How to Show Faith and Gratitude in Your Battle

Unicode Version



သင်၏တိုက်ပွဲ၌ သင်၏ယုံကြည်ခြင်နှင့် ကျေးဇူးတင်ခြင်းကို မည်ကဲ့သို့ ဖော်ပြမည်နည်း။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၁ “လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည် သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွား လျက်၊ သန့်ရှင်းခြင်းအသရေကို ချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ၏။”

ရန်သူတိုင်းပြည် (၃) ပြည်မှ ဣသရေလနှင့် သူတို့၏ဘုရင် ယောရှဖတ်တို့ပေါ် အင်အားသာနေခဲ့သောအခါတွင် ဘုရင်သည် စိုးရိမ်မှုကို မရွေးချယ်ခဲ့ပါဘူး။ အဲဒီအစား ဘုရင်ယောရှဖတ်သည် သူ၏လူတွေကို စုရုံးပြီး အမျိုးမျိုး သော နည်းလမ်းဖြင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ရန် ဉီးဆောင်ခဲ့ပါတယ်။ ဘုရားသခင်ကို ကြိုတင်ပြီး အောင်မြင်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် သူတို့တွေ ဝတ်ပြုကိုးကွယ်ပုံကို သင်တွေ့ရပါလိမ့်မည်။

စစ်ပွဲစတင်ဖို့ရန် အချိန်တောင်ရောက်လုနီးခဲ့ပါပြီ။ ဣသရေလတို့သည် တောင်တစ်ဖက်ခြမ်းတွေ ရှိနေခဲ့ပြီး သူတို့၏ ရန်သူကား တစ်ခြားဖက်မှာ ရှိနေခဲ့ပါတယ်။ ဣသရေလတို့ စစ်ပွဲချီတက်ဖို့ရန် တန်းစီပြီး တပ်ကိုအဆင်သင့် ပြင်ဆင်မယ်လို့ သင်မျှော်လင့်ပါမည်။ သို့ပေမဲ့ အဲဒီအစား ဘာတွေဖြစ်ပျက်သလဲဆိုတာ ကြည့်လိုက်ပါ။ ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၁ “လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည် သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွားလျက်၊ သန့်ရှင်းခြင်း အသရေကို ချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ၏။”

အထက်ကျမ်းပိုဒ်တွင် သင်ဖတ်ရှုနေတာတွေက အမှန်အကန်တွေဖြစ်ပါတယ်။ စစ်ပွဲဝင်ဖို့ရန် စစ်သည်တော်တွေကို ရွေးချယ်မည့်အစား ဘုရင်သည် တေးသံစုံကျူးဖို့ရန် စုဝေးစေခဲ့ပါတယ်။
အဲဒီပုဂ္ဂိုလ်တို့ စစ်မတိုက်ဘဲ သီကျူးရင်း စစ်ပွဲဝင်ဖို့ လျှောက်လှမ်းခဲ့ပုံကို သင်စဉ်းစားနိုင်မည်လား။ သူတို့၏ ရန်သူတွေကော မည်ကဲ့သို့ တွေးထင်မည်နည်း။
အူကြောင်ကြောင်နိုင်တဲ့ ဗျူဟာဖြစ်သော်ငြားလည်း သူတို့တွေ နာခံခဲ့ကြပါတယ်။ ရန်သူတို့ရှေ့မှာ တေးသံသီကျူး လျက် ချီတက်ခဲ့ပြီး ဘုရားခင်၏ အကြွင်းမဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြရင်း သူတို့ကို ပို့ဆောင်ဖို့အတွက် ကြိုတင် ချီးမွမ်းနေခဲ့ကြပါတယ်။

ဤနည်းလမ်းဖြင့်လည်း သင်၏တိုက်ပွဲကို ချဉ်းကပ်ဖို့ရန် ဘုရားသခင် အလိုရှိတော်ရှိပါတယ်။ သင်၏ပြသနာကို ဖြေရှင်းပေးဖို့ရန်အတွက် ကြိုတင်ကျေးဇူးတော်ချီးမွမ်းခြင်းကို လုပ်ဆောင်ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ အဲဒီလိုပြုပါလျှင် သင်၏ကျေးဇူးတင်ရှိခြင်းကို ဖော်ပြခြင်းဖြစ်ပြီး ဒါသည် အရေးကြီးပါတယ်။ သို့ပေမဲ့ သူ့အား ကြိုတင်ကျေးဇူးတင်ပါလျှင် သင်ယုံကြည်ကြောင်းကိုလည်း ဖော်ပြခြင်းဖြစ်ပါတယ်။

