Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သင်ချစ်သောသူတွေနှင့်အတူ ရပ်တည်ပါ။
ယောဘဝတ္တု ၆:၁၄ “ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။
မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။”
သင်၌ ခင်ပွန်း /ဇနီး (သို့) မိတ်ဆွေ သူငယ်ချင်း
(သို့) ချစ်ရသောသူ တစ်စုံတစ်ယောက်သည် ဘုရားသခင်နှင့် ဝေးရာသို့ ရောက်နေခဲ့တယ် ဆိုလျှင်
သူတို့နှင့်ဝေးရာကို သင်မသွားနိုင်ပါ။ အရင်အချိန်တွေထက် သင့်ကို သူတို့လိုအပ်တယ်ဆိုတာကို
သင်သိဖို့ရန် ဘုရားသခင်အလိုတော်ရှိပါသည်။
သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ယောဘဝတ္တု ၆:၁၄ “ဆင်းရဲခြင်းသို့ရောက်သောသူ၏
အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့်
ကင်းလွတ်၏။” သင်ချစ်သောသူ
တစ်ယောက်က “ငါ့မှာ နာကျင်မှုတွေများကြီးဘဲ ၊ ဘုရားကို
အခုယုံကြည်ရမည်ဆိုတာကိုတောင် ငါမသိတော့ဘူး” လို့ပြောလာတဲ့အခါမှာ သင်က “အဲဒီအတွက် အဆင်ပြေပါတယ်။ သင့်အတွက် ကျွန်ုပ်ဘုရားသခင်ကို ယုံကြည်ပါ
မယ်၊ သင်၌ပျောက်ဆုံးနေသောအရာတို့ကို ဘုရားသခင် မူလအတိုင်း ပြန်လည်ပြင်ဆင်ပေးတဲ့အချိန်ထိ
သင်နှင့် အတူ ရပ်တည်ပြီး ထမ်းဆောင်ပေးပါမည်” လို့သင်ပြန်ပြောနိုင်ပါတယ်။
ထာဝရတည်မြဲသော
ချစ်ခြင်းမေတ္တာသည် တစ်စုံတစ်ယောက်ကို လက်လျော့ရဖို့အတွက် ငြင်းဆန်ပါတယ်။ ဤအရာကို သင်သိနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သင့်အတွက် သခင်ခရစ်တော်က ဤကဲ့သို့သော မေတ္တာမျိုးကို နမူနာပြခဲ့လို့ဖြစ်ပါတယ်။
အပြစ်တရားတွင် သင်သေသွားတဲ့အခါမှာ သင်အဝေးသို့ မသွားခဲ့ပါဘူး။ အဲဒီလိုဖြစ်ဖို့ သခင်ခရစ်တော်စောင့်မနေခဲ့ပါဘူး။
သင်နှင့်ဆန့်ကျင်ဘက်ကို ဆုပ်ကိုင်မထားခဲ့ပါဘူး။ သင်လုပ် ဆောင်ခဲ့တဲ့အရာအတွက် သင်ပေးဆပ်ဖို့တောင်
သူမမျှော်လင့်ခဲ့ပါဘူး။
အဲဒီအစား သင့်ကို သခင်ခရစ်တော်
ယုံကြည်ခဲ့တယ်။ သူ၏ဖြောင့်မတ်ခြင်းနှင့်အတူ သင်မည်ကဲ့သို့ ဖြစ်လာနိုင်သည်ကို သူတွေ့မြင်ခဲ့ပါတယ်။
သခင်ခရစ်တော်သည် သင့်ကို ပြည့်ဝစွာဖြင့် ခြွင်းချက်မရှိ ချစ်ခဲ့ပြီး သင်၏အပြစ်အတွက်
အပြစ်ဒဏ်ကို သူကိုယ်တိုင်ခံယူလိုနေခဲ့ပါတယ်။ သင်၏ နာကျင်မှုကို သူယူဆောင်သွားခဲ့ပြီး
သင့်အသက်တာ လျှောက်လှမ်းမည့်ခရီးကို သင်နှင့်အတူ လျှောက်ဖို့ရန် ကတိတော်ပေးခဲ့ပြီး
ကောင်းကင် ဘုံဆိုင် ရာ မျှော်လင့်ခြင်းကို ပေးပါတယ်။
ဘုရားသခင်၏ကျေးဇူးတော်ကို
တိုးပွားစေခြင်း ၊ ယုံကြည်ခြင်းကို ဖော်ပြခြင်း နှင့် သင့်ဝန်းကျင်ရှိလူတို့၏ အဆိုးဆုံးအရာတို့ကို
ကြံ့ကြံ့ခံ ခြင်းအားဖြင့် သူတို့ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်ဖော်ပြဖို့ရန်
သင်၏အသက်တာတွင် မည်သူလိုအပ်နေသနည်း။
ဆင်ခြင်ရန်
-
သင်၏အဆိုးဆုံးအခြေအနေမှာတောင် သင့်ကို ချစ်သောသူသည် သင့်ကိုလက်လျော့ဖို့ကို အဘယ်ကြောင့်
ငြင်းဆန်ခဲ့သနည်း။ ရလဒ်ကား မည်သို့နည်း။
-တစ်စုံတစ်ယောက်သည်
ယုံကြည်ခြင်း၌ ပြသနာဖြစ်ခဲ့ပြီး ဘုရားသခင်ကို ယုံကြည်ဖို့ရန် ရုန်းကန်နေရတယ်လို့ သင်ကြားလိုက်ရတဲ့အခါမှာ
သင်၏ပထမဉီးဆုံးတုံ့ပြန်မှုက မည်သို့နည်း။ သူတို့ကို တွေ့တဲ့အချိန်မှာ သင်ဘာကို ပြောဆိုမည်နည်း။
-သခင်ခရစ်တော်သင့်ကို
ချစ်သော နည်းအတိုင်း သူတစ်ပါးပေါ်ထားသော ချစ်ခြင်းမေတ္တာကို မည်သို့သော သေချာတဲ့နည်းလမ်းတွေဖြင့်
သင်ကိုပြောင်းလဲစေခဲ့သနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်