Three Mistakes to Avoid When Seeking God’s Will
Unicode Version
ဘုရားသခင်၏ အလိုတော်ကို ရှာဖွေတဲ့အခါမှာ ရှောင်ရှားသင့်သည် အမှား (၃) မျိုး
ဆာလံ ၃၇:၂၃-၂၄ “ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက် တော်မူ၏။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏ လက်ကို ကိုင်မ တော်မူ၏။”
သင့်အသက်တာ သေခြင်းလမ်းဆုံးဖြစ်ပြီလို့ သင်တွေးထင်သောနေရာတွင် ရောက်ရှိကောင်းရောက်ရှိနေမည်။ “အကြွေးသံသရာကနေ ငါတို့တွေ ဘယ်တော့မှာ မရုန်းထွက်နိုင်တော့ဘူး” ၊ “ငါတို့၌ သားသမီး ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး” ၊ “ငါတို့တွေ၏ အိမ်မက်တွေ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာ မဟုတ်ဘူး” ၊ အလုပ်ဖြစ်မြောက်ဖို့ မည်ကဲ့သို့ရှိလာနိုင်ပါမည်နည်း”။
ယခု အခြေအနေတွင် သင်၌ကျရှုံးမှု စိတ်ခံစားချက်တွေဖြင့် မှောင်မိုက်ကာလ ဖြစ်နေနိုင်မည်ဖြစ်ပြီး ဘုရားသခင် ၏ အလိုတော်က သင့်အတွက် နားမလည်နိုင် ဖြစ်နေပါလိမ့်မည်။ သို့ပေမဲ့ တစ်နေ့တွင် ဘုရားသခင်၏ အစီအစဉ်တွင် သင်မည်သို့ အံ့ဝင်ခွင်ကျရှိနေတယ်ဆိုတာကို နိစ္စထာဝရတွင် မြင်တွေ့ရဖို့ရှိပါသည်။ အဲဒီအချိန် မတိုင်ခင်ထိ ဘုရားသခင်၏ အလိုတော်ကို သင်ရှာဖွေရာ၌ သင်ပိုမိုယုံကြည်လာစေရန် ကူညီနိုင်သည် အဆင့် (၃) မျိုးရှိပါတယ်။
(၁) ကံစီမံရာအတိုင် မဖြစ်ပါနှင့်။
ဖြစ်ပျက်သမျှသည် ဘုရားအလိုတော်ဆိုပြီး မိမိကိုယ်ကို သနားခြင်းသို့ ဉီးတည်စေတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ၄င်းသည် ကျွန်ုပ်တို့ ပြသနာကို ဖြေရှင်းတဲ့အခါမှာ တာဝန်ကို လက်ခံခြင်းထက် ကျွန်ုပ်တို့၏ အသက်တာ၌ မကောင်းသောအရာအားလုံးအတွက် ဘုရားသခင်ကို အပြစ်တင်စေပါသည်။ ပြီးတော့ ကံစီမံရာသည် ပြုသမျှနုခြင်း သို့ ဉီးတည်စေပါတယ်။ ကျွန်ုပ်တို့အား ဇနီး /ခင်ပွန်း ရဖို့ (သို့) အလုပ်အကိုင်တစ်ခု ရဖို့အတွက် ဘုရားသခင် ယူဆောင်လာပေးမည်ကို စောင့်ဆိုင်းခြင်းဆိုတဲ့ အတွေးကို ဖြစ်စေပါတယ်။ ဘုရားသခင်ကတော့ သင့်ကို “ဉီးနှောက်ပေးထားပါတယ်။ ခြေထောက် ၂ ဖက်ပေးထားတယ် ၊ ထွက်ပြီး ဤအမှုကို စီရင်လော့” လို့ ပြောနေပါတယ်။
(၂) စိတ်ပျက် မနေပါနဲ့။
သင်၏အသက်တာ၌ အရာရာကို ဖြေရှင်းဖို့ ကြိုးစားပါက အလွန်စိတ်ပျက်သွားစေပါလိမ့်မည်။ တစ်ခါတစ်ရံ ဘုရားသခင် အလိုတော်လို့ သင်ထင်ပြီး လုပ်ဆောင်တဲ့အရာတွေမှာ ကျရှုံးဖို့ရှိနေပါတယ်။
အဖြေမရှိတဲ့အခါ သင်ဘာကို လုပ်ဆောင်ပါသနည်း။ သင်၏အခြေအနေအားလုံး၌ ဘုရားသခင်သည် သင်၏ အကျင့်စရိုက်ကို သူလုပ်ဆောင်နေကြောင်း ၊ သူ၌ ကောင်းသော အစီအစဉ်ရှိကြောင်း သင်သိပြီး ဘုရားသ ခင်ကို ယုံကြည်နေခြင်းဖြစ်သည်။
(၃) မကြောက်ပါနဲ့။
ကြောက်ရွံ့ခြင်း၏ အရင်းအမြစ်ပြသနာသည် ဘုရားသခင်၏ မေတ္တာတော်ကို သံသယဖြစ်ခြင်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ - ရှင်ယောဟန် ပဌမစောင် ၄:၁၈ “ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။
ဆာလံ ၃၇:၂၃-၂၄ “ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရား သည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက် တော်မူ၏။ ၂၄ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏ လက်ကို ကိုင်မတော်မူ၏။”
ဘုရားသခင်၏ အလိုတော်သည် သူ၏ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဘုရားသခင် ဘာကိုလုပ်ဆောင် နေသည်ကို သင်နားမလည်ပါလျှင် သည်းခံခြင်းရှိပါ။ သင့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်သည်ကို ဘုရားသခင် သိတော်မူ၏။ သင်၏ နောက်ဆုံးသောရလဒ်ကို သင်မသိပေမဲ့ ဘုရားသိပါ၏။ ဘုရားသခင်၏ လမ်းသည် နာကျင်ကောင်း နာကျင်လိမ့်မည်။ သို့ပေမဲ့ အဲဒီ အခက်အခဲတွေ ၊ နှောင့်နှေးခြင်းတွေ နှင့် ပြသနာတွေက သင့်အသက်တာ လက္ခဏာတွေကို တည်ဆောက်ပေးခြင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-“မကောင်းမှုတွေ ဘာကြောင့် လူကောင်းတွေမှာ ဖြစ်ရသနည်း” ဆိုတဲ့ မေးခွန်းကို သင်မည်သို့ တုံ့ပြန်မည်နည်း။
- သင့်အသက်တာတွင် မည်သို့သောအရာကို ဘုရားသခင် လုပ်ဆောင်မည် (သို့) ယူဆောင်ပေးမည်ကို စောင့်ဆိုင်းနေပါသနည်း။ အဲဒီအရာနှင့် ပတ်သက်ပြီး ဘုရားသခင် ဘာကို လုပ်ဆောင်စေမလဲဆိုတာကို သင်တွေးမြင်ပါသနည်း။
- “ဘုရားသခင်၏အလိုတော်သည် သူ၏မေတ္တာကို ဖော်ကျူးခြင်း ဖြစ်သည်” ဆိုတဲ့ ဝါကျ၏အဓိပ္ပါယ်ကို သင်မည်ကဲ့သို့ တွေးမြင်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
(၂) စိတ်ပျက် မနေပါနဲ့။
(၃) မကြောက်ပါနဲ့။
ဆင်ခြင်ရန်