Unicode Version
----------------------------------------------------------------------------
Zawgyi Version
သင်၏အခက်ခဲဆုံးအချိန်တွင်
ဘုရားသခင်၏အလိုတော် ၊ ရည်ရွယ်ရာတွေကို ယုံကြည်ပါ။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၁၆-၁၇ “ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့်
ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား
တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏။ ”
“ငါ၌ ဘာကြောင့်ဖြစ်ရသနည်း”
အထက်ပါ
မေးခွန်းကို သင်ဘယ်တော့မှ မမေးခဲ့ဖူးဘူးဆိုလျှင် ခဏစောင့်ပါ။ အသက်တာတွင် ခက်ခဲမှု တကယ်ပင်
ဖြစ်ပေါ်လာတဲ့အချိန်အခါမှာ လူအများစု နောက်ဆုံးမေးလာနိုင်စရာမေးခွန်းက “ငါ၌ ဘာကြောင့်ဖြစ်ရသနည်း”။
သို့ပေမဲ့
ဤမေးခွန်းက သင်၏မှောင်မိုက်သော နေ့ရက်ကာလတွေမှာ မေးဖို့ မှားယွင်းနေတဲ့ မေးခွန်းဖြစ်ပါတယ်။
အဲဒီအစား “အဖဘုရား.. ဤအမှုအရာဖြစ်ခြင်းတွင် ဘုရား၏ အလိုတော်က
မည်သို့နည်း” လို့ကြိုးစားမေးလိုက်ပါ။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၁:၆-၇ “အရည်ကျို၍စုံစမ်းခြင်း
ကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို
စစ်ကြောစုံ စမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊
ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို
ခံရသော အကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍
ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။ ”
ဘယ်အရာတွေကမှ
သင့်အသက်တာထဲကို မတော်တဆ ရောက်လာခြင်း မဟုတ်ပါ။ ဘုရားသခင်သည် ဆိုးယုတ်မှုတွေကို မဖန်တီးပါ။
မဖြစ်စေပါ။ သို့ပေမဲ့ အရာတစ်ခုစီတိုင်းကနေ (ဆိုးသောအရာ ဖြစ်သည့်တိုင်) ကောင်းသောအရာအဖြစ်
ယူဆောင်ပေးနိုင်ပါတယ်။ စမ်းသပ်စစ်ဆေးခြင်းတွေသည် သင်၏စရိုက်လက္ခဏာ ၊ ရင့်ကျက်မှု ၊
ယုံကြည်စိတ်ချရမှု ၊ တန်ဖိုးနှင့် ယုံကြည်မှုတို့ကို ပေါ်လွင်စေပါတယ်။
သမ္မာကျမ်းစာတွင် အဓိကကျတဲ့
ပုဂိ္ဂုလ်တစ်ဉီးကတော့ တမန်တော်ရှင်ပေါလု ဖြစ်ပါတယ်။ သူ၏ အသက်တာတစ်ခုလုံးကို ဘုရားသခင်အား
အစေခံမှုအတွက် မြှုပ်နှံထားပါတယ်။ သို့ပေမဲ့ ရှင်ပေါလု၏ အသက်တာသည် သင်ထင်မြင်တာထက်ကို
များစွာသော နည်းလမ်းတွေဖြင့် ဆိုးဝါးခဲ့ပါတယ်။ ခဲနဲ့ အပေါက်ခံခဲ့ရတယ်။ သင်္ဘောပျက်ထဲမှာပါသွားခဲ့ရတယ်
၊ ထပ်တလဲလဲ အထုခံ ၊ အရိုက်ခံခဲ့ရတယ်၊ အသေဆိုး အဖြစ် ထားခဲ့ခံခဲ့ရတယ်၊ အကျဉ်းချခံခဲ့ရတယ်၊
ကျာပွတ်နဲ့အရိုက်ခံခဲ့ရတယ် ၊ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပါတယ်။
သို့ပေမဲ့
