They’ll Know Us by Our Love
Unicode Version
ကျွန်ုပ်တို့၏ မေတ္တာအားဖြင့် ကျွန်ုပ်တို့ကို သူတို့သိကြလိမ့်မည်
ရှင်ယောဟန်ခရစ်ဝင် ၁၃:၃၅ “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
လက်ဝါးကပ်တိုင်ပုံ ၊ လက်ဝါးကပ်တိုင်တင်သော ခရစ်တော်ပုံ ၊ ဂျိုးငှက် (သို့) bumper sticker ပေါ်က ငါးပုံ တွေက ခရစ်ယာန်တစ်ဉီး၏ ထူးခြားသောအမှတ်အသားတွေ မဟုတ်ပါဘူး။ ခရစ်ယာန်တစ်ဉီး၏ အမှတ်အသားသည် ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ သင်၏ချစ်ခြင်းမေတ္တာရှိသော ဘဝပုံစံကြောင့် သင့်ကို ခရစ်ယာန်ဖြစ်တယ်လို့ လူမည်မျှသိပါသနည်း။
ချစ်ခြင်းမေတ္တာအကြောင်းနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ သီဆိုကြတယ်၊ ပြောဆိုကြတယ်၊ ဝတ်ပြုကိုးကွယ်မှုတွေ ၊ လေ့လာမှုတွေ ပြုကြပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့တကယ်ပြုပါရဲ့လား။ ချစ်ခြင်းမေတ္တာကို သင်၏အသက်တာ အခြေခံသဘောတရားအတိုင်း ဖွံ့ဖြိုးဖို့ရန် နှင့် အဲဒီချစ်ခြင်းမေတ္တာကို သင်၌ကြီးမြတ်သော ရည်ရွယ်ချက် တွေအဖြစ်ရှိစေဖို့ရန် ဤစာကို ဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် တစ်ချို့သောလုပ်ဆောင်မှုကို သင်ပြုဖို့လိုပါတယ်။ သင်၏ပဏာမခြေလှမ်းကို စတင်ရပါမည်။ ချစ်ခြင်းဖြင့်လုပ်ဆောင်ဖို့ရန်ဖြစ်တယ်။
ပထမဉီးစွာ သင်၏လက်ရှိ ပေါင်းသင်းဆက်ဆံရေးတွင် လုပ်ဆောင်မှု စတင်ပါ။ တစ်စုံတစ်ယောက်ကို သင်မေတ္တာမဲ့စွာ ပြုမူနေခဲ့သလား။ ပြန်လည်သင့်မြတ်ရေးကို ရှာဖွေချိန်ရောက်ပြီလား။ သင်၏သားသမီး ၊ ခင်ပွန်း/ဇနီး ၊ ချစ်သူ ၊ မိဘ (သို့) ကျောင်းရှိ တစ်စုံတစ်ယောက် (သို့) လုပ်ငန်းခွင်ရှိ တစ်စုံတစ်ယောက်နှင့် ပြန်လည်သင့်မြတ်ဖို့ လုပ်ဆောင်ပါ။
ပြီးတော့ သင်၏ ပေါင်းသင်းဆက်ဆံရေးတွင် လူဉီးရေကို တိုးပွားဖို့ စတင်ပါ။ အသက်တာမှာ ချစ်ခြင်းမေတ္တာက အရေးအကြီးဆုံးရည်ရွယ်ချက်ဖြစ်တယ်ဆိုလျှင် မြောက်များစွာသော ပေါင်းသင်းဆက်ဆံရေးကို ဖြစ်နိုင်သမျှ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ တစ်ဉီးကိုတစ်ဉီး ချစ်ခြင်းမေတ္တာ ထားခြင်းအားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်ပတ်သက်ပြီး ကမ္ဘာကြီးက သိရှိပါလိမ့်မည်။ အထူးသဖြင့် သူတို့တွေက ခရစ်ယာန်တို့၏ချစ်ခြင်းမေတ္တာကို သိနားလည်ကြတာပေါ့။
ချစ်ခြင်းမေတ္တာဖြင့် အသက်တာကို ရှင်သန်ဖို့က တစ်ဉီးတည်းမရပါ။ ချစ်ခြင်းမေတ္တာကို အချိန်ဖြင့် ပေါင်းစပ် ပါတယ်။ တခြားသူကို ချစ်ခြင်းမေတ္တာထားဖို့ရန် အချိန်ယူရပါတယ်။ သင်၏သူငယ်ချင်းတွေကို သင်ချစ်ပါလျှင် သူတို့နှင့်အတူ အချိန်တွေကို ဖြတ်သန်းချင်ပါတယ်။ သင်၏သားသမီးတွေကို ချစ်ပါလျှင် သူတို့နှင့်အတူ အချိန်ကုန်ဆုံးချင်ပါတယ်။ သခင်ခရစ်တော်ကို သင်ချစ်ပါလျှင် သူနှင့်အတူ မိသဟာရဖွဲ့ချင်ပါမည်။ ချစ်ခြင်းမေတ္တာသည် အမြဲတမ်း အချိန်တွေ၊ စွမ်းအင်တွေ ရင်းရပါတယ်။ သို့ပေမဲ့ အမြဲတမ်းရင်းဖို့ ထိုက်တန် ပါတယ်။
အသင်းတော်မှာ ရှိတဲ့သူအားလုံး ဤကဲ့သို့ ချစ်ခြင်းမေတ္တာရှိပါလျှင် ဘယ်လောက်ကောင်းလိုက်မလဲ လို့သင် တွေးဖူးပါသလား။ အကယ်၍ ကျွန်ုပ်တို့အားလုံး ချစ်ခြင်းမေတ္တာဖြင့် ပြုမူဆက်ဆံပြီး အချိန်တွေကို တစ်ကိုယ်ကောင်းမဆန်ဘဲ ပေးမည်လို့ ဝန်ခံကတိပြုလျှင်တော့ “ဘုရားသခင်လူတို့ကို မည်မျှချစ်သလဲ”ဆိုတာကို လူတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။ ဤအရာသည် ကမ္ဘာကြီးကိုပင် ပြောင်းလဲစေပါလိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်ကိုလည်း ကြီးထွားလာစေပြီး ဘုရားကိုလည်း ပြုံးပျော်စေနိုင်ပါလိမ့်မည်။
ဆင်ခြင်ရန်
- သခင်ခရစ်တော်နောက်လိုက်မဟုတ်တဲ့သူတွေကို သင်၏ချစ်ခြင်းမေတ္တာ သက်ရောက်ရန် နှင့် လွမ်မိုးမှုရှိစေရန် မည်ကဲ့သို့သောနည်းလမ်းဖြင့် သင်ဖော်ပြမည်နည်း။
-ချစ်ခြင်းမေတ္တာညှိနှိုင်းရန် ရှာဖွေခြင်းတွေကို သင်မည်သူနှင့် ပြုရန် လိုအပ်နေသနည်း။ ပထမဉီးဆုံးခြေလှမ်းကို မည်ကဲ့သို့ စတင်နိုင်မည်နည်း။
-သင်၏ ပေါင်းသင်းဆက်ဆံရေးတွေကို ပိုမို တိုးတက်ခြင်းနှင့် နက်ရှိုင်းခြင်းများမှ မည်သို့သောအရာက ကင်းဝေး စေပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်