Unicode Version
--------------------------------------------------------------------------------
Zawgyi Version
နည်းလမ်း (၄) မျိုးဖြင့် ဘုရားသခင် သင့်ကို စကားပြောပါတယ်။
ယောဘဝတ္တု ၃၃:၁၄“ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင်
နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။”
ဘုရားသခင်
သင့်ကို စကားပြောနေပါတယ်။ သို့ပေမဲ့ သူ၏အသံကို နားထောင်နေပါရဲ့လား။ တစ်ခါတစ်ရံ ဘုရားသခင်သည်
နည်းလမ်းတစ်မျိုးဖြင့် ပြောဆိုပြီး တစ်ခါတစ်ရံတော့ တခြားနည်းလမ်းဖြင့် ပြောကြောင်းကို
ယနေ့ ကျမ်းပိုဒ်က ဖော်ပြထားပါတယ်။
မေးရန်
မေးခွန်းမှာ “ကျွန်ုပ်မည်သို့ကြားနိုင်အောင် အသံညှိယူရမည်နည်း”
ဘုရားသခင်
အသုံးပြုတဲ့ အောက်ပါ လမ်းကြောင်း (၄) ခုကို ကြည့်ပါ။
(၁) ဘုရားသခင်သည် သင့်အား သမ္မာကျမ်းစားမှတစ်ဆင့် စကားပြောပါသည်။
သမ္မာကျမ်းစာသည်
သင့်အတွက် လမ်းညွှန်စာအုပ်ဖြစ်ပါတယ်။ မှန်ကန်သော ခြေလှမ်း လှမ်းနိုင်ဖို့ရန် ဖော်ပြပေးပါတယ်။
ဒါကြောင့် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုဖို့ရန် လိုအပ်ပါတယ်။
နေ့စဉ်အသက်တာတွင် ဆိတ်ငြိမ်ချိန် (quiet time) နှင့် သမ္မာကျမ်းစာဖတ်ရှုခြင်းကို မပြုပါလျှင်
ဘုရားသခင် သင်နှင့် စကားပြောဆိုချင်တဲ့အချိန်အခါရောက်လာတဲ့အခါမှာ
ဘုရားသခင်ထံ၌ သင်မအားလပ်တဲ့ အချက်ပြမှု ပေါ်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို နှုတ်ကပတ်တော်တွင်သာ
တွေ့နိုင်တဲ့အတွက်ကြောင့် အဆက်မပြတ် သော ဆက်သွယ်မှုကို ထိန်းသိမ်းလုပ်ဆောင်ရန် သင်၌လိုအပ်ပါသည်။
(၂) ဘုရားသခင်သည် ဆရာများအားဖြင့် ကျွန်ုပ်တို့ကို စကားပြောပါသည်။
ဖော်ပြသွန်သင်ခြင်း၌
လိုအပ်ချက်တိုင်းကို အတိအကျပြောဆို ဖြည့်ဆည်းပေးဖို့ရန် ကျွန်ုပ်(သို့) တခြားသော သင်ဆရာတို့သည်
ဖော်ဆောင်နိုင်ခြင်း နည်းလမ်းတွေမရှိပါဘူး။ သို့ပေမဲ့ ဘုရားသခင် သိပါတယ်။ ဒါကြောင့်
ဝတ်ပြုခြင်းအစီအစဉ်တွေ မတိုင်ခင်အချိန်မှာ ကျွန်ုပ်ဆုတောင်းပါတယ် “အဖဘုရား … လူတို့ နှင့် သူတို့၏ လိုအပ်နေမှုတွေကို ဘုရားသိပါတယ်။
ကျွန်ုပ်အား မှန်ကန်သောအရာကို ဖော်ပြပြောဆိုဖို့ရန် ပေးသနားတော် မူပါ”။ တစ်နည်းအားဖြင့်
ဘုရားသခင်သာ တတ်နိုင်ပါသည်။ နားဆင်သော လူတိုင်း၏ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရန်
ကျွန်ုပ်၏ သွန်သင်ချက်တွေက နှင့် တခြားသော ဆရာတော်တို့၏ သွန်သင်မှုတွေကို ဘုရားအသုံးပြုပါတယ်။
(၃) ဘုရားသခင်သည် ကျွန်ုပ်တို့၏ ထင်မြင်ချက်များမှ တစ်ဆင့်
စကားပြောပါသည်။
ဤအရာတွင်
အစွန်း (၂) ဖက်ရှိပါတယ်။ အစွန်းတစ်ခုက ဘုရားသခင်ထံမှ မည်သည့် ထင်မြင်ချက်မျှ မရရှိနိုင်ကြောင်း
ယုံကြည်သော ဆင်ခြင်တုံတရားဖြစ်ပါတယ်။ နောက်အစွန်းတစ်ခုက ထင်မြင်ချက်တိုင်းသည် ဘုရားသခင်ထံမှ
ဖြစ်သည်ဟူသော ယုံကြည်ချက်ဖြစ်ပါတယ်။ သင်သည် အလယ်အလတ်တွင်
ရှိနေဖို့လိုပြီး ထင်မြင်ချက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကိုက်ညီမှုရှိဖို့လိုကြောင်းကို
နားလည်သဘော ပေါက်ဖို့ လိုအပ်ပါတယ်။
(၄) ဘုရားသခင်သည် ကျွန်ုပ်တို့၏ အခြေအနေများမှ ကျွန်ုပ်တို့အား
စကားပြောပါသည်။
အဓိပ္ပါယ်ပြည့်ဝသော အသက်တာဖြင့် ကျွန်ုပ်တို့ ရှင်သန်နေထိုင်မည်ဆိုလျှင်
ဘုရားသခင်သည် အဆက်မပြတ် သော ပြုပြင်မွမ်းမံခြင်း နှင့် ၄င်းကို ကျွန်ုပ်တို့၏အသက်တာ
အခြေအနေများမှ တစ်ခုသောအရာကို အသုံးပြုပါ မည်။ အခြေအနေတွေ ၊ ထင်မြင်ချက်တွေ ၊ သွန်သင်ချက်
(သို့) သမ္မာကျမ်းစာ တွေမှတစ်ဆင့် ကျွန်ုပ်တို့ ဘုရားသ ခင်ကို စတင်နားဆင်နေတဲ့အခါ သင်နားမလည်နိုင်သော
နည်းလမ်းတွေဖြင့် ဘုရားသခင်သည် သင့်ကို ပို့ဆောင် ပေးပါမည်။
ဘုရားသခင် နောက်လိုက်ခြင်းက အမြဲတမ်းတော့ မလွယ်ကူပါ။ သို့ပေမဲ့ သင်တွေးထင်နိုင်တာထက်ကို
ပိုမိုများစွာသော ကောင်းချီးတွေကို သင့်အသက်တာတွင် ရိတ်သိမ်းရပါလိမ့်မည်။
ဆင်ခြင်ရန်
-
သင့်အသက်တာ၏အလိုတော်ကို ပြောပြဖို့ရန် ဘုရားသခင်သည် မည်သို့သောအချိန်တွင် တစ်ခုသောအရာကို
အသုံပြုခဲ့ပါသနည်း။
-
သင့်၏အခြေအနေပေါ်တွင် မြင်နေသော ရှုတောင့်အမြင်ကို မည်ကဲ့သို့ ပြောင်းလဲဖို့လိုမည်နည်း။
သို့မှာသာ ဘုရားသခင် ထိုအရာကို အသုံးပြုပြီး သင့်အား မည်ကဲ့သို့ ပြောဆိုနိုင်မည်နည်း။
--------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်