Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သူတစ်ပါးကို ချစ်တတ်ဖို့ရန် လေ့ကျင့်ပျိုးထောင်ဖို့တော့လိုပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၇ “ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော် မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။”
ချစ်ခြင်းမေတ္တာသည် ကျွမ်းကျင်လိမ်မာမှုတစ်ခုဖြစ်ပါတယ်။ ကောင်းစွာ ချစ်ခြင်းမေတ္တာထားတတ်ဖို့ရန် သင်ရုန်း ကန်နေရလျှင် ဒီမှာ သတင်းကောင်းရှိပါတယ်။ မေတ္တာသည် သင်ယူခြင်းဖြစ်တယ်။ အဓိပ္ပါယ်က လေ့ကျင့်ပျိုး ထောင်လေလေ ပိုမိုကောင်းမွန်စွာကျင့်သုံးနိုင်လေဖြစ်ပါတယ်။ လွန်လေပြီးသောကာလတွေမှာ သင်သူတစ်ပါးကို မည်မျှလောက်မေတ္တာရှိရှိ (သို့) သင်မည်မျှလောက်သူတစ်ပါး၏မေတ္တာထားခြင်း ခံရသည်ဖြစ်စေ သူတစ်ပါးကို ချစ်ခြင်း မေတ္တာထားရှိခြင်းက သင့်ကို အံ့ဩဖွယ်ရာလူ ဖြစ်လာနိုင်စေပါတယ်။
တစ်ကယ်တမ်းမှာတော့ ဤမေတ္တာတရား၌ သင့်ကိုကျွမ်းကျင်သောသူတစ်ဉီးအဖြစ် ဘုရားသခင်အလို တော်ရှိပါ တယ်။ အဲဒီလိုပြုမေတ္တာထားလုပ်ဆောင်ဖို့ ဘုရားသခင် အကူအညီမပေးပါလျှင် သူတစ်ပါးကို မေတ္တာထားဖို့ သူသင့်ကို ပြောမှာ မဟုတ်ပါဘူး။
လူတော်တော်များများ မည်ကဲ့သို့မေတ္တာထားရမည်ကို ဘယ်တော့မှ မလေ့လာကြပါဘူး။
ထူးခြားသော ချစ်ခြင်းမေတ္တာရှိသော ပုဂိ္ဂုလ်တစ်ဉီးအဖြစ် သင့်ကိုယ်သင် ဖြစ်စေချင်ပါသလား။ သူတစ်ပါးသည် သင်၏ချစ်ခြင်းမေတ္တာရှိပုံအကြောင်းကို ပြောဆိုတဲ့အခါမှာ သင်က သူတို့တွေကို သင်နှင့်ပတ်သက်ပြီး ပြောစေချင်သော စကားက “သင်ဘယ်ကိုဘဲ လေလွင့်နေပါစေ သူဂရုမထားဘဲ သင့်အားချစ်ခြင်းမေတ္တာရှိတယ်” (သို့) “သင်ပြုခဲ့သမျှအရာကို သူဂရုမထားဘဲ သင့်အားချစ်ခြင်းမေတ္တာရှိတယ်”။ သင်မည်မျှ ပိုင်ဆိုင်မှု (သို့) ဘယ်လိုတွေ ပြီးမြောက်အောင် လုပ်ဆောင်မှု (သို့) သင်မည်မျှမေတ္တာထားတယ်ဆိုတာကို သတိရခြင်းတွေ ၊အမှတ်ရခြင်းတွေဖြစ်ဖို့ရန် အလိုရှိပါသလား။
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် တခြားသူတွေကို ချစ်ခြင်းမေတ္တာထား တတ်ဖို့ရန် သင်ကြားပေးပြီး ကူညီပါလိမ့်မည်။ သို့ပေမဲ့ အဲဒီအပေါ်မှာ ထူးခြားတဲ့ မေတ္တာရှင်ဖြစ်ဖို့ရန် လေ့ကျင့်ပျိုးထောင်မှုတွေကို ထပ်ပြီး လုပ်ဆောင်ရပါမည်။
သင်တတ်စွမ်းနိုင်သမျှ လူသားဆန်ဆန်ဖြင့် ချစ်ခြင်းမေတ္တာပေါ်မှာ လေ့လာသင်ယူသောအခါ အစပိုင်းတွင် အဆင်မပြေမှုတွေရှိနိုင်ပေမဲ့လည်း ၊ စွမ်းအားရှိပြီး သဘာဝလွန်ချစ်သော ချစ်ခြင်းမေတ္တာရှင်ထာဝရဘုရားပေါ် မှီခိုအားထားပါလျှင် လူသားများတတ်နိုင်သည်ထက် ပို၍စွမ်းရည်ရှိလာပါမည်။ သို့ပေမဲ့ ဤကဲ့သို့ချစ်ခြင်း မေတ္တာဖြင့် ပိုမိုချစ်လာနိုင်လေလေ ၊ ချစ်ခြင်းမေတ္တာ၌ ခြွင်းချက်မရှိသောသူ ဖြစ်လာပါလိမ့်မည်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၇ “ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော် မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။”
ဆင်ခြင်ရန်
-သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိတတ်သော တစ်စုံတစ်ယောက် အကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ သူ၌ လူတစ်ဉီးကို နေ့စဉ်ပြုမူဆက်ဆံတဲ့အခါတွင် မည်ကဲ့သို့သော အမှတ်အသားကို သင်သတိထားမိပါသနည်း။
- တစ်ပါးသူတွေကို ချစ်ကြောင်း သခင်ခရစ်တော် မည်ကဲ့သို့ ဖော်ပြပါသနည်း။ သင်ရော ထပ်တူညီစွာ လုပ်ဆောင်နိုင်မည်လား။
- ချစ်ခြင်းမေတ္တာသည် ကျွမ်းကျင်မှုတစ်ခုဖြစ်ပါက အဲဒီအရာကို ကျင့်သုံးသင့်ပါတယ်။ မည်ကဲ့သို့ တိကျသော နည်းလမ်းတွေဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားဖို့ရန် ဤတစ်ပတ်တွင် သင်လေ့ကျင့်ပျိုးထောင်နိုင်မည် နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်