When You Envy, You’re in a Battle with God

Unicode Version



မဿဲ ၂၀:၁၃-၁၅ “အိမ်ရှင်ကလည်းအဆွေ၊ သင်၌ မတရားသောအမှုကိုငါမပြု။ ဒေနာရိတပြားကိုအမှတ်ပြု၍ သင်သည် ငါနှင့်ဝန်ခံသည်မဟုတ်လော။ သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့် အညီအမျှပေးခြင်းငှါ ငါအလိုရှိ၏။”

သင့်ကို ဘုရားသခင်ကောင်းချီး မပေးထားသော အရာတွေ ၊ နည်းလမ်းတွေဖြင့် သူတစ်ပါးအား ကောင်းချီးပေး တယ်လို့ ထင်မြင်ရတဲ့အခါ စိတ်လျော့ပြီးတော့ ဘုရားသခင်ကို ယုံကြည်လိုက်ပါ။ သင့်အတွက် မည်သို့သော အရာက အကောင်းဆုံးဖြစ်သည်ကို ဘုရားသခင်သိနေတယ်ဆိုတာကို ယုံကြည်ပါ။ တရားမမျှတဘူးလို့ ထင်ရတဲ့အခြေအနေတွင် သူ့အား ဆက်လက်ယုံကြည်ပါ။

တရားမမျှတဘူး ၊ ဘာကြောင့်သူတို့မှ ဖြစ်ရသလဲ၊ သူတို့ ကြိုးစားသလို ငါကြိုးစားခဲ့တာဘဲ ၊ ငါ့မှာတော့ ဘာလို့မဖြစ်လာလဲ” ဆိုပြီး သင်ပြောသောအရာသည် မနာလိုခြင်း၏ လှည့်ကွက်ထဲသို့ သင်ကျရောက်နေပါပြီ။ သင်၏ အသက်တာတွင် သင်အသုံးပြုသော စကားလုံးအသုံးအနှုန်းတွေသည် မနာလိုဖြစ်ခြင်းကို တဖြည်းတဖြည်း သင့်အသက်တာထဲသို့ ဝင်ရောက်လာစေသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

သခင်ယေရှုဖော်ပြသော စပျစ်ခြံ အလုပ်သမား ဉပမာတွင် အလုပ်သမားတို့သည် မတရားမှုပြုခံရတယ်လို့ ခံစားခဲ့ ကြပါတယ်။ သူတို့သဘောတူထားတဲ့ ပမာဏကို ပေးချေခြင်းကြောင့်မဟုတ်ဘဲ သူတို့ထက် အလုပ်အနည်းငယ် သာ လုပ်ဆောင်ခဲ့ကြတဲ့သူတွေနည်းတူ စပျစ်ခြံပိုင်ရှင်သည် တူညီသောပမာဏပေးချေခြင်း ကြောင့် ဖြစ်ပါတယ်။

မဿဲ ၂၀:၁၂ “နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း၊ တနေ့လုံးအမှုဝန်ကို ထမ်းရွက် ၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ၏။ ဤကျမ်းပိုဒ်တွင် မနာလိုခြင်းကို သင်တွေ့မြင်ရပါမည်။ “တစ်နေ့လုံး အမှုဝန်ကို ထမ်းရွက်၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့သည် သူတို့ထက်သာ၍ရကောင်း၏”

နောက်ထပ်ကျမ်းပိုဒ်မှာ ဖော်ပြတဲ့ စပျစ်ခြံပိုင်ရှင်၏ စကား (ဘုရားသခင်ကို ကိုယ်စားပြုခြင်း) ကိုသတိပြုပါ။ မဿဲ ၂၀:၁၃-၁၅ “အိမ်ရှင်ကလည်းအဆွေ၊ သင်၌ မတရားသောအမှုကိုငါမပြု။ ဒေနာရိတပြားကိုအမှတ်ပြု၍ သင်သည် ငါနှင့် ဝန်ခံသည်မဟုတ်လော။ သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့် အညီအမျှပေးခြင်းငှါ ငါအလိုရှိ၏။

မနာလိုခြင်း၏ အဓိကအချက်မှာ - သင်၌ မနာလိုခြင်းတွေ ဖြစ်ပေါ်တဲ့အခါမှာ ဘုရားသခင်နှင့် အကြိတ်အနယ် တိုက်ပွဲ ဝင်ရောက်ခြင်းဖြစ်တယ်။ သင့်အသက်တာမှာ ဘုရားသခင်၏ ကောင်းမြတ်ခြင်းတွေကို သံသယဖြစ်တယ်။ တစ်စုံတစ်ယောက်ဆီသို့ ကောင်းချီးပေးသော ဘုရားသခင်၏ ဆုံးဖြတ်ချက်တွေကို သင်မကျေမချမ်းဖြစ်တယ်။

