On Your Best Day and Your Worst Day, God Is with You

Unicode Version

ဆာလံ ၃၄:၁၈ “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။ 

အသက်တာသည် မမျှော်လင့်ထားတဲ့ အခြေအနေတွဖြင့် ပြည့်ဝနေပါတယ်။ အဲဒီအထဲမှာ မှ တစ်ချို့သော အရာတွေက သင့်နောက်ကျောကနေ အပြတ်ကို ထိခိုက်နာကျင်စေပါတယ်။ သင်၏ အသက်တာ ခေါင်မိုးပြိုကျ သလို ခံစားမှုတွေ ဖြစ်စေပါတယ်။

သင်၏ ကမ္ဘာလေးပြိုပျက်သွားတဲ့အချိန်မှာ သင်ဘာကို လုပ်ဆောင်ပါသနည်း။ ကြောက်စရာကောင်းတဲ့ ဖုန်းခေါ်ဆိုမှု ရောက်လာတဲ့အခါဖြစ်စေ၊ ကွာရှင်းစာချုပ်ရောက်လာတဲ့အခါဖြစ်စေ ၊ ဒေဝါလီခံခြင်းအမှု ဖွင့်ခံရတဲ့အခါဖြစ်စေ သင်ဘာကို လုပ်ဆောင်ပါမည်နည်း။

လူအများစု မေးလေ့မေးထရှိတဲ့ မေးခွန်းက “ဘယ်သူတာဝန်ယူမှာလဲ”။ သခင်ခရစ်တော် အသတ်ခံရပြီး နောက်တွင် တပည့်တော်တို့အချင်းချင်း တွေ့ဆုံကြပြီး ပြတင်းတံခါးတွေကို သော့ခတ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သခင်ခရစ်တော်ကို ကားတိုင်တင်သတ်ခဲ့တဲ့ ယုဒခေါင်းဆောင်တွေကို ကြောက်လို့ဖြစ် ပါတယ်။ တပည့်တော်တွေသည် အထီးကျန်သကဲ့သို့ ခံစားနေကြရပြီး ဤအဖြစ်အပျက်ကြောင့် သူတို့မှာ ကြောက်ရွံ့စွာ နေကြရပြီး အဆိုးဆုံးတွေကိုသာ မျှော်လင့်နေခဲ့ကြရပါတယ်။

သို့ပေမဲ့ အရာအားလုံးကို ပြောင်းလဲစေခဲ့တဲ့ တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၂၀:၁၉-၂၀ “ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများ ကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူ လျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ ၏။ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေး တော်ကိုပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။”

ခြားနားချက်တွေက ရုတ်တရက်ဖြစ်ခဲ့ပါတယ်။ သူတို့ကြားသို့ သခင်ခရစ်တော် ပေါ်လာခြင်းအရာက ကြောက်စိတ်ဝင်နေတဲ့ သူတို့တွေအားလုံးကို အားတက်စေခြင်းသို့ ပြောင်းလဲသွားစေခဲ့ပါတယ်။
သင့်အသက်တာ၏ အချိန်အခါသမယတိုင်းတွင် အကောင်းဆုံးအရာမှ အဆိုးဆုံးအရာတိုင်အောင် ဘုရားသခင်သည် သင့်နှင့်အတူရှိပါသည်။ သင့်ကို တာဝန်ယူသည်။ ဂရုစိုက်ပါသည်။ သင့်ကို ခက်ခဲစွာ တစ်ယောက်တည်း ဘယ်တော့မှ မဖြတ်သန်းစေပါ။ တကယ်တော့ သင်နာကျင်ခံစားရတဲ့အချိန်မှ ဘုရားသခင် အနီးကပ်ရှိတယ်ဆိုတာ ဘယ်တော့မှ မဟုတ်ပါ။

ဘုရားသခင် ဆိုထားသည်မှာ ဟေရှာယအနာဂတ္တိကျမ်း ၄၃:၂ “သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။

ယနေ့တွင် သင်နာကျင်ခံစားနေရပါသလား။ “ငါ့ကိုဘယ်သူဂရုစိုက်မှာလဲ ၊ တာဝန်ယူမှာလဲ” လို့သင်မေးနေပါသ လား။ ကူညီမည့်သူ တစ်ဉီးမှ မရှိမှာကို သင်ကြောက်နေပါသလား။ ဘုရားသခင် ဂရုစိုက်ပေးနေတယ်ဆိုတာကို သိပြီး ယနေ့တွင် သင်စိတ်ချနေနိုင်ပါပြီ။ ဘုရားသခင် သင့်ကို ဘယ်တော့မှ မထားခဲ့ပါ။ သင်နှင့်အတူ ယခုရှိနေပါသည်။ သင့်နှင့်အတူ အရင်အချိန်ကတည်းက ရှိနှင့်နေခဲ့ခြင်းဖြစ်တယ်။ သင်တစ်ဉီးတည်း မဟုတ်ပါ။

