Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သင်သည် ဝိညာဉ်ရေးဆိုင်ရာ မိဘမဲ့မဟုတ်ပါ။
ဆာလံ ၁၁၁:၅ “ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို
အစဉ်အောက် မေ့တော်မူ၏။”
သားသမီးတွေဖြစ်သည့်အလျှောက်
ကျွန်ုပ်တို့တွေ ငွေကြေးလိုအပ်လာတဲ့အခါမှာ မကြာခဏ မိဘဆီ သွားတတ်ကြပါတယ်။ ကလေးသူငယ်အရွယ်တုန်းက
သင်ပြုခဲ့ပါလျှင် သင်၏မိခင် (သို့)ဖခင် ဘယ်မှာ ပိုက်ဆံရမလဲဆိုတာကိုတော့ သိချင်စိတ်
ပေါ်နိုင်ခြေ မရှိပါ။ ဒါတွေက သူတို့အလုပ်လို့ဘဲ သင်ထင်မြင်ခဲ့ရုံပေါ့။ မိဘတွေ ငွေရှာကြတယ်၊
သားသမီးတွေက အသုံးပြုကြပါတယ်။
လူတော်တော်များများ
ဝိညာဉ်ရေးဆိုင်ရာ မိဘမဲ့ကဲ့သို့ ပြုမူနေပါပြီး ထာဝရဘုရားသခင် ရှိတယ်ဆိုတာကို မေ့နေကြပါတယ်။
မဿဲ ၆:၃၂-၃၃ “ထိုအရာများကို
သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။
နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။”
လူသားတွေက
လွှဲလို့ ကျန်သော ဖန်းဆင်းသမျှသော အရာတို့သည် စိုးရိမ်ခြင်းမရှိကြပါဘူး။
စိုးရိမ်ခြင်းသည်
ဘုရားမဲ့ဝါဒီသဘောမျိုးဖြစ်ပါတယ်။ သင်စိုးရိမ်နေတဲ့အခါတိုင်းမှာ မိဘမဲ့ကဲ့သို့ သင်ပြုမူပါတယ်။
“ငါ့ပေါ်မှာ မူတည်တယ်”ဆိုပြီး သင်ပြောနေခြင်းဖြစ်တယ်။ စိုးရိမ်ခြင်းဆိုတာ ဘုရားသခင်၏ ချစ်ခြင်း
မေတ္တာကို သံသယဖြစ်ကြောင်းကို သတိပေးတဲ့ အရာဖြစ်ပါတယ်။
ဆာလံ ၁၁၁:၅ “ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို
အစဉ်အောက် မေ့တော်မူ၏။”
ဘုရားသခင်သည် သင့်၏ကယ်တင်ခြင်းအတွက် ခရစ်တော်ကို ကားတိုင်ထက် အသေခံဖို့ရန် စေလွှတ်ခဲ့တယ်လို့
သမ္မာကျမ်းစာက ပြောထားပါတယ်။ တစ်ပါးတည်းသော သားတော်ကို သင့်အတွက် သေဖို့ရန် စေလွှတ်ရလောက်အောင်
ဘုရား၏ သင့်အပေါ်ချစ်ခြင်းက လုံလောက်တယ်ဆိုလျှင် သင်၏ကုန်ကျစရိတ်ကို ဖြည့်ဆည်းပေးဖို့ရန်
သူ၏ချစ်ခြင်းက မလုံလောက်စရာလား။ သင့်အား ကယ်တင်ခဲ့စဉ်တွင် အကြီးမားဆုံးသော ပြသနာကို
ဖြေရှင်းပေးခဲ့တယ်ဆိုလျှင် တခြား သေးငယ်သောအမှုပြသနာအတွက် နှိုင်းယှဉ်စရာလား။
အရေးကြီးတဲ့အရာက
- ဘုရားသခင် လုပ်ဆောင်မည်ဟု ပြောထားသောအရာကို လုပ်ဆောင်မည်ကို သင်ယုံကြည်ပါသလား။ သင့်အသက်တာတွင်
ဘုရားသခင်ကို ဉီးစားပေးပါလျှင် သင်၏လိုအပ်ချက်တွေကို ပေးမယ်လို့ ကတိပေးထားပါတယ်။ အထောက်အထားအနေဖြင့်
ဘုရားသခင်ပြောသမျှကို လုပ်ဆောင်ရန် ပြည့်ဝစွာ ယုံကြည်နိုင်မည်လား။
ဆာလံ ၃၄ တွင် ဘုရားသခင်ကို
ကျွန်ုပ်တို့ရှာဖွေတဲ့အခါမှာ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း နှင့် ပတ်သက်ပြီး ပြောထားပါတယ်။
သင်၏ဘဏ္ဍာရေးနှင့် ပတ်သက်ပြီး ကြောက်စိတ်ဖြစ်နေပါလျှင် သင်သည် ဘုရားသခင်နှင့် သူ၏ ကတိတော်တွေကို
မေ့နေခြင်းကြောင့် ဖြစ်ပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ
ကြောက်စိတ်တွေကနေ လွတ်မြောက်ခြင်းအတွက် သင်အလေးထားပါလျှင် ဘုရားသခင်ကို နေ့စဉ်အသက်တာတွင်
နာခံဖို့ရန် နှင့် သင့်အားဖြည့်ဆည်းပေးဖို့ရန် ဘုရားသခင်ကို ယုံကြည်ဖို့အတွက် ရွေးချယ်ရပါမည်။
သင်၏ဘဏ္ဍာရေးကိစ္စတွေမှာ ဘုရားသခင်ကို ဉီးထိပ်ထားပြီး ကတိတော်နှင့်စပ်ဆိုင်ခြင်း တွေကို
လိုက်လျှောက်ရန် သင့်ကို ဘုရားသခင် စောင့်နေပါတယ်။
ဆင်ခြင်ရန်
-သင်၏ငွေကြေးဆိုင်ရာတွင်
ကြောက်စရာအကောင်းဆုံးအရာကား မည်သို့နည်း။ အဲဒီ အကြောက်တရားအတွက် ဘုရားသခင်ကူညီမယ်ဆိုတာကို
သင်ယုံကြည်ပါသလား။ ဘာကြောင့်နည်း။ (သို့) ဘာကြောင့်မဟုတ်သနည်း။
-ငွေကြေးဆိုင်ရာကိစ္စတွေမှာ
စတင်စိုးရိမ်တဲ့အခါ မည်သို့သော ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် စပ်ဆိုင်သော အရာတွေကို
သင်သတိရနိုင်မည်နည်း။
-ဘုရားသခင်
သင့်အပေါ် ဖြည့်ဆည်းပေးမည်ဟု ယုံကြည်ပြီး ငွေကြေးဆိုင်ရာ နာခံခြင်းကို ယနေ့တွင်ပြုဖို့ရန်
မည်သို့သော ခြေလှမ်းဖြင့် စတင်နိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်