Without Love, You’ve Wasted Your Time
Unicode Version
ချစ်ခြင်းမေတ္တာမရှိခြင်းသည် သင်၏အချိန်ကို ဖြုန်းတီးရာရောက်ပါတယ်။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။ 
ဘုရားသခင်နှင့် တခြားသူတွေကို ချစ်ခြင်းမေတ္တာရှိတတ်ဖို့ရန် လေ့လာသင်ယူဖို့အတွက် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ နေရာချထားခံရခြင်းကြောင့် ချစ်ခြင်းမေတ္တာသည် အသက်တာတွင် အကြီးမားဆုံးသော ရည်ရွယ်ချက် ဖြစ်ပါတယ်။ ကောရိန္သုဩဝါဒစာ ပဌမစောင် အခန်းကြီး ၁၃ တွင် ချစ်ခြင်းမေတ္တာက အရေးအကြီးဆုံးသောအရာ ဖြစ်ကြောင်းကို သမ္မာကျမ်းစာတွင် ရှင်းလင်းဖော်ပြထားပါတယ်။
(၁) ချစ်ခြင်းမေတ္တာမရှိလျှင် သင်ပြောသမျှသည် ထိရောက်မှုမရှိပါ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။  အဓိပ္ပါယ်မရှိတဲ့စကားလုံး ၊ ချစ်ခြင်းမေတ္တာမရှိတဲ့ စကားလုံးတွေသည် ဆူညံသံကိုသာ ဖြစ်ပေါ်စေတယ်။ နှစ်သက်ဖွယ်မရှိတဲ့စကားလုံးတွေကို လူတွေ သဘောမကျကြဘူး ၊ ငြင်းပယ်ကြပါတယ်။ သို့ပေမဲ့ ချစ်ခြင်းမေတ္တာဖြင့် ဆိုသော စကားလုံးတွေကို နားထောင်ပြီး တုံ့ပြန်တတ် ကြပါ တယ်။
(၂) ချစ်ခြင်းမေတ္တာမရှိလျှင် သင်သိမျှအားလုံးတို့သည် မပြည့်စုံပါ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃: “ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ ….မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။ ဤကမ္ဘာကြီးသည် သတင်းအချက်အလက်များနှင့် ဗဟုသုတ များဖြင့် ထိန်းမနိုင်သိမ်းမရ တိုးပွားနေပါတယ်။ သို့သော် ဤကမ္ဘာကြီးက ဗဟုသုတတွေကို ပိုမိုရှာဖွေခြင်း မရှိတဲ့အတွက်ကြောင့် ကျွန်ုပ်တို့၏ အခြေခံအကျဆုံး ပြသနာတွေကို ဖြေရှင်းနိုင်ခြင်းမရှိပါ။ ဤကမ္ဘာမြေကြီးက ချစ်ခြင်းမေတ္တာကို ရှာဖွေနေပါတယ်။
(၃) ချစ်ခြင်းမေတ္တာမရှိလျှင် သင်ယုံကြည်သမျှအားလုံးတို့သည် ကျေနပ်စရာမရှိပါ။
 ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၂ “တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း…. မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။ ခရစ်ယာန်ဖြစ်ခြင်းသည် အမှန်တရားနှင့် အယူဝါဒများကို ယုံကြည်ရန်ဖြစ်သည် ဆိုတဲ့အယူအဆမှားနေတာတွေ လူတော်တော်များများမှာ ရှိနေကြပါတယ်။ သင်သည် သခင်ခရစ်တော်ကို ချစ်ပါသလား။ သူက သင့်ကိုချစ်တယ်ဆိုတာ သင်သိပါသလား။ ခရစ်ယာန်ဘာသာသည် သင့်အပေါ်ထားရှိသော သခင်ခရစ်တော်၏မေတ္တာတော်ကို တွေ့ကြုံခံစားခြင်းနှင့် ကိုယ်တော်နည်းတူ မည်သို့ ချစ်ရမည်ကို သင်ယူခြင်းဖြစ်ပါတယ်။
(၄) ချစ်ခြင်းမေတ္တာမရှိလျှင် သင်ပေးကမ်းသမျှသည် အရာမရောက်ပါ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၃ “သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲ …. သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။
