Unicode Version
-----------------------------------------------------------------------------
Zawgyi Version
ဘဝသည် ပြီးမြောက်အောင်ခြင်ခြင်းမဟုတ် ပေါင်းသင်းဆက်ဆံရေးဖြစ်ပါတယ်။
ကောရိန္သုပဌမစောင် ၁၃:၃ “သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊
ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။”
ဘဝအသက်တာမှာ
မည်သို့သောအရာက အရေးကြီးဆုံးဖြစ်သလဲဆိုတာကို သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားကြောင်းကို
ကျွန်ုပ်တို့ မနေ့က လေ့လာခဲ့ပြီးဖြစ်ပါတယ်။ ဂလာတိ ၅:၆ “ယေရှုခရစ်တော်၌ … မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။”
အသက်တာမှာ
ချစ်ခြင်းမေတ္တာဖြင့် သင် အသက်မရှင်ပါလျှင် သင်ပြောဆိုသမျှတွေ
၊ သင်သိထားသမျှတွေ ၊ သင်ယုံကြည်သမျှတွေ နှင့် သင်ပေးကမ်းသမျှတွေသည်
အရေမကြီး ၊ အရာမရောက်တော့ပါ။
နောက်ဆုံးမှာ
ချစ်ခြင်းမေတ္တာဖြင့် အသက်မရှင်သည့်အခါ သင်ပြီးမြောက်အောင် လုပ်ဆောင်သမျှတို့သည် အရာမထင်ခြင်းတွေ
၊ အကျိုးမဖြစ်ခြင်းတွေ ဖြစ်ပါလိမ့်မည်။
လူတွေ၏ ကိုယ်ရေးကိုယ်တာ
အောင်မြင်မှုစရင်းတွေ မယုံနိုင်လောက်အောင် တိုးတက်နေတာကို သင်တွေ့မြင် နိုင်သည်။ “Fortune” မဂ္ဂဇင်းမျက်နှာဖုံးတွင် သင်၏ဓါတ်ပုံပါခွင့် ပြုနိုင်ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးဆုကိုလည်း သင်ရယူနိုင်တယ်။ သင်၌ ကြီးမားသော အောင်မြင်မှုတွေ ပြုနိုင်တယ်။
ယခုနှစ်၏ စီးပွားရေး စွမ်းဆောင်ရှင်အဖြစ် ဒေါ်လာဘီလီယံပေါင်းများစွာသော ကုမ္ပဏီတစ်ခုတည်ထောင်ခြင်း
၊ သင်၏ကြိုးပမ်းမှု နယ်ပယ်တွင် မယုံနိုင် လောက်အောင် အောင်မြင်မှုများရှိနိုင်သည်။
သိုပေမဲ့ သမ္မာကျမ်းစာက ဆိုထားသည်မှာ သင်၌ ချစ်ခြင်းမေတ္တာ မရှိလျှင် များစွာ တန်ဖိုးမရှိပါ။
သမ္မာကျမ်းစာတွင် ဘုရားသခင်ပြောထားသည်မှာ ပြီးမြောက်အောင် လုပ်ဆောင် သောအရာတွေထက် ပေါင်းသင်းဆက်ဆံရေးသည်သာ
ပိုပြီး အရေးကြီးဆုံးဖြစ်ပါတယ်။
ဘဝသည် ပြီးမြောက်အောင်ခြင်ခြင်းမဟုတ် ပေါင်းသင်းဆက်ဆံရေးဖြစ်ပါတယ်။