နောက်ကျမ်းပိုဒ်တွင် အစဉ်အလာကို ဆန့်ကျင်သော စစ်ပွဲအစီအစဉ်၏ အကျိုးဆက်ကို သင်မြင်ရပါလိမ့်မည်။ ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၂ “ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ သောအခါ၊ ယုဒပြည်ကိုတိုက် အံ့သောငှါ လာသော၊ စိရ တောင်သားတို့ကို အမ္မုန်အမျိုး သား၊ မောဘအမျိုးသား တို့တဘက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော် မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသော ကြောင့်၊ တဖန်စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်း ခြင်းငှါ လှန်၍ တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တယောက်ကိုတယောက်တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ ရောက်ကြ၏။
ဤအရာသည် ငါ၏တိုက်ပွဲအမျိုးအစားဖြစ်တယ်။ ဘုရားသခင်၏လူတို့ လက်နက်ယူဆောင်ဖို့တောင် မလိုအပ်ခဲ့ပါ။

သင်၌လည်း ထိုနည်း၄င်းပင်ဖြစ်သည်။ သင်၏လက်နက်တွေကို ချထားဖို့ အလိုတော်ရှိပါတယ်။ ပြသနာတွေကို သင့်အစီအစဉ်ဖြင့် ကြိုးစားဖြေရှင်းနေတဲ့ နည်းလမ်းတွေကို ဖယ်ပြီး သင်၏ရန်သူကို ရင်ဆိုင်တဲ့အတိုင်း ဘုရားသခင်ကို ယုံကြည်လိုက်ပါ။ သင့်အစား ဘုရားသခင် တိုက်ပေးသည့်အတိုင်း ဘုရား၏ ပို့ဆောင်လမ်း ပြမှုအတွက် ချီးမွမ်းပြီး ကျေးဇူးတင်ခြင်းဖြင့် စောင့်ကြည့်လိုက်ပါ။

ဆင်ခြင်ရန်
- သင့်၌ မည်သို့သောတိုက်ပွဲများဖြစ်ပွားနေသနည်း။ ရန်သူလက်မှကယ်နုတ်တော်မူသောဘုရားသခင်ကို ကြိုတင် ၍ ကျေးဇူးတင်ခြင်းအားဖြင့်ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းတွင်မိနစ်အနည်းငယ်အချိန်ယူပါ။
- ယနေ့ သင်ချရန်လိုအပ်သည့် သင်၏တိုက်ပွဲများကို တိုက်ခိုက်ရန် မည်သို့သောလက်နက်များကို သင်အသုံးပြု နေခဲ့သနည်း။
-လွန်လေပြီးသောကာလတုန်းက ဘုရားသခင် သင့်အတွက် စစ်တိုက်ခြင်းကို မည်သည့်အချိန်က မြင်တွေ့ခဲ့ သနည်း။ ဆုတောင်းဖို့အချိန်ယူပြီး သူ့အား ကျေးဇူးတင်ကြောင်းပြောပါ။


---------------------------------------------------------------------------------



Zawgyi Version


သင္၏တိုက္ပြဲ၌ သင္၏ယုံၾကည္ျခင္ႏွင့္ ေက်းဇူးတင္ျခင္းကို မည္ကဲ့သို႔ ေဖာ္ျပမည္နည္း။
ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၂၀:၂၁ “လူမ်ားႏွင့္တိုင္ပင္ၿပီးမွ၊ ထာဝရဘုရား၏ က႐ုဏာေတာ္သည္ အစဥ္အၿမဲတည္ ေသာေၾကာင့္၊ ဂုဏ္ ေက်းဇူးေတာ္ကိုခ်ီးမြမ္းၾကေလာ့ဟု တပ္ေရွ႕မွာ ခ်ီသြား လ်က္၊ သန္႔ရွင္းျခင္းအသေရကို ခ်ီးမြမ္းရေသာ သီခ်င္း သည္တို႔ကို ထာဝရဘုရားအဘို႔ ခန္႔ထားေတာ္မူ၏။”

