It's time to face the truth
Unicode Version
အမှန်တရားကိုရင်ဆိုင်ဖို့အချိန်ဖြစ်တယ်
ရှင်ယောဟန်ခရစ်ဝင် ပဌမစောင် ၁:၈ "ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြား ကြ၏။ ငါတို့၌သစ္စာတရားမရှိ"
ဒုစရိုက်ပြုခြင်းအမှုတွင် မိမိကိုယ်ကိုလိမ်လည်လှည့်စားခြင်းသည် အမြဲတမ်းပါဝင်ပါသည်။ ဒုစရိုက်အပြစ် ကို သင်ပြုသောအချိန်သည် သင့်ကိုယ်သင် လှည့်စားနေခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘုရားသခင် သင့်ကိုလုပ်ဆောင်ဖို့ ပြောထားပြီးသားအရာထက် သင်လုပ်ဆောင်သောအရာက ပိုပြီး ကောင်းတဲ့ အကျိုးရလဒ်ကို အမှန်တကယ် ဖြစစေလိမ့်မည်လို့ သင်တွေးထင်နေလို့ ဖြစ်ပါတယ်။
သင့်ကိုယ်သင်ကျရှုံးခြင်းများမှ ရပ်တန့်ဖို့ရန် သင့်ကိုယ်သင်လှည့်စားနေတာတေွကို ရပ်တန့်သင့်ပါတယ်။ ဖြစ်လာမည့်အရာတွေကို ကိုင်တွယ်ဖြေရှင်းခြင်း၊ အမှန်တရားကို ရင်ဆိုင်ခြင်းနှင့် သင့်အသက်တာကို ရှုမြင်ဖို့ရန် ရိုးသားဖြောင့်မတ်မှုကို ယူဆောင်ဖို့လိုအပ်ပါတယ်။ ပြသနာမဟုတ်ပါဘူး (သို့ငါစွဲလမ်းနေ တာမဟုတ်ဘူး လို့ သင့်အသက်တာမှာ သင်ဟန်ဆောင်နေရတဲ့ အရာတွေက ဘာတွေလဲ။ သင်ပြော နေတဲ့ "ဒါကအရေးကြီးကိစ္စမဟုတ်ဘူးဆိုတာ မည်သို့သောအရာဖြစ်သနည်း။ 
သင်ဘိန်းရှူနေတာဘဲဖြစ်ဖြစ်၊ကာမစိတ်ဖြစ်စေသာ စာအုပ်နှင့် အပေါစား အမှိုက်သရိုက် ဝတ္တုများကို ဖတ်ခြင်းတွေသည် အမှန်တကယ် အရေးကြီးသောကိစ္စမဟုတပေမဲ့ သင်၏နာကျင်မှု (သို့အပြစ်ပြုခြင်း တွေွမှ လွတ်မြောက်ဖို့ရန် အဲဒီအရာအားလုံး ကို  ကြိုးစားပြီး သင်အသုံးပြုနေတယ်။ သို့ပေမဲ့ သင်၏ပြသ နာအကြောင်းရင်းကို ဦးစွာအသိအမှတ်မပြု၊ ဝန်ခံခြင်းမရှိသရွေ့ သင်သက်သာ ပျောက်ကင်း မှု ရရှိမည် မဟုတ်ပါ။
သင်အမှန်အကန် ပြောင်းလဲခြင်း မတိုင်ခင်မှာ ကျောက်ခဲ၏ အောက်ခြေကိုရိုက်ခတ်ဖို့ မလိုပါ။ ပျက်စီးရာပျက်စီးကြောင်း နည်းလမ်းတွေွအတိုင်း သွားဖို့မလိုပါ။ ဖြစ်ပျက်လာခြင်း၏ အေကြာင်းရင်းကို ဝန်ခံခြင်းပြုပြီးနောက်တွင် အဲဒီအရာကို သင်ကိုင်တွယ်နိုင်ပါသည်။ 
