Love Looks, and Love Listens
Unicode Version
ချစ်ခြင်းမေတ္တာသည် ကြည့်ရှုတတ်၏ ၊ နားထောင်တတ်၏။
ရောမ ၁၅:၇ “ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကိုလက်ခံ တော်မူသည် နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံကြလော့။
ဘုရားသခင် သင့်အတွက် လုပ်ဆောင်သမျှသောအရာတို့သည်  သူတစ်ပါးအတွက် သင်လုပ်ဆောင်မှု ပြုစေချင်လို့ ဖြစ်ပါတယ်။
ဘုရားသခင်သည် သင့်အား ခြွင်းချက်မရှိလက်ခံတယ်။ အဲဒီလို လက်ခံခြင်းက သင်ပြုသမျှသော အရာတိုင်း အတွက် ထောက်ခံတယ်လို့ မဆိုလိုပါ။ သို့ပေမဲ့ သင်ဘာကိုလုပ်ဆောင်ခဲ့ပါစေ သူလက်ခံပေးတယ်။ သင်၏ အသက်တာမှာရှိတဲ့သူတွေကို တူညီစွာ ပြုမူဆက်ဆံဖို့ရန် ဘုရားသခင် အလိုတော်ရှိတယ်လို့ ဆိုပါတယ်။
ချစ်ခြင်းမေတ္တာ၏ အမြင့်မားဆုံးသော အသွင်သဏ္ဍာန်က အာရုံစူးစိုက်ခြင်း ၊ အလေးထားခြင်းဖြစ်ပါတယ်။ သူတစ်ပါးကို ကြည့်ရှုခြင်း ၊ နားထောင်ခြင်းအားဖြင့် သူတို့တွေကို လက်ခံကြောင်း လက်တွေ့ပြသခြင်း နည်းလမ်း တစ်ခုဖြစ်ပါတယ်။ တစ်စုံတစ်ယောက်၏ မျက်လုံးတွင်းသို့ သင်ကြည့်ရှုလိုက်တဲ့အခါမှာ သူတို့သည် သင့်အတွက် အရေးပါကြောင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာသည် ကြည့်ရှုတတ်၏ ၊ နားထောင်တတ်၏။ တစ်စုံတစ်ယောက်က သင်၏စားပွဲခုံပေါ်သို့ တစ်ခုခုကို လာချသွားတဲ့အခါ သူတို့ကို သင်တစ်ခုခုပြောပါသလား။ တစ်စုံတစ်ယောက်က သင့်ကို စားသောက်ဆိုင်မှာ ဝန်ဆောင်မှုပေးတဲ့အခါ ဖြစ်စေ (သို့) အရောင်းစာရေးက သင့်ကို ကုန်စုံဆိုင်မှာ ကူညီမှုပေး တဲ့အခါ ဖြစ်စေ သူတို့မျက်လုံးကို ကြည့်ပြီး “ကျေးဇူးတင်ပါတယ်” လို့ သင်ပြောပါသလား။ ဤအရာတွေကို အသေးအဖွဲလို့ သင်မြင်ကောင်း မြင်မည်။ သို့ပေမဲ့ သင်တစ်စုံတစ်ယောက်ကို တိုတောင်းတဲ့ အချိန်ခဏလေး မှာတောင် အာရုံထားသော အပြုအမူတွေကို ပေးတဲ့အခါ လူတစ်ယောက်အနေဖြင့် သူတို့၏တန်ဖိုးကို အတည်ပြုပြီး သင်လက်ခံခြင်းဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။
သမ္မာကျမ်းစာက ရောမ ၁၅:၁ တွင် “သို့ဖြစ်၍ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသော သူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။”လို့ဖော်ပြထားပါတယ်။
လက်ခံမှုဆိုသည်မှာ သူတစ်ပါး၏ ကြောက်ရွံ့မှုနှင့် သံသယဖြစ်မှုများကို သင်နားထောင်ခြင်းဖြစ်ပါတယ်။ ဤကဲ့သို့သောသူတွေ ကျွန်ုပ်တို့မှာ ရှိကြပါတယ်။ ဘုရားသခင်နှင့် ပတ်သက်ပြီး လူတွေ သံသယဖြစ်တဲ့အခါ သင်က ပထမဉီးဆုံးနားထောင်ပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ အဲဒီအရာက သင်၏ချစ်ခြင်း (သို့) လက်ခံနိုင်မှုကို မပြောင်းလဲဘူးဆိုတာကို ဖော်ပြဖို့ရန်ဖြစ်တယ်။ ဘာကြောင့်လဲ ။ ဘာကြောင့်လဲဆိုတော့ ဤနည်းဖြင့် ဘုရားသခင် သင့်ကို ချစ်ခြင်းကြောင့်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ သံသယဖြစ်တဲ့အခါမှာ ဘုရားသခင်၏ မေတ္တာသည် ဘယ်တော့မှ မပြောင်းလဲပါ။ ကြောက်ရွံ့ပြီး ယုံကြည်ဖို့ ဆန္ဒမရှိသည့် အခြေအနေမှာ ကျွန်ုပ်တို့ကို ဘုရားသခင်က လက်ခံစဲဖြစ်တယ်။ ဤနည်းအားဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာရှိဖို့ သင့်ကိုဘုရားသခင် အလိုရှိပါတယ်။
သခင်ခရစ်တော်နည်းတူ မေတ္တာထားခြင်းဆိုသည်မှာ သင့်အား သခင်ခရစ်တော်လက်ခံပေးသည့်အတိုင်း တစ်ခြားသူတွေကို သင်လက်ခံပေးခြင်းကို ဆိုလိုပါသည်။ သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် သင်၌စီးဆင်းတဲ့အခါမှာ သူတစ်ပါးကို အကြွင်းမဲ့မေတ္တာထားဖို့က သင့်အတွက် ဖြစ်နိုင်ချေရှိသွားပါမည်။
ဆင်ခြင်ရန်
-သင့်ကို အလွယ်တကူ စိတ်အနှောင့်အယှက် ဖြစ်စေသော (သို့) မေတ္တာထားဖို့ ခက်ခဲသောသူတစ်ဉီး အကြောင်းကို စဉ်းစားလိုက်ပါ။ ဘုရားသခင်က သင့်ကို ဘယ်လောက်ချစ်ပြီး လက်ခံခဲ့တယ်ဆိုတာကို သင်စဉ်းစားမိတဲ့အခါမှာ အဲဒီလူအပေါ်ထားရှိတဲ့ သင်၏သဘောထားသည် မည်ကဲ့သို့ ပြောင်းလဲသွားသ နည်း။
-တစ်စုံတစ်ဉီးနှင့် မျက်လုံးချင်းဆုံခြင်းသည် ထိုသူ၏စိတ်ခံစားချက်ကို မည်ကဲ့သို့ ကြီးမားစွာ ခြားနားစေသနည်း။
-ဘုရားသခင်နှင့် ပတ်သက်ပြီး မည်ကဲ့သိုသော သံသယ သင်၌ရှိနေပါသနည်း။ သင်သံသယရှိတဲ့အချိန်မှာပင် သင့်ကို ဘုရားသခင်လက်ခံတယ်ဆိုတာကို သင်ယုံကြည်ပါသလား။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်