Treat Every Person as God’s Masterpiece
Unicode Version
လူတိုင်းကို ဘုရားသခင်၏ တန်ဖိုးထားရသူ အဖြစ် ဆက်ဆံပါ။
ရှင်ပေတရုဩဝဒါစာပဌမစောင် ၂:၁၇ “ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။
သင်သည် ဘုရားသခင်အတွက် အင်မတန် တန်ဖိုးရှိတဲ့သူဖြစ်ပါတယ်။ ဘုရားသခင် သင့်ကို ဖန်ဆင်းခဲ့တယ်။ သခင်ခရစ်တော် သင့်အတွက် အသေခံခဲ့တယ်။ ဘုရားသခင်သည် သင့်အထဲသို့ သူ၏သန့်ရှင်းသောဝိညာဉ် တော်ကို သွင်းပေးခဲ့တယ်။ ပြီးတော့ သူနှင့်အတူ နိစ္စထာဝရတွင် အမြဲရှိနေစေဖို့ရန် အလိုတော်ရှိပါတယ်။ ဤအရာတွေဖြင့် သင့်အတွက် တကယ့်ကို ဘုရားသခင်  ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်။ အကယ်၍ သင်က သူ့အတွက် အကြီးမြတ်ဆုံး တန်ဖိုးရှိသောသူ မဖြစ်လာဘူးဆိုရင် သင်၌ ဘုရားသခင်၏လုပ်ဆောင်မှုပြီးမြောက်မှာ မဟုတ်ပါဘူး။
တစ်စုံတစ်ခုကို တန်ဖိုးရှိလာစေရန် လုပ်ဆောင်သည့်အရာ (၂) ခုရှိပါတယ်။ ပထမတစ်ခုအနေဖြင့် ဤအရာကို မည်သူပြုသနည်း။ စိန် ၊ ကျောက်သံပတ္တမြား နှင့်အတူအလှဆင်ထားသော Fabergé  ကြက်ဉ နှင့် Easter အချိန်၌ သင်၏ကလေးတွေနှင့်အတူ ဆေးရောင်ခြယ်ထားသော ကြက်ဉ တို့ကြားမှာ ကြီးမားတဲ့ ခြားနားချက် ၊ ထူးခြားချက်ရှိပါတယ်။
ဧဖက်ဩဝါဒစာ ၂:၁၀ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
အပျက်အစီး ဖြစ်စေမည့်အရာတွေကို ဘုရားသခင် မဖန်ဆင်းပါဘူး။ ဘုရားသခင် သင့်ကို ဖန်ဆင်းခဲ့တယ် ပြီးတော့ ကောင်း၏ဟု ဆိုပါတယ်။ သင်မမွေးဖွားခင်က သင့်ကို မည်ကဲ့သို့သောသူဖြစ်စေဖို့ရန် ဘုရားက ရည်ရွယ်ချက်တွေဖြင့် အစီအစဉ်ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။ ဘုရား ဘယ်တော့မှ အမှားမပြုပါဘူး။
တစ်စုံတစ်ခု၏ တန်ဖိုးသည် တစ်စုံတစ်ယောက်က အဲဒီအတွက် ပေးချေရမည့်အရာအားဖြင့် အဆုံးအဖြတ် ပေးပါ တယ်။
သင်မည်မျှ တန်ဖိုးရှိသနည်း။ သခင်ခရစ်တော်က သူ၏အသက်တာကို ပေးအပ်ရန် ဆန္ဒရှိခဲ့တယ်။ ရှင်ပေတရု ဩဝဒါစာပဌမစောင် ၁:၁၉ “အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။သင်၏တန်ဖိုးကို သင်သံသယ ရှိပါလျှင် လက်ဝါးကပ်တိုင်းကို ကြည့်ပါ။ သင့်အတွက် ယေရှုခရစ်တော်က အကြီးမားဆုံးသော အဖိုးမဖြတ် နိုင်သော အခ ပေးခဲ့ပါတယ်။ ဤအရာသည် သူ့အတွက် သင်မည်မျှတန်ဖိုးရှိသလဲဆိုတာကို ဖော်ပြပါတယ်။
ယေရှုခရစ်တော်က သင့်အား သူတစ်ပါးကိုသင်နှင့်တူညီသောတန်ဖိုးရှိသည့်အတိုင်း ဆက်ဆံစေလိုသည်။ ဘုရားသခင်သည် လူတိုင်းကို ဖန်ဆင်းခဲ့ပြီး လူတိုင်းအတွက် ယေရှုခရစ်တော် အသေခံခဲ့ပါတယ်။ သင့်အသက် တာရှိ လူတိုင်းတို့သည် ဘုရားသခင်အတွက် တန်ဖိုးရှိကြပြီး သူတို့တွေကို ဘုရားသခင် အကြွင်းမဲ့ ချစ်တော်မူ၏။
တခြားသူတွေကို သင်မေတ္တာထားခြင်းအရာသည် သူတို့ဘုရားသခင်အတွက် မည်မျှ တန်ဖိုးရှိသလဲဆိုတာကို သူတို့အား ဖော်ပြပေးပါလိမ့်မည်။
ဆင်ခြင်ရန်
-သင်သည် ဘုရားသခင်အတွက် မည်မျှတန်ဖိုးရှိကြောင်းကို နားလည်းသဘောပေါက်လာတဲ့အခါမှာ သင့်ကိုယ် သင် ပြန်မြင်ရသည့်ပုံစံက မည်ကဲ့သို့ ပြောင်းလဲမှုဖြစ်စေသနည်း။
-တစ်ခါတစ်ရံ သူတစ်ပါးကို ဘုရားသခင်၏တန်ဖိုးထားရသူအဖြစ် မြင်ဖို့ရန် ဘာကြောင့်များ ခက်ခဲ့ရပါသနည်း။ တခြားသူများကို မှန်ကန်သောအမြင်ဖြင့် မြင်တတ်ဖို့ရန် မည်သို့သောအရာကို အကူအညီဖြစ်စေမည်နည်း။
-တခြားသူများကို သိက္ခာရှိရှိ နှင့် လေးလေးစားစား ဆက်ဆံရန်ဆိုသည်ကား မည်သို့သော အဓိပ္ပါယ်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်