Unicode Version
-----------------------------------------------------------------------------------------------------------------
Zawgyi Version
ဝိညာဉ်ရေးရာ ကြံ့ခိုင်မှုအတွက် အရေးအကြီးဆုံးသော အလေ့အထ
တိမောသေဩဝါဒစာ ပဌမစောင် ၄:၈ “ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်း မူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဂတိတော်ကို ရသည်ဖြစ်၍၊ ၉အရာရာ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။”
ဘုရားသခင် အလိုတော်ရှိသော နည်းလမ်းတွေအတိုင်း ခန္ဓာပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ကဏ္ဍာတွေမှာ လူသစ်စိတ်သစ်တွေကိုဖြစ်စေသည့် အလေ့အထတွေကို ထိန်းသိမ်းဖို့ လိုအပ်ခြင်းနှင့် သူတစ်ပါးကို မည်ကဲ့သို့ မေတ္တာထားဖို့ရန် ကျွန်ုပ်တို့တွေ လေ့လာသင်ယူခဲ့ပါတယ်။
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို သမ္မာကျမ်းစာက ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၇-၈ တွင် ဖော်ပြထားပါတယ်။ “ခပ်သိမ်းသော အရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖေါက်ပြန်ခြင်း သဘောနှင့် အစဉ်ကင်း လွတ်၏။ ပရောဖက်ဉာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်သော်၎င်း၊ သိပ္ပံအတတ် သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။” ဘုရားသခင်၏အကူအညီမပါဘဲ သူတစ်ပါးကို သင်မေတ္တာမထားနိုင်ပါ။ ပြီးတော့ သင်၌ဝိညာဉ်ရေးရာ အားနည်းသွားတဲ့အခါမှာလည်း လုပ်ဆောင်နိုင်စွမ်းတွေ မရှိနိုင်ပါ။
ဝိညာဉ်ရေးရာ အားနည်းခြင်းကို ဉီးတည်သွားစေနိုင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ပါ။ ဉပမာအားဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားဖို့က အဓိပ္ပါယ်မရှိဘူး ၊ မထိုက်တန်ဘူးလို့ သင်ထင်ကောင်းထင်လိမ့်မည်။ (သို့) သင်၏ပြသနာတွေဖြင့် ဘုရားသခင်ကို သင်စတင်အပြစ်တင်ကောင်းတင်နေမည်။ ဒါတွေက သင့်အတွက် မထူးခြားပါဘူး။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာရှိ ကြီးမြတ်တဲ့ သူရဲကောင်းတွေဖြစ်တဲ့ ဒါဝိလ် ၊ မောရှေ ၊ အာဗြံဟံ တို့သည်လည်း ဝိညာဉ်ရေးတွင် အတိုက်အခိုက်ကြောင့် အားနည်းချွတ်ခြုံကျသွားတဲ့ အခြေအနေတွေမှာ တူညီတဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဖူးခဲ့ကြတယ်။
ဝိညာဉ်ရေးရာ ကြံ့ခိုင်မှုကို ခန္ဓာပိုင်ဆိုင်ရာ ကြံ့ခိုင်မှုနည်းအတိုင်း ထိန်းသိမ်းဖို့ဆိုလျှင် တိမောသေဩဝါဒစာ ပဌမစောင် ၄:၈ “ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်း မူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဂတိတော်ကို ရသည်ဖြစ်၍၊ အရာရာ၌ အကျိုးကိုပေးတတ် သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ ”
“Physical training is good, but training for godliness is much better, promising benefits in this life and in the life to come” (1 Timothy 4:8 NLT).
