Unicode Version
---------------------------------------------------------------------------------
Zawgyi Version
အောင်ပွဲပြီးတဲ့နောက်မှာ ကောင်းချီးတွေလာပါတယ်။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၇ “ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သောအခွင့်ကို၊
ထာဝရဘု ရားပေး တော်မူသောကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာ ကြွ၍ယုဒပြည်သူ ယေရုရှလင်မြို့သား
အပေါင်းတို့သည်၊ ဝမ်းမြောက်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ စောင်းတယောတံပိုးကိုတီးမှုတ်လျက်၊
ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။”
ရာဇဝင်ချုပ်ဒုတိယစောင်
အပိုဒ် ၂၀ တွင် သိသာထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ဣသရေလတို့၏ ရန်သူအချင်းချင်း
ပြန်တိုက်ခိုက်ဖို့ကို ဘုရားသခင်ပြုခဲ့ရုံလေးပါ။ ဣသရေလစစ်သားတို့ နောက်ဆုတ်ပြီး စောင့်
ကြည့်တဲ့အခါမှာ သူတို့၏ ရန်သူတို့သည် အချင်းချင်းပြန်တိုက်နေခဲ့ကြတယ်။ ထိုသို့ဖြစ်ပြီးနောက်တွင်
အရာရာ ဖွတ်ဖွတ်ညက်ညက်သေကြေပျက်စီးခဲ့တယ်။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၄ “ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့
ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူ အပေါင်းတို့သည် တယောက်မျှမလွတ်၊ မြေပေါ်မှာ
လဲသော အသေကောင်ဖြစ်ကြ၏။”
တစ်ခါတစ်ရံ
ဘဝမှာ အဲဒီလိုမျိုးတွေဖြစ်နေတယ် မဟုတ်လား။ သင်မကျော်လွှားနိုင်ဘူးလို့ ထင်ရတဲ့ပြသနာတွေ
ရှိနေမယ်။ သင်၏ရန်သူကို ရင်ဆိုင်ရင်း ဘုရားသခင် တိုက်ပေးမယ်ဆိုတာကို ယုံကြည်ပါ။ ပြီးတော့
လက်နက်မပါသော သင်သည် အောင်မြင်ခြင်းကို စောင့်ကြည့်နေပါ။ သို့ပေမဲ့ တိုက်ပွဲ၏အဖိုးအခက
ထင်ရှား ပေါ်လွင်နေပါတယ်။ သေကျေဒဏ်ရာရသူတွေ နှင့် ဖရိုဖရဲဖြစ်နေမှုတွေ ရှိပါတယ်။
သို့ပေမဲ့
အဆိုးကနေ ကောင်းချီးဖြစ်စေသည့်အရာတွေကို သင်ရှာဖွေရန် ဘုရားသခင် ကူညီချင် ပါသည်။ စစ်ပွဲမြေပြင်တွင်
ကျန်ရစ်ခဲ့သော အရာတွေကို သင့်အားပေးရန် ဘုရားအလိုတော်ရှိသည်။ ဒါသည် ဣသရေလူတို့ ၏ စစ်ပွဲ၌
ဖြစ်ပျက်ခဲ့သောအရာ ဖြစ်ပါတယ်။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၅ “ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာ
ကိုလုယူခြင်းငှါ လာကြသော အခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဘိုးထိုက်သော တန်ဆာတို့ကို
တွေ့သဖြင့်၊ ထမ်း၍မသွား နိုင်အောင်ချွတ်ယူကြ၏။ လက်ရ ဥစ္စာအလွန်များသောကြောင့်၊ သုံးရတ်ပတ်လုံး
လုယူထုပ်ထားလျက်နေကြ၏။”
ဤဇာတ်ကြောင်းတစ်လျောက်တွင်