ရန္သူတိုင္းျပည္ (၃) ျပည္မွ ဣသေရလႏွင့္ သူတို႔၏ဘုရင္ ေယာရွဖတ္တို႔ေပၚ အင္အားသာေနခဲ့ေသာအခါတြင္ ဘုရင္သည္ စိုးရိမ္မႈကို မေ႐ြးခ်ယ္ခဲ့ပါဘူး။ အဲဒီအစား ဘုရင္ေယာရွဖတ္သည္ သူ၏လူေတြကို စု႐ုံးၿပီး အမ်ိဳးမ်ိဳး ေသာ နည္းလမ္းျဖင့္ ဘုရားသခင္ကို ဝတ္ျပဳကိုးကြယ္ဖို႔ရန္ ဉီးေဆာင္ခဲ့ပါတယ္။ ဘုရားသခင္ကို ႀကိဳတင္ၿပီး ေအာင္ျမင္ျခင္းအတြက္ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းအားျဖင့္ သူတို႔ေတြ ဝတ္ျပဳကိုးကြယ္ပုံကို သင္ေတြ႕ရပါလိမ့္မည္။

စစ္ပြဲစတင္ဖို႔ရန္ အခ်ိန္ေတာင္ေရာက္လုနီးခဲ့ပါၿပီ။ ဣသေရလတို႔သည္ ေတာင္တစ္ဖက္ျခမ္းေတြ ရွိေနခဲ့ၿပီး သူတို႔၏ ရန္သူကား တစ္ျခားဖက္မွာ ရွိေနခဲ့ပါတယ္။ ဣသေရလတို႔ စစ္ပြဲခ်ီတက္ဖို႔ရန္ တန္းစီၿပီး တပ္ကိုအဆင္သင့္ ျပင္ဆင္မယ္လို႔ သင္ေမွ်ာ္လင့္ပါမည္။ သို႔ေပမဲ့ အဲဒီအစား ဘာေတြျဖစ္ပ်က္သလဲဆိုတာ ၾကည့္လိုက္ပါ။ ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၂၀:၂၁ “လူမ်ားႏွင့္တိုင္ပင္ၿပီးမွ၊ ထာဝရဘုရား၏ က႐ုဏာေတာ္သည္ အစဥ္အၿမဲတည္ ေသာေၾကာင့္၊ ဂုဏ္ ေက်းဇူးေတာ္ကိုခ်ီးမြမ္းၾကေလာ့ဟု တပ္ေရွ႕မွာ ခ်ီသြားလ်က္၊ သန္႔ရွင္းျခင္း အသေရကို ခ်ီးမြမ္းရေသာ သီခ်င္း သည္တို႔ကို ထာဝရဘုရားအဘို႔ ခန္႔ထားေတာ္မူ၏။”

အထက္က်မ္းပိုဒ္တြင္ သင္ဖတ္ရႈေနတာေတြက အမွန္အကန္ေတြျဖစ္ပါတယ္။ စစ္ပြဲဝင္ဖို႔ရန္ စစ္သည္ေတာ္ေတြကို ေ႐ြးခ်ယ္မည့္အစား ဘုရင္သည္ ေတးသံစုံက်ဴးဖို႔ရန္ စုေဝးေစခဲ့ပါတယ္။ 
အဲဒီပုဂၢိဳလ္တို႔ စစ္မတိုက္ဘဲ သီက်ဴးရင္း စစ္ပြဲဝင္ဖို႔ ေလွ်ာက္လွမ္းခဲ့ပုံကို သင္စဥ္းစားႏိုင္မည္လား။ သူတို႔၏ ရန္သူေတြေကာ မည္ကဲ့သို႔ ေတြးထင္မည္နည္း။
အူေၾကာင္ေၾကာင္ႏိုင္တဲ့ ဗ်ဴဟာျဖစ္ေသာ္ျငားလည္း သူတို႔ေတြ နာခံခဲ့ၾကပါတယ္။ ရန္သူတို႔ေရွ႕မွာ ေတးသံသီက်ဴး လ်က္ ခ်ီတက္ခဲ့ၿပီး ဘုရားခင္၏ အႂကြင္းမဲ့ ခ်စ္ျခင္းေမတၱာကို ေဖာ္ျပရင္း သူတို႔ကို ပို႔ေဆာင္ဖို႔အတြက္ ႀကိဳတင္ ခ်ီးမြမ္းေနခဲ့ၾကပါတယ္။

ဤနည္းလမ္းျဖင့္လည္း သင္၏တိုက္ပြဲကို ခ်ဥ္းကပ္ဖို႔ရန္ ဘုရားသခင္ အလိုရွိေတာ္ရွိပါတယ္။ သင္၏ျပသနာကို ေျဖရွင္းေပးဖို႔ရန္အတြက္ ႀကိဳတင္ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းကို လုပ္ေဆာင္ရန္ ဘုရားသခင္ အလိုေတာ္ရွိပါတယ္။ အဲဒီလိုျပဳပါလွ်င္ သင္၏ေက်းဇူးတင္ရွိျခင္းကို ေဖာ္ျပျခင္းျဖစ္ၿပီး ဒါသည္ အေရးႀကီးပါတယ္။ သို႔ေပမဲ့ သူ႔အား ႀကိဳတင္ေက်းဇူးတင္ပါလွ်င္ သင္ယုံၾကည္ေၾကာင္းကိုလည္း ေဖာ္ျပျခင္းျဖစ္ပါတယ္။

