Unicode Version
-----------------------------------------------------------------------------------------------------------
Zawgyi Version
စိုးရိမ်ပူပန်နေ့မည့်အစား ဘုရားသခင် လုပ်ဆောင်ခဲ့တဲ့အရာတွေကို
သတိရလိုက်ပါ။
ရှင်မဿဲခရစ်ဝင် ၁၉:၂၆ “ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။
သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။”
ခက်ခဲသော
အချိန်ကာလတွေကို သင်ရင်ဆိုင်နေရတဲ့အခါမှာ စိုးရိမ်ခြင်းတွေက လူတွေ၏ ဖြစ်ရိုးဖြစ်စဉ်
တုံ့ပြန်မှု ဖြစ်ပါတယ်။ သို့ပေမဲ့ စိုးရိမ်နေမည့်အစား ဝတ်ပြုကိုးကွယ်ဖို့ ဘုရားသခင်
အလိုတော်ရှိပါတယ်။ ဘုရားသခင်သည် မည်သူဖြစ်သည် ၊ မည့်သည့်အရာကို လုပ်ဆောင်နိုင်သည်ကို
ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကို ဝတ်ပြုကိုး ကွယ်နိုင်ပါသည်။
ကောရိန္သု
ဩဝါဒစာ ဒုတိယစောင် ထဲတွင် ဘုရင်ယောရှဖတ် နှင့် ဣသရေလတို့ ခက်ခဲတဲ့အရာကို တွေ့ကြုံခဲ့ကြရပါတယ်။
ရန်သူတိုင်းပြည် (၃)ပြည်မှ သူတို့အား စစ်ပွဲဆင်နွဲဖို့ရန် ချီတက်လာခဲ့တယ်။
ဘုရင်သည်
ကြောက်ရွံ့နေခဲ့သော်လည်း သူ၏လူတို့ကို စုဝေးစေပြီး ဝတ်ပြုကိုးကွယ်မှုပြုဖို့ရန် ပထမဉီးဆုံး
လုပ်ဆောင်ခဲ့တယ်။ သူ၏ပြည်နယ်သားတွေအရှေ့တွင် ရပ်ခဲ့ပြီး ကြီးစွာသောအသံဖြင့် ဝတ်ပြု
ဆုတောင်းခဲ့ ပါတယ်။ ဘုရင်ယောရှဖတ်၏ဝတ်ပြုဆုတောင်းမှုပုံစံသည် သင်စိတ်ဖိစီးမှုခံနေရချိန်နှင့်
ဒုက္ခရောက်နေချိန် တွေမှာ မည်ကဲ့သို့ ဆုတောင်းမှုပြုရန် သာဓကဖြစ်စေပါတယ်။
ပထမဉီးစွာ
သင်စိတ်ဖိစီးမှု ခံစားနေရပြီး ဆုတောင်းစဉ်တွင် ဘုရားသခင်သည် မည်သူဖြစ်သည်ကို သင့်ကိုယ်သင်
ပြန်လည်အောက်မေ့စေပါ။ ဘုရား၏ စွမ်းအား ၊ လက္ခဏာ နှင့် တန်ခိုးတော်တို့ပေါ်မှာ အာရုံပြုပါ။
သင်ယခုတွေ့ကြုံနေရသော အရာမှန်သမျှ အပါအဝင် အရာရာတိုင်းကို ဘုရားသခင် ကိုင်တွယ်နိုင်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၁၉:၂၆ “ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။
သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။”
ဘုရင်
ယောရှဖတ်သည် ဤအမှန်တရားကို သိရှိခဲ့ပါတယ်။ သူ့ကိုယ်သူ အမှတ်ရစေဖို့ သူ၏ဆုတောင်းချက်
အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၆ “ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်
ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော့။ တပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို
အစိုးရတော်မူ သည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည်မဟုတ်လော။ ”
