Unicode Version
-----------------------------------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင် (သို့) ငွေကြေးအတွက် အစေခံသလား။
လုကာ ၁၆:၁၃ “အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍
တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊
လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။”
တစ်စုံတစ်ခုကို
ယခုပင် ပေးကမ်းဖို့ ဘုရားသခင် သင့်ကို ပြောပါလျှင် သင်က “ အဖဘုရား အဲဒီတစ်စုံတစ်ခု
ကလွှဲ၍ အရာအားလုံးပေးနိုင်ပါ၏” လို့ဆိုမည်။ အဲဒီအရာကို သင်မပိုင်ဆိုင်ပါ၊ အဲဒီအရာက
သင့်ကို ပိုင်ဆိုင်သွား တာဖြစ်ပါတယ်။ သင်ဆုပ်ကိုင်ထားတဲ့အရာတစ်ခုကို ပေးကမ်းဖို့ရန်
ဘုရားသခင်တောင်းလျှောက်ခြင်းက သင်၏ဉီးစားပေးအရာကို စမ်းသပ်ခြင်းဖြစ်ပါသည်။
လုကာ ၁၆:၁၃ “အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍
တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊
လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။”
သင်၏ပေးကမ်းမှုတွေကို
သင်၏ဆုံးဖြတ်ချက်တွေပေါ်သက်ရောက်ဖို့နှင့် မည်သို့သောသူ (သို့) ဘယ်အရာ အတွက် အစေခံလုပ်ဆောင်မလဲဆိုတာကို
ဆုံးဖြတ်ဖို့လိုပါတယ်။ သင့်အသက်တာအတွက် ဘုရားသည် အရှင်သခင်သည် ဖြစ်တယ်ဆိုလျှင် သင်သည်လည်း
သင်၏ပိုက်ဆံအိတ် (သို့)ကတ် အပေါ်တွင် အရှင်သခင်ဖြစ်သင့်ပါတယ်။
တစ်ခါက သူဌေးတစ်ဉီးသည် ခရစ်ယာန်နှင့်ဆိုင်သော
အကြောင်းတရားတွေအတွက် သူ၏ဆယ်ဖို့တစ်ဖို့ (သဿမေဓခွန်)ထက် ပိုတဲ့ငွေပမာဏကို ပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်များစွာတည်းက ဘဏ္ဍာရေးစီမံချက်ရေး ဆွဲသူနှင့် တွေ့ဆုံပါတယ်လို့ သူဆိုခဲ့တယ်။
သူတို့စကားအတန်ငယ်ပြောဆိုကြပြီးနောက် အဲဒီဘဏ္ဍာရေးဆွဲတဲ့ သူသည် စာရွက်တစ်ရွက်ကိုဆွဲယူပြီး
သေတ္တာတစ်ခုပုံဆွဲလိုက်တယ်။ အဲဒီသေတ္တာ အပြင်တစ်ဖက်မှာတော့ ငွေကြေးသင်္ကေတ “$” နှင့်သခင်ခရစ်တော်ကို ကိုယ်စားပြုတဲ့ လက်ဝါးကပ်တိုင် ကိုရေးဆွဲလိုက်ပြီး
“သင်၏အာရုံကို ဆွဲဆောင်နိုင်ပြီး အန်တုနေတဲ့ အရာနှစ်ခုကို ကြားလိုက်ရပါတယ်။ သင်၏သေတ္တာထဲတွင်
မည်သို့သောအရာကို ဆွဲထည့်စေချင်သလဲဆိုတာကို မပြောသရွေ့ သင့်ဘဝအတွက် အစီအစဉ်ကို ကျွန်ုပ်ဆွဲဖို့
မကူညီနိုင်ပါ။ ဘယ်အရာကတစ်ခုက သင့်အသက်တာကို ကိုယ်စားပြုပါသလဲ” လို့မေးခဲ့ပါတယ်။ အဲဒီအခါမှာ
သူဌေးက စဉ်းစားပြီးတော့ “ငါ၏အသက်တာတွင် သခင်ခရစ်တော်သာလျှင် အဓိကသော့ချက်ပါ” လို့ပြောခဲ့
