Tell It Like It Could Be

Unicode Version


ဖြစ်နိုင်ပါတယ်လို့ ပြောပါ။
ကောရိန္သုပဌမစောင် ၁၃:၇ “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။

တစ်စုံတစ်ဉီးထံမှ သင်များစွာ မျှော်မှန်းထားမှုတွေရှိသော်လည်း သင်၌ ဤသို့ဖြစ်ခြင်းကို သူ့အားပြောမည် မဟုတ်ပါ။ ဖြစ်နိုင်သလိုပါဘဲလို့ သင်ပြောပါမည်။ အဲဒီပုဂိ္ဂုလ်ကနေတစ်ဆင့် ဘုရားသခင်မည်သို့သောအရာကို လုပ်ဆောင်စေချင်တာကို သင်ယုံကြည်ပြီး သူအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင်အတည်ပြုပါမည်။

စာရေးဆရာ ၊ ဆရာတစ်ဉီးလည်းဖြစ်တဲ့ Bruce Wilkinson ကနေ အကောင်းဆုံးသော သာဓကပြစရာ ဇာတ်ကြောင်း တစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဤဆရာသည် Multnomah  တက္ကသိုလ်တွင် ပါမောက္ခသစ်တစ်ဉီး ဖြစ်ပြီး ပထမဉီးဆုံးသောအစည်းအဝေးတွင် စာသင်တန်း၏ တာဝန်တွေကို သူရရှိခဲ့တယ်။ တခြားသော ပါမောက္ခတစ်ဉီးက သူ၏တာဝန်ပေးထားသော စာရွက်ကိုမြင်ပြီး “သင်သည် section Aအတွက် အတန်း ၂ တန်းရရှိထားပါတယ်။ သူတို့တွေသည် ဤတက္ကသိုလ်မှာ အတော်ဆုံးကျောင်းသားတွေဖြစ်တယ်။ သူတို့က စာလေ့လာရဖို့ကို အင်မတန် ဝမ်းမြောက်ကြတယ်။ သင်သည် ပထမနှစ်တွင် “section A” ရှိကျောင်းသား တွေကိုရရှိထားတာက ကံကောင်းပါတယ်” လို့ဆိုခဲ့ပါတယ်။

Bruce ကလည်းဤအရာကို မှန်ကန်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီကျောင်းသားတွေကို စာသင်ရတာ သူ့အတွက် လုံးဝကို နှစ်သက်ဖွယ်ဖြစ်ခဲ့ပါတယ်။ သူတို့တွေကို စာသင်ရတာ တခြားသော အတန်းတွေထက်ကို ပိုပြီး ပျော်ရွင်ရပါတယ်။ သူတို့တွေက ချက်ချာပါးနပ်ပြီး ကောင်းသော မေးခွန်းတွေကို မေးတတ်ပါတယ်။

နှစ်ကုန်ပိုင်းမှာတော့ Bruce က သူ့အထက်အရာရှိကို “နောက်နှစ်မှာလည်း “section A” အတန်းကို ထပ်မံ ရရှိဖို့အတွက် မျှော်လင့်ပါတယ်” လို့ပြောခဲ့ပါတယ်။ သူ့အထက်အရာရှိက ““section A”အတန်း မရှိပါဘူး။ အဲဒီအတန်းကို လွန်ခဲ့တဲ့ (၆) နှစ်တည်းက ပယ်ဖျက်ထားခဲ့ပြီးဖြစ်တယ်” လို့သူ့အား ပြောလိုက်ပါတယ်။

Bruce  ပြန်သွားပြီး သူ၏အတန်းစာအုပ်တွေကို ပြန်စစ်ဆေးတဲ့အခါမှာ ထို “section A”အတန်းသည် အဆင့်မြင့် နေရာချထားမှု မရရှိနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ သို့သော် သူတို့သည် တခြားသော အတန်းများထက် ပို၍ “A”ကို ရှရှိထားခဲ့ပြီး စဉ်းစားတွေးခေါ်မှု စာတမ်းတွေကို ရေးသားနိုင်ခဲ့ကြတယ်။ သူတို့လေးတွေကို ပိုမိုထက်မြက်တဲ့ ကျောင်းသားကလေးတွေ ဖြစ်လာဖို့ရန် သူမျှော်လင့်သည့်အတွက် သူတို့လေးတွေက စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ ကြတယ်ဆိုတာကို Bruce   သဘောပေါက်နားလည်ခဲ့ပါတယ်။

သင်၏အသက်တာတစ်လျှောက် ပတ်ဝန်းကျင်ရှိလူတွေကို သင်မျှော်လင့်ထားသည့်အတိုင်း သင်ကိုယ်တိုင် ပုံသွင်းပါလိမ့်မည်။ သူတစ်ပါးကို သင် အကောင်းဆုံး မျှော်လင့်ပါလျှင် သခင်ခရစ်တော်၏ ထာဝရတည်မြဲသော ချစ်ခြင်းမေတ္တာကို သင်ရောင်ပြန်ဟပ်နေခြင်းဖြစ်ပါတယ်။

မေတ္တာသည် လွန်လေပြီးသော ပြစ်မှားမှုတွေကို ထပ်တလဲလဲ မဖော်ထုတ်ပြပါလို့ တမန်တော်ရှင်ပေါလုက ဆိုထား ပါတယ်။ ကောရိန္သုပဌမစောင် ၁၃:၇ “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်း သောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
“Love . . . always looks for the best” (1 Corinthians 13:7 The Message).