"သင်ကြုံတွေ့နေရတဲ့ အကြီးမားဆုံးပြသနာကဘာလဲလို့ မေးတဲ့အခါ အသင်းတော်အကြံပေးပုဂ္ဂိုလ်က ထပ်ခါထပ်ခါပင် ပြန်ပြောသည်မှာ "အကူအညီမ မတောင်းခံခင်မှာ လူတွေအကြာကြီး စောင့်ဆိုင်းနေ ခဲ့ကြတယ်။ ပြန်လှည့်ဖို့ရန်လည်း မဖြစ်နိုင်ကတော့ပါ။ လူတော်တော်များများ ပြသနာနဲ့ပတ်သက်ပြီး ငြင်းပယ်ကြပါတယ်။နောက်ကျတဲ့အထိကို စောင့်နေတတ်ကြတယ်။ ပြီးတော့မလိုအပ်တဲ့ နာကျင်မှုတွေ ကို ဖြတ်သန်းရင်ဆိုင်ကြပါတယ်။ 
ရှင်ယောဟန်ခရစ်ဝင် ပဌမစောင် ၁:"ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ"
သင့်အသက်တာရှိ အပြစ်နှင့်ပတ်သက်ပြီး မေးဖို့ရန်လိုအပ်နေတဲ့ အခက်ခဲဆုံးမေးခွန်းက ဘာဖြစ်မလဲ။ မည်သို့သော သတိပေးချက်တွေကို သင်လစ်လျူရှုခဲ့ပါသနည်း။
သက်သာပျောက်ကင်းမှု ရရှိဖို့ရန် သင့်အသက်တာ၏ အမှန်တရားကိုရင်ဆိုင်ဖို့နှင့် သင်၏ပြသနာ အမြစ်ကို အသိအမှတ်ပြုဝန်ခံဖို့ လိုအပ်ပါတယ်။ ဒါသည်ဘယ်တော့မှ လွယ်ကူတဲ့ရွေးချယ်မှုမဟုတ်ပါ။ သို့ပေမဲ့ အမြဲတမ်းမှန်ကန်တဲ့အရာ ဖြစ်ပါတယ်။ 
သင့်အထဲ၌ဘုရားသခင်အလုပ်လုပ်နေပြီး သူသည်သင့်အတွက်ဖြစ်ပါတယ်။ ဘုရားသခင်၏ တန်ခိုးတော် အားဖြင့် အရာရာကို သင်ကေျာ်လွှားနိုင်မည် ဖြစ်ပါသည်။
ဆင်ခြင်ရန်
-သင့်ပြသနာ၏ အကြောင်းရင်းကို အသိအမှတ်ပြု ဝန်ခံခြင်းအတွက် သင်၏မာန်မာနက မည်ကဲ့သို့ ဝေးကွာအောင်ပြုနေပါသနည်း။
-ကျွန်ုပ်တို့အတွက် ကောင်းမည့်အရာကို ကျွန်ုပ်တို့သည် ဘုရားထက် ပိုသိတယ်လို့ ဘာကြောင့့််များ မကြာခဏဆိုသလို တွေးမြင်ပါသနည်း။
-သင့်အသက်တာရှိ ပြသနာတွေနှင့် ပတ်သက်ပြီး အမှန်တရားကို ရင်ဆိုင်ပြီးနောက်တွင် ဘုရားဘာကို လုပဆောင်စေချင်သလဲဆိုတာကို သင်တေွးမိပါသလား။
--------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်
-ကျွန်ုပ်တို့အတွက် ကောင်းမည့်အရာကို ကျွန်ုပ်တို့သည် ဘုရားထက် ပိုသိတယ်လို့ ဘာကြောင့်များ မကြာခဏဆိုသလို တွေးမြင်ပါသနည်း။
-သင့်အသက်တာရှိ ပြသနာတွေနှင့် ပတ်သက်ပြီး အမှန်တရားကို ရင်ဆိုင်ပြီးနောက်တွင် ဘုရားဘာကို လုပဆောင်စေချင်သလဲဆိုတာကို သင်တွေးမိပါသလား။