Can’t Handle It? God Already Knows

Unicode Version


မကိုင်တွယ်နိုင်ဘူးလား။ ဘုရားသခင်သိပြီးဖြစ်တယ်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၅:၅ “ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကိုနား ထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်းတယောက်အောက်တယောက်နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်း တန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော် မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။”

သင်ကြုံတွေ့ရတဲ့ ပြသနာအားလုံးအကြောင်းကို စတင်စဉ်းစားပါလျှင် အဲဒီပြသနာတွေမှာ ယေဘုယျအားဖြင့် တစ်မျိုးသောအရာတွေ ရှိနေတယ်ဆိုတာကို သင်သဘောပေါက်လာပါလိမ့်မည်။ အဲဒီအရာကို သင်နားလည်လာ တဲ့အခါမှာ သင်၏အားနည်းချက်ကို ဝန်ခံပြီး သင့်ကိုယ်သင် စိတ်နှိမ့်ချဖို့ရန် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

ဤအခြင်းအရာကို ဘုရင်ယောရှဖတ်သည် အင်အားကြီးတဲ့ ရန်သူတွေ စစ်ပွဲဆင်နွှဲဖို့ရန် စစ်ချီလာတဲ့အခါမှာ လုပ်ဆောင်ခဲ့သောအရာဖြစ်ပါတယ်။ ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၁၂ “အိုအကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင် ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကိုတိုက်အံ့သောငှါ လာသောဤအလုံးအရင်းကြီးကို၊ အကျွန်ုပ်တို့ သည် ဆီးတားခြင်ငှါ မတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိ ပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါ သည်ဟု ဆုတောင်း၍၊” သူဝန်ခံတဲ့အခါမှာ သူစိုးရိမ်နေရမည့်အစား ဘုရားကို ဝတ်ပြုကိုးကွယ်နိုင်ခဲ့ပါတယ်။

သင်၏ အားနည်းချက်ကို ဝန်ခံဖို့က ခက်ခဲပါတယ်။ သင့်ကိုယ်သင် နှိမ့်ချခြင်းက လွယ်ကူတဲ့အရာတော့ မဟုတ်ပါ။
သင့်ကိုယ်သင် စိတ်နှိမ့်ချဖို့ ဘုရားသခင် အလိုတော်ရှိတယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၅:၅ “အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော် မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။”

မာနထောင်လွှားခြင်းသည် ဘုရားသခင်၏ ကျေးဇူးပြုမှုကို တွန်းလှန်ပေမဲ့ နှိမ့်ချခြင်းကတော့ ဆွဲဆောင်မှု ဖြစ်စေပါတယ်။ သင့်အသက်တာထဲကို ဘုရားသခင်သည် သူ၏ကျေးဇူးတော်တွေကို သွန်းလောင်းပေးချင်ပေမဲ့ သင် မာနထောင်လွှားပြီး စိတ်မြင့်နေတဲ့လမ်းအတိုင်းသွားနေလျှင် ဘုရားသွန်းလောင်းမည် မဟုတ်ပါ။ ဒါကြောင့် သင်၏အားနည်းချက်တွေကို ဝန်ခံပြီး သင့်ကိုယ်သင် စိတ်နှိမ့်ချရပါမည်။

သင်၏အားနည်းချက်တွေကို ဝန်ခံခြင်းနှင့် ပတ်သက်ပြီး ကောင်းမြတ်တဲ့အရာရှိပါတယ်။ ဘုရားသခင် သိပြီးသားဖြစ်တဲ့အရာကို သင်ပြောလိုက်ရုံလေးပါ။ “ကျွန်ုပ်မကိုင်တွယ်နိုင်တော့ဘူး” လို့ ဘုရားအားသင်ပြော လိုက်တဲ့အခါမှာ ဘုရားသခင်အတွက်တော့ အံ့ဩစရာ မဖြစ်ပါ။ တကယ်တော့ သခင်ခရစ်တော်က ရှင်ယောဟန်ခရစ်ဝင် ၁၅:၅ တွင် “ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူ သည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။”