ဆင်ခြင်ရန်
- သင့်အသက်တာမှာ တစ်စုံတစ်ယောက်ဆီကနေ အကောင်းဆုံးမျှော်လင့်ထားခြင်းကို ကြိုးစားအားထုတ် နေရပါသလား။ ထိုသို့ဆိုလျှင် သင်၏မျှော်လင့်ချက်ကို သင်မည်ကဲ့သို့ စတင်ပြောင်းလဲနိုင်မည်နည်း။
- သင်၏ခင်ပွန်းကဲ့သို့သော တစ်စုံတစ်ယောက် (သို့) သင်၏သူဌေးဆီက သင့်ဆီကနေ ကြီးစွာသောအရာ မျှော်လင့်ထားသည်ကို သင်သိရှိလိုက်တဲ့အခါ မည်ကဲ့သို့ ခံစားရပါသနည်း။
- ဘုရားသခင်၏ သင့်အပေါ် မည်ကဲ့သိုသော မျှော်လင့်ချက်မျိုးရှိတယ်လို့ သင်ထင်မြင်ပါသနည်း။


---------------------------------------------------------------------------------


Zawgyi Version


ျဖစ္ႏိုင္ပါတယ္လို႔ ေျပာပါ။
ေကာရိႏ္သဳပဌမေစာင္ ၁၃:၇ “ခပ္သိမ္းေသာအရာကို ဖုံးအုပ္တတ္၏။ ခပ္သိမ္းေသာအရာကို ယုံတတ္၏။ ခပ္သိမ္းေသာအရာကို ေျမာ္လင့္တတ္၏။ ခပ္သိမ္းေသာအရာကို သည္းခံတတ္၏။”

တစ္စုံတစ္ဉီးထံမွ သင္မ်ားစြာ ေမွ်ာ္မွန္းထားမႈေတြရွိေသာ္လည္း သင္၌ ဤသို႔ျဖစ္ျခင္းကို သူ႔အားေျပာမည္ မဟုတ္ပါ။ ျဖစ္ႏိုင္သလိုပါဘဲလို႔ သင္ေျပာပါမည္။ အဲဒီပုဂိၢဳလ္ကေနတစ္ဆင့္ ဘုရားသခင္မည္သို႔ေသာအရာကို လုပ္ေဆာင္ေစခ်င္တာကို သင္ယုံၾကည္ၿပီး သူအတြက္ ဘုရားသခင္၏ ရည္႐ြယ္ခ်က္ကို သင္အတည္ျပဳပါမည္။

စာေရးဆရာ ၊ ဆရာတစ္ဉီးလည္းျဖစ္တဲ့ Bruce Wilkinson ကေန အေကာင္းဆုံးေသာ သာဓကျပစရာ ဇာတ္ေၾကာင္း တစ္ခုရွိပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ဤဆရာသည္ Multnomah  တကၠသိုလ္တြင္ ပါေမာကၡသစ္တစ္ဉီး ျဖစ္ၿပီး ပထမဉီးဆုံးေသာအစည္းအေဝးတြင္ စာသင္တန္း၏ တာဝန္ေတြကို သူရရွိခဲ့တယ္။ တျခားေသာ ပါေမာကၡတစ္ဉီးက သူ၏တာဝန္ေပးထားေသာ စာ႐ြက္ကိုျမင္ၿပီး “သင္သည္ “section A”အတြက္ အတန္း ၂ တန္းရရွိထားပါတယ္။ သူတို႔ေတြသည္ ဤတကၠသိုလ္မွာ အေတာ္ဆုံးေက်ာင္းသားေတြျဖစ္တယ္။ သူတို႔က စာေလ့လာရဖို႔ကို အင္မတန္ ဝမ္းေျမာက္ၾကတယ္။ သင္သည္ ပထမႏွစ္တြင္ “section A” ရွိေက်ာင္းသား ေတြကိုရရွိထားတာက ကံေကာင္းပါတယ္” လို႔ဆိုခဲ့ပါတယ္။

Bruce ကလည္းဤအရာကို မွန္ကန္တယ္ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။ အဲဒီေက်ာင္းသားေတြကို စာသင္ရတာ သူ႔အတြက္ လုံးဝကို ႏွစ္သက္ဖြယ္ျဖစ္ခဲ့ပါတယ္။ သူတို႔ေတြကို စာသင္ရတာ တျခားေသာ အတန္းေတြထက္ကို ပိုၿပီး ေပ်ာ္႐ြင္ရပါတယ္။ သူတို႔ေတြက ခ်က္ခ်ာပါးနပ္ၿပီး ေကာင္းေသာ ေမးခြန္းေတြကို ေမးတတ္ပါတယ္။