အဟောအပြောကောင်းသူ
၊ အံ့ဖွယ် အသိပညာရှိသူ ၊ ထူးခြားတဲ့အလုပ်တွေမှာ ယုံကြည်ရတဲ့သူ ၊ ရက်ရောသော ပရဟိတ အလှူရှင်
နှင့် စူပါစတားကဲ့သို့ အောင်မြင်မှုတွေ သင့်မှာရှိနိုင်ပါတယ်။ သို့ပေမဲ့ သင်၏နှလုံးသားတွင်
ချစ်ခြင်းမေတ္တာ မပါလျှင် သုည “ဝ” ဆိုသော တန်ဖိုးသာ ရှိမည်။ ရေတွက်လို့မရပါ။ ဘုရားသခင်အတွက်
အရေး ကြီးဆုံးသော တစ်ခုတည်းသောအရာမှာ “သင် သူ့ကို ချစ်ပါသလား။ သူတစ်ပါးကိုရော ချစ်ပါသလား”။
တစ်နေ့မှာ သင်သေသွားတဲ့အခါ ဘုရားသခင်ရှေ့မှာ တွေ့ရဖို့ရှိပါတယ်။ သင်၏အသက်တာကို
ဘုရားသခင် အကဲဖြတ်တဲ့အခါမှာ သင်၏ ဘဏ်ငွေစာရင်း (သို့) သင်၏ ပြီးမြောက်ဆောင်ရွက်မှု
(သို့) သင်၏အဆင့်ဆင့်ဖြစ် တည်မှု တွေကို ကြည့်မှာ မဟုတ်ပါ။ သင်၏အားကစား ဆုလဒ်တွေကိုလည်း
ဂရုမစိုက်ပါ။ သင်၏ထောက်ခံချက် တွေ (သို့) လုပ်ဆောင်မှုများကိုလည်း မကြည့်ပါ။
ဘုရားသခင်က
သင့်အသက်တာ၏ တစ်ခုသော အခြေခံဖြစ်မည့်အရာကိုသာ အကဲဖြတ်ပါမည်။ သင်၏ ပေါင်းသင်းဆက်ဆံ ရေးကိုပေါ့။
“ငါ့အားမည်မျှ ချစ်သနည်း ၊ တခြားသူတွေကိုရော မည်မျှ ချစ်သနည်း”
လို့ သင့်အား မေးဖို့ရှိပါတယ်။ ဒါကို ကြီးမြတ်တဲ့ ကျင့်ဝတ်သီလတစ်ခုလို့ ခေါ်ပါတယ်။
ဘုရားသခင်အား သင်၏စိတ်နှလုံးဖြင့် အကြွင်းမဲ့ ချစ်ပါသလား။ သင့်ကိုယ်သင်ချစ်သည်အတိုင်း
သင်၏အိမ်နီးချင်းတွေကို ရော ချစ်ပါသလား။
ဒါကြောင့်လည်း
တမန်တော်ရှင်ပေါလုက ယုံကြည်ခြင်းအားဖြင့်သာ ချစ်ခြင်းမေတ္တာကို ဖော်ကျူးနိုင်သည်ဟု
ကျွန်ုပ်တို့ကို သွန်သင်ထားပါသည်။ ဂလာတိ ၅:၆ “ယေရှုခရစ်တော်၌ … မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။”
ဆင်ခြင်ရန်
-ယနေ့တွင်
သင်သေဆုံးပြီး ဘုရားသခင်ရှေ့တွင် ရပ်ရမည်ဆိုလျှင် ဘုရားသခင်နှင့် တစ်ခြားသောသူတွေကို
ချစ်ခြင်းမေတ္တာရှိခဲ့ကြောင်းကို မည်ကဲ့သို့ပြောနိုင်မည်နည်း?
-သင်၏ပတ်ဝန်းကျင်ရှိလူတွေကို
ချစ်တတ်ဖို့ရန် သင်၏အလုပ်တွင် ဘုရားသခင် မည်ကဲ့သို့ အခွင့်အရေး ပေးထားပါသနည်း။
-ဘုရားသခင်နှင့်
တခြားသော သူတွေကို ပိုမိုချစ်လာစေရန် လေ့လာခြင်းဖြင့် အသက်တာကို နေထိုင်သွားရန် ဘုရားသခင်