သို့ပေမဲ့ ဖိလိပ္ပိ ၄:၁၃ တွင် “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။”
သခင်ခရစ်တော် တန်ခိုးကြီးတော်မူသည်။ သင်၌ စွမ်းအားနည်းပါတယ်။ မည်သူကမျှ အလယ်အလတ်မရှိပါဘူး။ သို့ပေမဲ့ ကျမ်းပိုဒ်ကဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့ သခင်ခရစ်တော်၌ မှီခိုအားထားတဲ့အခါမှာ လိုအပ်သော ခွန်အားကို သခင်ခရစ်တော် ပေးပါလိမ့်မည်။

ဒါကြောင့် သင်၌ အခက်အခဲတို့ကို ရင်ဆိုင်နေရတယ်လို့ တွေ့မြင်တဲ့အခါမှာ သင်၏အားနည်းချက်ကို ဝန်ခံရပါ မည်။ သင်၏အခြေအနေတွင် ဘုရားသခင်သည် သူ့ကိုယ်သူအတင်းဝင်ရောက်စေမည် မဟုတ်ပါ။ သို့ပေမဲ့ သင်၏ ဝန်ခံခြင်းတွေကို တုံ့ပြန်ဖို့ရန် ဘုရားသခင် စောင့်ဆိုင်းနေပြီး ကူညီရန်အဆင်သင့်ဖြစ်နေပါသည်။

ဆင်ခြင်ရန်
- မည်သို့သော အခြေအနေမျိုးတွင် သင်၏အားနည်းချက်တွေကို ဝန်ခံဖို့ရှိနေပါသနည်း။
-ပြသနာတွေကို ဘုရား၏ အကူအညီမပါဘဲ သင့်အကြံအစည်ဖြင့် ကိုင်တွယ်ဖို့ကြိုးစားတဲ့အခါမှာ ဘာတွေဖြစ်လာ သနည်း။
-မိမိကိုယ်ကို နှိမ့်ချပြီး ပြသနာတွေကို ဘုရားကိုင်တွယ်ဖို့ရန် အခွင့်ပေးတဲ့အခါမှာ အရာရာမည်ကဲ့သို့ ဖြစ်လာပါ သနည်း။


---------------------------------------------------------------------------------


Zawgyi Version



မကိုင္တြယ္ႏိုင္ဘူးလား။ ဘုရားသခင္သိၿပီးျဖစ္တယ္။
ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၅:၅ “ထိုနည္းတူ၊ အသက္ပ်ိဳေသာသူတို႔၊ အသက္ႀကီးေသာ သူတို႔၏ စကားကိုနား ေထာင္ၾကေလာ့။ ထိုမွ်မက၊ အခ်င္းခ်င္းတေယာက္ေအာက္တေယာက္ႏွိမ့္ခ်လ်က္ေန၍၊ ႏွိမ့္ခ်ျခင္း တန္ဆာကို ဆင္ၾကေလာ့။ အေၾကာင္းမူကား၊ ေထာင္လႊားေစာ္ကားေသာ သူတို႔ကို ဘုရားသခင္ ဆီးတားေတာ္ မူ၏။ စိတ္ႏွိမ့္ခ်ေသာ သူတို႔အား ေက်းဇူးျပဳေတာ္မူ၏။”

သင္ႀကဳံေတြ႕ရတဲ့ ျပသနာအားလုံးအေၾကာင္းကို စတင္စဥ္းစားပါလွ်င္ အဲဒီျပသနာေတြမွာ ေယဘုယ်အားျဖင့္ တစ္မ်ိဳးေသာအရာေတြ ရွိေနတယ္ဆိုတာကို သင္သေဘာေပါက္လာပါလိမ့္မည္။ အဲဒီအရာကို သင္နားလည္လာ တဲ့အခါမွာ သင္၏အားနည္းခ်က္ကို ဝန္ခံၿပီး သင့္ကိုယ္သင္ စိတ္ႏွိမ့္ခ်ဖို႔ရန္ အေကာင္းဆုံးေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။ 