သူဘယ်တော့မှာ မနာကြည်းခဲ့ပါဘူး။ “ငါ၌ ဘာကြောင့်ဖြစ်ရသနည်း” ဆိုတဲ့ မေးခွန်းကို မေးမည့်အစား
ဘုရားသခင်၏ အလိုတော်ကို ယုံကြည်ပြီး ရှာဖွေခဲ့ပါတယ်။ သူ၏ပြသနာတွေမှာ သူနားမလည်ခဲ့သည့်တိုင်
ဘုရားသခင်ကို ယုံကြည်ဖို့အတွက် သူလေ့လာသင်ယူခဲ့ပါတယ်။
တမန်တော်ရှင်ပေါလု၏
မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်မှု၏ လျှို့ဝှက်ချက်ကား ဘာဖြစ်မည်နည်း။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၁၆-၁၇ “ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့်
ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား
တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏။”
သင်၏
နာကျင်မှုထက်ပိုတဲ့ ဆုလဒ်တော်နှင့် ရည်ရွယ်ချက်တွေ ဘုရားသခင်၌ ရှိတဲ့အတွက်ကြောင့် သင်မျှော်လင့်ခြင်းကိုသာ
ဆုပ်ကိုင်ထားနိုင်ပါတယ်။
သခင်ခရစ်တော်
ကားတိုင်ထက် သေဆုံးတဲ့အခါမှာ သူ့နောက်လိုက်တဲ့ သူတွေက ဤအခြင်းအရာသည် မိုက်မဲသော ဗျူဟာ
၊ မှားယွင်းမှုကြီး တစ်ခုဖြစ်တယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်သည် ကြီးမားတဲ့
ရည်ရွယ်ချက်တွေကို သယ်ပိုးမှုတွေဖြင့် သူ၏ပလ္လင်ထက်တွင် တည်ရှိနေဆဲ ဖြစ်ပါတယ်။
သခင်ခရစ်တော်
ရှင်ပြန်ထမြောက်ပြီးနောက်တွင် သူ၏တပည့်တော်တို့အတွက် ပြင်ဆင်လုပ်ဆာင်ခဲ့ပါတယ်။ ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၁ “တဖန်ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။
ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီး
…။”
အရင်အချိန်အခါတုန်းကတော့
သူတို့၏နာကျင်မှုအတွက် အကြောင်းရင်းမရှိဘူးလို့ သူတို့ တွေ့မြင်ကြပါတယ်။ သို့ပေမဲ့
သခင်ခရစ်တော် သူတို့တွေကို ဘုရားသခင်၏ အသစ်သော တာဝန်တို့ကို ခွဲဝေပေးခဲ့ပြီး ဒါသည်
ကြီးမြတ်တဲ့ ဘုရား၏ ရည်ရွယ်ရာ ဖြစ်တယ်လို့ တပည့်တော်တို့ကို ပြောခဲ့ပါတယ်။
ဘုရားသခင်၌ သင့်အသက်တာအတွက်
ရည်ရွယ်ချက်တွေသည် သင်၏ပြသနာတွေထက်ကို ကြီးမြတ်ပါတယ်။ ဘုရားသခင်ကိုသာ ယုံကြည်လိုက်ပါ။
လက်ဝါးကပ်တိုင်မှ အဆုံးစီရင်ခြင်းကနေ ရှင်ပြန်ထမြောက်ခြင်းတိုင်အော် ချစ်မြတ်နိုးတော်မူသည်။
မျှော်လင့်ချက်မဲ့နေသော အခြေအနေတွေကိုပင် အထူးပြုဆောင်ရွက်တော်မူသည်။
ဆင်ခြင်ရန်
-
သင့်အသက်တာ အခြေအေန အချိန်အခါ ကာလတွေမှာ “ငါ၌ ဘာကြောင့်ဖြစ်ရသနည်း” လို့သင်မေးပါသလား။
-
အလွန်ခက်ခဲ့တဲ့ အခြေအေနကနေ ဘုရားသခင်သည် အကောင်းဘက်သို့ ဖြစ်ပေါ်စေသည်ကို သင်တွေ့မြင်
ခဲ့ဖူးပါသလား။
-မည်သို့သော
သင့်အသက်တာအစိတ်အပိုင်းတွင် “အဖဘုရား၏ အလိုတော်ကား မည်သို့နည်း” လို့ စတင်မေးဖို့ ရှိပါသလား။
Zawgyi Version
ဆင်ခြင်ရန်