အလိုတော်ရှိတယ်ဆိုတာကို သင်ဘာကြောင့်လို့ ထင်မြင်သနည်း။
Zawgyi Version
ဘဝသည္ ၿပီးေျမာက္ေအာင္ျခင္ျခင္းမဟုတ္ ေပါင္းသင္းဆက္ဆံေရးျဖစ္ပါတယ္။
ေကာရိႏ္သဳပဌမေစာင္ ၁၃:၃ “သူတပါးကို ငါေကြၽးေမြး၍ ဥစၥာရွိသမွ်ကို စြန္႔ႀကဲသည္သာမက၊ ကိုယ္ခႏၶာကို မီးရႈိ႕ေစျခင္းငွါ အပ္ေသာ္လည္း၊ ေမတၱာမရွိလွ်င္၊ ငါ၌အက်ိဳးမရွိ။”
ဘဝအသက္တာမွာ မည္သို႔ေသာအရာက အေရးႀကီးဆုံးျဖစ္သလဲဆိုတာကို သမၼာက်မ္းစာက ရွင္းလင္းစြာ ေဖာ္ျပထားေၾကာင္းကို ကြၽႏ္ုပ္တို႔ မေန႔က ေလ့လာခဲ့ၿပီးျဖစ္ပါတယ္။ ဂလာတိ ၅:၆ “ေယရႈခရစ္ေတာ္၌ … ေမတၱာအားျဖင့္ ျပဳျပင္တတ္ေသာ ယုံၾကည္ျခင္းသာ အက်ိဳးရွိ၏။”
အသက္တာမွာ ခ်စ္ျခင္းေမတၱာျဖင့္ သင္ အသက္မရွင္ပါလွ်င္ သင္ေျပာဆိုသမွ်ေတြ ၊ သင္သိထားသမွ်ေတြ ၊ သင္ယုံၾကည္သမွ်ေတြ ႏွင့္ သင္ေပးကမ္းသမွ်ေတြသည္ အေရမႀကီး ၊ အရာမေရာက္ေတာ့ပါ။
ေနာက္ဆုံးမွာ ခ်စ္ျခင္းေမတၱာျဖင့္ အသက္မရွင္သည့္အခါ သင္ၿပီးေျမာက္ေအာင္ လုပ္ေဆာင္သမွ်တို႔သည္ အရာမထင္ျခင္းေတြ ၊ အက်ိဳးမျဖစ္ျခင္းေတြ ျဖစ္ပါလိမ့္မည္။
လူေတြ၏ ကိုယ္ေရးကိုယ္တာ ေအာင္ျမင္မႈစရင္းေတြ မယုံႏိုင္ေလာက္ေအာင္ တိုးတက္ေနတာကို သင္ေတြ႕ျမင္ ႏိုင္သည္။ “Fortune” မဂၢဇင္းမ်က္ႏွာဖုံးတြင္ သင္၏ဓါတ္ပုံပါခြင့္ ျပဳႏိုင္ပါသည္။ ကမာၻ႔ၿငိမ္းခ်မ္းေရးဆုကိုလည္း သင္ရယူႏိုင္တယ္။ သင္၌ ႀကီးမားေသာ ေအာင္ျမင္မႈေတြ ျပဳႏိုင္တယ္။ ယခုႏွစ္၏ စီးပြားေရး စြမ္းေဆာင္ရွင္အျဖစ္ ေဒၚလာဘီလီယံေပါင္းမ်ားစြာေသာ ကုမၸဏီတစ္ခုတည္ေထာင္ျခင္း ၊ သင္၏ႀကိဳးပမ္းမႈ နယ္ပယ္တြင္ မယုံႏိုင္ ေလာက္ေအာင္ ေအာင္ျမင္မႈမ်ားရွိႏိုင္သည္။ သိုေပမဲ့ သမၼာက်မ္းစာက ဆိုထားသည္မွာ သင္၌ ခ်စ္ျခင္းေမတၱာ မရွိလွ်င္ မ်ားစြာ တန္ဖိုးမရွိပါ။ သမၼာက်မ္းစာတြင္ ဘုရားသခင္ေျပာထားသည္မွာ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ ေသာအရာေတြထက္ ေပါင္းသင္းဆက္ဆံေရးသည္သာ ပိုၿပီး အေရးႀကီးဆုံးျဖစ္ပါတယ္။
ဘဝသည္ ၿပီးေျမာက္ေအာင္ျခင္ျခင္းမဟုတ္ ေပါင္းသင္းဆက္ဆံေရးျဖစ္ပါတယ္။