ဤအျခင္းအရာကို ဘုရင္ေယာရွဖတ္သည္ အင္အားႀကီးတဲ့ ရန္သူေတြ စစ္ပြဲဆင္ႏႊဲဖို႔ရန္ စစ္ခ်ီလာတဲ့အခါမွာ လုပ္ေဆာင္ခဲ့ေသာအရာျဖစ္ပါတယ္။ ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၂၀:၁၂ “အိုအကြၽႏ္ုပ္တို႔ဘုရားသခင္၊ သူတို႔ကို မစီရင္ ဘဲေနေတာ္မူမည္ေလာ။ အကြၽႏ္ုပ္တို႔ကိုတိုက္အံ့ေသာငွါ လာေသာဤအလုံးအရင္းႀကီးကို၊ အကြၽႏ္ုပ္တို႔ သည္ ဆီးတားျခင္ငွါ မတတ္ႏိုင္ပါ။ အဘယ္သို႔ျပဳရမည္ကိုမသိ ပါ။ ကိုယ္ေတာ္ကိုသာ ေမွ်ာ္ၾကည့္လ်က္ ေနၾကပါ သည္ဟု ဆုေတာင္း၍၊” သူဝန္ခံတဲ့အခါမွာ သူစိုးရိမ္ေနရမည့္အစား ဘုရားကို ဝတ္ျပဳကိုးကြယ္ႏိုင္ခဲ့ပါတယ္။

သင္၏ အားနည္းခ်က္ကို ဝန္ခံဖို႔က ခက္ခဲပါတယ္။ သင့္ကိုယ္သင္ ႏွိမ့္ခ်ျခင္းက လြယ္ကူတဲ့အရာေတာ့ မဟုတ္ပါ။
သင့္ကိုယ္သင္ စိတ္ႏွိမ့္ခ်ဖို႔ ဘုရားသခင္ အလိုေတာ္ရွိတယ္လို႔ သမၼာက်မ္းစာက ေဖာ္ျပထားပါတယ္။ ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၅:၅ “အေၾကာင္းမူကား၊ ေထာင္လႊားေစာ္ကားေသာ သူတို႔ကို ဘုရားသခင္ ဆီးတားေတာ္ မူ၏။ စိတ္ႏွိမ့္ခ်ေသာ သူတို႔အား ေက်းဇူးျပဳေတာ္မူ၏။”

မာနေထာင္လႊားျခင္းသည္ ဘုရားသခင္၏ ေက်းဇူးျပဳမႈကို တြန္းလွန္ေပမဲ့ ႏွိမ့္ခ်ျခင္းကေတာ့ ဆြဲေဆာင္မႈ ျဖစ္ေစပါတယ္။ သင့္အသက္တာထဲကို ဘုရားသခင္သည္ သူ၏ေက်းဇူးေတာ္ေတြကို သြန္းေလာင္းေပးခ်င္ေပမဲ့ သင္ မာနေထာင္လႊားၿပီး စိတ္ျမင့္ေနတဲ့လမ္းအတိုင္းသြားေနလွ်င္ ဘုရားသြန္းေလာင္းမည္ မဟုတ္ပါ။ ဒါေၾကာင့္ သင္၏အားနည္းခ်က္ေတြကို ဝန္ခံၿပီး သင့္ကိုယ္သင္ စိတ္ႏွိမ့္ခ်ရပါမည္။