ဝိညာဉ်ရေးရာ ကြံ့ခိုင်မှုကို ပြုစုပျိုးထောင်ရာတွင် ဘုရားသခင်နှင့်အတူ နေ့စဉ်မှန်မှန်အချိန်ကုန်ခြင်းထက် တခြားသော မည့်သည့်ဆုံးမပဲ့ပြင်မှုကမျှ ပို၍အရေးမကြီးပါ။
ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နှင့် စကားပြောပြီး၊ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် စကားပြော မည်ကို ခွင့်ပြုခြင်းစသဖြင့် ဘုရားသခင်နှင့် အချိန်အတူကုန်ဆုံးခြင်းအားဖြင့် သင့်အသက်တာအတွက် အကူအညီ ဖြစ်စေပါတယ်။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၁၆ “ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ ထက်တနေ့ ပြုပြင်ခြင်း ကိုခံရ၏။”
သမ္မာကျမ်းစာက ဆိုထားသည်မှာ သင်၏ကိုယ်ခန္ဓာသည် အပြင်ပန်း၌ ပင်ပန်းနွမ်းနယ်နေသော်လည်း အတွင်း၌ရှိသောသင်သည် ဘုရားသခင်နှင့်အတူ တစ်ကိုယ်တည်းနေခြင်းဖြင့် ဝိညာဉ်ရေးရာတွင် အသစ်ပြန်လည်ရရှိနိုင်သည်ဟု ဆို၏။ ဤသို့ပြုခြင်းက သင်၏တစ်နေ့တာ အလုပ်မစတင် ခင်မှာ အချိန် (၁၀) မိနစ်လောက်သာ ကြာနိုင်ပါမည်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ သင်၏ကိုယ်ခန္ဓာသည် အပြင်ပန်း၌ ပင်ပန်းနွမ်းနယ်နေသော်လည်း အတွင်း၌ရှိသောသင်သည် ဘုရားသခင်နှင့်အတူ တစ်ကိုယ်တည်းနေခြင်းဖြင့် ဝိညာဉ်ရေးရာတွင် အသစ်ပြန်လည်ရရှိနိုင်သည်ဟု ဆို၏။ ဤသို့ပြုခြင်းက သင်၏တစ်နေ့တာ အလုပ်မစတင် ခင်မှာ အချိန် (၁၀) မိနစ်လောက်သာ ကြာနိုင်ပါမည်။
ဘုရားသခင်နှင့် တစ်ကိုယ်တည်းအချိန်ရှိဖို့လိုအပ်ခြင်းက ဘုရားသခင်နှင့် သင်ရင်းနှီးကျွမ်းဝင်သော အဆင့်သည် တခြားသော သင်၏ပေါင်းသင်းဆက်ဆံရေး အဆင့်တွေကို အဆုံးအဖြတ်ပေး ဖော်ပြပါသည်။
လူ၏ချစ်ခြင်းမေတ္တာသည် ယိုယွင်းသွားလိမ့်မည်။ သို့သော် သခင်ယေရှုနည်းတူ ချစ်ခြင်းမေတ္တာထားနိုင်ဖို့ရန် သင်၏ဆိတ်ငြိမ်ချိန် (quiet time) ကို သင်၏နေ့ရက်တိုင်းမှာ ဉီးစားပေးမှုအဖြစ် ထားရှိပါ။ ဤကဲ့သို့ ပြုပါလျှင် သင်၏ပေါင်းသင်းဆက်ဆံရေးသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတန်ခိုးအားဖြင့် သင်မှတစ်ဆင့် ပြောင်းလဲသွား ပါလိမ့်မည်။
ဆင်ခြင်ရန်
-သင်၏အသက်တာရှိ (quiet time) ဆိတ်ငြိမ်ချိန်ယူခြင်း ၊ မယူခြင်းသည် သင်၏နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို မည်ကဲ့သို့ သက်ရောက်မှု ဖြစ်စေပါသနည်း။
-ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာခြင်းနှင့် ဆုတောင်ခြင်း၌အချိန်ယူခြင်းတွေသည် သင်၏ပေါင်းသင်း ဆက်ဆံရေးကို မည်သို့သောနည်းလမ်းတွေဖြင့် သက်ရောက်စေပါသနည်း။
-ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃ တွင် ဖော်ပြထားသော ချစ်ခြင်းမေတ္တာမျိုးဖြင့် တခြားသူတွေကို သင်ချစ်နိုင် မည်ဟု ခံစားရပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့်မဟုတ်သနည်း။
-----------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်