ေနာက္က်မ္းပိုဒ္တြင္ အစဥ္အလာကို ဆန႔္က်င္ေသာ စစ္ပြဲအစီအစဥ္၏ အက်ိဳးဆက္ကို သင္ျမင္ရပါလိမ့္မည္။ ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၂၀:၂၂ “ထိုသူတို႔သည္ ခ်ီးမြမ္းရာသီခ်င္းကို ဆိုစျပဳၾက ေသာအခါ၊ ယုဒျပည္ကိုတိုက္ အံ့ေသာငွါ လာေသာ၊ စိရ ေတာင္သားတို႔ကို အမၼဳန္အမ်ိဳး သား၊ ေမာဘအမ်ိဳးသား တို႔တဘက္၌ ထာဝရဘုရား ေခ်ာင္းေျမာင္းေစေတာ္ မူသျဖင့္၊ အမၼဳန္အမ်ိဳးသား၊ ေမာဘအမ်ိဳးသားတို႔သည္ အထိအခိုက္ခံရေသာ ေၾကာင့္၊ တဖန္စိရေတာင္သားတို႔ကို သုတ္သင္ပယ္ရွင္း ျခင္းငွါ လွန္၍ တိုက္သျဖင့္၊ အကုန္အစင္သတ္ၿပီးမွ၊ တေယာက္ကိုတေယာက္တိုက္ခိုက္၍၊ ပ်က္စီးျခင္းသို႔ ေရာက္ၾက၏။”
ဤအရာသည္ ငါ၏တိုက္ပြဲအမ်ိဳးအစားျဖစ္တယ္။ ဘုရားသခင္၏လူတို႔ လက္နက္ယူေဆာင္ဖို႔ေတာင္ မလိုအပ္ခဲ့ပါ။

သင္၌လည္း ထိုနည္း၄င္းပင္ျဖစ္သည္။ သင္၏လက္နက္ေတြကို ခ်ထားဖို႔ အလိုေတာ္ရွိပါတယ္။ ျပသနာေတြကို သင့္အစီအစဥ္ျဖင့္ ႀကိဳးစားေျဖရွင္းေနတဲ့ နည္းလမ္းေတြကို ဖယ္ၿပီး သင္၏ရန္သူကို ရင္ဆိုင္တဲ့အတိုင္း ဘုရားသခင္ကို ယုံၾကည္လိုက္ပါ။ သင့္အစား ဘုရားသခင္ တိုက္ေပးသည့္အတိုင္း ဘုရား၏ ပို႔ေဆာင္လမ္း ျပမႈအတြက္ ခ်ီးမြမ္းၿပီး ေက်းဇူးတင္ျခင္းျဖင့္ ေစာင့္ၾကည့္လိုက္ပါ။

ဆင္ျခင္ရန္
- သင့္၌ မည္သို႔ေသာတိုက္ပြဲမ်ားျဖစ္ပြားေနသနည္း။ ရန္သူလက္မွကယ္ႏုတ္ေတာ္မူေသာဘုရားသခင္ကို ႀကိဳတင္ ၍ ေက်းဇူးတင္ျခင္းအားျဖင့္ယုံၾကည္ျခင္းျဖင့္ဆုေတာင္းျခင္းတြင္မိနစ္အနည္းငယ္အခ်ိန္ယူပါ။
- ယေန႔ သင္ခ်ရန္လိုအပ္သည့္ သင္၏တိုက္ပြဲမ်ားကို တိုက္ခိုက္ရန္ မည္သို႔ေသာလက္နက္မ်ားကို သင္အသုံးျပဳ ေနခဲ့သနည္း။
-လြန္ေလၿပီးေသာကာလတုန္းက ဘုရားသခင္ သင့္အတြက္ စစ္တိုက္ျခင္းကို မည္သည့္အခ်ိန္က ျမင္ေတြ႕ခဲ့ သနည္း။ ဆုေတာင္းဖို႔အခ်ိန္ယူၿပီး သူ႔အား ေက်းဇူးတင္ေၾကာင္းေျပာပါ။