သင္၏အားနည္းခ်က္ေတြကို ဝန္ခံျခင္းႏွင့္ ပတ္သက္ၿပီး ေကာင္းျမတ္တဲ့အရာရွိပါတယ္။ ဘုရားသခင္ သိၿပီးသားျဖစ္တဲ့အရာကို သင္ေျပာလိုက္႐ုံေလးပါ။ “ကြၽႏ္ုပ္မကိုင္တြယ္ႏိုင္ေတာ့ဘူး” လို႔ ဘုရားအားသင္ေျပာ လိုက္တဲ့အခါမွာ ဘုရားသခင္အတြက္ေတာ့ အံ့ဩစရာ မျဖစ္ပါ။ တကယ္ေတာ့ သခင္ခရစ္ေတာ္က ရွင္ေယာဟန္ခရစ္ဝင္ ၁၅:၅ တြင္ “ငါသည္ စပ်စ္ႏြယ္ပင္ျဖစ္၏။ သင္တို႔သည္အခက္မ်ားျဖစ္ၾက၏။ အၾကင္သူ သည္ ငါ၌တည္၍ ငါသည္ လည္းသူ႔၌တည္၏၊ ထိုသူသည္ မ်ားစြာေသာအသီးကိုသီးတတ္၏။ ငါႏွင့္ကြာလွ်င္ သင္တို႔သည္ အဘယ္အမႈ ကိုမွ် မတတ္ႏိုင္ၾက။”

သို႔ေပမဲ့ ဖိလိပၸိ ၄:၁၃ တြင္ “ငါ့ကို ခြန္အားႏွင့္ျပည့္စုံေစေတာ္မူေသာ ခရစ္ေတာ္အားျဖင့္ ခပ္သိမ္းေသာအမႈတို႔ကို ငါတတ္စြမ္း ႏိုင္၏။”
သခင္ခရစ္ေတာ္ တန္ခိုးႀကီးေတာ္မူသည္။ သင္၌ စြမ္းအားနည္းပါတယ္။ မည္သူကမွ် အလယ္အလတ္မရွိပါဘူး။ သို႔ေပမဲ့ က်မ္းပိုဒ္ကေဖာ္ျပထားသည့္အတိုင္း ကြၽႏ္ုပ္တို႔ သခင္ခရစ္ေတာ္၌ မွီခိုအားထားတဲ့အခါမွာ လိုအပ္ေသာ ခြန္အားကို သခင္ခရစ္ေတာ္ ေပးပါလိမ့္မည္။

ဒါေၾကာင့္ သင္၌ အခက္အခဲတို႔ကို ရင္ဆိုင္ေနရတယ္လို႔ ေတြ႕ျမင္တဲ့အခါမွာ သင္၏အားနည္းခ်က္ကို ဝန္ခံရပါ မည္။ သင္၏အေျခအေနတြင္ ဘုရားသခင္သည္ သူ႔ကိုယ္သူအတင္းဝင္ေရာက္ေစမည္ မဟုတ္ပါ။ သို႔ေပမဲ့ သင္၏ ဝန္ခံျခင္းေတြကို တုံ႔ျပန္ဖို႔ရန္ ဘုရားသခင္ ေစာင့္ဆိုင္းေနၿပီး ကူညီရန္အဆင္သင့္ျဖစ္ေနပါသည္။

ဆင္ျခင္ရန္
- မည္သို႔ေသာ အေျခအေနမ်ိဳးတြင္ သင္၏အားနည္းခ်က္ေတြကို ဝန္ခံဖို႔ရွိေနပါသနည္း။
-ျပသနာေတြကို ဘုရား၏ အကူအညီမပါဘဲ သင့္အႀကံအစည္ျဖင့္ ကိုင္တြယ္ဖို႔ႀကိဳးစားတဲ့အခါမွာ ဘာေတြျဖစ္လာ သနည္း။
-မိမိကိုယ္ကို ႏွိမ့္ခ်ၿပီး ျပသနာေတြကို ဘုရားကိုင္တြယ္ဖို႔ရန္ အခြင့္ေပးတဲ့အခါမွာ အရာရာမည္ကဲ့သို႔ ျဖစ္လာပါ သနည္း။