Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ချစ်ခြင်းမေတ္တာ၌တည်သော အသက်တာကို တည်ဆောက်ဖို့ရန် ပထမဉီးဆုံးသော ခြေလှမ်း (၅) လှမ်း
ဧဖက်ဩဝါဒစာ ၅: ၂ “ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌
မွှေးကြိုင်သော အနံ့ရှိစေ ခြင်းငှါ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက်
စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။”
ဤကမ္ဘာလောကကြီးမှာ
ကျွန်ုပ်နေထိုင်စဉ် ခဏတာ ကာလလေးမှာ မကြာခဏဆိုသလို ကျွန်ုပ်သည် ချစ်ခြင်း မေတ္တာ ခေါင်းပါးသောသူတစ်ဉီးဖြစ်ကြောင်း
နှင့် ချစ်ခြင်းမေတ္တာဆိုင်ရာ အနည်းငယ်သောအရာကိုသာ သိရှိ ကြောင်းကို ဘုရားသခင်အားဖြင့်
ကျွန်ုပ်စီရင်စဲဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ ဤအရာတွေကို ကျွန်ုပ်တို့ လုပ်ဆောင်ဖို့ရှိပါတယ်။
ဘုရားသခင်၏ချစ်ခြင်း၌ ကျွန်ုပ်တို့ ရင့်ကျက်သည်အတိုင်း များစွာသော ကြီးထွားမှုတွေ ကျွန်ုပ်တို့ဆီမှာ
ရှိကြပါတယ်။
ဒါကြောင့် စစ်မှန်နက်ရှိုင်းသော ချစ်ခြင်းမေတ္တာဖြင့် အသက်တာကို မည်ကဲ့သို့
တည်ဆောက်မည်နည်း။ ဒါသည်
နက်နဲတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ပြီးတော့ အဲဒီအရာကို လုပ်ဆောင်ဖို့ သင်၏အသက်တာကျန်ရှိသော
အချိန်ကလေးမှာ သင်ကြိုးစားပြီး ကုန်ဆုံးရပါလိမ့်မည်။ သို့ပေမဲ့ စတင်လုပ်ဆောင်ဖို့ရန်
တစ်ချို့သော အဆင့်လေးတွေကို ကျွန်ုပ်သင့်ကို ပေးနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာ၌ ကြီးမြတ်မှန်ကန်သော
လူတစ်ဉီးဖြစ်စေ သော လမ်းကြောင်းပေါ်သို့ရောက်ရှိစေရန် ဤတစ်ပတ်တွင် သင်လုပ်ဆောင်နိုင်ရန်
အကူအညီပေးမည့်အရာ (၅) မျိုးမှာ -
(၁) ရင့်ကျက်သောချစ်ခြင်းမေတ္တာ၌ မည်ကဲ့သို့ ပြုမူသည်နှင့်
တုံ့ပြန်သည်ကို လေ့လာပါ။
ပုဂိ္ဂုလ်ရေးရာ
ပြောင်းလဲမှုသည် ရှုတောင့်အမြင်ပြောင်းလဲမှုကနေ အမြဲတမ်းစတင်ပါတယ်။ ချစ်ခြင်းမေတ္တာက
မည်ကဲ့သို့ ဖြစ်သည်ကို ဘုရားသခင်၏ အမြင်အားဖြင့် ရှုမြင်တတ်ဖို့ သင်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့
လောကကြီးက ချစ်ခြင်း၏ အတိမ်အနက်အကြောင်းကို ဘာမှ မသိပါဘူး။ သိမြင်ဖို့က ဘုရားသခင်၏ နှုတ်ကပတ်
တော်ကို သင်နားလည်သဘောပေါက် ထားရပါမည်။
(၂) သင်၏နေ့ရက်တွေကို ချစ်ခြင်းမေတ္တာထားဖို့ သတိပေးချက်တွေဖြင့်
စတင်ပါ။
သင်၏
ပထမဉီးဆုံးသော အချိန် (၁၀) မိနစ်ခန့်သည် သင်၏တစ်နေ့လုံးရှိ စိတ်အခြေအနေလှုပ်ရှားမှု
တစ်ခုလုံးကို တည်စေပါတယ်။ မနက်ပိုင်းတွင် နိုးထပြီး “အဖဘုရားသခင်
… ဘုရားကို ချစ်ဖို့နှင့် တစ်ပါးသူတွေကို ချစ်ဖို့ရန်ဆိုသောအရာသည် အရေးကြီးဆုံးသောအရာဖြစ်တယ်ဆိုတဲ့အချက်ကို
ကျွန်ုပ်သတိရဖို့ရန် ကူညီမစ တော်မူပါ။ ဤကဲ့သို့သောအရာတွေ မပါဘဲ ကျွန်ုပ်လုပ်ဆောင်သမျှသောအရာတွေသည်
ယနေ့ကို ဖြုန်းတီးရာ ရောက်စေပါသည်။”
(၃) ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ပြီး ဘုရားသခင်ပြောဆိုသောအရာတွေကို
မှတ်သားပါ။
ချစ်ခြင်းမေတ္တာရှိသော
