What Does It Mean For Us to Love?

Unicode Version

ချစ်ခြင်းမေတ္တာထားဖို့က ကျွန်ုပ်တို့အတွက် မည်ကဲ့သို့သော အဓိပ္ပါယ်ရှိသနည်း။
ကောရိန္သုပဌမစောင် ၁၃:၆-၈ “မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက် တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။ ”

Los Angeles ရှိ Mount Zion Missionary (ဇိအုန် သာသနာပြု) နှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာ Dr. E.V. Hill သည်ကျွန်ုပ်၏ သူရဲကောင်းများထဲမှ တစ်ဉီးအပါအဝင်ဖြစ်ခဲ့ပါတယ်။ သူသည် ဘုရားသခင်၏ အာဂလူ တစ်ဉီးဖြစ်ပြီး ဉာဏ်ပညာ ကြီးမားတဲ့သူဖြစ်ပါတယ်။ သူသည် သမာသဓိရှိသူဖြစ်ပြီး သူမြင်တွေ့တဲ့ အတိုင်း ပြောဆိုဖို့ ကြောက်ရွံ့ခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ၏ဓမ္မအမှု၌ Los Angeles ၏သိဝှက်ထား တဲ့ မတရားမှုတွေ အတွက်ကို အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီး သေခြင်းတရား၏ ခြိမ်းခြောက်မှုတွေကို မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။

တနင်္ဂနွေမနက်မှာ သူပြောခဲ့သည့်အတိုင်း နောက်လာမည့် သီတင်းပတ်အတွင်း ဗုံးဖောက်ခွဲတော့မည့် ခြိမ်းခြောက်မှုရှိခဲ့ပါတယ်။ သူအရမ်းကို အလေးအနက်ထားခဲ့တယ်။ အဲဒီသီတင်းပတ်အတွင်း တစ်ရက်တွင် သူအိမ်သို့ပြန်လာခဲ့ပြီး ကားမရှိတော့တာကို သူသတိထားမိခဲ့တယ်။ တစ်စုံတစ်ယောက်ကတော့ သူ၏ကားကို ခိုးသွားပြီ (သို့) ဗုံးတပ်ပြီးဖောက်ခွဲဖို့ လုပ်ဆောင်ပြီလို့ သူချက်ခြင်းသူစဉ်းစားမိလိုက်တယ်။ သူ၏အိမ်ရှေ့ လှေကားထစ်မှာထိုင်ချလိုက်ပြီး အလွန်စိုးရိမ်နေခဲ့ပါတယ်။ မိနစ် ၃၀ ကြာတဲ့အခါမှာတော့ ခြိမ်းခြောက်မှုကို ကောင်းစွာ သတိမူမိတဲ့ သူ၏ဇနီးသည်က အဲဒီကားကိုဘဲ မောင်းဝင်လာခဲ့ပါတယ်။

သူ၏ဇနီးကို မည်ကဲ့သို့သော စွန့်စားမှုပြုခဲ့ရတယ် ဆိုတဲ့ ကြောက်လန့်စိတ်နဲ့ “နင် ဘာလုပ်နေတာလဲ” လို့ အော်ဟစ်ခဲ့ပါတယ်။ သူမက “ငါစဉ်းစာနေခဲ့တယ်။ ဒီအုပ်စုက ငါထက် သင့်ကိုပိုပြီး အလိုရှိကြတယ်။ အဲဒီကားကို သူတို့ ဗုံးဖောက်ခွဲဖို့အတွက် အကွက်ဆင်ခဲ့ပါလျှင် ငါ့ကိုယ်ငါ ဒီကားထဲမှာ ရှိစေချင်တယ်။ သင့်ကိုတော့ မပါစေချင်ဘူး။” နောက်ပိုင်းတွင် Dr. E.V. Hill က “ကျွန်တော်၏ဇနီး ကျွန်တော့ကို ချစ်တယ်ဆိုတာ အမြဲတမ်းသိပါတယ်။ သို့ပေမဲ့ နောက်ဆုံးတော့ အချစ်ဆိုတာဘာလဲ ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။

