Change Worry to Worship by Asking God for Help
Unicode Version
ဘုရားသခင်ထံ ကူညီမစမှုအတွက် တောင်းလျှောက်ခြင်းအားဖြင့် သင်၏စိုးရိမ်ခြင်းတွေကို ဆုတောင်းခြင်းအဖြစ် ပြောင်းလဲလိုက်ပါ။
ဖိလိပ္ပိ ၄:၆ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။
အရာရာ အဆင်မပြေမှုတွေ ဖြစ်နေတဲ့အချိန်အခါတွေရှိခဲ့ဖူးပါသလား။ အဆင်မပြေမှုတွေက သင့်ကို မကျော်လွှား နိုင်အောင် ဆန့်ကျင်နေသလား ။ သင်ဒုက္ခတွေ လွမ်းမိုးခံနေရလို့ အရှုံးပေးပြီး အိမ်ပြန်အိပ်သင့်ပြီလို့ သင်စဉ်းစား ပြီလား။
အဲဒီလို နေ့ရက်တွေ သင်၌ရှိနေတဲ့အခါ (သို့) အဲဒီလို တစ်နှစ်တာကာလ ဖြစ်နေတဲ့အခါ ဖြစ်စေ သင်၌ ရွေးချယ် စရာ (၂) ခုရှိပါတယ်။ သင်စိုးရိမ်နိုင်တယ် (သို့) သင် ဝတ်ပြုနိုင်တယ်။
နှစ်ခုလုံးတော့ သင်မပြုနိုင်ပါ။  သင်စိုးရိမ်နေပါလျှင် သင်ဝတ်ပြုကိုးကွယ်ဖို့ လုပ်ဆောင်မှာ မဟုတ်ပါ။ သင်ဝတ်ပြု ကိုးကွယ်ပါလျှင် သင်စိုးရိမ်ခြင်းတွေ မရှိတော့ပါ။
ဖိလိပ္ပိ ၄:၆ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။
စိုးရိမ်ခြင်းအတွက် ‌ဖြေဆေးကတော့ ဝတ်ပြုကိုးကွယ်ဖို့ ၊ ဆုတောင်းဖို့ ၊ ဘုရားသခင်အား ချီးမွမ်းဖို့ နှင့် သင်၏လိုအပ်ချက်တွေကို တောင်းခံဖို့ဖြစ်ပါတယ်။
“ဝတ်ပြုကိုးကွယ်ခြင်း” ဆိုတာ စကားကို ကြားတဲ့အခါမှာ အများစုသော လူတွေက ဂီတ လို့တွေးထင်ကြပါတယ်။ ဂီတ ဆိုတာ ဝတ်ပြုကိုးကွယ်ခြင်း နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ သို့ပေမဲ့ ဝတ်ပြုကိုးကွယ်ခြင်းသည် အမှန်တ ကယ်ပင် အသက်တာ တစ်ခုလုံး၏ နေထိုင်မှုပုံစံမျိုးဖြစ်ပါတယ်။ အသက်တာ၏ ကဏ္ဍတိုင်းမှာ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း၏ အပြုအမူဖြစ်နိုင်ပါသည်။
နောက်လာမည့် နေ့ရက်တွေမှာ ဝတ်ပြုကိုးကွယ်ခြင်း၏ အနက် အဓိပ္ပါယ်ကို ကျွန်ုပ်တို့လေ့လာကြဖို့ရှိပါတယ်။ သမ္မာကျမ်းစာရှိ ကျွန်ုပ်အကြိုက်ဆုံးဇာတ်ကြောင်းကနေ ဖော်ပြသွားပါမည်။ ဓမ္မဟောင်းရှိ ကောရိန္သုဒုတိယစောင် မှာ တွေ့ရှိထားပါတယ်။
ဘုရင် ယောရှဖတ်အပေါ် ရန်သူနိုင်ငံ များဖြစ်တဲ့ မောဘပြည် ၊ အမ္မုန် နှင့် ဧဒုံပြည်တွေမှ တိုက်ခိုက်ဖို့ အုပ်စုဖွဲ့ကြပါတယ်။ ဣသရေလ ပြည်ကို တိုက်ခိုက်ခြင်းငှာ စစ်ချီလာကြောင်းကို ရှင်ဘုရင် ယောရှဖတ် အစီရင်ခံစာကို လက်ခံရရှိခဲ့ပါတယ်။