ပါတယ်။ ဒါသည် အလှည့်အပြောင်း ၊ လမ်းချိုးတစ်ခုဖြစ်တယ် - နိစ္စထာဝရအတွက် သူ၏ရင်းနှီးမြှုပ်နှံမှု
အစပျိုးတဲ့အချိန် မှာ ဖြစ်ပါတယ်။
တစ်စုံတစ်ယောက်က
သေတ္တာတစ်ခုပုံဆွဲပြီး သင့်အသက်တာ၏အလယ်ဗဟိုတွင် မည်သို့သောအရာဖြစ်သည်ကို မေးပါလျှင်
သင်ဘာကို ဖြေမည်နည်း။ ဒေါ်လာသင်္ကေတနှင့် လက်ဝါးကပ်တိုင်ကို ထားမည်လား။ သင်၏ဘဏ်ငွေ
စာရင်းက အဲဒီအဖြေအတွက် အထောက်အကူဖြစ်စေမလား။ သင်အသက်တာ၏ ဉီးထိပ်ထားပြီးချုပ်ကိုင် ထားတဲ့အရာ
လို့သင်ပြောနိုင်ပါတယ်။ သို့ပေမဲ့ သင်၏အချိန်နှင့်ငွေကြေးကို မည်ကဲ့သို့ သုံးဖြုန်းနေသလဲဆိုတာကို
အမှန်တရားကို ဖော်ပြပါလိမ့်မည်။
သင်၏ဘဏ္ဍာရေးကိစ္စတွေဖြစ်ပေါ်လာတဲ့အခါ
အသက်တာတွင် ရွေးချယ်စရာသော့ချက် နှစ်ခုရှိပါတယ်။ သင်၏ အရှင်သခင်သည် မည်သူဖြစ်မည်နည်း။
သင်၏ငွေကြေးကို မည်သို့သောနေရာတွင် အပ်နှံမည်နည်း - နိစ္စထာဝရ (သို့) ဒီမှာ လား ၊ ဟိုမှာလား။
ရှင်မဿဲ ၆:၂၀-၂၁ “သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ
ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။ ၂၁အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်
တတ်၏။”
ဘုရားသခင်က သင်၏ငွေကို အလိုမရှိပါ။ သင်၏စိတ်နှလုံးကို ကိုယ်စားပြုသောအရာကို
အလိုတော် ရှိနေပါတယ်။ ဘုရားသခင် နှင့် တခြားသူတွေကို အစေခံခြင်းသဘောဖြစ်ဖို့ရန် ဘုရားသခင်ပြောသောအရာကို
ပေးကမ်းဖို့ ဝန်ခံခြင်းနှင့် သင်၏ငွေကြေးတွေကို ထိန်းချုပ်ပေးဖို့ရန် အပ်နှှံခြင်းအားဖြင့်
သင်၏စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်သာလျှင် ပိုင်ဆိုင်ကြောင်းကို ဘုရားသခင်အား သင်ဖော်ပြနိုင်ပါတယ်။
ဆင်ခြင်ရန်
-သင်၏သေတ္တာ
အလယ်ဗဟိုတွင် မည်သို့သောအရာကို ထားရှိချင်ပါသနည်း။ အဲဒီအရာဖြင့် သင့်အသက်တာရှိ ပြောင်းလဲမှုတစ်ချို့ပြုဖို့ရန်
မည်ကဲ့သို့ လိုအပ်ချက်တွေဖြစ်မည်နည်း။
-သင်၏အရှင်သခင်ကို
မည်သူအား (သို့) မည်သို့သောအရာ ဖြစ်စေခြင်းအတွက် သက်ရောက်မှုဖြစ်ဖို့ရန် သင်၏ပေးကမ်းခြင်းအရာကို
ယနေ့တွင် မည်ကဲ့သို့ စတင်နိုင်မည်နည်း။
-ဘုရားသခင်အားသိခြင်းအရာတွင်
ငွေမလိုအပ်ကြောင်း သင်၏ဆယ်ဖို့တစ်ဖို့ပေးကမ်းခြင်းသဘောထားကို မည်ကဲ့သို့ သက်ရောက်မှုဖြစ်စေသနည်း။
-တစ်ခါတစ်လေမှာ
ဘာကြောင့်များ ကျွန်ုပ်တို့ငွေကြေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရပါသနည်း။
