Living in Freedom Makes You Confident Even in Death
Unicode Version
လွှတ်လပ်ခြင်း၌ အသက်ရှင်ခြင်းသည် သေခြင်းတရားနှင့်တွေ့သည့်တိုင် သင့်ကိုယ်သင် ယုံကြည်စိတ်ချမှု ဖြစ်စေသည်
တိမောသောဩဝါဒစာ ဒုတိယစောင် ၁:၇ “အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။
သေခြင်းတရားအကြောင်းကို လူတွေ ပြောချင်စိတ် မရှိကြခြင်းသည် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောဖြစ်ပြီး ကြောက်ရွံ့ခြင်းတွေရှိကြလို့ ဖြစ်ပါတယ်။ သေခြင်း၏ အလွန်တွင် မည်သို့သော အရာတွေနှင့် ပတ်သက်ပြီး သူတို့တွေ မသေချာသောကြောင့် ဖြစ်ပါတယ်။ ဘုရားနှင့် သိကျွမ်းခြင်းအရာ၌ မသေချာခြင်းကနေ အဲဒီကြောက်ရွံ့ ခြင်းတွေက ဖြစ်ပေါ်လာပါတယ်။
သို့ပေမဲ့ သေခြင်းတရားဆိုတာ ဧကန်ဖြစ်မဲ့အရာ ဖြစ်ပါတယ်။ သေချာကို လာပါတယ်။ ရုတ်တရက်လည်း မကြာမကြာဆိုသလို ရောက်လာပါတယ်။ ဟေဗြဲဩဝါဒစာ ၉:၂၇ “လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့ …၊ 
ဧကန်အမှန်ဖြစ်ပျက်လာမည့် တစ်စုံတစ်ခုအတွက် အသက်ရှင်စဉ်ကာလမှာ မပြင်ဆင်ထားခြင်းသည် ရူးမိုက်သလို ဖြစ်မနေဘူးလား။ သေခြင်းတရားနောက်မှာ ဖြစ်လာခြင်းအရာတွေပေါ်မှာ သင့်ကိုယ်သင် ယုံကြည်စိတ်ချမှု ရှိတဲ့အခါမှာ အသက်တာသည် အလွန်တရာပင် ပျော်ရွှင်ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ သေခြင်းတရားကို ကြောက်ဖို့ရန် ဘုရားသခင် အလိုတော်မရှိပါ။ အဲဒီကြောက်ရွံ့ခြင်းကနေ လွှတ်မြောက်ဖို့ရန် သူအလိုတော်ရှိပါတယ်။ သူဘယ်လို လုပ်ပါသလဲ။ သေဆုံးသွားတဲ့အခါမှာ သင်သည် အနေအထားတစ်ခုသို့ ပြောင်းရွေ့ခြင်းဖြစ်ကြောင်းကို ဘုရားသခင်သင့်ကို ကောင်းစွာ သိရှိလာစေဖို့ရန် ခွင့်ပြုပါလိမ့်မည်။ သေဆုံးခြင်းအလွန်က ဖြစ်ပျက်လာမည့်အရာတွေကို သင်သိတဲ့အခါမှာ လောကအသက်ရှင်ခြင်းမှာ ဖိအား မဖြစ်စေတော့ပါ။
တိမောသောဩဝါဒစာ ဒုတိယစောင် ၁:၇ “အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။
ယနေ့မှာ သင့်ကို မည်သိုသောအရာက ကျွန်ပြုနေပါသနည်း။ ဘာဘဲဖြစ်ပါစေ ဘုရားသခင်နှင့် အဲဒီအရာကို အတူထားလို့မရပါ။ ဘုရားသခင်သည် သင့်အသက်တာအတွက် ကောင်းမွန်သော အသက်ရှင်ခြင်းဖြစ်ဖို့ရန် သခင်ခရစ်တော်အား အပြစ်တွေဆေးကြောဖို့ရန် ဤလောကသို့ စေလွှတ်ခဲ့ပါတယ်။ ဒါသည် စစ်မှန်တဲ့ လွှတ်မြောက်ခြင်း ဖြစ်ပါတယ်။ ဒါသည် သတင်းကောင်းဖြစ်ပါတယ်။
သင်၏အသက်တာ၌ သခင်ခရစ်တော်ကို လက်ခံဖို့ရန် ကျွန်ုပ်တိုက်တွန်းပါရစေ။ ယနေ့ညတွင် သင်သေဆုံးနိုင်တဲ့ အတွက်ကြောင့်မဟုတ်ပါ။ သို့ပေမဲ့ မနက်ဖြန်ဆိုတဲ့ နေ့ရက်မှာ အသက်ရှင်ရမည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ကားတိုင်ပေါ်မှာ သခင်ခရစ်တော် လုပ်ဆောင်ခဲ့တဲ့အရာသည် စစ်မှန်သော လွှတ်မြောက်ခြင်း ကို ပေးပါသည်။
ဆင်ခြင်ရန်
-သေခြင်းတရားကို သင်မည်ကဲ့သို့ သော ခံစားချက်ရှိပါသနည်း။
-သေခြင်းတရားကို မကြောက်မရွံ့ ရင်ဆိုင်ခဲ့တဲ့ တစ်စုံတစ်ဉီး ကို သင်ကြည့်ဖူးပါသလား။ အဲဒီပုဂိ္ဂုလ်သည် ငြိမ်သက်ခြင်းကို ဘယ်မှာ ရှာဖွေတွေ့ရှိခဲ့ပါသနည်း။
- သခင်ခရစ်တော်ပေးတဲ့ လွှတ်မြောက်ခြင်း၌ သင်စစ်မှန်စွာ အသက်ရှင်တယ်ဆိုလျှင် သင့်အသက်တာသည် မည်ကဲ့သို့ ထူးခြားစေမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်