သူတစ်ဉီးဖြစ်လာဖို့ရန် နှုတ်ကပတ်တော်သည် အမှန်တရားနှင့်လည်ကောင်း ၊ အခြေခံမူ များဖြင့်
လည်ကောင်း ပြည့်ဝနေပါတယ်။ မေတ္တာကင်းမဲ့ဖို့ရန် စုံစမ်းခြင်းခံရတဲ့အခါမှာ ပြသနာက သင်၏ သမ္မာကျမ်း
စာအုပ်သည် နေအိမ် နှင့် စာအုပ်စင်ပေါ်တွင်သာ အများအားဖြင့် ရှိနေခြင်းကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် နှုတ်ကပတ်တော်တွေကို သိုမှီးဖို့ လိုအပ်နေပါတယ်
။ ဒါမှသာ ကျမ်းပိုဒ်တွေကို သင်အလိုအပ်ဆုံးသော အချိန်တွေမှာ ဘုရားသခင်သင့်ကို မှတ်မိစေနိုင်မည်။
(၄) ကိုယ်ကျိုးမငဲ့သော
ချစ်ခြင်းမေတ္တာနည်းလမ်းတွေဖြင့် လေ့ကျင့်လုပ်ဆောင်ပါ။
ချစ်ခြင်းမေတ္တာသည်
ကြွက်သားတွေနဲ့ တူပါတယ်။ ပိုပြီး အသုံးပြုလေလေ ၊ ပိုပြီး သန်မာလေဖြစ်တယ်။
စစ်မှန်တဲ့ မေတ္တာပြ ပုဂိ္ဂုလ်တစ်ဉီးဖြစ်လာဖို့ရန်
သင်အလိုရှိပါလျှင် အစပိုင်းတွင် အဆင်မပြေသည့်ပုံဖြစ်နေသောအရာတွေကို
ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရပါမည်။ ပိုပြီးလုပ်ဆောင်လေလေ အဲဒီအရာတွေသည် ဒုတိယ သဘော သဘာဝ ဖြစ်လာပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာရှင်တစ်ဉီး ဖြစ်လာပါလိမ့်မည်။
(၅) တခြားသော ချစ်ခြင်းမေတ္တာပြသော လူပုဂိ္ဂုလ်တို့၏ အကူအညီ ၊ အထောက်အမ ရယူပါ။
သင်၏အခန်းမှာဘဲ
စာအုပ်လေးဖတ်ပြီး ထိုင်နေလျှင်တော့ မည်ကဲ့သို့ မေတ္တာထားတတ်ဖို့ရန် လေ့လာခြင်းတွင်
ခရီးရောက်မှာ မဟုတ်တော့ပါ။ လူမှု အဖွဲ့အစည်း အကြောင်းအရာ ၊ အခြေအနေ တွေမှာရှိတဲ့ သူတွေနှင့်
ဆက်သွယ်ဖို့ရန် သင်လေ့လာရပါမည်။ လူမှု အသင်းအဖွဲ့ငယ်တွင် ဤအရာသည် တစ်ခုတည်းသော အရေးပါတဲ့
အကြောင်းရင်း ဖြစ်ပါတယ်။ ဤအရာတွေသည် သူတစ်ပါးကို ကိုယ်ကျိုးမငဲ့ဘဲ
မေတ္တာထားဖို့ရန် လေ့ကျင့်ခြင်း နှင့် ဘုရားသခင် သင့်အတွက် ပုံဖော်ပေးမှုတွေကို စံနမူနာယူတတ်ခြင်းစသည်တို့ကို
သိမြင်စေမှုတွေဖြင့် သင်ကြီး ထွားနိုင်သော အခြေအနေပေးသည့် နေရာဖြစ်ပါတယ်။
နေရာမှာ ပြန်ထိုင်ပြီး နားထောင်နေရုံနဲ့တော့ ချစ်ခြင်းမေတ္တာပြဖို့ရန် သင်ဘယ်တော့မှ သင်မလေ့လာနိုင်ပါဘူး။ တခြားသူတွေနှင့် ပေါင်းသင်းဆက်ဆံရေးကို သင် လေ့လာသင်ယူပါ။
ဆင်ခြင်ရန်
-နှုတ်ကပတ်တော်ဖြင့်
သင်၏နေ့ရက်ကို စတင်ဖို့ရန်နှင့် သင်၏အကောင်းဆုံးသော အချိန်အစိတ်အပိုင်းကို ဘုရားသခင်အား
ပေးနိုင်ဖို့ရန် သင်၏အစီအစဉ်တွေိကို မည်ကဲ့သို့ပြောင်းလဲနိုင်မည်နည်း။
-ကျောင်းမှာ
သင်ခဲ့ရသော အကောင်းဆုံးသော နည်းလမ်းအကြောင်းကို ပြန်စဉ်းစားကြည့်လိုက်ပါ။ အဲဒီလိုမျိုး
တူညီသော အခြေခံမူတွေကို မှတ်ယူခဲ့သည့်အတိုင်း ယခုတွင် မည်ကဲ့သို့ သက်ရောက်စေမည်နည်း။
-ချစ်ခြင်းမေတ္တာဖြင့်
တည်သော သူတွေကို သင်၏အသက်တာတွင် မည်သူတွေ၌ တွေ့မြင်ရပါသနည်း။ သူတို့တွေ ဘုရားသခင် နှင့်
တခြားသူတွေကို မည်သို့သော နည်းလမ်းတွေဖြင့် မေတ္တာပြပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
(၅) တခြားသော ချစ်ခြင်းမေတ္တာပြသော လူပုဂ္ဂိုလ်တို့၏ အကူအညီ ၊ အထောက်အမ ရယူပါ။
ဆင်ခြင်ရန်