-----------------------------------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင္ (သို႔) ေငြေၾကးအတြက္ အေစခံသလား။
လုကာ ၁၆:၁၃ “အဘယ္အေစခံမွ် သခင္ႏွစ္ဦးအေစကို မခံႏိုင္။ သခင္တဦးကိုမုန္း၍ တဦးကိုခ်စ္မည္။ သခင္တဦး မွီခို၍ တဦးကို မခန္႔မညားျပဳမည္။ သင္တို႔သည္ ဘုရားသခင္၏ အေစကို၎၊ ေလာကီစည္းစိမ္၏အေစကို၎ မခံႏိုင္ၾကဟု မိန္႔ေတာ္မူ၏။”
တစ္စုံတစ္ခုကို ယခုပင္ ေပးကမ္းဖို႔ ဘုရားသခင္ သင့္ကို ေျပာပါလွ်င္ သင္က “ အဖဘုရား အဲဒီတစ္စုံတစ္ခု ကလႊဲ၍ အရာအားလုံးေပးႏိုင္ပါ၏” လို႔ဆိုမည္။ အဲဒီအရာကို သင္မပိုင္ဆိုင္ပါ၊ အဲဒီအရာက သင့္ကို ပိုင္ဆိုင္သြား တာျဖစ္ပါတယ္။ သင္ဆုပ္ကိုင္ထားတဲ့အရာတစ္ခုကို ေပးကမ္းဖို႔ရန္ ဘုရားသခင္ေတာင္းေလွ်ာက္ျခင္းက သင္၏ဉီးစားေပးအရာကို စမ္းသပ္ျခင္းျဖစ္ပါသည္။
လုကာ ၁၆:၁၃ “အဘယ္အေစခံမွ် သခင္ႏွစ္ဦးအေစကို မခံႏိုင္။ သခင္တဦးကိုမုန္း၍ တဦးကိုခ်စ္မည္။ သခင္တဦး မွီခို၍ တဦးကို မခန္႔မညားျပဳမည္။ သင္တို႔သည္ ဘုရားသခင္၏ အေစကို၎၊ ေလာကီစည္းစိမ္၏အေစကို၎ မခံႏိုင္ၾကဟု မိန္႔ေတာ္မူ၏။”
သင္၏ေပးကမ္းမႈေတြကို သင္၏ဆုံးျဖတ္ခ်က္ေတြေပၚသက္ေရာက္ဖို႔ႏွင့္ မည္သို႔ေသာသူ (သို႔) ဘယ္အရာ အတြက္ အေစခံလုပ္ေဆာင္မလဲဆိုတာကို ဆုံးျဖတ္ဖို႔လိုပါတယ္။ သင့္အသက္တာအတြက္ ဘုရားသည္ အရွင္သခင္သည္ ျဖစ္တယ္ဆိုလွ်င္ သင္သည္လည္း သင္၏ပိုက္ဆံအိတ္ (သို႔)ကတ္ အေပၚတြင္ အရွင္သခင္ျဖစ္သင့္ပါတယ္။
တစ္ခါက သူေဌးတစ္ဉီးသည္ ခရစ္ယာန္ႏွင့္ဆိုင္ေသာ အေၾကာင္းတရားေတြအတြက္ သူ၏ဆယ္ဖို႔တစ္ဖို႔ (သႆေမဓခြန္)ထက္ ပိုတဲ့ေငြပမာဏကို ေပးခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္မ်ားစြာတည္းက ဘ႑ာေရးစီမံခ်က္ေရး ဆြဲသူႏွင့္ ေတြ႕ဆုံပါတယ္လို႔ သူဆိုခဲ့တယ္။ သူတို႔စကားအတန္ငယ္ေျပာဆိုၾကၿပီးေနာက္ အဲဒီဘ႑ာေရးဆြဲတဲ့ သူသည္ စာ႐ြက္တစ္႐ြက္ကိုဆြဲယူၿပီး ေသတၱာတစ္ခုပုံဆြဲလိုက္တယ္။ အဲဒီေသတၱာ အျပင္တစ္ဖက္မွာေတာ့ ေငြေၾကးသေကၤတ “$” ႏွင့္သခင္ခရစ္ေတာ္ကို ကိုယ္စားျပဳတဲ့ လက္ဝါးကပ္တိုင္ ကိုေရးဆြဲလိုက္ၿပီး “သင္၏အာ႐ုံကို ဆြဲေဆာင္ႏိုင္ၿပီး အန္တုေနတဲ့ အရာႏွစ္ခုကို ၾကားလိုက္ရပါတယ္။ သင္၏ေသတၱာထဲတြင္ မည္သို႔ေသာအရာကို ဆြဲထည့္ေစခ်င္သလဲဆိုတာကို မေျပာသေ႐ြ႕ သင့္ဘဝအတြက္ အစီအစဥ္ကို ကြၽႏ္ုပ္ဆြဲဖို႔ မကူညီႏိုင္ပါ။ ဘယ္အရာကတစ္ခုက သင့္အသက္တာကို ကိုယ္စားျပဳပါသလဲ” လို႔ေမးခဲ့ပါတယ္။ အဲဒီအခါမွာ သူေဌးက စဥ္းစားၿပီးေတာ့ “ငါ၏အသက္တာတြင္ သခင္ခရစ္ေတာ္သာလွ်င္ အဓိကေသာ့ခ်က္ပါ” လို႔ေျပာခဲ့ ပါတယ္။ ဒါသည္ အလွည့္အေျပာင္း ၊ လမ္းခ်ိဳးတစ္ခုျဖစ္တယ္ - နိစၥထာဝရအတြက္ သူ၏ရင္းႏွီးျမႇဳပ္ႏွံမႈ အစပ်ိဳးတဲ့အခ်ိန္ မွာ ျဖစ္ပါတယ္။
