Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ချစ်ခြင်းမေတ္တာမရှိလျှင် ဘယ်အရာကမှ အရေးမကြီးပါ။
ဂလာတိ ဩဝါဒစာ ၅:၆ “ယေရှုခရစ်တော်၌ ….မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။”
ဘုရားသခင်အတွက်
အရေးကြီးသောအရာကို စဉ်းစားဖူးပါသလား။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ဂလာတိ ဩဝါဒစာ ၅:၆ “ယေရှုခရစ်တော်၌ …..မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။” ဘုရားသခင်
ဆိုထားသည်မှာ သင့်အသက်တာရှိ ပြီးမြောက်အောင်လုပ်ဆောင်ခြင်းတွေ (သို့) အောင်မြင်ခြင်းတွေ
(သို့) ကျော်ဇောခြင်းတွေ (သို့) ကျန်းမာခြင်းတွေက အရေးကြီးသောအရာတွေ မဟုတ်ပါ။ အရေးကြီးသော
တစ်ခုတည်းသောအရာက သူတစ်ပါးကို ချစ်ခြင်းမေတ္တာပြုဖို့ အကြောင်းရင်းဖြစ်စေသော ယုံကြည်ခြင်းရှိခြင်းပင်
ဖြစ်ပါတယ်။ အဲဒီအရာကို သင်လက်လွှတ်ပါလျှင် အရေးအကြီးဆုံးသောအရာကို သင့်အသက်တာမှာ လွဲချော်သွား
မည်ဖြစ်သည်။
လာမည့်ရက်
အနည်းငယ်အတွင်းမှာ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ပြီး ကျမ်းစာမှာ ဖော်ပြတဲ့ ထင်ရှားသော
အခန်းကဏ္ဍဖြစ်တဲ့ ကောရိန္သုပဌမစောင် အခန်းကြီး ၁၃ ကို ဖော်ပြသွားပါမည်။
ဟောပြောသောသူသည်
သင်၏ အာရုံစိုက်ခြင်းကို အလိုရှိချင်တဲ့အခါ နှင့် တစ်စုံတစ်ရာကို သင့်အား အမှတ်ရစေဖို့ရန်
သူတို့တွေ ထပ်ကာ ထပ်ကာ ပြန်ကျော့ပြောဆိုကြပါတယ်။ အကြိမ်ကြိမ်အခါခါ ပြောဆိုကြ တယ်။ ဤကျမ်းပိုဒ်၏
ပထမအခန်းငယ်အချို့တွင် တမန်တော်ရှင်ပေါလုက တူညီသောအကြောင်းတစ်ခုကို နည်းလမ်းများစွာဖြင့်
ပြောဆိုပါတယ်။ ဘဝတွင် အရေးအကြီးဆုံးသော အရာမှာ ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။
ပထမအကြောင်းရင်း
(၄) မျိုးမှာ-
(၁) ချစ်ခြင်းမေတ္တာဖြင့် အသက်မရှင်ဘူးဆိုလျှင် သင်ပြောဆိုသမျှသည်
အရာမရောက်ပါ။
ကောရိန္သုပဌမစောင် ၁၃:၁ “ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း
ပြောနိုင် သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ
ပေးတတ်သော လင်းကွင်း ကဲ့သို့၎င်း ဖြစ်၏။”
အဟောအပြောကောင်းသောသူတွေကို
ကျွန်ုပ်တို့တွေ အမှန်တကယ် သဘောကျကြပါတယ်။ အဟောအပြော ကောင်းခြင်းနှင့် ဆွဲဆောင်ခံရခြင်းကို
ကျွန်ုပ်တို့ နှစ်သက်ပါတယ်။ သို့ပေမဲ့ ဘုရားသခင်ပြောထားသည်မှာ “သင်ဘယ်လောက် အပြောကောင်းပါစေ ငါဂရုမစိုက်ပါ။ ချစ်ခြင်းမေတ္တာဖြင့်
အသက်ရှင်ပါသလား။” အဲဒီလို မဟုတ်ပါလျှင် သင်ပြောဆိုသောအရာတွေသည် အရာမရောက် ၊
အရေးမကြီးပါ။ ချစ်ခြင်းမေတ္တာမပါဘဲ ပြောသောစကားသည် ဆူညံခြင်းကိုသာ ဖြစ်ပေါ်စေသည်။
(၂) ချစ်ခြင်းမေတ္တာဖြင့် အသက်မရှင်ပါလျှင် သင်သိသမျှသောအရာတွေသည်
အရာမရောက်ပါ။ အရေးမကြီးပါ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၂ “ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို
တတ်သော်၎င်း၊ ….မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။”
ဗဟုသုတကြွယ်ဝတဲ့
ဤကမ္ဘာလောကြီးမှာ ကျွန်ုပ်တို့ နေထိုင်ကြပါတယ်။ ကျွန်ုပ်တို့တွေ အရင်ကထက် ပိုပြီး ပါးနပ်ကြတယ်။
သို့ပေမဲ့ ရာဇဝတ်မှုတွေ ၊ အလွဲသုံးစားမှုတွေ ၊ မလိုမုန်းထားမှုတွေ ၊ အကြမ်းဖက်မှုတွေစသော
တူညီတဲ့ပြသနာတွေက ရှိနေစဲဖြစ်တယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ လောကြီးက ဗဟုသုတတွေ
ပိုပြီး မလိုအပ်ပါ။ ချစ်ခြင်းမေတ္တာကိုသာ ပိုပြီးလိုအပ်ပါတယ်။ သင်က ထူးချွန်ထက်မြက်သောသူ
ဖြစ်ကောင်းဖြစ် မည် သို့ပေမဲ့ သင့်အသက်တာမှာ ချစ်ခြင်းမေတ္တာမရှိလျှင် သင်သိထားတဲ့အရာတွေက
အရာမရောက်ဘူးလို့ ဘုရားသခင် ဆိုထားပါတယ်။
(၃) ချစ်ခြင်းမေတ္တာဖြင့် အသက်မရှင်ပါလျှင်, သင် ယုံကြည်သောအရာတွေသည်
အရာမရောက်ပါ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၂ “တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း….
မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။”
ခရစ်တော်နောက်လိုက်သော
ခရစ်ယာန်တစ်ဉီးဖြစ်ခြင်းက မှန်ကန်သော ယုံကြည်ခြင်းရှိဖို့ဘဲ အရေးကြီတာလို့ ယုံတမ်းစကားရှိပါတယ်။
ဘယ်အရာကမှ နောက်ထပ်အမှန်တရားတွေ မရှိနိုင်တော့ပါ။ ခရစ်တော်နောက်လိုက်
ခြင်းသည် ချစ်ခြင်းမေတ္တာဖြင့် အသက်ရှင်နေထိုင်ခြင်း ဖြစ်ပါတယ်။ ဘုရားသခင်၏
စိတ်တော်နှင့်တွေ့ဖို့ရန် ဤအရာက ယုံကြည်ခြင်းထက် ပိုပါတယ်။
(၄) ချစ်ခြင်းမေတ္တာဖြင့် အသက်မရှင်ပါလျှင်, သင်ပေးကမ်းသမျှသည်
အရာမရောက်ပါ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၃ “သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲ …. သော်လည်း၊
မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။”
ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲ
ပေးကမ်းဖို့ လှုံ့ဆော်ခြင်းမျိုး မဟုတ်ပါ။ တစ်ချို့သော လူတွေက ရယူဖို့ရန် ပေးကမ်းကြတယ်
(သို့) အပြစ်မှလွှတ်ရန် (သို့) ထိန်းချုပ်ရန် (သို့) ဂုဏ်သိက္ခာအတွက် ပေးကမ်းကြပါတယ်။
အကြောင်းရင်းမျိုးစုံဖြင့် သင်ပေးကမ်းနိုင်ပါတယ်။ သို့ပေမဲ့ သမ္မာကျမ်းစာက ဆိုထားသည်မှာ
ချစ်ခြင်းမေတ္တာ မပါဘဲ ပေးသမျှသော အရာတွေသည် အဖိုးမတန် ၊ အရေးမပါပါ။
အသက်တာမှာ
ချစ်ခြင်းမေတ္တာဖြင့် အသက်မရှင်လျှင် ဘာဖြစ်မလဲဆိုတာကို သမ္မာကျမ်းစာက ရှင်းလင်းစွာ
ဖော်ပြထားပါတယ်။ အခြားသူများကို ချစ်သော သင်၏ယုံကြည်ခြင်းကို သင်အာရုံစိုက်ရန် လိုအပ်သည့်
နောက်ဆုံးအကြောင်းရင်းကို နက်ဖြန်နေ့၌ ကျွန်ုပ်တို့တွေ့ရှိပါလိမ့်မည်။
ဆင်ခြင်ရန်
-မည်သို့သောအရာက
သင့်ကို ပေးကမ်းဖို့ လှုံ့ဆော်ပါသနည်း။
-တခြားသူတွေအပေါ်
သင်ထားသော မေတ္တာပုံစံမျိုးအကြောင်းကို သင်၏မိတ်ဆွေတစ်ဦး က သင့်အားဖော်ပြပါက သူမည်ကဲ့သို့ပုံစံဖြစ်ကြောင်း
ပြောမည်နည်း။
-
“မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။” ဂလာတိ ၅: ၆ တွင် ဖော်ပြထားသော
ကျမ်းပိုဒ်ကို သင်မည်ကဲ့သို့ အဓိပ္ပါယ်ရသနည်း။
---------------------------------------------------------------------------------
Zawgyi Version
လာမည့်ရက် အနည်းငယ်အတွင်းမှာ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ပြီး ကျမ်းစာမှာ ဖော်ပြတဲ့ ထင်ရှားသော အခန်းကဏ္ဍဖြစ်တဲ့ ကောရိန်သုပဌမစောင် အခန်းကြီး ၁၃ ကို ဖော်ပြသွားပါမည်။
ကောရိန်သုပဌမစောင် ၁၃:၁ “ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင် သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်း ကဲ့သို့၎င်း ဖြစ်၏။”
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၂ “ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ ….မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။”
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၂ “တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း…. မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။”
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၃ “သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲ …. သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။”
ဆင်ခြင်ရန်