Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သင်
လိုအပ်သည့်
နောက်ထပ်မည်သို့သောအရာတွေ
ရှိပါစေ ၊ ပေးကမ်းလိုက်စမ်းပါ။
ကောရိန္သုဒုတိယစောင် ၉:၆ “အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။
များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။ ”
အကယ်၍
ဝေဖန်ခြင်းအရာကို သင်မျိုးကြဲလျှင် သင်အမြဲတမ်းဝေဖန်ခြင်းကို ရိတ်သိမ်းရမည် ဆိုတာကို
သတိထားမိပါရဲ့လား။ သနားကြင်နာမှု ၊ ပေးကမ်းရက်ရောမှုတွေ ၊ စွမ်းအင် စသည့်အရာတွေကို
သင်ကြဲပါလျှင် အဒီအရာတွေဘဲ ရိတ်သိမ်းရမည်ဖြစ်သည်။ ဤအရာတွေသည် မျိုးကြဲခြင်းနှင့် ရိတ်သိမ်းခြင်း
အခြေခံသဘော တရား ဖြစ်ပါတယ်။
ဤကျမ်းပိုဒ်ကို
သတိရပါ။ ကောရိန္သုဒုတိယစောင် ၉:၆ “အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည်
စပါးအနည်း ငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။ လူတိုင်း
ကိုယ်အလို အလျှောက်လှူရ၏။ နှမြောသော စိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊
အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။ ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။”
လယ်သမားတိုင်း
ဤအခြေခံသဘောတရားကို နားလည်ထားကြတယ်။ လယ်သမားတစ်ဉီးသည် သူ၏စပါးကျီ တွင် မျိုးစေ့ (၄)
အိတ်ရှိပြီး သူ၏အကျိုးမဖြစ်သော လယ်ကွင်းကိုကြည့်ကာ “သီးနှံမရှိပါလား …. သီးနှံရှိဖို့
မျှော်လင့်ပါတယ်” လို့ဆိုပြီး စတင်မျိုးစေ့ကြဲပါတော့တယ်။ အဲဒီမျိုးစေ့တွေသည် ဖွံ့ဖြိုးလာကာ
လယ်သမားသည် သူ၌ကနဉီးရှိရင်းစွဲထက် ပိုမိုများစွာ ရရှိလာခဲ့ပါတယ်။
သင်၌လိုအပ်မှုတွေရှိနေတဲ့အခါ
မျို့စေ့ကို ကြဲပါ။ လယ်သမားတို့သည် စိုက်ပျိုးခြင်းနည်းလမ်းတစ်မျိုးတည်းဖြင့် အရာရာကို
ပိုင်ဆိုင်ကြရပါတယ်။ အကယ်၍ မကြဲဘဲ ဆုပ်ကိုင်ထားလျှင် ဤမျှလောက်သာ သူရှိနေမည်။ သူကြဲပါလျှင်
အဆပေါင်းများစွာ ရရှိလာမည်ဖြစ်သည်။
စိုက်ပျိုးခြင်းနှင့်
ရိတ်သိမ်းခြင်း အခြေခံသဘောတရားသည် ငွေကြေးဆိုင်ရာကိစ္စတွေနှင့် သဘောတရားခြင်း တူညီပါတယ်။
သင့်အသက်တာရှိ အရာအားလုံးတို့အတွက်လည်း သဘောတရားချင်း တူညီပါသည်။ လိုအပ်သည့်အခါ ပေးကမ်းခြင်း
သဘောသည် ယုတ္တိမရှိသလိုဖြစ်ကောင်းဖြစ်နေမည်။ ယုံကြည်ခြင်း ရှိဖို့တော့ လိုအပ်ပါတယ်။
ဤနည်းလမ်းတွေကို
ဘုရားသခင် ဘာကြောင့်များ ပြင်ဆင်ပါသနည်း။ ဘာကြောင့်လဲဆိုတော့ သူက ပေးကမ်းသူဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။
ဤစကြာဝဌာမှာ ဘုရားသခင်သည်သာ အထူးပေးကမ်းစွန့် ကြဲသူဖြစ်တယ်။ သူ့နည်းအတိုင်း သင်လေ့လာဖို့ရန်