ဘုရင်ယောရှဖတ်သည်
ရန်သူတွေ သူ့ကို တိုက်ခိုက်ဖို့ရန် လာနေခဲ့ပေမဲ့ ပြသနာကို သူ၏အမြင်အတိုင်း လုပ်ဆောင်ဖို့
မဟုတ်ဘဲ ဘုရားသခင်၏ ခွန်အား တန်ခိုးတော်ပေါ်မှာ သူ၏အမြင်ကို တည်ခဲ့ပါတယ်။ ဘုရားသခင်
သည် မည်သူဖြစ်တယ်ဆိုတာကို ဘုရင်ယောရှဖတ်သည် သူ့ကိုယ်သူ သတိပေးနေခဲ့ပါတယ်။
အဲဒီလိုမျိုး
သင့်ကိုယ်သင် သတိပေးနေခဲ့တဲ့နောက် ဘုရားသခင် လုပ်ဆောင်ပေးသောအရာတွေကိုပါ သတိရ အောက်မေ့ပါ။
တခြားသူတွေနှင့် သင့်ကို ဘုရားသခင် ကူညီခဲ့တဲ့အချိန်အခါတွေကို ပြန်လည်အောက်မေ့ပါ။
အဲဒီအရာတွေကို ပြန်လည်ဆင်ခြင်အောက်မေ့လိုက်တဲ့အခါမှာ သင်ရင်ဆိုင်တွေ့ကြုံနေရတဲ့
အရာမှန်သမျှကို ဘုရားသခင် ကိုင်တွယ်လိမ့်မည်ဆိုတာကို သင်ယုံကြည်မှုအပြည့် ဖြစ်စေမည်
ဖြစ်သည်။
ဘုရင်
ယောရှဖတ် ဆုတောင်းတဲ့အခါမှာ ဣသရေလူမျိုးတော်ကို အဲဂုတ္တုပြည်မှ ကတိတော်ထားရာပြည်သို့
မောရှေခေါ်ဆောင်လာခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လည် အောက်မေ့နေခဲ့ပါတယ်။ မောရှေရာဇဝင်ချုပ်ဒုတိယစောင် ၂၀:ရ “ဤပြည်၌နေဘူးသောသူတို့ကို
ကိုယ်တော်၏လူ ဣသရေလအမျိုး ရှေ့မှနှင်ထုတ် ၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊
ဤပြည်ကို အစဉ်ပေးတော် မူသော အကျွန်ုပ်တို့၏ ဘုရား သခင်ဖြစ်တော်မူသည် မဟုတ်လော။”
ဣသရေလလူမျိုးတွေကို
ရန်သူလက်ထဲမှ ခေါ်ထုတ်ဖို့ရန် ဘုရားသခင်ကူညီခဲ့အတဲ့ အရင်က အချိန်ကာလတွေကို အောက်မေ့ရင်း
ဘုရင် ယောရှဖတ်သည် သူ့ကိုယ်သူ သတိပေးနေခဲ့ပါတယ်။ အဲဒီလို သတိရစေခဲ့ခြင်းသည် “ဘုရားသခင် ထပ်မံကူညီလုပ်ဆောင်မည်”ဆိုတဲ့ ယုံကြည်မှုကို သူ့အားဖြစ်စေခဲ့ပါသည်။
မည်ကဲ့သို့သော
အရာတွေအတွက် ယနေ့တွင် သင်စိုးရိမ်နေရပါသနည်း။ စိုးရိမ်နေမည့်အစား သင်၏ဆုတောင်းအတွက်
အချိန်ယူပါ။ ဘုရားသခင်သည် မည်သူဖြစ်သည် ၊ မည့်သည့်အရာကို လုပ်ဆောင်ခဲ့ သည်ကို အောက်မေ့သတိရနေပါ။
သင်ရင်ဆိုင်တွေ့ကြုံနေရတဲ့ အရာမှန်သမျှကို ဘုရားသခင် ကိုင်တွယ်နိုင်တယ် ဆိုတာကို ယုံကြည်ပါ။
ဆင်ခြင်ရန်
- ဘုရားသခင်သည် မည်သူဖြစ်သည် ၊ မည့်သည့်အရာကို လုပ်ဆောင်ခဲ့သည်ကို
မည်ကဲ့သို့ ပိုမိုလေ့လာနိုင်မည်နည်း။
-ဘုရားသခင်၏
လက္ခဏာ ၊ လုပ်ဆောင်ခဲ့သောအရာတွေနှင့်ပတ်သက်ပြီး သင်၏ စာအုပ် (သို့) ခေါင်းထဲသို့ စာရင်းပြုစုပါ။
-ယနေ့တွင်
မည်သို့သောအရာအတွက် သင်စိုးရိမ်နေပါသနည်း။ သင်၏စိုးရိမ်နေမှုတွေကို ဘုရားသခင် ကိုင်တွယ်နိုင်တယ်ဆိုတာကို
သင်၏ပြုစုထားသောစာရင်းတွေက မည်ကဲ့သို့ အကူအညီဖြစ်စေပါသနည်း။
-----------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်