တစ္စုံတစ္ေယာက္က ေသတၱာတစ္ခုပုံဆြဲၿပီး သင့္အသက္တာ၏အလယ္ဗဟိုတြင္ မည္သို႔ေသာအရာျဖစ္သည္ကို ေမးပါလွ်င္ သင္ဘာကို ေျဖမည္နည္း။ ေဒၚလာသေကၤတႏွင့္ လက္ဝါးကပ္တိုင္ကို ထားမည္လား။ သင္၏ဘဏ္ေငြ စာရင္းက အဲဒီအေျဖအတြက္ အေထာက္အကူျဖစ္ေစမလား။ သင္အသက္တာ၏ ဉီးထိပ္ထားၿပီးခ်ဳပ္ကိုင္ ထားတဲ့အရာ လို႔သင္ေျပာႏိုင္ပါတယ္။ သို႔ေပမဲ့ သင္၏အခ်ိန္ႏွင့္ေငြေၾကးကို မည္ကဲ့သို႔ သုံးျဖဳန္းေနသလဲဆိုတာကို အမွန္တရားကို ေဖာ္ျပပါလိမ့္မည္။
သင္၏ဘ႑ာေရးကိစၥေတြျဖစ္ေပၚလာတဲ့အခါ အသက္တာတြင္ ေ႐ြးခ်ယ္စရာေသာ့ခ်က္ ႏွစ္ခုရွိပါတယ္။ သင္၏ အရွင္သခင္သည္ မည္သူျဖစ္မည္နည္း။ သင္၏ေငြေၾကးကို မည္သို႔ေသာေနရာတြင္ အပ္ႏွံမည္နည္း - နိစၥထာဝရ (သို႔) ဒီမွာ လား ၊ ဟိုမွာလား။
ရွင္မႆဲ ၆:၂၀-၂၁ “သံေခ်း၊ ပိုး႐ြ မဖ်က္ဆီး၍ သူခိုးမထြင္းမေဖာက္ မခိုးမယူရာ ေကာင္းကင္ဘုံ၌ ဘ႑ာကိုဆည္းဖူး ၾကေလာ့။ ၂၁အေၾကာင္းမူကား၊ အၾကင္အရပ္၌ သင္တို႔၏ဘ႑ာရွိ၏။ ထိုအရပ္သို႔ သင္တို႔၏ စိတ္ႏွလုံးေရာက္ တတ္၏။”
ဘုရားသခင္က သင္၏ေငြကို အလိုမရွိပါ။ သင္၏စိတ္ႏွလုံးကို ကိုယ္စားျပဳေသာအရာကို အလိုေတာ္ ရွိေနပါတယ္။ ဘုရားသခင္ ႏွင့္ တျခားသူေတြကို အေစခံျခင္းသေဘာျဖစ္ဖို႔ရန္ ဘုရားသခင္ေျပာေသာအရာကို ေပးကမ္းဖို႔ ဝန္ခံျခင္းႏွင့္ သင္၏ေငြေၾကးေတြကို ထိန္းခ်ဳပ္ေပးဖို႔ရန္ အပ္ႏွွံျခင္းအားျဖင့္ သင္၏စိတ္ႏွလုံးတစ္ခုလုံးကို ဘုရားသခင္သာလွ်င္ ပိုင္ဆိုင္ေၾကာင္းကို ဘုရားသခင္အား သင္ေဖာ္ျပႏိုင္ပါတယ္။
ဆင္ျခင္ရန္
-သင္၏ေသတၱာ အလယ္ဗဟိုတြင္ မည္သို႔ေသာအရာကို ထားရွိခ်င္ပါသနည္း။ အဲဒီအရာျဖင့္ သင့္အသက္တာရွိ ေျပာင္းလဲမႈတစ္ခ်ိဳ႕ျပဳဖို႔ရန္ မည္ကဲ့သို႔ လိုအပ္ခ်က္ေတြျဖစ္မည္နည္း။
-သင္၏အရွင္သခင္ကို မည္သူအား (သို႔) မည္သို႔ေသာအရာ ျဖစ္ေစျခင္းအတြက္ သက္ေရာက္မႈျဖစ္ဖို႔ရန္ သင္၏ေပးကမ္းျခင္းအရာကို ယေန႔တြင္ မည္ကဲ့သို႔ စတင္ႏိုင္မည္နည္း။
-ဘုရားသခင္အားသိျခင္းအရာတြင္ ေငြမလိုအပ္ေၾကာင္း သင္၏ဆယ္ဖို႔တစ္ဖို႔ေပးကမ္းျခင္းသေဘာထားကို မည္ကဲ့သို႔ သက္ေရာက္မႈျဖစ္ေစသနည္း။
-တစ္ခါတစ္ေလမွာ ဘာေၾကာင့္မ်ား ကြၽႏ္ုပ္တို႔ေငြေၾကးကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားရပါသနည္း။