ဘုရားသခင်ကို မမျှတသောသူ (သို့) မျက်နှာသာပေးသောသူ အဖြစ် သင်စွပ်စွဲပါတယ်။ သင်၏အကောင်းဆုံးသော အကျိုးအတွက် ဘုရားသခင်မှာအစီအစဉ်ရှိတယ်ဆိုတာကို သင်၏နှလုံးသားက မယုံကြည်ပါ။

ကွဲလွဲချက်ကတော့ - ဘုရားသခင်၏ သာမန်ထက် လွန်ကဲသော၊  ခြွင်းချက်မရှိသော  အဆုံးမဲ့ မေတ္တာသည် လူတိုင်းအတွက် တူညီပါသည်။ သိုပေမဲ့ ဘုရားသခင်သည် လိုအပ်တာပြုပေးတဲ့ စက်ပစ္စည်းမဟုတ်ပါဘူး။ သင်လိုတာမှန်သမျှကို ရယူဖို့ ဆုတောင်းချက်တင်လို့မရပါဘူး။ သင်လိုချင်သောအရာကို သင်မပိုင်ဆိုင်ရခြင်း အတွက် ကောင်းသော အကြောင်းရင်းသည် ဘုရားသခင်ဆီမှာ ရှိပါတယ်။ သင့်ကိုယ်သင် သိခြင်းထက် ဘုရားသခင် ပိုသိပါတယ်။ “အဖဘုရား … ယခုကျွန်ုပ်အလိုရှိသောအရာထက် မည်သည့်အရာက ပိုကောင်းတယ်ဆိုတာကို အဖဘုရားသိရှိပြီး ကျွန်ုပ်အသက်တာအတွက် ထူးခြားသော အစီအစဉ်ရှိတယ်ဆိုတာကို ကျွန်ုပ်ယုံကြည်ပါသည်” လို့ လေ့ကျင့်ဆုတောင်းပါ။

မနာလိုခြင်းက ဖျားနာခြင်းနှင့် တူပြီး ဘုရားသခင်ကို သံသယဖြစ်ခြင်းက ရောဂါကူးစက်မှု နှင့်တူပါတယ်။ မနာလိုခြင်းကို သင်စတင်ဖြစ်ခြင်းက ဘုရားသခင်ကို သင်သံသယဖြစ်ခြင်းကြောင့် ဖြစ်တယ်။ သင်လိုအပ်နေသော ဆေးက သင့်အတွက် ဘုရားသခင်ပေးသော ချစ်ခြင်းမေတ္တာကို ထပ်မံပြီး စတင်ယုံကြည်ဖို့ ဖြစ်ပါတယ်။

ဆင်ခြင်ရန်
- သင်ဝတ်ပြုဆုတောင်းတဲ့အခါမှာ ဘုရားသခင်၌ ယုံကြည်ခြင်းက သင့်ကို မည်ကဲ့သို ပိုပြီး ယုံကြည်မှု (သို့) ရှင်းလင်းမှု ဖြစ်စေပါသနည်း။
-သင်၏ပေါင်းသင်းဆက်ဆံရေးတွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ထင်ဟပ်သက်ရောက်စေဖို့ရန် မည်ကဲ့သို့ သင်အလိုရှိ ပါသနည်း။
-ယခုအချိန်တွင် မည်သို့သောအရာအတွက် ဘုရားသခင်ကို သင်ယုံကြည်ပါသနည်း။ သင်၏ အနာဂတ်အတွက် နှင့် ဖန်တီးပေးမှုတွေအတွက် ဘုရားသခင်အား ယုံကြည်တယ်ဆိုတာကို သင်မည်ကဲ့သို့ ဘုရားသခင်ကို ဖော်ပြနိုင် မည်နည်း။


---------------------------------------------------------------------------------


Zawgyi Version


မႆဲ ၂၀:၁၃-၁၅ “အိမ္ရွင္ကလည္းအေဆြ၊ သင္၌ မတရားေသာအမႈကိုငါမျပဳ။ ေဒနာရိတျပားကိုအမွတ္ျပဳ၍ သင္သည္ ငါႏွင့္ဝန္ခံသည္မဟုတ္ေလာ။ ၁၄သင္၏ဥစၥာကို ယူ၍သြားေလာ့။ ေနာက္ဝင္ေသာသူတို႔အား သင္ႏွင့္ အညီအမွ်ေပးျခင္းငွါ ငါအလိုရွိ၏။”