ဘုရားသခင်၏လူတို့သည် စိုးရိမ်နေခြင်းထက် ဝတ်ပြုကိုးကွယ်ဖို့ရန် ရွေးချယ် ခဲ့ကြပါတယ်။
တိုက်ပွဲကို တိုက်ခိုက်နေခြင်းထက် သူတို့၏ပြသနာကို ဘုရားသခင် ဖြေရှင်းပေးဖို့ရန် သူတို့
အခွင့်ပေးခဲ့ကြပါတယ်။ နောက်ဆုံးရလဒ်ကား သူတို့ကိုင်တွယ်နိုင်တာထက်ကို များစွာသော ကောင်းချီးဖြစ်
စေခဲ့ပါတယ်။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၆-၂၇ “စတုတ္တွနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။ ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်း မြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသော ကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာ ကြွ၍ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဝမ်းမြောက်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍ ၊ စောင်းတယောတံပိုးကိုတီးမှုတ်လျက်၊ ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။”
စစ်ပွဲအောင်မြင်ဖို့ရန်
ဣသရေလ တို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြပါတယ်။ ယုံကြည်သည်အတိုင်း ဘုရားသခင် ပြုတော်မူခဲ့တယ်။
သို့ပေမဲ့ သူတို့၏ မျှော်လင့်နေတာထက်ကို ပိုလျှံစွာပြုခဲ့ပါတယ်။ စစ်ပွဲအောင်မြင် ခဲ့ပြီး
သူတို့ ဉစ္စာဓနကြွယ်ဝစွာဖြင့် အိမ်ပြန်ခဲ့ကြပါတယ်။ ခန္ဓာပိုင်းရော ဝိညာဉ်ပိုင်းရော
ဘုရားသခင် ကောင်းချီး ပေးခဲ့ပါတယ်။
ယနေ့တွင်
မည်သို့သော တိုက်ပွဲအလယ်၌ ကျရောက်နေပါသနည်း။ ကြင်ဖော်မဲ့နေသော မိဘတစ်ဉီးအနေဖြင့် မည်သို့
အဆုံးသတ်မည်ကို စိုးရိမ်နေရပါသလား။ ရုံး (သို့) ကျောင်းတွင် ပြသနာရင်ဆိုင်နေရပါသလား။
သင့်အသက်တာတွင် ပြသနာများစွာ ဖြစ်ပျက်နေတယ်လို့ ခံစားနေရပါသလား။
စိတ်ထိခိုက်နာကျင်စေတဲ့
ရင်ဆိုင်ရမှုတိုက်ပွဲကို တွန်းလှန်နေတယ်ဆိုလျှင် ကောင်းချီးနှင့်ဆိုင်သော ချိုင့်ဝှမ်းဒေသ
သို့ ပို့ဆောင်ဖို့ရန် ဘုရားပြုပေးချင်ပါသည်။ စိုးရိမ်နေမည့်အစား ဝတ်ပြုကိုးကွယ်ခြင်းကို
သင်ရွေးချယ် တဲ့အခါမှာ ဘုရား၏ပို့ဆောင်ခြင်းအရာတွေ ဖြစ်လာပါသည်။
ဆင်ခြင်ရန်
-
အတိတ်ကလာ သင့်အသက်တာအခက်အခဲရှိခဲ့စဉ်တုန်းက ဘုရားသခင် မည်သို့သော ကောင်းချီးတွေကို
ပြုပေးခဲ့သည်ကို တွေ့ကြုံခဲ့ရပါသနည်း။
-ဘုရားသခင်
သင့်ကို အောင်မြင်ခြင်းပေးရုံမက ကောင်းချီးများစွာ သွန်းလောင်းပေးမည်ဟူသော မျှော်လင့်ချက်
ဖြင့် တိုက်လှန်သောအခါ မည်သို့သော ခြားနားချက်တွေရှိပါသနည်း။
-ဘုရားသခင်
ယနေ့တွင် သင့်အတွက် မည်သို့တိုက်ပွဲဆင်နွဲ နေပါသနည်း။ ခက်ခဲမှုတွေကြားမှ ဘုရားသခင်၏
ကောင်းချီးများကို ရှာတွေ့ရန် ကူညီဖို့အတွက် ဘုရားသခင်အား တောင်းလျှောက်ပါ။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်