အလိုတော်ရှိပါတယ်။ ပေးကမ်းစွန့်ကြဲဖို့ သင်မလေ့လာဘူး ဆိုလျှင် ပေးကမ်းလိုက်ခြင်းထက်
ဘာကိုရရှိနိုင်မလဲဆိုတာတွေအတွက် သင်အမြဲတမ်းစိုးရိမ်မှု တွေ ဖြစ်နေပါမည်။
ဘုရားသခင်၏
သဘောတရားနည်းတူ ဖြစ်လာပြီး ပေးကမ်းရက်ရောပါလျှင် သင့်အတွက် ဆုလဒ်ရှိပါတယ်။ လုကာ ၆:၃၈ “သူတပါးအားပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။
အမှန်ခြင်းရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌
ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊
ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။”
သင်၏ငွေကြေးတွေကို
သိုမှီးထားပါလျှင် သိုမှီးသလောက်သာ ရှိနေပါလိမ့်မည်။ သို့ပေမဲ့ သင်ပေးကမ်းစွန့် ကြဲလိုက်ပါလျှင်
ဘုရားသခင်သည် သင့်ကို အဲဒီနည်းအတိုင်း အဆပါင်းများစွာဖြင့် ဘုန်းတော်ထင်ရှားစေမည့်
နည်းများဖြင့် ကောင်းချီးဖြစ်စေမည်။
ဆင်ခြင်ရန်
-သင်၏ငွေကြေးဖြင့်
ရက်ရောတဲ့အခါမှာ ဘုရားသခင် သင့်ကို မည်ကဲ့သို့ကောင်းချီးပေးပါသနည်း။
-ယနေ့မှာ
မည်သို့သော အရာကို သင်လိုအပ်နေသနည်း။ အဲဒီအရာကို ဘုရားသခင် ပွားများစေနိုင်ဖို့ရန်
မည်ကဲ့သို့ ပေးကမ်းမှုပြုမည်နည်း။
-ငွေကြေးအပြင်
မည်သို့သော နည်းလမ်းတစ်ချို့ဖြင့် ဘုရားသခင် သင့်ကို ကောင်းချီးပေးနိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
သင္ လိုအပ္သည့္ ေနာက္ထပ္မည္သို႔ေသာအရာေတြ ရွိပါေစ ၊ ေပးကမ္းလိုက္စမ္းပါ။
ေကာရိႏ္သဳဒုတိယေစာင္ ၉:၆ “အနည္းငယ္ေသာမ်ိဳးေစ့ကိုႀကဲေသာသူသည္ စပါးအနည္းငယ္သာရိတ္ရမည္။ မ်ားစြာႀကဲေသာသူသည္ မ်ားစြာရိတ္ရမည္ဟု မွတ္ၾကေလာ့။ ”
အကယ္၍ ေေဝဖန္ျခင္းအရာကို သင္မ်ိဳးႀကဲလွ်င္ သင္အၿမဲတမ္းေဝဖန္ျခင္းကို ရိတ္သိမ္းရမည္ ဆိုတာကို သတိထားမိပါရဲ႕လား။ သနားၾကင္နာမႈ ၊ ေပးကမ္းရက္ေရာမႈေတြ ၊ စြမ္းအင္ စသည့္အရာေတြကို သင္ႀကဲပါလွ်င္ အဒီအရာေတြဘဲ ရိတ္သိမ္းရမည္ျဖစ္သည္။ ဤအရာေတြသည္ မ်ိဳးႀကဲျခင္းႏွင့္ ရိတ္သိမ္းျခင္း အေျခခံသေဘာ တရား ျဖစ္ပါတယ္။
ဤက်မ္းပိုဒ္ကို သတိရပါ။ ေကာရိႏ္သဳဒုတိယေစာင္ ၉:၆ “အနည္းငယ္ေသာမ်ိဳးေစ့ကိုႀကဲေသာသူသည္ စပါးအနည္း ငယ္သာရိတ္ရမည္။ မ်ားစြာႀကဲေသာသူသည္ မ်ားစြာရိတ္ရမည္ဟု မွတ္ၾကေလာ့။ လူတိုင္း ကိုယ္အလို အေလွ်ာက္လႉရ၏။ ႏွေျမာေသာ စိတ္ႏွင့္ မလႉရ၊ မလႉဘဲ မေနရဟု စိတ္ထင္ႏွင့္ မလႉရ၊ အေၾကာင္းမူကား၊ ေစတနာစိတ္ႏွင့္လႉေသာ သူကိုသာ ဘုရားသခင္ ႏွစ္သက္ေတာ္မူ၏။ က်မ္းစာလာသည္ကား၊ သူသည္စြန္႔ႀကဲၿပီ၊ ဆင္းရဲေသာသူတို႔အား ေပးကမ္းၿပီ။”