ဤအရာကို ယနေ့ပင် ယုံကြည်ပါ။ ပြီးတော့ သခင်ခရစ်တော် ယူတောင်လာတဲ့ ငြိမ်သက်ခြင်းကို တွေ့ကြုံခံစား လိုက်ပါ။

ဆင်ခြင်ရန်
-မည်သို့သော အချိန်တွင် သင်၏အသက်တာ ခေါင်မိုး ပြိုပျက်သွားတယ်လို့ ခံစားရပါသနည်း။ ဘုရားသခင်၏ တည်ရှိခြင်းကို သင်မည်ကဲ့သို့ ခံစားပါသနည်း။
-ဘုရား၏တည်ရှိနေခြင်းကို ဘယ်အချိန်မှာ ခံစားရဖို့ သင့်အတွက် လွယ်ကူပါသနည်း။ ဘယ်အချိန်မှာတော့ ခက်ခဲပါသနည်း။
- ဘုရားသခင်၏ တည်ရှိခြင်းကို သတိမူပြီး အသက်ရှင်နေထိုင်သောသူတစ်ဉီးဉီးကို သင်သိပါသလား။ ထိုသူသည် အသက်တာကို မည်သို့သော လက္ခဏာနှင့် ထူးခြားသော သွင်ပြင်လက္ခဏာ ဆောင်သည့် အလေ့အထ ရှိပါသနည်း။



--------------------------------------------------------------------------------



Zawgyi Version

ဆာလံ ၃၄:၁၈ “ထာဝရဘုရားသည္ က်ိဳးပဲ့ေသာစိတ္ရွိေသာ သူတို႔ႏွင့္ ႏွလုံးေၾကကြဲေသာသူတို႔ကို နီးေတာ္မူ၏။ ေနာင္တရွိ၍ စိတ္ႏွိမ့္ခ်ေသာသူတို႔ကိုလည္း ကယ္တင္ ေတာ္မူ၏။ ”

အသက္တာသည္ မေမွ်ာ္လင့္ထားတဲ့ အေျခအေနတြျဖင့္ ျပည့္ဝေနပါတယ္။ အဲဒီအထဲမွာ မွ တစ္ခ်ိဳ႕ေသာ အရာေတြက သင့္ေနာက္ေက်ာကေန အျပတ္ကို ထိခိုက္နာက်င္ေစပါတယ္။ သင္၏ အသက္တာ ေခါင္မိုးၿပိဳက် သလို ခံစားမႈေတြ ျဖစ္ေစပါတယ္။

သင္၏ ကမာၻေလးၿပိဳပ်က္သြားတဲ့အခ်ိန္မွာ သင္ဘာကို လုပ္ေဆာင္ပါသနည္း။ ေၾကာက္စရာေကာင္းတဲ့ ဖုန္းေခၚဆိုမႈ ေရာက္လာတဲ့အခါျဖစ္ေစ၊ ကြာရွင္းစာခ်ဳပ္ေရာက္လာတဲ့အခါျဖစ္ေစ ၊ ေဒဝါလီခံျခင္းအမႈ ဖြင့္ခံရတဲ့အခါျဖစ္ေစ သင္ဘာကို လုပ္ေဆာင္ပါမည္နည္း။

လူအမ်ားစု ေမးေလ့ေမးထရွိတဲ့ ေမးခြန္းက “ဘယ္သူတာဝန္ယူမွာလဲ”သခင္ခရစ္ေတာ္ အသတ္ခံရၿပီး ေနာက္တြင္ တပည့္ေတာ္တို႔အခ်င္းခ်င္း ေတြ႕ဆုံၾကၿပီး ျပတင္းတံခါးေတြကို ေသာ့ခတ္ခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သခင္ခရစ္ေတာ္ကို ကားတိုင္တင္သတ္ခဲ့တဲ့ ယုဒေခါင္းေဆာင္ေတြကို ေၾကာက္လို႔ျဖစ္ ပါတယ္။ တပည့္ေတာ္ေတြသည္ အထီးက်န္သကဲ့သို႔ ခံစားေနၾကရၿပီး ဤအျဖစ္အပ်က္ေၾကာင့္ သူတို႔မွာ ေၾကာက္႐ြံ႕စြာ ေနၾကရၿပီး အဆိုးဆုံးေတြကိုသာ ေမွ်ာ္လင့္ေနခဲ့ၾကရပါတယ္။

သို႔ေပမဲ့ အရာအားလုံးကို ေျပာင္းလဲေစခဲ့တဲ့ တစ္စုံတစ္ရာ ေပၚေပါက္လာခဲ့ပါတယ္။ 
ရွင္ေယာဟန္ခရစ္ဝင္ ၂၀:၁၉-၂၀ “ခုနစ္ရက္တြင္ ပဌမေန႔ရက္ျဖစ္ေသာ ထိုေန႔၌ ညအခ်ိန္ေရာက္ေသာအခါ၊ ယုဒလူတို႔ကိုေၾကာက္၍ တံခါးမ်ား ကိုပိတ္ထားလ်က္၊ တပည့္ေတာ္တို႔သည္ စည္းေဝးၾကေသာအရပ္သို႔ ေယရႈသည္ႂကြလာ၍ အလယ္မွာ ရပ္ေတာ္မူ လ်က္၊ သင္တို႔၌ ၿငိမ္သက္ျခင္းရွိေစတည္းဟု မိန္႔ေတာ္မူ ၏။ ထိုသို႔မိန္႔ေတာ္မူၿပီးမွ လက္ေတာ္ႏွင့္နံေဖး ေတာ္ကိုျပေတာ္မူ၏။ တပည့္ေတာ္တို႔သည္ သခင္ကိုျမင္လွ်င္ ဝမ္းေျမာက္ျခင္းရွိၾက၏။”