ႏွစ္ကုန္ပိုင္းမွာေတာ့ Bruce က သူ႔အထက္အရာရွိကို “ေနာက္ႏွစ္မွာလည္း “section A” အတန္းကို ထပ္မံ ရရွိဖို႔အတြက္ ေမွ်ာ္လင့္ပါတယ္” လို႔ေျပာခဲ့ပါတယ္။ သူ႔အထက္အရာရွိက ““section A”အတန္း မရွိပါဘူး။ အဲဒီအတန္းကို လြန္ခဲ့တဲ့ (၆) ႏွစ္တည္းက ပယ္ဖ်က္ထားခဲ့ၿပီးျဖစ္တယ္” လို႔သူ႔အား ေျပာလိုက္ပါတယ္။

Bruce  ျပန္သြားၿပီး သူ၏အတန္းစာအုပ္ေတြကို ျပန္စစ္ေဆးတဲ့အခါမွာ ထို “section A”အတန္းသည္ အဆင့္ျမင့္ ေနရာခ်ထားမႈ မရရွိႏိုင္ေၾကာင္းေတြ႕ရွိခဲ့ပါတယ္။ သို႔ေသာ္ သူတို႔သည္ တျခားေသာ အတန္းမ်ားထက္ ပို၍ “A”ကို ရွရွိထားခဲ့ၿပီး စဥ္းစားေတြးေခၚမႈ စာတမ္းေတြကို ေရးသားႏိုင္ခဲ့ၾကတယ္။ သူတို႔ေလးေတြကို ပိုမိုထက္ျမက္တဲ့ ေက်ာင္းသားကေလးေတြ ျဖစ္လာဖို႔ရန္ သူေမွ်ာ္လင့္သည့္အတြက္ သူတို႔ေလးေတြက စိန္ေခၚမႈေတြကို ရင္ဆိုင္ခဲ့ ၾကတယ္ဆိုတာကို Bruce   သေဘာေပါက္နားလည္ခဲ့ပါတယ္။

သင္၏အသက္တာတစ္ေလွ်ာက္ ပတ္ဝန္းက်င္ရွိလူေတြကို သင္ေမွ်ာ္လင့္ထားသည့္အတိုင္း သင္ကိုယ္တိုင္ ပုံသြင္းပါလိမ့္မည္။ သူတစ္ပါးကို သင္ အေကာင္းဆုံး ေမွ်ာ္လင့္ပါလွ်င္ သခင္ခရစ္ေတာ္၏ ထာဝရတည္ၿမဲေသာ ခ်စ္ျခင္းေမတၱာကို သင္ေရာင္ျပန္ဟပ္ေနျခင္းျဖစ္ပါတယ္။

ေမတၱာသည္ လြန္ေလၿပီးေသာ ျပစ္မွားမႈေတြကို ထပ္တလဲလဲ မေဖာ္ထုတ္ျပပါလို႔ တမန္ေတာ္ရွင္ေပါလုက ဆိုထား ပါတယ္။ ေကာရိႏ္သဳပဌမေစာင္ ၁၃:၇ “ခပ္သိမ္းေသာအရာကို ဖုံးအုပ္တတ္၏။ ခပ္သိမ္းေသာအရာကို ယုံတတ္၏။ ခပ္သိမ္း ေသာအရာကို ေျမာ္လင့္တတ္၏။ ခပ္သိမ္းေသာအရာကို သည္းခံတတ္၏။”
“Love . . . always looks for the best” (1 Corinthians 13:7 The Message).

ဆင္ျခင္ရန္
- သင့္အသက္တာမွာ တစ္စုံတစ္ေယာက္ဆီကေန အေကာင္းဆုံးေမွ်ာ္လင့္ထားျခင္းကို ႀကိဳးစားအားထုတ္ ေနရပါသလား။ ထိုသို႔ဆိုလွ်င္ သင္၏ေမွ်ာ္လင့္ခ်က္ကို သင္မည္ကဲ့သို႔ စတင္ေျပာင္းလဲႏိုင္မည္နည္း။
- သင္၏ခင္ပြန္းကဲ့သို႔ေသာ တစ္စုံတစ္ေယာက္ (သို႔) သင္၏သူေဌးဆီက သင့္ဆီကေန ႀကီးစြာေသာအရာ ေမွ်ာ္လင့္ထားသည္ကို သင္သိရွိလိုက္တဲ့အခါ မည္ကဲ့သို႔ ခံစားရပါသနည္း။
- ဘုရားသခင္၏ သင့္အေပၚ မည္ကဲ့သိုေသာ ေမွ်ာ္လင့္ခ်က္မ်ိဳးရွိတယ္လို႔ သင္ထင္ျမင္ပါသနည္း။