဘူးသလော။ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြ လိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။”
အသက်တာ၏
အဆိုးဝါးဆုံးအချိန်တွေသည် သင့်ကို ပင်ပန်းနွမ်းနယ်စေပြီး တဖြည်းဖြည်း လုံးပါးပါးစေပါတယ်။
အသက်တာ၏ အမိုးပြိုကျတဲ့အချိန်မှာ သင်၌ မျှော်လင့်ချက်ကုန်ခမ်းစွာဖြင့် “အခု ဘာဖြစ်တာလဲ ၊ နောက်ဘာဖြစ်အုံးမှာလဲ၊ ငါတစ်ခုမှ မကိုင်တွယ်နိုင်တော့ဘူး”
လို့ ပြောကောင်း ပြောပါမည်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁:၈ တွင် တမန်တော်ရှင်ပေါလုက တူညီတဲ့ အမြင်တွေကို
ရေးသားဖော်ပြထားပါတယ်။ “ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော
အသက်မလွတ် နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို
သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။”
အထက်ပါကျမ်းပိုဒ်သည်
ရှင်ပေါလုအရှုံးပေးဖို့ရန် အဆင်သင့်ဖြစ်နေသလိုပင် ဖြစ်ပါတယ်။ သို့ပေမဲ့ နောက်ထပ် ဘာဖြစ်သလဲဆိုတာကို
ကြည့်လိုက်ပါ။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁:၉-၁၀ “ငါတို့သည်မိမိကိုယ်
ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း
သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏။ ၁၀ထိုဘုရားသခင်သည် ငါတို့ကိုထိုမျှ လောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။
ယခု၌ လည်း ကယ်လွှတ်တော်မူသေး၏။”
ဘုရားသခင်သည်
သေခြင်းကို ပြန်လည်ရှင်စေနိုင်တဲ့အတွက်ကြောင့် သူ့ကိုလည်း ကယ်တင်နိုင်မည်ကို ရှင်ပေါလု
သိခဲ့ပါတယ်။ အဲဒီအရာသည် သင့်အတွက်လည်း မှန်ကန်ပါတယ်။ သခင်ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေသော
တန်ခိုးတော်သည် သင့်အတွက်လည်း သုံးနိုင်ပါတယ်။
သခင်ခရစ်တော်သည်
ရှင်ပြန်ထမြောက်ခြင်းအဓိပ္ပါယ်သည် မျှော်လင့်ချက်ကင်းမဲ့တဲ့အခြေအနေတွေ ၊ ခက်ခဲလွန်းတဲ့
ပြသနာတွေ မရှိတော့ပါ။ သေသူတစ်ဉီးကို ဘုရားသခင် ကယ်တင်နိုင်တယ်ဆိုလျှင် သင်၏ကျန်းမာရေး
(သို့) အဆုံးသတ်နေတဲ့ အိမ်ထောင်ရေးကိုပါ ပြန်လည်ရှင်သန်ထမြောက်စေနိုင်ပါသည်။ အသစ်သော
အသက်တာကို သင်၏အသက်မွေးဝမ်းကျောင်းတွင် သွင်းပေးနိုင်သည်။
အဲဒီလို
တန်ခိုးမျိုးကို သင်မည်ကဲ့သို့ ရနိုင်မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်ကို သင့်အသက်တာထဲသို့
ဘုရားသခင် ဖြည့်သွင်းလိုက်တဲ့အချိန်မှာ သင်ရရှိပါမည်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁:၇ “သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော
မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို
ဆက်ဆံကြ၏ဟုငါတို့သည်သိကြ၏။”
ဘုရားသခင်၏
ဝိညာဉ်တော် သင့်အသက်ထဲကို ကိန်းအောင်းတဲ့အချိန်မှာ အသက်တာထဲမှာ ပထမဉီးဆုံးချိန်တွင်
သင့်ကိုယ်သင် စစ်မှန်စွာ ထိန်းချုပ်မှုရရှိသွားပါမည်။ အခြေအနေတွေ၏ တွန်းအားပေးမှု အောက်ကနေ
ကင်းလွှတ်သွားမည် ဖြစ်ပြီး သင်၏အခြေအနေတွေကို သင်ထိန်းချုပ်သွားနိုင်မည်။ သင့်အသက်တာရှိ
ကြိုးကိုင်စရာတွေ အားလုံးကို သင်၏စွမ်းအားဖြင့် မှီခိုစရာမလိုတော့ပါ။ ဘုရား၏ တန်ခိုးပေါ်မှာ
သင်တည်နေပါပြီး။
ဟေရှာယအနာဂတ္တိကျမ်း ၄၀:၂၈-၃၁ “ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူ သော ဘုရားသခင်ဖြစ် ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင် အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင် သော ဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊
သင်သည် မသိမကြားဘူးသလော။ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြ လိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။”
ဘုရားသခင်သည်
သစ္စာရှိသော ဘုရားဖြစ်၏။ သင်၌ မည်သို့ပင် ရင်ဆိုင်ရမှုတွေ ရှိပါစေ ဘုရားသခင်သည် သင့်အား
တာဝန်ယူပို့ဆောင်ပေးပါလိမ့်မည်။
ဆင်ခြင်ရန်
-
သင့်အသက်တာတွင် မည်သို့သော အခက်အခဲတွေက ယနေ့တွင် သင့်အား စိတ်ထိခိုက် ဒုက္ခရောက်စေရန်
ခြိမ်းခြောက်နေပါသနည်း။
-သင့်အသက်တာရှိ
မည်သို့သော အစိတ်အပိုင်းတွင် ပြန်လည်ရင်သန်လာစေရန် ဘုရား၏အကူအညီ လိုအပ်နေပါသနည်း။
-သန့်ရှင်းသော ဝိညာဉ်တော်ကို သင်မည်သို့ ခံစားရပါသနည်း။
သင်၏အခက်အခဲတွေကို ရင်ဆိုင်ဖို့ရန် သင်လိုအပ်သော စွမ်းအင်တန်ခိုးအတွက် သန့်ရှင်းသော
ဝိညာဉ်တော်ပေါ်တွင် သင်အမှီပြုပါသလား။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်