ျခားနားခ်က္ေတြက ႐ုတ္တရက္ျဖစ္ခဲ့ပါတယ္။ သူတို႔ၾကားသို႔ သခင္ခရစ္ေတာ္ ေပၚလာျခင္းအရာက ေၾကာက္စိတ္ဝင္ေနတဲ့ သူတို႔ေတြအားလုံးကို အားတက္ေစျခင္းသို႔ ေျပာင္းလဲသြားေစခဲ့ပါတယ္။
သင့္အသက္တာ၏ အခ်ိန္အခါသမယတိုင္းတြင္ အေကာင္းဆုံးအရာမွ အဆိုးဆုံးအရာတိုင္ေအာင္ ဘုရားသခင္သည္ သင့္ႏွင့္အတူရွိပါသည္။ သင့္ကို တာဝန္ယူသည္။ ဂ႐ုစိုက္ပါသည္။ သင့္ကို ခက္ခဲစြာ တစ္ေယာက္တည္း ဘယ္ေတာ့မွ မျဖတ္သန္းေစပါ။ တကယ္ေတာ့ သင္နာက်င္ခံစားရတဲ့အခ်ိန္မွ ဘုရားသခင္ အနီးကပ္ရွိတယ္ဆိုတာ ဘယ္ေတာ့မွ မဟုတ္ပါ။ 

ဘုရားသခင္ ဆိုထားသည္မွာ ေဟရွာယအနာဂတၱိက်မ္း ၄၃:၂ “သင္သည္ ေရကို ေရွာက္သြားေသာအခါ၊ သင္ႏွင့္အတူ ငါရွိ၏။ ျမစ္တို႔ကို ေရွာက္သြားေသာအခါ၊ မနစ္မမြန္းရ။ မီးကို ခ်င္းနင္းေသာအခါလည္း မေလာင္ ရ။ မီးလွ်ံလည္း မညိရ။”

ယေန႔တြင္ သင္နာက်င္ခံစားေနရပါသလား။ “ငါ့ကိုဘယ္သူဂ႐ုစိုက္မွာလဲ ၊ တာဝန္ယူမွာလဲ” လို႔သင္ေမးေနပါသ လား။ ကူညီမည့္သူ တစ္ဉီးမွ မရွိမွာကို သင္ေၾကာက္ေနပါသလား။ ဘုရားသခင္ ဂ႐ုစိုက္ေပးေနတယ္ဆိုတာကို သိၿပီး ယေန႔တြင္ သင္စိတ္ခ်ေနႏိုင္ပါၿပီ။ ဘုရားသခင္ သင့္ကို ဘယ္ေတာ့မွ မထားခဲ့ပါ။ သင္ႏွင့္အတူ ယခုရွိေနပါသည္။ သင့္ႏွင့္အတူ အရင္အခ်ိန္ကတည္းက ရွိႏွင့္ေနခဲ့ျခင္းျဖစ္တယ္။ သင္တစ္ဉီးတည္း မဟုတ္ပါ။

ဤအရာကို ယေန႔ပင္ ယုံၾကည္ပါ။ ၿပီးေတာ့ သခင္ခရစ္ေတာ္ ယူေတာင္လာတဲ့ ၿငိမ္သက္ျခင္းကို ေတြ႕ႀကဳံခံစား လိုက္ပါ။

ဆင္ျခင္ရန္
-မည္သို႔ေသာ အခ်ိန္တြင္ သင္၏အသက္တာ ေခါင္မိုး ၿပိဳပ်က္သြားတယ္လို႔ ခံစားရပါသနည္း။ ဘုရားသခင္၏ တည္ရွိျခင္းကို သင္မည္ကဲ့သို႔ ခံစားပါသနည္း။
-ဘုရား၏တည္ရွိေနျခင္းကို ဘယ္အခ်ိန္မွာ ခံစားရဖို႔ သင့္အတြက္ လြယ္ကူပါသနည္း။ ဘယ္အခ်ိန္မွာေတာ့ ခက္ခဲပါသနည္း။
- ဘုရားသခင္၏ တည္ရွိျခင္းကို သတိမူၿပီး အသက္ရွင္ေနထိုင္ေသာသူတစ္ဉီးဉီးကို သင္သိပါသလား။ ထိုသူသည္ အသက္တာကို မည္သို႔ေသာ လကၡဏာႏွင့္ ထူးျခားေသာ သြင္ျပင္လကၡဏာ ေဆာင္သည့္ အေလ့အထ ရွိပါသနည္း။