ချစ်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို ခံစားခြင်းမဟုတ်ဘူးဆိုတာကို Dr. E.V. Hill နှင့် ‌ Mrs. Hill တို့သိခဲ့ကြ ပါတယ်။ ချစ်ခြင်းဆိုတာ သင်ပြောနေတဲ့ တစ်စုံတစ်ရာလည်း မဟုတ်ပါဘူး။ ချစ်ခြင်းဆိုတာ သင်၏ တစ်စုံတစ်ရာ လုပ်ဆောင်မှု ဖြစ်ပါတယ်။
ယနေ့ ကျမ်းစာမှာပါဝင်တဲ့ လုပ်ဆောင်မှုအဆင့်ဆင့်ကို သတိပြုပါ။ ချစ်ခြင်းမေတ္တာသည် ဝမ်းမြောက်ခြင်း ၊ ကာကွယ်ခြင်း ၊ ယုံကြည်ခြင်း ၊ မျှော်လင့်ခြင်း နှင့် မဆုတ်မနှစ် လုံ့လထုတ်ခြင်း ဖြစ်ပါတယ်။ ဤအရာတွေက သင်လုပ်ဆောင်နေတဲ့အရာတွေပါ။ ချစ်ခြင်းမေတ္တာသည် နှုတ်ခမ်းဖျားပေါ်က အပြောကလေးဖြင့် လုပ်ဆောင်ခြင်းမဟုတ် ၊ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်လုပ်ဆောင်ပေးသည့်အရာတွေဖြင့် သူတစ်ပါးတွက် လုပ်ဆောင်ဖို့ရန် နေ့စဉ်အသက်တာမှာ ရွေးချယ်မှုတွေ ပြုခြင်းဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာ၏ အဓိပ္ပါယ်ကို သိချင်စိတ်ရှိဖို့ မလိုပါ။ ချစ်ခြင်းက ဘာကိုလုပ်ဆောင်သလဲဆိုတာကို ဘုရားသခင်က ရှင်းလင်းစွာ ကျွန်ုပ်တို့ကို ဖော်ပြခဲ့ပြီဖြစ်တယ်။ သခင်ခရစ်တော်ကို ပေးအပ်လိုက်တဲ့အချိန်သည် ကျွန်ုပ်တို့ကို ပေးခဲ့သော ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်း၏သာဓက ဖြစ်ပါတယ်။

ဆင်ခြင်ရန်
- သင့်အသက်တာမှာ ချစ်ခြင်းမေတ္တာထားဖို့ အလွယ်ကူဆုံးသောသူတွေက မည်သူတွေဖြစ်သနည်း။ မည်ကဲ့သို့သော သူတွေက သင်မေတ္တာထားဖို့ အခက်ခဲဆုံးဖြစ်သနည်း။
-သခင်ခရစ်တော်နည်းတူ ချစ်ခြင်းမေတ္တာထားနိုင်မည့် နည်းလမ်းတစ်ခုက မည်သို့နည်း။
-ကျွန်ုပ်တို့တွေ အပြစ်သားဖြစ်နေစဲဖြစ်သည့်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ရန် “အမြဲတမ်း” ခက်ခဲနေတယ်။ ကောရိန္သုပဌမစောင် ၁၃:၆-၈ မှာ “အမြဲတမ်း” ချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်ဖို့ရန် သမ္မာကျမ်းစာက ဘာကြောင့်ဖော်ပြထားတယ်လို့ သင်ထင်မြင်ပါသနည်း။


---------------------------------------------------------------------------------



Zawgyi Version

ခ်စ္ျခင္းေမတၱာထားဖို႔က ကြၽႏ္ုပ္တို႔အတြက္ မည္ကဲ့သို႔ေသာ အဓိပၸါယ္ရွိသနည္း။
ေကာရိႏ္သဳပဌမေစာင္ ၁၃:၆-၈ “မတရားေသာ အမႈ၌ ဝမ္းေျမာက္ျခင္းမရွိတတ္၊ သမၼာတရား၌ ဝမ္းေျမာက္ တတ္၏။ ခပ္သိမ္းေသာအရာကို ဖုံးအုပ္တတ္၏။ ခပ္သိမ္းေသာအရာကို ယုံတတ္၏။ ခပ္သိမ္းေသာအရာကို ေျမာ္လင့္တတ္၏။ ခပ္သိမ္းေသာအရာကို သည္းခံတတ္၏။ ေမတၱာသည္ ေဖါက္ျပန္ျခင္းသေဘာႏွင့္ အစဥ္ကင္းလြတ္၏။ ပေရာဖက္ဉာဏ္ေသာ္၎၊ အမ်ိဳးမ်ိဳးေသာ ဘာသာစကားကို ေျပာႏိုင္ေသာအခြင့္ေသာ္၎၊ သိပၸံအတတ္ေသာ္၎၊ ကြယ္ေပ်ာက္လိမ့္မည္။ ”