အေဟာအေျပာေကာင္းသူ ၊ အံ့ဖြယ္ အသိပညာရွိသူ ၊ ထူးျခားတဲ့အလုပ္ေတြမွာ ယုံၾကည္ရတဲ့သူ ၊ ရက္ေရာေသာ ပရဟိတ အလႉရွင္ ႏွင့္ စူပါစတားကဲ့သို႔ ေအာင္ျမင္မႈေတြ သင့္မွာရွိႏိုင္ပါတယ္။ သို႔ေပမဲ့ သင္၏ႏွလုံးသားတြင္ ခ်စ္ျခင္းေမတၱာ မပါလွ်င္ သုည “ဝ” ဆိုေသာ တန္ဖိုးသာ ရွိမည္။ ေရတြက္လို႔မရပါ။ ဘုရားသခင္အတြက္ အေရး ႀကီးဆုံးေသာ တစ္ခုတည္းေသာအရာမွာ “သင္ သူ႔ကို ခ်စ္ပါသလား။ သူတစ္ပါးကိုေရာ ခ်စ္ပါသလား”။
တစ္ေန႔မွာ သင္ေသသြားတဲ့အခါ ဘုရားသခင္ေရွ႕မွာ ေတြ႕ရဖို႔ရွိပါတယ္။ သင္၏အသက္တာကို ဘုရားသခင္ အကဲျဖတ္တဲ့အခါမွာ သင္၏ ဘဏ္ေငြစာရင္း (သို႔) သင္၏ ၿပီးေျမာက္ေဆာင္႐ြက္မႈ (သို႔) သင္၏အဆင့္ဆင့္ျဖစ္ တည္မႈ ေတြကို ၾကည့္မွာ မဟုတ္ပါ။ သင္၏အားကစား ဆုလဒ္ေတြကိုလည္း ဂ႐ုမစိုက္ပါ။ သင္၏ေထာက္ခံခ်က္ ေတြ (သို႔) လုပ္ေဆာင္မႈမ်ားကိုလည္း မၾကည့္ပါ။
ဘုရားသခင္က သင့္အသက္တာ၏ တစ္ခုေသာ အေျခခံျဖစ္မည့္အရာကိုသာ အကဲျဖတ္ပါမည္။ သင္၏ ေပါင္းသင္းဆက္ဆံ ေရးကိုေပါ့။ “ငါ့အားမည္မွ် ခ်စ္သနည္း ၊ တျခားသူေတြကိုေရာ မည္မွ် ခ်စ္သနည္း” လို႔ သင့္အား ေမးဖို႔ရွိပါတယ္။ ဒါကို ႀကီးျမတ္တဲ့ က်င့္ဝတ္သီလတစ္ခုလို႔ ေခၚပါတယ္။ ဘုရားသခင္အား သင္၏စိတ္ႏွလုံးျဖင့္ အႂကြင္းမဲ့ ခ်စ္ပါသလား။ သင့္ကိုယ္သင္ခ်စ္သည္အတိုင္း သင္၏အိမ္နီးခ်င္းေတြကို ေရာ ခ်စ္ပါသလား။
ဒါေၾကာင့္လည္း တမန္ေတာ္ရွင္ေပါလုက ယုံၾကည္ျခင္းအားျဖင့္သာ ခ်စ္ျခင္းေမတၱာကို ေဖာ္က်ဴးႏိုင္သည္ဟု ကြၽႏ္ုပ္တို႔ကို သြန္သင္ထားပါသည္။ ဂလာတိ ၅:၆ “ေယရႈခရစ္ေတာ္၌ … ေမတၱာအားျဖင့္ ျပဳျပင္တတ္ေသာ ယုံၾကည္ျခင္းသာ အက်ိဳးရွိ၏။”
ဆင္ျခင္ရန္
-ယေန႔တြင္ သင္ေသဆုံးၿပီး ဘုရားသခင္ေရွ႕တြင္ ရပ္ရမည္ဆိုလွ်င္ ဘုရားသခင္ႏွင့္ တစ္ျခားေသာသူေတြကို ခ်စ္ျခင္းေမတၱာရွိခဲ့ေၾကာင္းကို မည္ကဲ့သို႔ေျပာႏိုင္မည္နည္း?
-သင္၏ပတ္ဝန္းက်င္ရွိလူေတြကို ခ်စ္တတ္ဖို႔ရန္ သင္၏အလုပ္တြင္ ဘုရားသခင္ မည္ကဲ့သို႔ အခြင့္အေရး ေပးထားပါသနည္း။
-ဘုရားသခင္ႏွင့္ တျခားေသာ သူေတြကို ပိုမိုခ်စ္လာေစရန္ ေလ့လာျခင္းျဖင့္ အသက္တာကို ေနထိုင္သြားရန္ ဘုရားသခင္ အလိုေတာ္ရွိတယ္ဆိုတာကို သင္ဘာေၾကာင့္လို႔ ထင္ျမင္သနည္း။