သင့္ကို ဘုရားသခင္ေကာင္းခ်ီး မေပးထားေသာ အရာေတြ ၊ နည္းလမ္းေတြျဖင့္ သူတစ္ပါးအား ေကာင္းခ်ီးေပး တယ္လို႔ ထင္ျမင္ရတဲ့အခါ စိတ္ေလ်ာ့ၿပီးေတာ့ ဘုရားသခင္ကို ယုံၾကည္လိုက္ပါ။ သင့္အတြက္ မည္သို႔ေသာ အရာက အေကာင္းဆုံးျဖစ္သည္ကို ဘုရားသခင္သိေနတယ္ဆိုတာကို ယုံၾကည္ပါ။ တရားမမွ်တဘူးလို႔ ထင္ရတဲ့အေျခအေနတြင္ သူ႔အား ဆက္လက္ယုံၾကည္ပါ။

တရားမမွ်တဘူး ၊ ဘာေၾကာင့္သူတို႔မွ ျဖစ္ရသလဲ၊ သူတို႔ ႀကိဳးစားသလို ငါႀကိဳးစားခဲ့တာဘဲ ၊ ငါ့မွာေတာ့ ဘာလို႔မျဖစ္လာလဲ” ဆိုၿပီး သင္ေျပာေသာအရာသည္ မနာလိုျခင္း၏ လွည့္ကြက္ထဲသို႔ သင္က်ေရာက္ေနပါၿပီ။ သင္၏ အသက္တာတြင္ သင္အသုံးျပဳေသာ စကားလုံးအသုံးအႏႈန္းေတြသည္ မနာလိုျဖစ္ျခင္းကို တျဖည္းတျဖည္း သင့္အသက္တာထဲသို႔ ဝင္ေရာက္လာေစေသာ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

သခင္ေယရႈေဖာ္ျပေသာ စပ်စ္ၿခံ အလုပ္သမား ဉပမာတြင္ အလုပ္သမားတို႔သည္ မတရားမႈျပဳခံရတယ္လို႔ ခံစားခဲ့ ၾကပါတယ္။ သူတို႔သေဘာတူထားတဲ့ ပမာဏကို ေပးေခ်ျခင္းေၾကာင့္မဟုတ္ဘဲ သူတို႔ထက္ အလုပ္အနည္းငယ္ သာ လုပ္ေဆာင္ခဲ့ၾကတဲ့သူေတြနည္းတူ စပ်စ္ၿခံပိုင္ရွင္သည္ တူညီေသာပမာဏေပးေခ်ျခင္း ေၾကာင့္ ျဖစ္ပါတယ္။

မႆဲ ၂၀:၁၂ “ေနာက္ဝင္ေသာသူတို႔သည္ တနာရီခန္႔မွ်သာ လုပ္ေဆာင္ေသာ္လည္း၊ တေန႔လုံးအမႈဝန္ကို ထမ္း႐ြက္ ၍ ေနပူဆင္းရဲခံရေသာ အကြၽႏ္ုပ္တို႔ႏွင့္အညီအမွ် ကိုယ္ေတာ္စီရင္ပါၿပီတကားဟု ဆိုၾက၏။” ဤက်မ္းပိုဒ္တြင္ မနာလိုျခင္းကို သင္ေတြ႕ျမင္ရပါမည္။ “တစ္ေန႔လုံး အမႈဝန္ကို ထမ္း႐ြက္၍ ေနပူဆင္းရဲခံရေသာ အကြၽႏ္ုပ္တို႔သည္ သူတို႔ထက္သာ၍ရေကာင္း၏”

ေနာက္ထပ္က်မ္းပိုဒ္မွာ ေဖာ္ျပတဲ့ စပ်စ္ၿခံပိုင္ရွင္၏ စကား (ဘုရားသခင္ကို ကိုယ္စားျပဳျခင္း) ကိုသတိျပဳပါ။ မႆဲ ၂၀:၁၃-၁၅ “အိမ္ရွင္ကလည္းအေဆြ၊ သင္၌ မတရားေသာအမႈကိုငါမျပဳ။ ေဒနာရိတျပားကိုအမွတ္ျပဳ၍ သင္သည္ ငါႏွင့္ ဝန္ခံသည္မဟုတ္ေလာ။ သင္၏ဥစၥာကို ယူ၍သြားေလာ့။ ေနာက္ဝင္ေသာသူတို႔အား သင္ႏွင့္ အညီအမွ်ေပးျခင္းငွါ ငါအလိုရွိ၏။”