လယ္သမားတိုင္း ဤအေျခခံသေဘာတရားကို နားလည္ထားၾကတယ္။ လယ္သမားတစ္ဉီးသည္ သူ၏စပါးက်ီ တြင္ မ်ိဳးေစ့ (၄) အိတ္ရွိၿပီး သူ၏အက်ိဳးမျဖစ္ေသာ လယ္ကြင္းကိုၾကည့္ကာ “သီးႏွံမရွိပါလား …. သီးႏွံရွိဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ဆိုၿပီး စတင္မ်ိဳးေစ့ႀကဲပါေတာ့တယ္။ အဲဒီမ်ိဳးေစ့ေတြသည္ ဖြံ႕ၿဖိဳးလာကာ လယ္သမားသည္ သူ၌ကနဉီးရွိရင္းစြဲထက္ ပိုမိုမ်ားစြာ ရရွိလာခဲ့ပါတယ္။
သင္၌လိုအပ္မႈေတြရွိေနတဲ့အခါ မ်ိဳ႕ေစ့ကို ႀကဲပါ။ လယ္သမားတို႔သည္ စိုက္ပ်ိဳးျခင္းနည္းလမ္းတစ္မ်ိဳးတည္းျဖင့္ အရာရာကို ပိုင္ဆိုင္ၾကရပါတယ္။ အကယ္၍ မႀကဲဘဲ ဆုပ္ကိုင္ထားလွ်င္ ဤမွ်ေလာက္သာ သူရွိေနမည္။ သူႀကဲပါလွ်င္ အဆေပါင္းမ်ားစြာ ရရွိလာမည္ျဖစ္သည္။
စိုက္ပ်ိဳးျခင္းႏွင့္ ရိတ္သိမ္းျခင္း အေျခခံသေဘာတရားသည္ ေငြေၾကးဆိုင္ရာကိစၥေတြႏွင့္ သေဘာတရားျခင္း တူညီပါတယ္။ သင့္အသက္တာရွိ အရာအားလုံးတို႔အတြက္လည္း သေဘာတရားခ်င္း တူညီပါသည္။ လိုအပ္သည့္အခါ ေပးကမ္းျခင္း သေဘာသည္ ယုတၱိမရွိသလိုျဖစ္ေကာင္းျဖစ္ေနမည္။ ယုံၾကည္ျခင္း ရွိဖို႔ေတာ့ လိုအပ္ပါတယ္။
ဤနည္းလမ္းေတြကို ဘုရားသခင္ ဘာေၾကာင့္မ်ား ျပင္ဆင္ပါသနည္း။ ဘာေၾကာင့္လဲဆိုေတာ့ သူက ေပးကမ္းသူျဖစ္တဲ့အတြက္ေၾကာင့္ျဖစ္တယ္။ ဤစၾကာဝဌာမွာ ဘုရားသခင္သည္သာ အထူးေပးကမ္းစြန႔္ ႀကဲသူျဖစ္တယ္။ သူ႔နည္းအတိုင္း သင္ေလ့လာဖို႔ရန္ အလိုေတာ္ရွိပါတယ္။ ေပးကမ္းစြန႔္ႀကဲဖို႔ သင္မေလ့လာဘူး ဆိုလွ်င္ ေပးကမ္းလိုက္ျခင္းထက္ ဘာကိုရရွိႏိုင္မလဲဆိုတာေတြအတြက္ သင္အၿမဲတမ္းစိုးရိမ္မႈ ေတြ ျဖစ္ေနပါမည္။
ဘုရားသခင္၏ သေဘာတရားနည္းတူ ျဖစ္လာၿပီး ေပးကမ္းရက္ေရာပါလွ်င္ သင့္အတြက္ ဆုလဒ္ရွိပါတယ္။ လုကာ ၆:၃၈ “သူတပါးအားေပးၾကေလာ့။ ေပးလွ်င္ သူတပါးသည္ သင္တို႔အားေပးၾကလိမ့္မည္။ အမွန္ျခင္း႐ုံမွ်မက၊ သိပ္ႏွက္လ်က္၊ လႈပ္လ်က္၊ လွ်ံလ်က္ရွိျခင္းႏွင့္ သင္တို႔ရင္ခြင္၌ ေပးၾကလိမ့္မည္။ အေၾကာင္းမူကား၊ အၾကင္ခ်ိန္၊ တင္းပမာဏႏွင့္ သင္တို႔သည္ သူတပါးအားေပး၏၊ ထိုပမာဏအတိုင္း ကိုယ္ခံရၾကမည္။”
သင္၏ေငြေၾကးေတြကို သိုမွီးထားပါလွ်င္ သိုမွီးသေလာက္သာ ရွိေနပါလိမ့္မည္။ သို႔ေပမဲ့ သင္ေပးကမ္းစြန႔္ ႀကဲလိုက္ပါလွ်င္ ဘုရားသခင္သည္ သင့္ကို အဲဒီနည္းအတိုင္း အဆပါင္းမ်ားစြာျဖင့္ ဘုန္းေတာ္ထင္ရွားေစမည့္ နည္းမ်ားျဖင့္ ေကာင္းခ်ီးျဖစ္ေစမည္။
ဆင္ျခင္ရန္
-သင္၏ေငြေၾကးျဖင့္ ရက္ေရာတဲ့အခါမွာ ဘုရားသခင္ သင့္ကို မည္ကဲ့သို႔ေကာင္းခ်ီးေပးပါသနည္း။
-ယေန႔မွာ မည္သို႔ေသာ အရာကို သင္လိုအပ္ေနသနည္း။ အဲဒီအရာကို ဘုရားသခင္ ပြားမ်ားေစႏိုင္ဖို႔ရန္ မည္ကဲ့သို႔ ေပးကမ္းမႈျပဳမည္နည္း။
-ေငြေၾကးအျပင္ မည္သို႔ေသာ နည္းလမ္းတစ္ခ်ိဳ႕ျဖင့္ ဘုရားသခင္ သင့္ကို ေကာင္းခ်ီးေပးႏိုင္မည္နည္း။