Los Angeles ရွိ Mount Zion Missionary (ဇိအုန္ သာသနာျပဳ) ႏွစ္ျခင္းအသင္းေတာ္၏ သင္းအုပ္ဆရာ Dr. E.V. Hill သည္ကြၽႏ္ုပ္၏ သူရဲေကာင္းမ်ားထဲမွ တစ္ဉီးအပါအဝင္ျဖစ္ခဲ့ပါတယ္။ သူသည္ ဘုရားသခင္၏ အာဂလူ တစ္ဉီးျဖစ္ၿပီး ဉာဏ္ပညာ ႀကီးမားတဲ့သူျဖစ္ပါတယ္။ သူသည္ သမာသဓိရွိသူျဖစ္ၿပီး သူျမင္ေတြ႕တဲ့ အတိုင္း ေျပာဆိုဖို႔ ေၾကာက္႐ြံ႕ျခင္းမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူ၏ဓမၼအမႈ၌ Los Angeles ၏သိဝွက္ထား တဲ့ မတရားမႈေတြ အတြက္ကို အႀကိမ္ေပါင္းမ်ားစြာ ေတာင္းဆိုခဲ့ၿပီး ေသျခင္းတရား၏ ၿခိမ္းေျခာက္မႈေတြကို မၾကာခဏရင္ဆိုင္ခဲ့ရပါတယ္။

တနဂၤေႏြမနက္မွာ သူေျပာခဲ့သည့္အတိုင္း ေနာက္လာမည့္ သီတင္းပတ္အတြင္း ဗုံးေဖာက္ခြဲေတာ့မည့္ ၿခိမ္းေျခာက္မႈရွိခဲ့ပါတယ္။ သူအရမ္းကို အေလးအနက္ထားခဲ့တယ္။ အဲဒီသီတင္းပတ္အတြင္း တစ္ရက္တြင္ သူအိမ္သို႔ျပန္လာခဲ့ၿပီး ကားမရွိေတာ့တာကို သူသတိထားမိခဲ့တယ္။ တစ္စုံတစ္ေယာက္ကေတာ့ သူ၏ကားကို ခိုးသြားၿပီ (သို႔) ဗုံးတပ္ၿပီးေဖာက္ခြဲဖို႔ လုပ္ေဆာင္ၿပီလို႔ သူခ်က္ျခင္းသူစဥ္းစားမိလိုက္တယ္။ သူ၏အိမ္ေရွ႕ ေလွကားထစ္မွာထိုင္ခ်လိုက္ၿပီး အလြန္စိုးရိမ္ေနခဲ့ပါတယ္။ မိနစ္ ၃၀ ၾကာတဲ့အခါမွာေတာ့ ၿခိမ္းေျခာက္မႈကို ေကာင္းစြာ သတိမူမိတဲ့ သူ၏ဇနီးသည္က အဲဒီကားကိုဘဲ ေမာင္းဝင္လာခဲ့ပါတယ္။

သူ၏ဇနီးကို မည္ကဲ့သို႔ေသာ စြန႔္စားမႈျပဳခဲ့ရတယ္ ဆိုတဲ့ ေၾကာက္လန႔္စိတ္နဲ႔ “နင္ ဘာလုပ္ေနတာလဲ” လို႔ ေအာ္ဟစ္ခဲ့ပါတယ္။ သူမက “ငါစဥ္းစာေနခဲ့တယ္။ ဒီအုပ္စုက ငါထက္ သင့္ကိုပိုၿပီး အလိုရွိၾကတယ္။ အဲဒီကားကို သူတို႔ ဗုံးေဖာက္ခြဲဖို႔အတြက္ အကြက္ဆင္ခဲ့ပါလွ်င္ ငါ့ကိုယ္ငါ ဒီကားထဲမွာ ရွိေစခ်င္တယ္။ သင့္ကိုေတာ့ မပါေစခ်င္ဘူး။” ေနာက္ပိုင္းတြင္ Dr. E.V. Hill က “ကြၽန္ေတာ္၏ဇနီး ကြၽန္ေတာ့ကို ခ်စ္တယ္ဆိုတာ အၿမဲတမ္းသိပါတယ္။ သို႔ေပမဲ့ ေနာက္ဆုံးေတာ့ အခ်စ္ဆိုတာဘာလဲ ဆိုတာကို သေဘာေပါက္လာခဲ့ပါတယ္။”