မနာလိုျခင္း၏ အဓိကအခ်က္မွာ - သင္၌ မနာလိုျခင္းေတြ ျဖစ္ေပၚတဲ့အခါမွာ ဘုရားသခင္ႏွင့္ အႀကိတ္အနယ္ တိုက္ပြဲ ဝင္ေရာက္ျခင္းျဖစ္တယ္။ သင့္အသက္တာမွာ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းေတြကို သံသယျဖစ္တယ္။ တစ္စုံတစ္ေယာက္ဆီသို႔ ေကာင္းခ်ီးေပးေသာ ဘုရားသခင္၏ ဆုံးျဖတ္ခ်က္ေတြကို သင္မေက်မခ်မ္းျဖစ္တယ္။ 

ဘုရားသခင္ကို မမွ်တေသာသူ (သို႔) မ်က္ႏွာသာေပးေသာသူ အျဖစ္ သင္စြပ္စြဲပါတယ္။ သင္၏အေကာင္းဆုံးေသာ အက်ိဳးအတြက္ ဘုရားသခင္မွာအစီအစဥ္ရွိတယ္ဆိုတာကို သင္၏ႏွလုံးသားက မယုံၾကည္ပါ။

ကြဲလြဲခ်က္ကေတာ့ - ဘုရားသခင္၏ သာမန္ထက္ လြန္ကဲေသာ၊  ႁခြင္းခ်က္မရွိေသာ  အဆုံးမဲ့ ေမတၱာသည္ လူတိုင္းအတြက္ တူညီပါသည္။ သိုေပမဲ့ ဘုရားသခင္သည္ လိုအပ္တာျပဳေပးတဲ့ စက္ပစၥည္းမဟုတ္ပါဘူး။ သင္လိုတာမွန္သမွ်ကို ရယူဖို႔ ဆုေတာင္းခ်က္တင္လို႔မရပါဘူး။ သင္လိုခ်င္ေသာအရာကို သင္မပိုင္ဆိုင္ရျခင္း အတြက္ ေကာင္းေသာ အေၾကာင္းရင္းသည္ ဘုရားသခင္ဆီမွာ ရွိပါတယ္။ သင့္ကိုယ္သင္ သိျခင္းထက္ ဘုရားသခင္ ပိုသိပါတယ္။ “အဖဘုရား … ယခုကြၽႏ္ုပ္အလိုရွိေသာအရာထက္ မည္သည့္အရာက ပိုေကာင္းတယ္ဆိုတာကို အဖဘုရားသိရွိၿပီး ကြၽႏ္ုပ္အသက္တာအတြက္ ထူးျခားေသာ အစီအစဥ္ရွိတယ္ဆိုတာကို ကြၽႏ္ုပ္ယုံၾကည္ပါသည္” လို႔ ေလ့က်င့္ဆုေတာင္းပါ။

မနာလိုျခင္းက ဖ်ားနာျခင္းႏွင့္ တူၿပီး ဘုရားသခင္ကို သံသယျဖစ္ျခင္းက ေရာဂါကူးစက္မႈ ႏွင့္တူပါတယ္။ မနာလိုျခင္းကို သင္စတင္ျဖစ္ျခင္းက ဘုရားသခင္ကို သင္သံသယျဖစ္ျခင္းေၾကာင့္ ျဖစ္တယ္။ သင္လိုအပ္ေနေသာ ေဆးက သင့္အတြက္ ဘုရားသခင္ေပးေသာ ခ်စ္ျခင္းေမတၱာကို ထပ္မံၿပီး စတင္ယုံၾကည္ဖို႔ ျဖစ္ပါတယ္။

ဆင္ျခင္ရန္
- သင္ဝတ္ျပဳဆုေတာင္းတဲ့အခါမွာ ဘုရားသခင္၌ ယုံၾကည္ျခင္းက သင့္ကို မည္ကဲ့သို ပိုၿပီး ယုံၾကည္မႈ (သို႔) ရွင္းလင္းမႈ ျဖစ္ေစပါသနည္း။
-သင္၏ေပါင္းသင္းဆက္ဆံေရးတြင္ ဘုရားသခင္၏ခ်စ္ျခင္းေမတၱာကို ထင္ဟပ္သက္ေရာက္ေစဖို႔ရန္ မည္ကဲ့သို႔ သင္အလိုရွိ ပါသနည္း။
-ယခုအခ်ိန္တြင္ မည္သို႔ေသာအရာအတြက္ ဘုရားသခင္ကို သင္ယုံၾကည္ပါသနည္း။ သင္၏ အနာဂတ္အတြက္ ႏွင့္ ဖန္တီးေပးမႈေတြအတြက္ ဘုရားသခင္အား ယုံၾကည္တယ္ဆိုတာကို သင္မည္ကဲ့သို႔ ဘုရားသခင္ကို ေဖာ္ျပႏိုင္ မည္နည္း။