ထူးဆန်းမှုက တိုင်းပြည် (၃) ပြည်မှာ တစ်ပြည်ကိုဆန့်ကျင့်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ သို့ပေမဲ့လည်း စိုးရိမ်နေမည့်အစား ဘုရင် ယောရှဖတ်သည် ဘုရားသခင်ထံ ကူညီမစမှုကို တောင်းခံရင်း ဝတ်ပြုကိုးကွယ်မှုပြုဖို့ ရွေးချယ်ပါတယ်။ ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၃ “ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှါ သဘောချလျက်၊ အစာရှောင်ရာအချိန်ကို၊ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာစေတော်မူ၏။
ပထမဆုံး ကြောက်ရွံ့ခြင်းဖြင့် လက္ခဏာပြနေပြီး ၊ အဆိုးတွေကိုသာ စဉ်းစာမိကာ ကြောက်ရွံ့ခြင်းက ယုတ္တိဆန်ပြီး ကျိုးကြောင်းဆီလျော်လာခဲ့ပါတယ်။
သူ့အား ခြိမ်းခြောက်နေသော ၊ စိတ်ပျက်စေသော (သို့) အရှုံးပေးဖို့ အကြောင်းဖြစ်စေသော ကြောက်ရွံ့ခြင်းကို ရှိနေဖို့ ဘုရင်သည် ခွင့်ပြုနိုင်ပါတယ်။ သို့ပေမဲ့ အဲဒီအစား ဘုရင် ယောရှဖတ်သည် သူ၏ကြောက်ရွံ့ခြင်းကို ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းပြုဖို့ရန် လှုံ့ဆော်စေခဲ့ပါတယ်။
ဤအရာကို သူတစ်ဉီးတည်း မလုပ်ဆောင်ပါဘူး။ တခြားသောသူတို့နှင့်အတူ ဆုတောင်းဖို့ သူစုရုံးခဲ့ပါတယ်။ ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၄ “ယုဒလူတို့သည် ထာဝရဘုရားကို စုတောင်းမည် ဟု စုဝေး၍၊ ထာဝရဘုရားကို ရှာအံ့သောငှါ၊ ယုဒမြို့ ရှိသမျှမှ ထွက်လာကြ၏။
တိုင်းပြည် (၃) ပြည်မှ စည်းလုံးစွာဖြင့် သင့်ကို တိုက်ခိုက်ဖို့ပြုနေတဲ့ အချိန်ကာလ နေ့ရက်လိုမျိုးကို သင်ဘယ်တော့မှ တွေ့ကြုံဖို့မရှိပါ။ သို့ပေမဲ့ အဆင်မပြေမှုတွေသည် သင်ဖြစ်စေချင်သောအရာတွေ မဖြစ်အောင် လုပ်ဆောင်တဲ့ ကာလနေ့ရက်တွေ ရှိနိုင်ပါသည်။ ထပ်ပြီးရှိနေအုံးမည်။
မဖြစ်နိုင်သော ၊ အဓိပ္ပါယ်မရှိသော နေ့ရက်ကာလတွေ ရှိလာတဲ့အခါမှာ သင့်အား အကူအညီ ပေးရန် ဘုရားသခင် အား ဝတ်ပြုကိုးကွယ် တောင်းလျှောက်ဖို့ ရွေးချယ်ပါ။ ဘုရားသခင်သည် အမြဲတမ်းသင်၏ဆုတောင်းကို ကြားပြီး တုံ့ပြန်ပါလိမ့်မည်။
ဆင်ခြင်ရန်
-ဝတ်ပြုကိုးကွယ်ခြင်းထက် စိုးရိမ်ခြင်းကိုသာ သင်ရွေးချယ်ပါလျှင် မည်သို့သော ရလဒ်ဖြစ်လာမည်နည်း။
-စိုးရိမ်ခြင်းထက် ဝတ်ပြုကိုးကွယ်မှုကို ရွေးချယ်ပါလျှင် မည်သို့သော ခြားနားခြင်းတွေ ဖြစ်လာမည်နည်း။
-စိုးရိမ်နေမည့်အစား ယနေ့တွင် ဘုရားသခင်ထံ မည်သိုသော ကူညီမစမှုတွေကို တောင်းလျှောက်နိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်