ပေးကမ်းခြင်းအတွက် တာဝန်ဝတ္တရားတွေ ၊ လှုံ့ဆော်မှု အမျိုးမျိုးရှိပါတယ်။ သင်ပေးကမ်းသောကြောင့် သင်သည် ချစ်ခြင်းမေတ္တာ၌ လုပ်ဆောင်နေသည်ဟု မဆိုလိုပါ။ ချစ်ခြင်းမေတ္တာမရှိဘဲ သင်ပေးကမ်းနိုင်ပါတယ်။ သို့ပေမဲ့ ပေးကမ်းခြင်းမပါဘဲ သင်မေတ္တာပြလို့မရပါဘူး။
(၅) ချစ်ခြင်းမေတ္တာမရှိလျှင် ပြီးမြောက်အောင်လုပ်ဆောင်ခြင်းအရာတွေမှာ အားနည်းချက်တွေ ၊ ချို့ယွင်းချက် တွေ ရှိနေမည်။
 ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၃ “သူတပါးကို ငါကျွေးမွေး၍ …..ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။” သင်၌ ကြီးမားသော အောင်မြင်မှု အမျိုးမျိုးရှိနိုင်ပါတယ်။ ဘုရားသခင်၏နိုင်ငံတော်အတွက် ဤကမ္ဘာလောကတွင် အကြီးမြတ်ဆုံးအရာအတွက် သင်၏အသက်တာကို စွန့်လွှတ်အနစ်နာခံသည့်တိုင် ချစ်ခြင်းမေတ္တာမပါလျှင် သင်၏အားထုတ်မှုအရာသည် အချည်းနှီးဖြစ်သည်။
သင်၌ အဟောအပြောကောင်းသော ပါရမီရှိနိုင်တယ်၊ အတုမရှိတဲ့ အသိပညာ တွေ ၊ အံ့ဩဖွယ် လုပ်ဆောင်မှုတွေ ၊ ပရဟိတအလှူ ရက်ရောမှုတွေ ၊ ကိုယ်ကျိုးစွန့် နှစ်မြှုပ်ထားမှုတွေ ရှိကောင်းရှိနိုင်သည်။ သို့ပေမဲ့ သင်၌ ချစ်ခြင်းမေတ္တာမရှိလျှင် အဲဒီအရာတွေသည် အဖိုးမတန်ပါ။
သတင်းကောင်းတစ်ခုက ဘုရားသခင်သည် သင့်ကို ဉီးစွာချစ်ခဲ့တဲ့အတွက်ကြောင့် သင်သည်လည်း သူတစ်ပါးကို ချစ်နိုင်ပါတယ်။ သခင်ခရစ်တော်က သူ၏ချစ်ခြင်းမေတ္တာ၌တည်နေပါလျှင် သူတစ်ပါးကို မေတ္တာထားနိုင်ဖို့ရန် ကူညီမယ်လို့ ပြောထားပါတယ်။ သင်သည် သခင်ခရစ်တော်နှင့်ပို၍ ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ သင်၏ချစ်ခြင်းမေတ္တာစွမ်းရည်သည်လည်း ပိုမိုတိုးပွားလာစေပြီး ၊ တခြားသူများကိုပါ မေတ္တာထားပြီး အသက်ရှင်နေထိုင်နိုင်ဖို့ရန် သင့်အတွက် ဖြစ်နိုင်စရာများကို သခင်ခရစ်တော် လုပ်ဆောင်ပေးပါမည်။
ဆင်ခြင်ရန်
-နူးညံ့သိမ်မွေ့ခြင်း ၊ နှိမ့်ချခြင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် စကားပြောဆိုတဲ့အခါမှာ အများအားဖြင့် လူတွေဘာ ကြောင့်များ နားထောင်ပြီး တုံ့ပြန်မှု ပြုလေ့ရှိပါသနည်း။
-ဆယ်ဖို့တစ်ဖို့အတွက် သင်၏အကြီးမားဆုံးသော လှုံ့ဆော်မှုက ဘာဖြစ်မည်နည်း။ သင်၏ စိတ်ကြိုက် အကြောင်းရင်းကြောင့် ပေးကမ်းဖို့ရန် (သို့) အကျိုးအမြတ်အတွက်မရှိဘဲ လုပ်ဆောင်သော အဖွဲ့အစည်း (nonprofit organization)တို့ကို ပေးကမ်းရန် သင်၏အကြီးမားဆုံးသော လှုံ့ဆော်မှုက ဘာဖြစ်မလဲ။
-ချစ်ခြင်းမေတ္တာမရှိသောသူနှင့် ပြီးစီးအောင်မြင်မှုအရာတွေမှာ မေတ္တာရှိတယ်လို့ သတ်မှတ်ခံထားရတဲ့သူတို့တွင် အကြီးမားဆုံးသော ခြားနားချက်က မည်သို့နည်း။
---------------------------------------------------------------------------------
Zawgyi Version
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁ “ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။ ”
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၃ “သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲ …. သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။”
ဆင်ခြင်ရန်