ခ်စ္ျခင္းဆိုသည္မွာ တစ္စုံတစ္ရာကို ခံစားျခင္းမဟုတ္ဘူးဆိုတာကို Dr. E.V. Hill ႏွင့္  Mrs. Hill တို႔သိခဲ့ၾက ပါတယ္။ ခ်စ္ျခင္းဆိုတာ သင္ေျပာေနတဲ့ တစ္စုံတစ္ရာလည္း မဟုတ္ပါဘူး။ ခ်စ္ျခင္းဆိုတာ သင္၏ တစ္စုံတစ္ရာ လုပ္ေဆာင္မႈ ျဖစ္ပါတယ္။ 
ယေန႔ က်မ္းစာမွာပါဝင္တဲ့ လုပ္ေဆာင္မႈအဆင့္ဆင့္ကို သတိျပဳပါ။ ခ်စ္ျခင္းေမတၱာသည္ ဝမ္းေျမာက္ျခင္း ၊ ကာကြယ္ျခင္း ၊ ယုံၾကည္ျခင္း ၊ ေမွ်ာ္လင့္ျခင္း ႏွင့္ မဆုတ္မႏွစ္ လုံ႔လထုတ္ျခင္း ျဖစ္ပါတယ္။ ဤအရာေတြက သင္လုပ္ေဆာင္ေနတဲ့အရာေတြပါ။ ခ်စ္ျခင္းေမတၱာသည္ ႏႈတ္ခမ္းဖ်ားေပၚက အေျပာကေလးျဖင့္ လုပ္ေဆာင္ျခင္းမဟုတ္ ၊ ခ်စ္ျခင္းေမတၱာသည္ ကြၽႏ္ုပ္တို႔အတြက္ ဘုရားသခင္လုပ္ေဆာင္ေပးသည့္အရာေတြျဖင့္ သူတစ္ပါးတြက္ လုပ္ေဆာင္ဖို႔ရန္ ေန႔စဥ္အသက္တာမွာ ေ႐ြးခ်ယ္မႈေတြ ျပဳျခင္းျဖစ္ပါတယ္။ 

ခ်စ္ျခင္းေမတၱာ၏ အဓိပၸါယ္ကို သိခ်င္စိတ္ရွိဖို႔ မလိုပါ။ ခ်စ္ျခင္းက ဘာကိုလုပ္ေဆာင္သလဲဆိုတာကို ဘုရားသခင္က ရွင္းလင္းစြာ ကြၽႏ္ုပ္တို႔ကို ေဖာ္ျပခဲ့ၿပီျဖစ္တယ္။ သခင္ခရစ္ေတာ္ကို ေပးအပ္လိုက္တဲ့အခ်ိန္သည္ ကြၽႏ္ုပ္တို႔ကို ေပးခဲ့ေသာ ဘုရားသခင္၏ အႀကီးျမတ္ဆုံးေသာ ခ်စ္ျခင္း၏သာဓက ျဖစ္ပါတယ္။

ဆင္ျခင္ရန္
- သင့္အသက္တာမွာ ခ်စ္ျခင္းေမတၱာထားဖို႔ အလြယ္ကူဆုံးေသာသူေတြက မည္သူေတြျဖစ္သနည္း။ မည္ကဲ့သို႔ေသာ သူေတြက သင္ေမတၱာထားဖို႔ အခက္ခဲဆုံးျဖစ္သနည္း။
-သခင္ခရစ္ေတာ္နည္းတူ ခ်စ္ျခင္းေမတၱာထားႏိုင္မည့္ နည္းလမ္းတစ္ခုက မည္သို႔နည္း။
-ကြၽႏ္ုပ္တို႔ေတြ အျပစ္သားျဖစ္ေနစဲျဖစ္သည့္အတြက္ တစ္စုံတစ္ခုကို လုပ္ေဆာင္ဖို႔ရန္ “အၿမဲတမ္း” ခက္ခဲေနတယ္။ ေကာရိႏ္သဳပဌမေစာင္ ၁၃:၆-၈ မွာ “အၿမဲတမ္း” ခ်စ္ျခင္းေမတၱာျဖင့္ လုပ္ေဆာင္ဖို႔ရန္ သမၼာက်မ္းစာက ဘာေၾကာင့္ေဖာ္ျပထားတယ္လို႔ သင္ထင္ျမင္ပါသနည္း။